လူတိုင်းရဲ့ ခြေဖဝါကို လေးပုံပုံကြည့်ရင် သုံးပိုင်းတပိုင်း/ လေးပိုင်းတပိုင်းမှာ ခြေသလုံးပေါက်ကြတဲ့ အတွက် လူတိုင်းရဲ့ ဖနောင့်ဟာ တိုတတ်ပြီး ကြည့်မလှပါဘူး။
1. မြတ်ဗုဒ္ဓကတော့ ဖနောင့်တော်ရှည်ခြင်းဆိုတဲ့ လက္ခဏာနဲ့ပြည့်စုံပါတယ်။ မြတ်ဗုဒ္ဓရဲ့ ဖနောင့်တော်ဟာ လေးပုံပုံ သုံးပုံမြောက်မှာတည်ရှိနေတာမို့ ခြေဖဝါးဟာ ခြေသလုံးရဲ့ ရှေ့ဘက်မှာ နှစ်ပုံရှိပြီး နောက်ဘက် တပုံက ဖနောင့်ဖြစ်နေတဲ့အတွက် ဖနောင့်တော်ဟာ ပုတိုတိုဖြစ်မနေပဲ ရှည်နေခြင်းဖြစ်ပါတယ်။
2. မြတ်ဗုဒ္ဓရဲ့ လက်ချောင်းလက်ဆံများဟာလည်း ပုတိုတို တုတ်ခိုင်ခိုင်မဟုတ်ပဲ၊ ရှည်သွယ် ပျော့ပြောင်း ဖော့ဖယောင်းသဖွယ် တင့်တယ်လှပပါတယ်။
3. မြတ်ဗုဒ္ဓရဲ့ ခန္ဓာကိုယ် အချိုးအဆစ်များကလည်း ကော့ကွ ကော့လန်ဖြစ်မနေပဲ ဖြောင့်ဖြောင့် စင်းစင်း တောင့်တောင့်တင်းတင်း ရှိလှပါတယ်။
ဒီလက္ခဏာတွေနဲ့ပြည့်စုံလို့ မြတ်ဗုဒ္ဓဟာ သတ်တော်ရှည်ပါတယ်။
မြတ်ဗုဒ္ဓ ဤလက္ခဏာတော်များနဲ့ ပြည်စုံရခြင်းမှာ..
ပါရမိဖြည့်စဉ်ကာလက..သူများအသက်သတ်ခြင်းကိုစောင့်ထိမ်းခဲ့တဲ့အတွက် ဖနောင့်မတိုခြင်း၊ လက်ချောင်းလေးများ ရှည်းသွယ်ပျော့ပြောင်းခြင်း၊ ကိုယ်ကာယ ဖြောင့်စင်းခြင်း နဲ့ပြည့်စုံရခြင်းဖြစ်ပါတယ်။
သူများအသက်ကို သတ်ဖို့ ကြိုးစားသူများဟာ ခြေသံမကြားရအောင် ခြေဖျားထောက်သွား ရတဲ့အတွက် ဖနောင့်တိုတယ်။ လက်သီးဆုပ်၊ လက်နက်ဆုပ်ကိုင်ရတဲ့အတွက် လက်ချောင်း လက်ဆံတွေ ပုတိုတို တုတ်ခိုင်ခိုင်ဖြစ်နေတယ်။ ရှောင်းမြောင်းကုန်းသွားရတဲ့အတွက် ကိုယ်ခန္ဓာဟာ ကုန်းကွကွဖြစ်နေတတ်ကြပါတယ်။
ဖြစ်လေရာဘဝတိုင်းမှာ ကိုယ်ခန္ဓာအလှပိုင်ရှင်ဖြစ်ဖို့ ရောဂါကင်းကွာ အသက် ရာကျော်ရှည်စေဖို့ သူ့များအသက် မသတ်ကြပဲ ချစ်ခြင်းမေတ္တာ အကြင်နာဖြင့် နေထိုင်သွားကြပါစို့။
No comments:
Post a Comment