ရှေးကရွာ တစ်ရွာမှာ မှန်တာ ကိုပြောတတ် ဆိုတတ်တဲ့ အဖွားတစ် ယောက်ရှိသတဲ့၊ ရွာသူ၊ ရွာသားများက မှန်တာ ပြောတတ်လွန်း၍ အဖွားအိုကို ရွာထဲမှာ မနေစေပဲ ရွာပြင်ဖတ်မှာ “တဲ ”တစ်လုံးနဲ့ ထုတ်ထားပါသတဲ့။
တစ်နေ့သောအခါ တခြားရွာမှ ဧည့်သည်များ အဲဒီရွာကို အလည် လာပါသတဲ့၊ ရွာမ၀င်ခင် ရွာပြင်က အဖွားအို အိမ်ကို စတင်တွေ့ ရပါသတဲ့၊ ဧည်သည်များလည်း ရေဆာလို့ အဖွားအိုအိမ်မှာ ရေ၀င် သောက်ပါတယ်၊ အဖွားအိုနဲ့ စကားလက်ဆုံပြောဖြစ်ပါတယ်။ ပြောရဦးမယ် အဲဒီ ဧည့်သည် (၃) ယောက်ထည်မှာ တစ်ယောက်က “မျက်စိ တစ်ဖတ် ကန်း” နေပါသတဲ့၊ ဧည်သည်တစ်ယောက် အဖွား ကို မေး ပါတယ် “အဖွား ဘာလို့ ရွာပြင်ဖတ်မှာ တစ်ယောက်တည်း ထွက်နေ တာလဲ” မေးတော့။ အဖွားက “သားတို့ရယ် ရွာသားတွေက မှန်တာ ပြောလွန်လွန်းလို့ ငါ့ ကိုရွာပြင်ထုတ်ထားကြတာကွဲ့”တဲ့။
ဒါနဲ့ ဧည်သည်များက အံသြလို့ ဘယ်လို့လဲ ခင်ဗျာတို့ ရွာသားမျာ က ထူးဆန်းလိုက်တာ မှန်တာကို ပြောတတ်တဲ့ အဖွားကို ရွာပြင်ထုတ် ထားရသတဲ့ မကြားဘူးပေါင်တဲ့။
အမောဖြေ ရေသောက်ပြီး ဧည့်သည်များ ရွာထဲကို ဆက်သွားကြ ပါတယ်၊ ဧည့်သည်ထဲက မျက်စိ တဖတ်ကန်းတဲ့ သူတစ်ယောက် အဖွာအိမ်မှာ ဦးထုပ် မေ့ကျန်ခဲ့ပါတယ်၊ ဒါကို အဖွားက သတိရလို့ “သားတို့... သားတို.... ဦးထုပ်မေ့ကျန်းခဲ့တယ်လေ”လို့ အော်ခေါ်ပါတယ်။ ဧည်သည်များ တစ်ယောက်မှ မကြားပါဘူး၊ ဒါနဲ့ အဖွားက သံကုန် ဟစ်၍ “ဟို.. မျက်စိ တစ်ဖတ် ကန်းနဲ့ ကိုဧည့်သည် ဦးထုပ်ကျန်းခဲ့တယ် ပြန်လာယူဦးလို့” အော်လိုက်တော့။
မျက်စိ တစ်ဖတ်ကန်းနဲ့ ဧည့်သည်က အဖွားအိုကို ပြစ်တစ် မှတ်ချက်ချလိုက်ပါတယ်...
“ဒါကြောင့် သူကို ရွာသားတွေက ရွာပြင်ထုတ်ထားတာ”တဲ့
မှတ်ကရော..
မှန်တာပြောချင်ဦး................
အရှင်ဃောသက (စကားဝါ)
ကြားဖူးသောပုံပြင်များကို ပြန်လည်တင်ပြပါသည်။
No comments:
Post a Comment