CO-FOUNDER: KO SEIN TUN AND DAW KHIN LAY MU
ကိုစိန်းထွန်းသည် ၊ မကွေးတိုင်း ၊မကွေမြို့တွင်မွေးဖွားသည်။
မကွေးမြို့မကျောင်းတွင် အလယ်တန်းပညာအထိ သင်ကြားခဲ့ပြီး ၊မကွေးအထက (၁)မှ အထက်တန်းပညာကို အောင်မြင်ခဲ့သည်။
၁၉၈၇-နှစ်တွင် ရန်ကုန်တက္ကသိုလ်မှ Chemistry ဘာသာရပ်ဖြင့် BSc ဘွဲ့ရရှိခဲ့သည်။
ဘွဲ့ရပြီး မိဘများလုပ်ငန်းဖြစ်သည့် မကွေးသမာဓိဆီစက်လုပ်ငန်း၊ သမာဓီအောင်ဘာလေ ထီလုပ်ငန်းတို့ကို ဦးဆောင်လုပ်ကိုင်ခဲ့ပြီး ၁၉၈၉-ခုနှစ်တွင် ကနေဒါနိုင်င်ဗန်ကူးဘားသို့ ရောက်ရှိခဲ့သည်။
ကနေဒါနိုင်ငံတွင် ဇနီးဖြစ်သူ ဒေါ်ခင်လေးမှုနှင့်တူ ကိုယ်စီးပွားလုပ်ငန်း ဆူရှိဆိုင်ဖွင့်၍ စီးပွားရေး လုပ်ကိုင်ရင်း လူမှုရေး ဘာသာရေးတို့တို့ကို ရသောအားလပ်ချိန်များတွင် ပါဝင်ဆောင်ကူညီဆောင်ရွက်လေ့ရှိသည်။
မြန်မာဗုဒ္ဓဘာသာအသင်း၏ ဒုတိသက်တမ်းမှစ၍ ယခုလက်ရှိအချိန်အထိ အသင်းကြီး၏ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ပြီး ၊ဗုဒ္ဓဘာသာပြန်ပွားရေးကို ဆောင်ရွက်လျှက်ရှိသည်။
ဦးစိန်းထွန်းနှင်ဒေါ်ခင်လေးမှုတွင် သားနှစ်ယောက်ထွန်းခဲ့ပြီး လောလောဆယ်တွင် သားနှစ်ယောက်လုံး ကနေဒါနိုင်ငံ တက္ကသိုလ်ကြီးများ၌ တက္ကသိုလ်ပညာရပ်များကို ဆီးပူးလေ့လာဆဲဖြစ်သည်။
ဦးစိန်းထွန်းသည် မြန်မာနိုင်ငံကျေးလက်ဒေသဖွင့်ဖြိုးရေး ကနေဒါစင်တာဖောင်ဒေးရှင်းတွင် အားကြိုးမာန်တက် ၊ ဆရာဒကာ လက်တွဲ့ကာ မြန်မာနိုင်င်ငံ ပြည်သူ့ပညာရေး ကျန်းမာရေးတိုးတက်စေရန် ပူးတွဲဆောင်ရွက်နေသူဖြစ်သည်။
ဦးစိန်းထွန်း၏ ဇနီး ဒေါ်ခင်လေးမှုသည် ရန်ကုန်၊လသာလမ်းတွင်းမွေးဖွားပြီး လာသာ (၁) တွင် အထက်တန်းပညာကို အောင်မြင်သည် ၁၉၈၇-ခုနှစ်တွင် ဦးစိန်းထွန်းနှင့်တူ ရန်ကုန်တက္ကသိုလ်မှ (BSc Chemistry) ဘွဲ့ကိုရရှိသည်။
၁၉၉၁-ခုနှစ်တွင် ကနေဒါနိုင်ငံသို့ရောက်ရှိခဲ့ပြီး ခင်ပွန်းဖြစ်သူနှင့် လက်တွဲကာ ကိုယ်ပိုင် ဆူရှိဆိုင်လုပ်ငန်းကို ဦးစီးလုပ်ကိုင်နေသူဖြစ်သည်။
၂၀၀၉-ခုနှစ် မြန်မာဗုဒ္ဓဘာသာအသင်း၊ဗန်ကူးဘား စတင်တည်ထောင်ကတည်းက ၊ အသင်းဘဏ္ဍာရေးကိစ္စများ အတူပူးပေါင်းဆောင်ရွက်လေ့ရှိပြီး ၊ အသင်း၏ လစဉ်ပွဲတော်များ၊ အခါရက်ကြီးများတွင် အတူပူးပေါင်းဆောင်ရွက်လေ့ရှိသည်။
ကနေဒါစင်တာဖောင်ဒေးရှင်းအောင်မြင်ရေးအတွက်လည်း အားကြိုးမာန်တက်ဆောင်ရွက်လေ့ရှိပြီး
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနှင့် နှိမ့်ကျသော ပြည်သူကျန်းမာရေး၊ ကျန်းမာရေး မြှင့်တင်ရေးလုပ်ငန်းများတွင် အထူးစိတ်ဝင်စားသူဖြစ်သည်။

No comments:
Post a Comment