Feb 16, 2010

လူ မျိုး ရေး မုန်းတီး ဝါဒများ စွန့် လွှတ် ချိန် တန်ပါ ပြီ

တစ်နေ့က မြန်မာမိသားစုများနှင့် ကနေဒါရှိနိုင်ငံရေးသမားများ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ဆွေးနွေးပွဲတစ်ခုလုပ်ဖြစ်ပါ၏။ ပြည်ပရောက် လူမျိုးစုနိုင်ငံရေးသမားများနှင့် ကနေဒါနိုင်ငံရေးသမားများ တက်ရောက်ကြပါ၏။
လူမျိုးစုများ စုံလင်စွာတက်ရောက်လာသည့်အတွက် ကျေနပ်အားရစရာဖြစ်ပါ၏။ ၀မ်းလည်းသာပါ၏။
ဤဆွေးနွေးပွဲတွင် ကနေဒီယန်အဖြူတစ်ယောက်မှ အားလုံးရှေ့သို့ထွက်၍ မြေပုံနှင့် တကွ ကရင်လူမျိုးစုများအကြောင်း တင်ပြလာပါ၏။
မြန်မာနိုင်ငံမြေပုံကိုထောက်၍ ကရင်ပြည်နယ်အပါအ၀င် တနင်္သာရီတိုင်၊ မွန်ပြည်နယ်နှင့် တကွ ပဲခူးရိုးမတစ်လျှောက် မျဉ်းဆွဲချ၍ ဤဒေသသည် ကရင်ဒေသများဖြစ်ကြောင်း၊ ကရင်လူမျိုးများကို “မြန်မာများ”က သတ်ဖြတ်နေကြောင်း။ ကရင်လူမျိုများ နေစရာ နေရာ မရှိတော့ကြောင်း။ မြန်မာနိုင်ငံမှာ လူမျိုးရေး ခွဲခြားမှုများရှိနေကြောင်း ဒါကို ကမ္ဘာ့ကုလသမဂ္ဂမှ ဖြေရှင်းပေးလိုကြောင်း စသည်ဖြင့်တင်ပြသွားပါသည်။
ဤတွင် မွန်အမျိုးသားတစ်ယောက်ထလာ၍ .. မစ္စတာ.. ခင်ဗျားတင်ပြသော အချက် အလက်များ မှားနေပါတယ်။
1. ကရင်များကို သတ်ခြင်းသည် “မြန်မာ” များမဟုတ်ကြောင်း။ ကရင်များကို သတ်ခြင်းသည် “မြန်မာ့စစ်တပ်” သာဖြစ်ကြောင်း မြန်မာ့စစ်တပ်ထဲတွင် ဗမာ၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ချင်း စသောလူမျိုးစုများအားလုံးပါရှိကြောင်း။ စကားကိုရှင်း လင်းစွာတင်ပြသင့်ကြောင်း။ “မြန်မာ”.. နှင့် “မြန်မာစစ်သား”ဆိုသော အဓိပ္ပါယ်မှာ အလွန်ကွာဟကြောင်း။ ညီညွတ်ရေုးကို ပျက်ပြားစေမည့် လူမျိုးစုသွေး ခွဲရေး စကားများကို နောင်လာနောင်သာ ညီအကိုမောင်နှမများ သွေးကွဲစေသော စကားများ မပြောသင့်ကြောင်း။

2. မစ္စတာ.. ခင်ဗျားထောက်ပြသော ကရင်ပြည်နယ်ဆိုသော ဒေသများသည် ကရင်များ နေထိုင်ကြသော်လည်း ကရင်ပြည်နယ်ပိုင်းမဟုတ်ကြောင်း ပဲခူးတိုင်းနှင့် မွန်ပြည်များ ပါဝင်ကြောင်း။ မြန်မာနိုင်ငံတွင် နာမည်အခေါ်အဝေါ်အရ .. ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်လို့ သတ်မှတ်ထားသော်လည်း လူမျိုးစုများ ရောပြွမ်း၍ နေထိုင်ကြကြောင်း။

3. ယခုကျန်နော်တို့ တောင်းဆိုနေသည်မှာ လူမျိုးတစ်စုတည်းသာ လွတ်မြောက်ရေး သက်သက်မဟုတ်ကြောင်း။ မြန်မာပြည်သူများအားလုံး လွတ်မြောက်ရေးဖြစ်ကြောင်း။ မြန်မာလူမျိုးများအားလုံးညီညွတ်ရေး ဒီမိုကရေစီရရှိရေးကိုသာ တစ်သံတည်း တောင်းဆိုသင့်ကြောင်းရှင်းပြသွားပါ၏။
အလွန်မှတ်သားစရာကောင်းသော ရှင်းလင်းချက်များဖြစ်ပါ၏။ နောင်လာနောင်သား ညီအကို မောင်နှမများမှတ်သားထိုက်ပါ၏။
တိုင်းရင်သားညီအကိုမောင်နှမများ နှစ်ပေါင်း (၄၀) ကျော်ကြာအောင် အသက်၊ သွေး ချွေးစတေး၍ ဒီမိုကရေစီတိုက်ပွဲ ၀င်ခဲ့ကြပြီးပါပြီ။
သို့သော်...
ဘာကြောင့် ဒီမိုကရေစီ မရကြသလဲ?......
အဖြေရှာသင်ပါပြီ။
ဤဆွေနွေးပွဲတွင် စာရေးသူ သင်္ခန်းစာယူမိတာက သတင်မှားများကြောင့် ညီအကိုမောင်နှမများ သွေးမကွဲသင့်ကြောင်း။ အမှားများရှိပါကလည်း အကျိုးမရှိသော အမှားများကို ငြင်းခုံမနေပဲ။ သည်းခံခွင့်လွှတ်၍ အမှန်လမ်းကြောင်းပေါ်သို့ လက်ချင်းဆက်ကာ တက်ညီလက်ညီ ချီတက်သင့်ကြောင်း။ အနာဂတ်မျိုးဆက်သစ်များ ကောင်းစားရေးအတွက် အသက်၊ သွေး၊ ချွေးများ စတေး၍ အတူကွ ထပ်မံပေးဆပ်သွားကြပါစို့လို့ တိုက်တွန်းရင်းဖြင့်.........
အရှင်ဃောသက(စကာားဝါ)

No comments: