ရှေးတုန်က ဖတ်ဖူးတဲ့ ပုံပြင်လေပါ၊ လင်မယားနှစ်ယောက် ကိုယ့်အိုး ကိုယ့်အိမ်နဲ့ မဖြစ်ခင် ခင်ပွန်းရဲ့ ဖခင် အဘိုးအို အိမ်မှာ ကပ်နေရပါတယ်တဲ့။
အဘိုးအိုက သိပ်ပြဿနာရှာတတ်ပြီး အမြဲလိုလို စိတ်ဆိုးကာ ပြစ်တင် ပြောဆိုလေ့ရှိပါသတဲ့၊ တနေ့ကျတော့ လင်မယားနှစ်ယောက် အဘိုးကြီးကို စွန့်ပစ်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။
ခင်ပွန်းဖြစ်သူက အဖေကို ခြင်းတောင်းကြီးထဲမှာ ထည့်ပြီး ပခုံပေါ်မှာတင်သွားပါတယ်။ အထုပ်ထမ်းကာ အိမ်မှ ထွက် မယ်လုပ်တော့ (၁၀) နှစ်အရွယ်သားငယ်က “အဖေ အဘိုးကို ဘယ်ခေါ်သွားမလို့လဲ” လို့ မေးပါတယ်၊ ကလေးအဖေက “အဘိုးကို တောင်ခြေမှာ သွားပြီးစွန့်မလို့” ဖြေပါတယ်၊ ကလေးက ခဏလောက် စဉ်စားပြီး ရုတ်တရက် အော်လိုက်ပါတယ် “ အဖေ ဒါဆို ဒီခြင်းတောင်ကြီး ပြန်ယူခဲ့ဖို့ မမေ့နဲ့နော်” တဲ့ အဖေ လုပ်သူက အံသြစွာဖြင့် ဘာလုပ်ဖို့လည်းလို့ ပြန်မေးလိုက်ပါတယ်၊ သားက--- အဖေက ကိုယ်တိုင် အဘိုးဖြစ်တဲ့ အခါမှာ အဘိုလို တောင်ခြေမှာ ပစ်ဖို့လေလို့ ဖြေသတဲ့။
အဲဒီက စပြီး အဖေကို အိမ်ပြန်ခေါ်ပြီး ကောင်းစွာထိမ်းသိမ်းစောင့်ရှောက်ပါသတဲ့
No comments:
Post a Comment