တနင်္ဂနွေနေ့က ကလေးများကျောင်းရှိတဲ့အတွက် အိုင်းရစ်စ်ဦးက ဘုန်းကြီးကျောင်းကို စောစောရောက်နေပါတယ်။ အိုင်းရစ်ဦးက မြန်မာနဲ့ဂျပန် ပေါင်းစပ်ထာတဲ့ မြန်မာဂျပန်းမလေးပါ။ သူမလေးက မြန်မာစာမှာကော၊မြန်မာဗုဒ္ဓဘာသာမှာပါ စိတ်ဝင်စားမှုရှိပါတယ်။
ဘုန်းကြီကျောင်းကို ရောက်တယ်ဆိုရင်ပဲ သင်ပေးထာတဲ့အတိုင်း မြတ်ဗုဒ္ဓကို တရိုတသေ ဦးချလေ့ရှိပါတယ်။
ဘုန်းကြီးကျောင်းမှာက အမြဲတမ်းလိုလို မြတ်ဗုဒ္ဓရှေ့ ဘုရားစဉ်မှာ သောက်တော်ရေချမ်း ၊ပန်း၊ သစ်သီးမျိုးစုံ ကပ်လှူထားပါတယ်။
သူမလေးက ဘုရားစဉ်က သောက်တော်ရေချမ်း၊ သစ်သီးတွေကိုကြည့်ပြီး ဘုန်းဘုန်းကို မေးပါတယ်။
“ ဘုန်းဘုန်း.. ဘုန်းဘုန်း .. ဗုဒ္ဓက အဲဒီ ဘုရားစဉ်က သစ်သီးတွေ ရေတွေ. ဘယ်ချိန်မှာလာပြီး စားလာလဲ ဘယ်အချိန်မှာ လာပြီးသောက်တာလဲ လူမရှိတဲ့ ညအခါမှာ လာစားတာလား သောက်တာလား” တဲ့။
ကလေးအတွေးက ဗုဒ္ဓဟာ အသက်ထင်းရှားရှိနေသေးတယ် / သို့မဟုတ် တခိုးတွေနှင့်ပြည့်စုံလို့ အစာတွေ ရေတွေလာရောက် စာနိုင် သောက်နိုင်သေးလို့ တွေးထားတယ်ထင်ပါတယ်။
“ သမီး.. ဗုဒ္ဓက.. ပရိနိဗ္ဗာန်စံသွားပြီး (Passed away) သက်တော်ထင်ရှားမရှိတော့ဘူး။ ဒါက ရုပ်ထုလို့ခေါ်တယ် ပရိနိဗ္ဗာန်စံသွားသော်လည်း သတိတရ အမှတ်တရ အနေနဲ့ ဗုဒ္ဓဂုဏ်တော်တွေကို အာရုံပြုပြီး အသက်ထင်ရှားရှိစဉ်ကဲ့သို့ လှူဒါန်းနေတာ၊ ဗုဒ္ဓက ဒီအစားအစာတွေ လာရောက် မစားတော့ဘူး၊ သမီးတို့ ကွန်လွန်သွားတဲ့ ဘိုးဘိုးဘွားဘွားများကို အမှတ်တရ စားစရာ၊ ပန်းတွေ တနှစ်တစ်ခါ ပေးသလိုပေါ့လို့ ရှင်းပြရပါတယ်။
အိုင်းရစ်စ်ဦးက.. “ ဒီလိုပန်းတွေ၊ သစ်သီးတွေ၊ ရေတွေ ကပ်လှူတော့ ဘာဖြစ်လဲ” တဲ့
‘ကုသိုလ်ရတာပေါ’့  သမီးရဲ့
“ကုသိုလ်ဆိုတာဘာလဲ” တဲ့..
အိမ်း.. ကုသိုလ်ဆိုတာ .. ဗုဒ္ဓရဲ့ မျက်နှာကြည်လင်မှုကို သေချာကြည့်ပြီး ဂုဏ်တော်တွေကို သတိရပြီး ပန်းတွေ၊ သစ်သီးတွေ ၊ရေချမ်းတွေကပ်တဲ့အခါမှာ သမီးရဲ့ စိတ်မှာ အအေးဓာတ်တွေရလာတယ်။ အဲဒီအချိန်မှာ ဗုဒ္ဓပေါ်မှာ စိတ်ရောက်နေလို့ မကောင်းတဲ့စိတ်တွေ ..မကောင်းတဲ့ အတွေးတွေ မတွေးဖြစ်တော့ဘူပေါ့.. မကောင်းတာတွေ မတွေးဖြစ် မလုပ်ဖြစ်တော့ ကောင်းတဲ့စိတ်တွေဖြစ်နေတာပေါ့။ အဲဒါကို ကုသိုလ်လို့ခေါ်တယ် သမီးရဲ့။
‘ဘုန်းဘုန်း အဲဒါဆို သမီးကော လှူလို့ရလား’တဲ့
“ရတာပေါ့ ငယ်ငယ်လေးက လုပ်လာရင် ကြီးလာတော့ အလေ့အကျင့်ရတာပေါ့၊ ငယ်ငယ်လေးက ဒီကုသိုလ်တွေ စုလာတော့ ကြီးလာတော့ ကုသိုလ်တွေအများကြီးရတာပေါ့” ဟုရှင်း ပြတော့ သမီးလည်း နောက်တပတ်ကျရင် ဘုရားကို ပန်းလှူမယ်နော်တဲ့။
ဓမ္မသင်တန်းအတွေ့အကြုံမှ
No comments:
Post a Comment