မြန်မာမှုနယ်ပယ်တွင် ကလေးငယ်များကို ပန်းနှင့်နိုင်းယှဉ် တင်စားတတ်ကြပါတယ်။
ပန်းကလေးများ စိတ်ထားအလှ စေတနာအလှ မေတ္တာအလှ ရှင်သန်ထက်မြတ်စေဖို့ လက်ဦးဆရာမိဘများနဲ့ ဆရာ၊ ဆရာမများက စိတ်ရှည်စွာဖြင့် ရေလောင်း ၊ ပေါင်းသင် မြေထောင်မြောက်ပေးဖို့လိုအပ်ပါတယ်။
အခြေအနေအမျိုးမျိုးကြောင့် အမိတိုင်းပြည်ကို ခွဲခွာပြီး တိုင်းတပါးမှာ ဘဝရပ်တည်နေကြရတဲ့ မိဘများမှာ မိမိတို့ရင်သွေငယ်များ လိမ္မာယဉ်ကျေးဖို၊ မိမိတို့ ရိုးရာဓလေ့ ထုံးလမ်းစဉ်လာ မပျောက်ပျက်အောင်ထိမ်းသိမ်းဖို့၊ မိမိတို့ကိုးကွယ်သည့် ဘာသာတရားကို သိရှိနာလည်ဖို့၊ မိမိတို့ဘာသာစကားကို ပြောတတ်ဆိုတတ်ရှိဖို့ အတွက် အသင်းအဖွဲ့များနဲ့ ဘုန်းတော်ကြီးများကို အထိကထား အားကိုးကြရပါတယ်။
စာရေးသူလည်း ပန်းကလေးများ လှပစေဖို့ထဲမှာ ရေးလောင်း ပေါင်းသင် မြေထောင်မြောက်ပေးဖို့ ဥယျာဉ်း တစ်ယောက်လို့ပဲဆိုရပါစေ။
20011 ဇန္နဝါရီလ (၉) ရက် တနင်္ဂနွေနေ့က စလို့ နေလည် ၁၂း၀၀ နာရီမှ ၁း၀၀ နာရီထိ မြန်မာ ကလေးငယ်များကို မြန်မာစကားနဲ့ မြန်မာဗုဒ္ဓဘာသာ ယဉ်ကျေးမှု အခြေခံကို ကနေဒါနိုင်ငံ ၊ ဗန်ကူးဘားမမြို့၊ ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်းမှာ စတင်သင်ကြားပေးခဲ့ပါတယ်၊ ကလေးငယ်ပေါင်း (၁၇) လာရောက်ပါတယ်။
ကလေးငယ်များဟာ ပန်းကလေးများလိုပါပဲ … ငယ်ရွယ်တဲ့အချိန်မှာ ကိုယ်လိုချင်တဲ့ပုံစံ ပြုစုပေးထောင် ပေးလို့ရပါတယ်။ စာရေးသူမှ “ဗုဒ္ဓသရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ”ဟု ရှေ့မှ တိုင်ပေးတဲ့အခါမှာ ကလေးငယ်များလည်း လက်အုပ်ချီးလို့ တညီတညာတည်းလိုက်ဆိုကြပါတယ်။ နုနယ်သော ပန်းအဖူး အငုံကလေးများ လောကအလယ်တွင် လန်းလန်းစွင့်စွင့် တင့်တင့်တယ်တယ် ဖူးပွင့်လာစေဖို့ ငါတို့မှာ တာဝန်တွေ အများကြီးရှိပါလားလို့ စိတ်ထဲမှာခံစားရပါတယ်။
ကလေးများကို မြန်မာစာသင်ပေးတဲအခါ တော်တော် စိတ်ရှည်ရပါတယ်။ သူတို့လေးတွေ ရေးနေကြက တုတ်ချောင်းလေးများလို့ ရေးဆွဲရတဲ့ အေဘီစီ၊ ဓမ္မသင်တန်းကျောင်းက သင်ပေးနေတာက ဝိုင်းဝိုင်းလေများ ဖြစ်တဲ့ ဝလုံးလေးများ၊ သူတို့လေးတွေ ဝိုင်းအောင် မဆွဲတတ်ကြ၊ တချို့ ဘဲဥကလေးများ ၊ တချို့ ကျောက်ခဲ့တုံးလေးများ ပုံစံမညီမညာ စိတ်ရှည်စွာ ရေးဆွဲနေတာကို တွေ့ရတော့ ဘဝပေးကြောင့် အနယ်နယ် အရပ်အရပ် ရောက်နေတဲ့ မြန်မာကလေးငယ်များဘဝကို တွေးပြီး ငါတို့လုပ်ပေးစရာတွေ အများကြီး ကျန်သေးပါလားလို့ တွေးမိပါတယ်။
မြတ်စွာဘုရားကလည်း ရဟန်းတော်များကို နယ်ပယ်အသီးသီးမှာ ကြွရောက်၍ ငါ့ရဲ့ ဓမ္မများကို လက်ဆင့်ကမ်း သင်ကြားပေးကြလို့ အမိန့်ရှိခဲ့ပါတယ်။ ဒါကြောင့် ကလေးငယ်များအား စာမသင်ခင် ဘုရားရှိခိုးရပါတယ်။ စာသင်ပြီးတော့လည်း (၁၀) မိနစ်ခန့် တရားထိုင်ရပါတယ်။ သူတို့လေးတွေ စိတ်ဝင်စားစွာ တရားထိုင်တာကို ကြည့်ပြီးလည်း ဝမ်းသာပီတိဖြစ်ရပါတယ်။
ဒီကလေးများဟာ အနာဂတ်ကမ္ဘာ သို့မဟုတ် အနာဂတ်မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်များကြဖြစ်ပါတယ်။ “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဆိုတဲ့ အတိုင်း အနာဂတ်လူဘောင်ဖွဲ့အစည်း ကောင်းမွန်ဖို့၊ ကမ္ဘာမြေကြီး သာယာလှပစေဖို့ သူတို့က ဦးဆောင်ကြမည် မဟုတ်ပါလား။
ကလေးများကို စာသင်ပေးတဲ့အခါမှာ ခေတ်ကလနှင့်လျှော်ညီစွာ ချော့သင့်သည်ကို ချော့၍ တင်းသင့်သည်ကို တင်းရပါတယ်။ ချော့လွန်းလျှင်းလည့် လျှော့၍ ပတ်တတ်သလို တင်းလွန်းပြန်လျှင်လည်း ပြတ်တတ်ပါတယ်။ ဒါကြောင့် ကလေးငယ်များနှင့် အပေးအယူလုပ်ကြရပါတယ်၊ လေးဆယ့်ငါးမိနစ်ခန့် စာသင်ပြီးသောအခါ ခေတ္တနား၍ ကလေးငယ်များ ကြိုက်တတ်သော အစားအစာများ ကြွေးမွေးရပါတယ်။
သတင်းကျွတ် သက်ကြီးပူဇော်ပွဲ ဘိုးဘွားများ ကတော့စဉ်က ကလေးများလာရောက်ကတော့ကြသည်ကို ဘိုးဘွားများက ပီတိဖြာ၍ စာရေးသူထံ လျှောက်ထားကြပါတယ် “နောက်နှစ်ပူဇော်ပွဲမှာ ကလေးငယ်များကို ဘုရားရှိခိုးစားများ သင်ကြားပေးပါ အလွတ်ရွတ်ဆိုနိုင်က ဆုချပါမည်”တဲ့ ၊ ဒါကြောင့် လာမည့် သီတင်းကျွတ်လ သက်းကြီးပူဇော်ပွဲမှာ ကလေးငယ်များကို မြန်မာဗုဒ္ဓဘာသာနှင့် မြန်မာစကားတို့ စာမေပွဲစစ်ပြီး ပထမဆု ရသူကို ကွန်ပျုတာဆုချဖို့ ကလေးများနဲ့ သဘောတူညီးမှုရယူထားပါတယ်။
အနောက်တိုင်းပြည်မှာ လူမျိုးစုံ ၊ဘာသာစုံပါပဲ၊ များသောအားဖြင့် တရုတ်ကလေးများ တရုတ်ကစား ပြောတတ်ပြီး ကုလားလေးများကလည်း ကုလားစကား ပြောတတ်ပါတယ်။ မိမိဆိုင်ရာရာဘာသာ စကားကို ပြောတတ်ဆိုတတ်ရှိပါတယ်။ စနေ၊တနင်္ဂနွေကျောင်းပိတ်ရက်များမှားလည်း မိမိတို့ကိုးကွယ်ယုံကြည်ရာ ဘုရားကျောင်းများကို သွားရောက် ဆုတောင်းဝတ်ပြုကြပါတယ်။
မြန်မာလူမျိုများလည်း ထိုနည်တူစွာ မိမိတို့ရင်သွေးများကို မိမိတို့ဘာသာ ယဉ်ကျေးမှု ဓလေ့ထုံးစံမျာ မပျောက်စေဖို့ နီးစပ်ရာ မြန်မာအသင်းအဖွဲ့များနှင့် ဘုန်းတော်ကြီးကျောင်းမှာ ဘာသာယဉ်ကျေးမှုကို လေ့လာသင့်ပါတယ်။
တိုးတတ်တဲ့ နိုင်ငံ၊ ပညာရေစနစ်ကို အားကျပြီး မိမိတို့သား သမီးများ ကျောင်းတက်နေရင်ပြီးရော့ ဆိုပြီး လွတ်ထား၍ မရပါ။ ကိုယ့်ကျင့်စာရိတ္တနှင့် ပတ်သတ်၍ မိဘများမှာတာဝန်ရှိပါတယ်၊ မိမိတို့ ပြုစုပျိုထောင် ထားသောကလေး အရွယ်ရောက်ခါမှ အဖိုးမတန်သော ကျောက်ရှိုင်းတုံးများဖြစ်သွားလျှင် ဝမ်းနည်းစရာသိပ် ကောင်းပါတယ်။
ကနေဒါနိုင်ငံ၊ ဗန်ကူဘားမှာရှိကြတဲ့ မြန်မာလူမျိုးများလည်း တနင်္ဂနွေနေ့တိုင်း ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်းမှာ သင်ကြာပေးနေတဲ့ မြန်မာစာနှင့် မြန်မာ့ယဉ်ကျေးမှုသင်တန်းကို ပန်းကလေးများ လန်းဆန်းစေဖို့ မိမိတို့ရင်သွေးငယ်များကို ပို့ပေးကြပါလို့ တိုက်တွန်းလိုက်ပါစေ….။
ဗုဒ္ဓရံသီဆရာတော်၊ဗန်ကူးဘား
No comments:
Post a Comment