Burmese Buddhist Society, BC
6700No .4- Road, Richmond, B .C V6Y 269 Tel- (604) 207- 0068
၂၀၁၁ နှစ်သစ်ကူးမင်္ဂလာ
ဆုတောင်းပွဲနှင့် ကျောင်းဒကာကျောင်းဒကားများအား ကျေးဇူးတင်ရှိုခြင်း
ဗန်ကူးဘားမြို့၌ မြတ်ဗုဒ္ဓ၏ အဓိက ခံတပ်ကြီးအဖြစ် “ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း” ပေါ်ပေါက်လာရခြင်းမှာ.. ဗန်ကူးဘားမှာရှိကြသော မြန်ဗုဒ္ဓဘာသာဝင်များ၏ စေတနာ၊ သဒ္ဓါတရား ထက်သန်စွာဖြင့် ကြိုးစားမှုကြောင့်ပင်ဖြစ်ပါသည်။
ကျောင်းတော်ကြီး ပေါ်ပေါက်လာပြီးနောက် ကျောင်းတော်ကြီး ရေရှည် တည်တံ့ရေးအတွက် မိမိတို့၏ အသက် သွေး ချွေးတို့ဖြင့် ရင်းနှီးရှာဖွေ ထားသော ငွေးကြေးများကို $ ၁၀ $၂၀ $ ၁၀၀ စသည်တိုင်အောင် လှူဒါန်းကြသော လစဉ်အလှူရှင်များ၊ ဝါဆို၊ ကထိန်သင်္ကန်း အလှူရှင်များ၊ နိဗ္ဗာန်ဈေးအလှူရှင်များအားလည်းကောင်း တစ်ပတ်တခါ လှူဒါန်းကြသော ဆွမ်းအလှူရှင်များ အားလည်းကောင်း နာယကဆရာတော်များနှင့် မြန်မာဗုဒ္ဓဘာသာအသင်းမှ အထူး ကျေးဇူးတင် ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
မြတ်စွာဘုရား သက်တော် ထင်ရှားရှိလျှင်လည်း ဗန်ကူးဘာမှ ကျောင်းဒကာ၊ ကျောင်းဒကာမ များ၏ “သာသနာ့အရေး ဒို့အရေး”ဟုတွေးကာ အားကြိုးမာန်တက် ဆောင်ရွက်ချက်များကို အားရ ကျေးနပ်တော်မူ၍“သာသနာတော်ကြီး၏ ကျေးဇူးရှင်များဖြစ်ကြောင်း”ကျေးဇူးတင်စကားပြောကြာမည် ဖြစ်ပါသည်။ (ဗဟုပကာရသုတ္တန်)
ဘဝခန္ဓာအတွက် အလုပ်တွေ ရှုပ်ရသည့်ကြားမှာ ရသမျှအချိန်ကို လု၍ အသင်းကြီး တိုးတက် ပြန့်ပွားရေးအတွက် ဆောင်ရွက်ပေးကြသော အသင်းခေါင်းများအားလည်း အထူးကျေးဇူး တင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
၂၀၁၀-ခုနှစ် အသင်းကြီး၏ တိုးတက်မှုများကို အကျဉ်းချုပ် တင်ပြရသော်.. ကျောင်း တော်ကြီးဖွင့်ပြီး များမကြာမှီမှာ.. ကျောင်းတော်ကြီးနောက်၌ ရှုပ်ထွေးလှသော ခြုံပုတ်များနှင့် သေနေသော သစ်ပင်ကြီးများခုတ်လှဲခြင်း၊ မြေဖို့ခြင်း၊ ကျောင်းတော်ကြီးပတ်လည်း Drainage ကို အသစ်ပြုလုပ်ခြင်း၊ ကျောင်းပတ်ပတ်လည်းခြံစီးရုံး သစ်ပင်များစိုက်ခြင်း၊ Public Washroom ကိုလည်း ပြီးစီးအောင် ဆောင်ရွက်နေခြင်းစသည် Project များကို $ 23,000 ကျော်ထိ အသုံးပြုကာ ကျောင်းတော်ကြီးရည်ရှည်တည်တံ့ရေးအတွက်ဆောင်ရွက်ခဲ့ပါသည်။
နှစ်ကုန် စာရင်းချုပ်တွင် ကျောင်းတော်ကြီး၏ Loan Principal Payment $16,000 အထိ ပေးချေ နိုင်ခဲ့ပါသည်။
ကနေဒါအစိုးရမှလည်း Official Charity Registration ထုတ်ပေးပြီး ဖြစ်သည့်အတွက် အလှူရှင်များအား 2009- 2010 Official Tax Receipts ထုတ်ပေးနေပြီးဖြစ်ပါသည်။
ဒီနှစ်ဦး 2011 January 9, Sunday နေ့လည် ၁၂း၀၀ ၃း၀၀ ထိ မြန်မာဗုဒ္ဓဘာသာ ကလေးငယ် များအတွက် အခြေခံ ဗုဒ္ဓဘာသာနှင့် အခြေခံ မြန်မာစာတို့ကို သင်ကြားပေးမည်ဖြစ်ပါသည်။ မိမိတို့ရင်သွေး များကိုလည်း ဘဝနောင်ရေး စိတ်အေးစေရန်အတွက် ဗုဒ္ဓရံသီဘုန်းတော်ကြီး ကျောင်းသို့ ပို့ပေး ကြရန်လည်း တိုက်တွန်းနိုးဆော်အပ်ပါသည်။
လစဉ်လှူဒါန်းကြသော အလှူရှင်များလည်း ၂၀၁၀ မှာကဲ့သို့ စိတ်အားထက်သန်စွာ ၂၀၁၁ မှာလည်း ထပ်မံကြိုးစား လှူဒါန်းကြပါရန် နိုးဆော် တိုက်တွန်းအပ်ပါသည်။
ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်းဒကာ၊ ကျောင်းဒကာမများအာလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေ၊ စီးပွားဥစ္စာ တိုးတက်ကြပါစေ၊ အနာရောဂါ ကင်းရှင်းကြပါစေ၊ နှစ်ဦးမင်္ဂလာ ၂၀၁၁မှာ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံကြပါစေဟု ဆုတောင်းမေတ္တာ ပတ္ထနာ ပြုအပ်ပါသည်။
သုခိအတ္တာနံ ပရိဟရန္တု
နာယကဆရာတော်များနှင့် မြန်မာဗုဒ္ဓဘာသာအသင်းမိသားစု
02-01-2011
No comments:
Post a Comment