COORDINATORS: U NYI NYI AUNG AND DAW WIN WIN CHO
ဒေါ်ဝင်းဝင်းချိုသည် ရန်ကုန်တိုင်း လှည်းကူးမြို့ နယ် ဒါးပိန်မြို့တွင်မွေးဖွားသည်။ အခြေခံ မူလတန်းပညာကို ဒါးပိန်မြို့ အ မ က မှာ ပညာသင်ကြားခဲ့ပြီး အလယ်တန်းပညာကို ကို အ လ က (၄ ) ရန်ကင်းမှာသင်ကြားခဲ့သည်။ အထက်တန်းပညာကို ရန်ကုန် အ ထ က (၂)သင်္ဃန်းကျွန်းမှာဆက်လက်သင်ကြားအောင်မြင်ခဲ့သည်။
၁၉၉၂ တွင် ရန်ကုန်တက္ကသိုလ်ပင်မမှ မြန်မာစာအဓိကနဲ့ B.A (Myanmar) ရရှိခဲ့ပြီး ၁၉၈၈-၁၉၉၄ ခုနှစ်များအထိ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၀၂-ခုနှစ်တွင် မဟာသန္တိသုခသာသနာပြုကျောင်းတော်ကြီး၌ သားနှင့်သမီးအား ရှင်ပြုနားသအလှူမင်္ဂလာပွဲတွင် ၊ ကနေဒါနိုင်ငံ၊ ဗန်ကူးဘားမြို့ ဗုဒ္ဓရံသီဆရာတော်အား သိပ်ထပ်မဂ်လာပြုလုပ်ကပစ္စည်းလေးပါးရဟန်းဒကာအဖြစ်ခံယူခဲ့သည်။
ဆရာတော်နှင့်နှစ်အတော်ကြာ အဆက်အသွယ်ပျက်သွားပြီးနောက် ၂၀၁၂-ခုနှစ် ဆရာတော်မြန်မာပြန်ရောက်မှ အဆက်သွယ်ရကာ ..ဆရာတော်၏ ပြည်တွင်း သာသနာပြုလုပ်ငန်းများကို အာကြိုးမာန်တက်ဆောင်ရွက်နေသူဖြစ်သည်။
မဝင်းဝင်းချိုး၏ ကနေဒါစင်တာ အဓိကတာဝန်မှာ နိုင်ငံတကာမှ အလှူရှင်များ၊ နိုင်ငံတကာမှ မြန်မာပြည်သို့ရောက်ရှိလာ သော ကနေဒါစင်တာ အဖွဲ့ဝင် အလှူရှင်များ လိုအပ်ချက်အားလုံးကို ဆောင်ရွက် ပေးလျှက်ရှိသည်။
ကနေဒါစင်တာအတွက် သနပ်ပင်ရွာရှိ အလုပ်အမှုဆောင်များနှင့် ချိပ်ဆက်ကာ ၊ဘဏ္ဍာထိမ်း ငွေးစားရင်းစစ် လုပ်ငန်းများ ကိုလည်း လုပ်ဆောင်ပေးလျှက်ရှိသည်။
မဝင်းဝင်းချိုသည် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အထူးစိတ်ဝင်စားပြီး ကနေဒါစင်တာအောင်မြင်ရေး လုပ်ငန်းကို ပြည်တွင်းမှာအာသွန်ခွန်စိုက် ဆောင်ရွက်နေပြီဖြစ်သည်။
ဒေါ်ဝင်းဝင်းချိုသည် မိတ်ဆွေများအား ကနေဒါစင်တာအသင်းဝင်ဖြစ်ရေး ဦးဆောင်စည်းရုံး၍ ကနေဒါစင်တာလူမှုရေးအသင်းအတွက် ဘဏ္ဍာငွေများကို ရှာဖွေးပေးသူဖြစ်သည်။
မြန်မာနိုင်ငံ၏ အထူးနိမ့်ကျလျှက်ရှိသော ကျေးလက်ဒေသ ပညာရေး ၊ကျန်းမာရေး အထူးမြှင့်တင်လိုသူဖြစ်၍ ၊ ကနေဒါစင်တာ၏ အဓိကရည်ရွယ်ချက်လုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ရန် အားသွန်ခွန်စိုက် ဆောင်ရွက်နေသူဖြစ်သည်။
ဒေါ်ဝင်းဝင်းချိုသည် ခင်ပွန်း ဦးညီညီအောင် သားသမီးနှစ်ဦးနှင့် ဦးဝိစာရအိမ်ယာ ဒဂုံမြို့နယ် နေထိုင်သည်။

No comments:
Post a Comment