ရှေးရှေးတုန်းက တောထဲမှာ နဂါးတစ်ကောင်ဟာ အေးအေးဆေးဆေး လမ်းလျှောက်နေစဉ် ဂဠုန်က ကောင်းကင်မှ မြင်လို့ သူကို ဖမ်းဆိးဖို့ ထိုးဆင်းလာတယ်။ နဂါးက ပုန်းစရာရှာတယ် ဒါပေမယ့် မတွေ့ဘူး။
အဲဒီအချိန်မှာ ဘုရင်တစ်ပါးက အနီးနားမှာ အမဲလိုက်နေလို့ နဂါးက လူယောင်ဆောင်ပြီး ဘုရင့်ရဲ့ နောက်လိုက် နောက်ပါတွေထဲ ဝင်ရောက်ပျောက်ကွယ်သွားတယ်။
ဂဠုန်က နဂါး ရုတ်တရက် ပျောက်ကွယ်သွားတာကို နားမလည်နိုင်အောင်ဖြစ်သွားတယ်။ ဒါပေမယ့် များမကြားမှာ နဂါးဘာလုပ်သွားသည်ကို ရိပ်မိလာတယ်။
ဒါကြောင့် သူလည် လူယောင်ဆောင်ကာ ဘုရင့်ရဲ့နောက်လိုက် နောက်ပါတွေနဲ့ ဝင်ရောပြီး နောက်လိုက် နောက်ပါ တစ်ယောက်စီရဲ့ မျာက်နှာကို သေသေချာချာကြည့်တယ်။
ဂဠုန် သူ့ကိုမှတ်မိလိမ့်မယ်ဆိုတာ သိလို့ နဂါးဟာ ကြောက်လန့်ပြီး တုန်လှုပ်နေတယ်။
ဘုရင်နဲ့ အပေါင်းပါတွေဟာ ကုန်သည်တစ်စုနဲ့တွေတယ်။ ဘုရင်နဲ့ သူ့လူတွေ ဖြစ်သွားနိုင်အောင် ကုန်သည်တွေက ဘေးမှာ ရိုရိုသေသေ ရပ်နေကြတယ်။ နဂါးဟာ ကုန်သည်အုပ်စုထဲ ဝင်ပြီး သူတို့နဲ့အတူ လိုက်သွားတယ်။
ဂဠုန်ဟာ ဘုရင်နောက်လိုက် နောက်ပါတွေရဲ့ မျက်နှာကို သေသေချာချာကြည့်တယ်။ ဒါပေမယ့် နဂါးကို မတွေ့ရတော့ဘူး။ စဉ်းစားပြီးနောက် နဂါးဘာလုပ်သွားတယ်ဆိုတာ သူသိလို့ ကုန်သည်အုပ်စုနောက်လိုက်သွားတယ်။
အဲဒီအချိန်မှာ ကုန်သည်တွေဟာ သဲထူထပ်တဲ့ ပင်လယ်ကမ်းခြေကိုရောက်နေကြပြီ။ နဂါးဟာ သူ့ရန်သူလာတာမြင်တော့ ပင်လယ်ထဲကို တစ်ရှိန်ထိုး ပြေးဆင်းဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါကြောင့် နဂါးအသွင်ဆောင်ကာ သဲသောင်ပြင်မှာ ဖြတ်ပြီး ပင်လယ်ဆီကို ပြေးသွားတယ်။
ဂဠုန်လည်း သူကိုမြင်တော့ ဂဠုန်အသွင်ဆောင်ပြီး သူရဲ့သားကောင် နောက်ကိုလိုက်တယ်။
ဒါပေမယ့် သူနည်းနည်း နောက်ကျသွားပြီ။ နဂါးဟာ ရေထဲ ငုပ်ပြီး ပင်လယ်အောင်ခြေရှိ သူအိမ်ကို ပြန်သွားပြီ ။ ဂဠုန်ဟာ စိတ်ပျက်ပျက်နဲ့ ငိုတယ် ဘာလို့လဲဆိုတော့ ဒီနဂါးကို စားချင်တဲ့စိတ် ပြင်းပြလို့ပါပဲ။
တစ်နေ့ နဂါးဟာ ပင်ထဲက ပြန်ထွက်လာလိမ့်မယ်လို့ မျှော်လင့်လို့ သူဟာ နဂါးရေထဲ ဝင်သွားတဲ့နေရာက မခွာနိုင်ဘဲ စောင့်နေဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါပေမယ့် သူ့နဂို ပုံစံနဲ့ စောင့်နေလို့ မဖြစ်ဘူးဆိုတာ သူ သိတယ် ဘာလို့လဲဆိုတော့ ရေအောက်က နဂါးက သူကိုမြင်လိမ့်မယ်။ ပြီတော့ လူတွေကို သူကိုလာပြီး အန္တရာယ်ပေးလိမ့်မယ်။
ပယ်လယ်ရေမှ ဆားချက်တဲ့ လူတွေရဲ့ ရွာတစ်ရွာ အနားမှာရှိလို့ ဂဠုန်ဟာ လူယောင်ဆောင်ပြီး သူတို့အနား ရောနှောနေထိုင်တယ်။
သူဟာ နေ့စဉ် အလုပ်လုပ်ပြီး ပင်လယ်ကမ်းစပ်ကို စောင့်ကြည့်နေခဲ့တယ်။ ဒါပေမယ့် နဂါးကတော့ ပြန်ပေါ်မလာဘူး။
ဘယ်လိုပင်ကြိုးစာပေမယ့် နဂါးကို ဖမ်းမမိလို့ ဂဠုန်ဟာ အိုလာပြီး သုန်မှုန်နေတဲ့ ဆားချက် သမားတစ်ယောက် အနေနဲ့ သေဆုံးသွားတယ်။
No comments:
Post a Comment