Jan 14, 2009

လိုချင်တာတွေ ရနိုင်ပါလား?

လိုချင်တာတွေ ရနိုင်ပါ့မလား?
ခေတ်မှိ ဖွံ့ဖြိုးတိုတတ် နေတဲ့ ကမ္ဘာကြီးလောကကြီမှာ သိပ်အံသြစရာကောင်းတာက လူသားတွေ တစ်ယောက်နဲ့ တစ်ယောက် ပြိုင်ဆိုင်မှုတွေ မလိုမုန်းထားမှုတွေ မနာလိုမှုတွေ ယုံးမှား သံသယတွေ အကြောက်တရားတွေ တိုးပွားလာပြီး ပျော်းရွှင်စရာ လူဘ၀လေးက အဓိပ္ပါယ်မဲ့ ဖြစ်လာပါတယ်။

ယနေ့ လူငယ်လောကမှာ ဘ၀ရဲ့အလှကို မခံစားနိုင်ကြဘဲ အဓိပ္ပါယ်မဲ့စွာ နည်းမျိုးစုံဖြင့် ရာဇ၀တ်မှု ကျူးလွန်တာတွေ မူးယစ်ဆေးဝါး သုံးဆွဲလာတာတွေ တွေ့နေရပါတယ်။

လူသားတွေရဲ့ အဓိကရန်သူက " အတ္တ"ဆန်မှုပါပဲ။

ဒုစရိုက်အားလုံးဟာ အတ္တဆန်မှုက စတင်တာပါပဲ။ လူသားအားလုံးဟာ ပျော်ရွှင်ဖွယ်ရာ စည်းစိမ်ချမ်းသာ နဲ့ ပိုင်ဆိုင်မှုတွေကို သိပ်နှစ်တက်ကြပါတယ်၊ ဒီလိုနဲ့ အတွေးခေါ်များ မှားယွင်းပြီး "ပျော်ရွှင်ခြင်းဆိုတာ မိမိရဲ့ ဆန္ဒပြည့်ဝခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုလာပါတယ်။ ထင်သာအောင် ပြောရရင်တော့ လိုက်မမှိတဲ့ ရုပ်ဝတ္ထုလောက နောက်ကို တကောက် ကောက်လိုက်နေခြင်းပါပဲ။
မိမိတို့ရဲ့ လိုအင်ဆန္ဒဖြည့်ဆီရာမှာ...... သူတစ်ပါးကို မထိခိုက်စေရပါဘူး၊ ပျော်ရွှင်ဖို့ဆိုရင်လည်း အာရုံတွေရဲ့ လိုလား တောင်းတမှုကို အဓိက ဦးစားမပေးရပါဘူး၊ ဒီလိုမှဟုတ်ပဲ လိုအင်ဆန္ဒကို ဦးစား ပေးရင်တော့ ဟို အဝေးက သက်တန့်ရောင်ကို မရ ရအောင် လိုက်ဖမ်းနေသူလိုပါပဲ။

မိမိပိုင်ဆိုင်ထားတဲ့ အရာတွေက ပျော်ရွှင်ကို ပေးနိုင်ပါတယ်။ ဒါကို ဆုပ်ကိုင်ထားပြီး အရေအတွက် များပြားလာအောင် ကြိုးစားရပါမယ်။ အချို့အရာတွေက ပျော်ရွှင်မှုကို မပေးဘူးဆိုရင် ကြိုးစား ရှောင်ကြဉ်ပြီး ရှင်းထုတ်ပစ်ရပါမယ်။ ဒါမှမဟုတ်ရင် လိုချင်မှုနဲ့ မလိုချင်မှု (မုန်းတီးမှု) တွေကို ထိမ်းသိမ်းရပါမယ်၊ ဒီတရားနှစ်ပါးက လူသားအချင်းချင်း မပျော်ရွှင်အောင်ဖန်တီးတာပါပဲ၊
ဆန္ဒနဲ့ ဒေါသဟာ အတူ တချိန်တည်း ဖြစ်လာတတ်ပါတယ်။

ဆာလောင်မှုဖြစ်လာတဲ့အခါမှာ စိတ်ထဲမှာ မသက်သာမှုတွေဖြစ်တတ်သလို .. လိုချင်ဆန္ဒ တွေကလည်း စိတ်ညစ်စရာတွေကို ဖြစ်စေတတ်ပါတယ်။ လိုအင်ဆန္ဒတွေက စိတ်ညစ်စရာတွေ တစ်ခုခုလိုနေသလို မပြည့်စုံသလိုခံစားရပါတယ်။ ဒါလို့ လိုချင်တာတွေကို အပြင်အထန် မမှန် မကန် ရှာတော့ တာပါပဲ၊ ရှာရင်းနဲ့ မရရင်တော့ ပိုပြီး စိတ်ညစ်စရာတွေခံစားလာရပါတယ်၊ ဘယ်လိုနည်းနဲ့ ဖြစ်ဖြသ်လိုချင်တာတွေ ဖြစ်ချင်တာတွေ ရလာပြီဆိုပါတော့ စိတ်ချမ်းသာမှုလေးက တစ်ခဏတာပါပဲ ငြီးတော့လည်း ပျောက်သွားတာပဲ မဟုတ်လား? ဒီလို မျှော်လင့်ချက် ဆန္ဒတွေ ပျောက်ကွယ်သွားတဲ့ အခါမှာ လိမ်လည်မှုတွေ စိတ်ဆင်းရဲမှုတွေ ဖြစ်လာပြန်တာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ဒီိကောင်းတဲ့ အတွေ့အကြုံတွေကို ထာဝရပိုင်ဆိုင်ထားချင်တာကို၊ ဒါနဲ့ မျှော်လင့်ချက်အသစ်တွေ လိုချင်မှုအသစ် အဆန်းတွေ ထပ်မံ ဖန်တီးပြန်တာပါပဲ။

စိတ်ရဲ့ လိုလားတောင်းတမှု ကျေနပ်မှုတွေကို ရှာဖွေနေခြင်းဟာ သာမန်လောကီလူသားတို့ရဲ့ မူလ အခြေခံပါပဲ။

တစ်ချို့လူတွေ ဘ၀တစ်လျှောက်လုံး စည်းစိမ်ဥစ္စာရှာဖွေရင်းရဲ့ ဘ၀ကို ရင်းနှီး မြှုပ်နှံလိုက်ပါတယ်၊ ရှာဖွေစုဆောင်းလို့ရတဲ့ သူရဲ့ ပိုင်ဆိုင်မှုတွေက သူကို မရောင့်ရဲ စေနိုင်ပါ၊ ပို၍ ပို၍ တိုးလာတဲ့ လိုအင်ဆန္ဒ တွေက ဘ၀ကို တက်မက်လာစေပါတယ်၊ သူတို့လိုချင်တာတွေ မရလာတဲ့ အခါမှာ စိတ်ညစ်လာရပါတယ်၊ လိုချင်တာ ရလိုက်သည်ထားပါဦး ဒါတွေအတွက် ပူပန်ပြီး စိတ်ညစ်ရ ပြန်တာပါပဲ၊ သူတွေရဲ့ အိမ်မက်တွေ မျှော်လင့် သလောက်ဖြစ်မလာရင် ဆန္ဒတွေ တောင်းတမှုတွေ ပျောက်ကွယ်သွားပြီး သူတို့ရဲ့ တောင်းတမှု အသစ်တွေ အပေါ်မှာ မကျေနပ်နိုင်တော့ပါဘူး၊ ဒါနဲ့ သူ့တိုဟာ " ငါမှာ တစ်ပါး အခြားသူတွေ သိပ်ကံကောင်းကြတာပဲ" လို့ထင်မြင်လာကြပါတယ်။
တကယ်တော့ "ရှိလေ ပိုလိုချင်လေပါပဲ"
လူသားအားလုံးအတွက် အဓိကအပ်တာက "စားစရာ... နေစရာ.... အ၀တ်အစား....နဲ့ ကျန်းမာရေးပဲ" မဟုတ်လား??
လိုချင်တာတွေ ကို စွန့်လွှတ်လိုက်ပါတော့
Can We Sastisfy Desire ? ကိုဘာသာပြန်ဆိုပါသည်
အရှင်ဃောသက (စကားဝါ)

No comments: