Oct 13, 2015

ကျေးဇူးတင်ပါသည်



ကျေးဇူးတင်ပါသည်
အသက် (၈၀) ပြည့်မွေးနေရှင် ကနေဒါစင်တာဖောင်ဒေးရှင်နာယက ဒေါ်ထွေးနှင့် သမီး မထရေဇာအုန်း+ ကိုအောင်မြင်အုန်းတို့ မြန်မာပြည်ရောက်ခိုက် ၊ ပြည်တွင်း ကနေဒါစင်တာဖောင်ဒေးရှင်း အလုပ်အမှုဆောင်များနှင့်တွေ့ဆုံကာ ၂၀၁၅-ခု ပညာသင်နှစ် ကနေဒါစင်တာ ပညာရေးထောက်ပံ့ငွေ (၅၁)သိန်း
ကိုယ်တိုင် ကိုယ်ကျ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။
နောက်နှစ်များတွင်လည်း  ကိုအောင်မြင်အုန်း +မထရေဇာအုန်းတို့မှ  ကနေဒါစင်တာဖောင်ဒေးရှင်း၏ ပညာရေး လုပ်ငန်းများကို  အဓီကဦးဆောင် ပါဝင်လှူါးန်းသွားမည်ဆိုတာသိရ၍ လည်းအထူးဝမ်းသာမိပါသည်။

Jul 25, 2015

WHY BUILD SCHOOLS IN MYANAMR

Why build schools in Myanmar?
Myanmar is one of the poorest countries in Southeast Asia. In the villages we visit, classrooms are over-crowded. Sanitation is dire. The buildings are in disrepair. And, like parents everywhere, the villagers want their children to be well educated.
According to the World Bank, 32.7% of the population of Myanmar lives below the poverty line of $1.25 per day. Despite rich natural and human resources, Myanmar ranks only 149 out of 187 countries on the Human Development Index. With a population of over 60 million, Myanmar has severe economic challenges and its education system is strained beyond capacity. Children’s access to a decent education is threatened throughout the country.
Furthermore, according to Unicef data for 2008-12, approximately 90 percent of children ages 6 to 10 in Myanmar attend primary school. But attendance plummets in secondary school, where just 58 percent of adolescent boys and girls still go to school.

Source # Myanmar/BurmaSchoolsFoundation

SCHOOL PROJECT IN MYANMAR


စားရေးသူ ခုတလော တွေး၍ တွေး၍ ပျော်နေမိပါတယ်။
စားရေးသူဘဝ စိတ်ကူးထဲမှာ တခါမှ စိတ်ကူးတောင် မယဉ်ဘူးတဲ့ ၊ တက္ကသိုလ် ဆေးကျောင်းသား တစ်ယောက်နှင့် စက်မှုတက္ကသိုလ်ကျောင်းသူ တစ်ယောက်ကို ပညာရေး ထောက်ပံ့ကူညီခွင့်ရလိုက်လို့ပါ။
ဒါဟာ ကနေဒါစင်တာဖောင်ဒေးရှင်းမိသားစု ဦးဆောင်မှုနှင့် စေတနာရှင် ဒေါ်ထွေးမိသားစုရဲ့ ပံ့ပိုးကြောင့် ပညာပါရမီ ကုသိုလ်ထူးကို ရယူလိုက်ရခြင်းကြောင့်ပါ။
တကယ်တော့ ကျောင်းသာ တစ်ယောက်ကို တာဝန်ယူတယ်ဆိုတာ လွယ်သော ကိစ္စမဟုတ် တစ်နှစ်တည်းနှင့်ပြီးသော ကိစ္စမဟုတ်ပါ
(၆) နှစ် တောင်တာဝန်ယူရမှာပါ..၊

ဒါဟာ ဘာကြောင့်လဲ..?
မြန်မာနိုင်ငံ ကျေးလက်ဒေသဖွင့်ဖြိုးရေး ကနေဒါစင်တာ ပေါ်ပေါက်လာခြင်းကြောင့်ပဲဖြစ်ပါတယ်။
မိမိနှင့်တပည့် ဒကာ/ဒကာမများ ကူညီပံ့ပိုးမှုဟာ အနာဂတ်လူငယ်များအတွက် အလင်းရောင်းများ ဖြစ်တယ် ဆိုတာ တွေး၍ တွေး၍လည်း ကြည်နှုးဝမ်းသာလို့ မဆုံးပါဘူး။
လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကနေဒါစင်တာအလုပ်မှုဆောင် ကိုအောင်ကြည်စိုးက ၊ ဝေးလံ ခေါင်းပါးတဲ့ ကျေးလက်ဒေသ သနပ်ပင်ရွာ မူလွန်ကျောင်းဆောင်သစ် ဆောက်နေတာ ငွေကြေး မပြည့်စုံလို့ ရပ်ဆိုင်းထားရ ကြောင်းပြောလာပါတယ်။
ဒါဆိုရင်..အကြောင်းအရာအပြည့်အစုံကို ပို့လိုက်ပါ။ လိုအပ်တာ အားလုံးကို ကနေဒါစင်တာဖောင်ေးဒရှင်းမှ ကူညီပါမယ်လို့ ကတိပေးလိုက်ပါတယ်။
နောက်နေ့ကြတော့ ပြည်တွင်းကနေဒါစင်တာ ဥက္ကဋ္ဌ ကျောင်းအုပ်ဆရာကြီး ဦးသိန်းဝင်းက အသေးစိတ် တင်ပြလာပြီး ငွေးကြေး မလုံးလောက်လို့ ခဏ ရပ်ဆိုင်းထားရကြောင်းနှင့် ၊ ဒီမူလွန်ကျောင်းကို ၂၀၁၆-အမှီ ဖွင့်မှာဖြစ်ကြောင်း တင်ပြလာပါတယ်။
စားရေးသူက…
ဒီရွာဇာတိမို့ ကလေးတွေ ပညာရေး ဘယ်လောက်ခက်ခဲတယ်ဆိုတာ အသိဆုံးပါ..၊ စာရေးသူတို့ ငယ်စဉ်က အလယ်တန်းကျောင်းမရှိလို့ ၂-မိုင်လောက်ဝေးတဲ့ ခါးပါတ်ရွာကို ညအိပ်/ညနေ ကျောင်းသွားတက်ရပါတယ်။
ခုလို မူလွန်းကျောင်း ပေါ်ပေါက်လာရင် ရွာက လူငယ်များ အချိန်ကုန်ခံ တခြား ရွာမှာ ကျောင်းသွားတက်စရာမလိုပဲ သနပ်ပင်ရွာမှာပဲ ၊ အလယ်တန်းကျောင်းကို တက်ရတော့မှာပါ။
ဒီကလေးတွေရဲ့ အနာဂတ်ပညာရေးကိုလည်း တွေး၍ တွေး၍ ပျော်နေမိပါတယ်။
၂၀၁၄-ခုနှစ်က စတင်တည်ထောင်းထားတဲ့ ကနေဒါစင်တာဖောင်ဒေးရှင်းဟာ
ကျေးလက်ဒေသ ပညာရေး ကျန်းမာရေး လှူဒါန်းပြီးနှင့် လက်ရှိ လက်ကျန်ငွေပါ ထည့်ပေါင်းရင် သိန်းသုံးရာကျော်ရှိသွားပါပြီ။
ကနေဒါစင်တာတည်ဆောက်မည့် နေရာကို အုတ်တံတိုင်းများ ခတ်ခြင်း မုဉ်ဦး ၊သံပန်း တံခါးများ ပြုလုပ်ခြင်း စသည် ကုန်စရိတ် သိန်း ၅၀-ကျော်ရှိသွားပါပြီ။
သြစတေလျက လှူထားတဲ့ မုဉ်ဦးနှင့် သံပန်းသံတခါးများလည်း နောက်တပတ်လောက်ဆို ရတော့မယ် လို့ တင်ပြလာပါတယ်။
လောလောဆယ်မပြီးပြတ်သေးသော သနပ်ပင်ရွာမူလွန်ကျောင်း အတွက်ကိုလည်း ကနေဒါစင်တာဖောင်ဒေးရှင်းမှ အကုန်ပြီးစီးအောင် ဦးဆောင် လှူဒါန်းသွားမှာဖြစ်ပါတယ်။
နိုဝင်္ဘာလ ကနေဒါစင်တာ ဖောင်ဒေးရှင်းချတဲ့ အခါ…၊ အဲဒီသနပ်ပင်ရွာက မူလွန်ကျောင်းကိုလည်း တစ်ခါ တည်းဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ကနေဒါစင်တာ အလှူရှင်များ ၊ အဖွဲ့ဝင်များ အား ပျော်ရွှင် စေရန် သတင်းကောင်းပါးအပ်ပါတယ်။
ဒါအပြင် ရန်ကုန်မြို့တော်ကြီးမှာ ထူးချွန်ကျောင်းသား (၂၂) ယောက်ကိုလည်း အခမ်းအနာဖြင့် ဂုဏ်ပြုချီးမြှင်းသွားမည်ဖြစ်ကြောင်း ထပ်လောင်းကာ သတင်းကောင်း ပါးအပ်ပါတယ်။
ဗုဒ္ဓရံသီဆရာတော်
ကနေဒါစင်တာဖောင်ဒေးရှင်း

Jul 15, 2015

ကနေဒါစင်တာမှစပွန်ဆာလုပ်မည့်ထူးချွန်းကျောင်းသား

မရီမွန်နှင်းသည် ၊ ၂၀၁၅-ခုနှစ်တွင် ၄-ဘာသာ ဂုဏ်ထူး
အမှတ် ၄၉၂-မှတ်ဖြင့် အောင်မြင်သည် ၊မန္တလေး စက်မှုတက္ကသိုလ်သို့ တက်ရန် စိတ်ဝင်စားသည်
ကနေဒါစင်တာဖောင်းဒေးရှင်း၏ မြန်မာနိုင်ငံ ကျေးလက်ဒေသဖွင့်ဖြိုးရေး စီမံကိန်းတွင်
ပညာရေးကို ကူညီထောက်ပံ့ရန် ပြည်တွင်းအဖွဲ့ဝင်များမှ တင်ပြလာသော ကျောင်းသူ တစ်ယောက်ဖြစ်သည်။

မရီမွန်နှင်း ကို 1.6.1999 ခုနှစ် မင်းဘူးမြို့နယ် မုန်တောင် ရွာသစ်တွင် မွေးဖွားခဲ့ပါသည်။ ဖခင်ဦးကျော်နိုင်နှင့် မိခင် ဒေါ်ဝင်းကြည် တို့မှ မွေးဖွားခဲ့သော်လည်း မိခင်နှင့် အဒေါ်ဖြစ်သူ ဆရာလေး ဒေါ်ရူပဝတီ၏ စောင့်ရှောက်မှုဖြင့် သာကြီးပြင်းခဲ့သူဖြစ်ပါသည်။
ဖခင်ဖြစ်သူမှာ မိခင်ကိုယ်ဝန်ဆောင်သည့်အချိန်တွင် ကွာရှင်းခဲ့ခြင်းကြောင့် ဖခင်မေတ္တာ ငတ်မွတ်ခဲ့ရသူဖြစ်ပါသည်။ မိခင်ဖြစ်သူမှာလည်း မွေးရာပါ မျက်လုံးတစ်ဖက်ချို့တဲ့ပြီး ကျန်းမာရေး မကောင်းသောကြောင့် အမဖြစ်သူ ဆရာလေး
ဒေါ်ရူပဝတီမှကြည့်ရှုစာင့်ရှောက်ထားပါသည်။
မူလတန်းပညာကိုအမှတ်(၄)ရှမ်းစုရပ်မှာသင်ကြားခဲ့ပြီး အလယ်တန်းနှင့်အထက်တန်းပညာကို မင်းဘူး အထက (၁) ကျောင်းမှာသင်ကြားခဲ့ပါသည်။သီလရှင်ကျောင်းဝေယျာဝစ္စ မိခင်နှင့်အဒေါ်ဆရာလေး၏ဝေယျာဝစ္စများ ကိုလုပါကိုင်ရင်း ကျောင်းစာကိုကြိုးစားခဲ့ရာနှစ်စဉ်အဆင့် ၅ အတွင်းရရှိခဲ့ပါသည်။
အနာဂတ်တွင် နိုင်ငံတော်နှင့်သာသနာတော်ကြီးကို ကူညီစောင့်ရှောင်နိုင်သော
အင်ဂျင်နီယာဆရာမတစ်ယောက်ဖြစ်ရန် မှန်းပါသည်။
ဗုဒ္ဓရံသီဆရာတော်
ကနေဒါစင်တာဖောင်းဒေရှင်း
ဆက်သွယ်ရန် ပြည်တွင်း မဝင်းဝင်းချို 09 5030 245
ပြည်ပ 1+604 781 1294 (Viber) ကနေဒါ
တိုက်ရိုက်ဆက်သွယ်ရန်ဖုန်း 09 40155 6308

ဝမ်းမြောက်ဖွယ်သတင်း

ဝမ်မြောက်ဖွယ်သတင်း
မန္တလေး စက်မှုတက္ကသိုလ်ကို တက်ရောက်မည့် ၊ မရီမွန်နှင်းကို ကနေဒါနိုင်ငံ ၊တိုရန်တိုမြို့ ဒေါ်ထွေးမိသားစုမှ ကျောင်းပြီးသည်အထိ တာဝန်ယူမည်ဖြစ်ကြောင်း သတင်းကောင်းပါအပ်ပါသည်။
ထူးချွန်ကျောင်းသား မရီမွန်းနှင်းနှင့် အတူပါ ပုံမှာ ..မရီမွန်နှင်းအား ကျောင်းအစအဆုံး စပွန်ဆာလုပ်မည့် ဒေါ်ထွေးနှင့်မြေးမလေးဖြစ်ပါတယ်။
ကနေဒါစင်တာမိသားစုများ ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ပါစေ

Jun 26, 2015

ANOTHER DREAM FOR YOUTHS

မြန်မာနိုင်ငံ ၊ကျေးလက်ဒေသဖွင့်ဖြိုးရေး စီမံကိန်း ကနေဒါစင်ဖောင်ဒေးရှင်း သို့ အဖွဲ့ဝင်ကာ လှူဒါန်းကြသော အလှူရှင်များ ၊ နိုင်ငံတကာမှ လှူဒါန်းကြသော အလှူရှင်များ ၊ ပရဟိတအကျိုးကို အားကြိုးမာန်တက် ကူညီဆောင်ရွက်ကြသောပြည်တွင်း/ပြည်ပ ကနေဒါစင်တာ အလုပ်အမှုဆောင်များ အထူပင်ကျေးဇူးတင်ရှိပါသည်။
၂၀၁၅-ခုနှစ် ပညာရည်ချွန်ဆုပေးပွဲတွင် မြန်မာနိုင်ငံ တဝှမ်းရှိ ၊ ကနေဒါစင်တာ အဖွဲ့ဝင်များမှ  ပညာရည်ချွန် ကျောင်းသား (၂၀) အား  ပေးအပ်သွားမှာဖြစ်ပါသည်။

လောလောဆယ် ၊ ကျေးလက်ဒေသဖွင့်ဖြိုးရေး စတင်ဆောင်ရွက်နေသော သနပ်ပင်ရွာမှ တက္ကသိုလ်တန်းဝင် ကျောင်းသာများနှင့် မူ/လယ်/အထက်တန်း ကျောင်းသားကိုတော့ဖြင့် ထောက်ပံ့ကြေးပေါ်မူတည်၍
 ကူညီသွားမည်ဖြစ်ပါသည်။

၂၀၁၅-ခုနှစ် မြန်မာနိုင်ငံတဝှမ်းရှိ ပညာရည်ချွန်ကျောင်းသားများကို  ရန်ကုန်မြို့တော်ကြီး၌ အခမ်းအနားဖြင့်  စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြဟ်ပြီး ထူးချွန် ကျောင်းသား တစ်ဦးကို (၁၀၀၀၀၀) တစ်သိန်းကျပ် ဆုချီးမြှင်ရန် ခန့်မှန်းထားပါသည်။

ဒုတိယ ခြေလှမ်းသစ်အနေဖြင့် .. ၊ ကနေဒါစင်တာဖောင်ဒေးရှင်း အဖွဲ့ဝင်များမှ  ပညာထူုးချွန်သော လူငယ်များအား ၊ ရွေးချယ်၍ဖြစ်စေ ၊ သတ်မှတ်၍ ဖြစ်စေ  ပြည်ပနိုင်ငံများသို့
 စေလွှတ်ပညာသင်စေရန် အစီအစဉ်သစ်များ ဆောင်ရွက် လျှက်ရှိပါသည်။ ဤခြေလှမ်းသစ်ကို  ကနေဒါစင်တာဖောင်ဒေးရှင်းအဖွဲ့ဝင်များ အကြံကောင်း အဥာဏ်ကောင်းများ ပေးနိုင်ပါသည်။

ကနေဒါစင်တာဖောင်ဒေးရှင်း၏ လုပ်ငန်းစဉ်များကို စိတ်ဝင်များသော အဖွဲ့ဝင်
သစ်များကိုလည်း လက်ခံလျှက်ရှိပါသည်။

အသေးစိတ် အချက်အလက်များကို မဝင်းဝင်းချို ( ရန်ကုန်) ၀၉ ၅၀၃၀ ၂၄၅ ကနေဒါစင်တာ ဖောင်ဒေးရှင်း အလုပ်အမှုဆောင်များထံ ဆက်သွယ် နိုင်ပါသည်။

ဗုဒ္ဓရံသီဆရာတော် ( ကနေဒါ)
ကနေဒါစင်တာဖောင်ဒေးရှင်း

Jun 21, 2015

BUDDHARAMSI BURSARY AWARD -2015

C C F:Announcements Buddharamsi Bursary Award - 2015
၂၀၁၅-ကနေဒါစင်တာဖောင်ဒေးရှင်း၏ ပညာရည်ချွန် ဆုပေးပွဲကို ၊မြန်မာနိုင်ငံ အရပ်ရပ်ရှိ ကနေဒါစင်တာဖောင်ဒေးရှင်း အဖွဲ့ဝင်မိသားစုများမှ ကျောင်းသားများကို
ပေးအပ်ပါသည်။
ကျောက်ပန်းတောင်းမြို့နယ် သနပ္ပင်ရွာမှ -၃ -ဦး
မန္တလေးမှ - ၂-ဦး
ပဲခူးမှ - ၂- ဦး
ဒဂုံမြုသစ်အရှေးပိုင်း - ၂-ဦး
သာကေတမှ - ၂-ဦး
ရန်ကုန်မှ - ၉-ဦး
စုစုပေါင် ၂၀-ဦး ထူးချွန်ဆု ချီးမြှင်းမည်ဖြစ်ပါသည်။
ကနေဒါစင်တာဖောင်ဒေးရှင်း

Jun 10, 2015

ကနေဒါစင်တာပညာထူးချွန်ဆုပေးပွဲ


ကနေဒါစင်တာဖောင်ဒေးရှင်း၏ ၂၀၁၅-ခုနှစ် ပညာထူးချွန်း ဆုပေးပွဲ အခမ်းအနားကို ရန်ကုန်တွင် ကျင်းပမည် ၊ 2015- တက္ကသိုလ်တန်းဝင် ထူးချွန်စွာ အောင်မြင်သော အသင်းဝင်မိဘများ ပြည်တွင်း ကနေဒါစင်တာဖောင်ဒေးရှင်း အလုပ်အမှုဆောင်များထံ ဆက်သွယ်နိုင်ပါသည်။
ကနေဒါစင်တာဖောင်းဒေးရှင်း ၊ကျေးလက်ဒေသဖွင့်ဖြိုးရေးလုပ်ငန်းမျာကို အတူတကွ ပူပေါင်း လုပ်ဆောင်လိုသော ၊ပြည်တွင်း ပြည်ပအသင်းဝင်လိုသောမိတ်ဆွေများလည်း ဆက်သွယ်နိုင်ပါသည်
ပြည်တွင်း မဝင်းဝင်းချို ၊ရန်ကုန် ( 95 9 5030 245)
ပြည်ပ ဗုဒ္ဓရံသီဆရာတော်၊ ကနေဒါ ( 1+ 604 207 0068)

May 21, 2015

အလုပ်အမှုဆောင်များမိတ်ဆက်(၅)

ကနေဒါစင်တာအလုပ်မှုဆောင်များမိတ်ဆက် (၅)
ဒေါက်တာဒေါ်သိင်္ဂီစိုးတိုင်းအာင် ( PhD)
ကနေဒါစင်တာပညာရေးဆိုင်ရာ အထူးအကြံပေး
ဒေါက်တာဒေါ်သိင်္ဂီစိုးတိုင်းအောင်သည်၊ ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း ၊
Sunday School ၌ ကနေဒါ၌ မွေးဖွားသော မြန်မာကလေးငယ်များအား မြန်မာစာနှင့်
မြန်မာယဉ်ကျေးမှုများကို စေတနာဝမ်ထမ်းအဖြစ်သင်ကြားပေးခဲ့သော ဆရာမဖြစ်သည်။
ကနေဒါရှိ တက္ကသိုလ်များတွင်လည်း ဆရာမလုပ်ဖူးသူဖြစ်ပြီး ၊လောလောဆယ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ ၊
( A.B.L.A Academy) တွင်ကျောင်း ဆရာမ တာဝန်ယူလျှက်ရှိပါသည်။

ဒေါက်တာဒေါ်သိင်္ဂီစိုးတိုင်းအောင်သည် ကနေဒါစင်တာအတွက် ဆရာ/ဆရာမများအား ပြည်တွင်း/ပြည်ပ NGO များနှင့်ချိပ်ဆက်၍၊
ကျောင်းဆရာ မွန်းမံ့သင်တန်း၊ ကနေဒါစင်တာ၏
ကျေးလက်လူငယ်များအတွက် ပညာရေးအစီစဉ်များကို နိုင်ငံတကာ
အဆင့်မှီရန် ၊ စီစဉ်ဆောင်ရွက်ရန်ရှိပါသည်..၊

She Theingi Soe Aung was born and raised in Yangon, Myanar.
She finished her matriculation from B.S.H (2) Sanchaung.
After matriculation she came to Canada to study and live with her father.
She graduated from University of Manitoba (Winnipeg, Manitoba, Canada) with B.Sc. (Honours) in Genetics and M.Sc. in Molecular Plant Pathology.
She continued her Ph.D. studies at the Simon Fraser University (Burnaby, BC, Canada) specializing in Molecular Plant Physiology.
She taught courses in Biology at University of Manitoba, SFU and UBC.
Currently, she is teaching Biology and Sciences at Asia Language Business Academy (ABLA) in Yangon, Myanmar.