ဘ၀ရသဆောင်းပါး
အဟွတ်...အဟွတ်....
ဘုန်းဘုန်းကြွလားပြီးလားဘုရား၊ ခဏစောင့်ပါဦး တပည့်တော်မ လက် သဲနီဆေးချယ်နေတာ မခြောက်သေးလို့ပါဘုရား။
စာရေးသူတို့ ငယ်စဉ်စာသင်သားဘ၀ဖြစ်စဉ်ကို သတိရမိပါသည်။ နံက် (၁၀)နာရီ ကျော်လျှင် တစ်အိမ်းဆင် တစ်အိမ်တက် အညာနေပူ ကျဲကျဲမှာ ဆွမ်းခံထွက်ရပါသည်။ မိမိအား ဆွမ်းဒကာများမှ ထိုင်ကိုယ်တော် အဖြစ်အိမ်မှာ ပင့်ထား၍ အရံသင့်ခင်း ထားသော ရဟန်းတော်များနေရာမှာ ထိုင်ရပါသည်။ အိမ်တွင်းမှာ လူသူမတွေ့ လျင် ရဟန်းတော်များမှာ ချောင်းဟန်း၍ အသံပေးရသည်။ ရဟန်းတော်များအနေနှင့် “ဆွမ်တော်ဗျို့”လို့ အော်လေ့ အော်ထမရှိပါ။ နောက်က ဘုန်းကြီးကျောင်းသား ပါလျှင်တော ဘုန်းကြီးကျောင်းသားမှ အော်လေ့အော်ထရှိပါသည်။
အထက်ပါ “အဟွတ်...အဟွတ် ”...ဆိုသောအသံမှာ စာရေးသူရဲ့ ချောင်းဟန်းသံဖြစ်ပါသည်။ “ဘုန်းဘုန်းကြွလားပြီးလားဘုရား၊ခဏစောင့်ပါဦး တပည့်တော်မ လက်၏သဲနီလှဆေး ဆိုးနေတာ မခြောက်သေးလို့ ပါဘုရား”ဟု ဆိုသောအသံမှာ ဆွမ်းဒကာရဲ့ သမီးချောအသံပင်ဖြစ်ပါသည်။
မိဘများမှ အလုပ်များနေ၍ သမီးဖြစ်သူအား ဘုန်းတော်ကြီးများ ကြွလာက ဆွမ်းလောင်ရန်းတာဝန်ပေးထားဟန်တူပါသည်။ သို့ သော်ငြား မိန်ကလေးများသဘာဝ အလှပြင် လက်သဲနီဆိုး၍ ဆွမ်းခံကြွလာသော ဘုန်းတော်ကြီးများအာ စောင့်နေဟန်တူပါသည်။
သမီးလေးလက်ဆယ်ချောင်းလုံးဆိုးနေသော ဆိုးဆေးသည် ဘာဆေးလဲတော့ မပြောတတ်ပါ။ မျက်လွှာချ ဂုဏ်တော်ရွတ်၊ ပရိတ်ရွတ်နဲ့ ရထားသမျှ မေတ္တာပို့ စာသားများလည်း ကုန်သလောက်ရှိ သွားပြီး၊ ရေတောင်ဆာလာပါပြီ နာရ်ီဝတ် နီးပါး လောက်ကြားသော် လှပသော အနီရောင်းလက်သဲလေးများကို တရွရွ ပါစပ်ဖြင့် လေမှုတ်ရင်း အလှပြင်ခန်းမှထွက်လာပါသည်။ အဲဒီတော့မှ သက်တောင့် သက်သာရှိသွားပါတယ်။
သမီးလေးက “ဘုန်းဘုန်း စောင့်ရတာ တော်တော်ကြာသွားလား ကန်တော့ပါဘုရား”တဲ့ မကြားပါဘူး ခဏလေးပါလို့ ကျေးဇူးရှင် စိတ်ချမ်းသာအောင်ဖြေရသေးသည်။ လက်သဲအလှပိုင်ရှင် သမီးလေး ဆွမ်း၊ ဆွမ်းဟင်း အပြည့်အစုံလောင်း လိုက်ပါသည်။ ဆွမ်းဟင်း ကတော့ အကောင်းစား အနံ့တသင်းသင်းဖြင့် ကြက်သားဟင်းဖြစ် ပါသည်။ ဒီတော့မှ သြော်.. စောင့်ရကျိုးနပ်ပေတယ်လို့ စိတ်ထဲ့မှာ ပျော်သွားပါတယ်။
သမီးလေး ဆွမ်းလောင်းပြီး ဦးသုံးကြိမ်း ကန်တော့ပါသည်။ စာရေသူစိတ်ထဲမှ သမီးလေး ကျန်းမာပါစေ၊ လိုအင်ဆန္ဒတွေ ပြည့်ဝ ပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါသည်။
နေပူကျဲကျဲ ကျောင်းသို့ ပြန်ရောက်တော့ (၁၁) နာရီ ဆွမ်းစား ကျောင်း သံချောင်ခေါက်နေပြီး အခြားသံဃာတော်များလည်း ဆွမ်း ကျောင်းသို့ရောက်နေပြီး ဆွမ်းစားရန်အသင့်ဖြစ်နေကြပါပြီ။ စာရေးသူ ကဗျာကရာ ဆွမ်းဝိုင်းထိုင်၍ မိတ်ဆွေးများ ဒီနေ့တော့ ထူထူဆန်းဆန်း ဟင်းကောင်း တစ်ခွက်ရခဲ့တယ် မင်းတို့ ကောင်း ကေားင်တာ ဘုဉ်းပေးပါတော့လို့ဆိုတော့ သူငယ်ချင်းမှ ဆိုစမ်းပါဦး မင်းရဲ့ ထူဆန်းပုံလို့မေးတော့ အထက်ပါ ဖြစ်ရပ်စုံကို ပြောပြခဲ့ပါသည်။ သူငယ်ချင်းများမှာ မင်းစောင့်ရကျိုးနပ်ပါသည် “ကြက်သားဟင်” တောင်လောင်းလိုက်တာတဲ့။
မြန်မာနိုင်ငံမှ ဆွမ်းဒကာများ ကျန်းမာ ချမ်းသာပါစေ
အရှင်ဃောသက (စကားဝါ)
No comments:
Post a Comment