Dec 24, 2010

မှီခိုရာ ( ဥပနိဿယပစ္စယော)


လူငယ် စကားနဲ့ပြောရရင်တော့ မင်းဟာ…. ငါရဲ့ မှီိခိုအားထားရာပေါ့…  မှောင်မိုက်သောညမှာ မင်းဟာ  ငါ့ရဲ့ ငွေလမင်းကြီးဖြစ်သလို့… လေမှုန်တိုင်းထန်တဲ့ ပင်လယ်ပြင်မှာဆိုလည်း ခိုင်မာတဲ့ကျောက်ဆောင်ကြီးပါပဲ.. ဆိုတာဟာ  တယောက်နဲ့ တယောက် မှီိခိုနေကြရတယ်လို့ဆိုခြင်းပါ။
ရဟန်းငယ်များလည်း ငယ်ရွယ်စဉ်အခါက မှီိခိုရာ ( နိဿယ) နိဿျည်းဆရာနဲ့ နေရမယ်ဆို မြတ်စွာဘုရား ဝိနည်းတော်ထဲမှာပါပါတယ်။ ကလေးငယ်က မိဘကိုမှီိခိုရတယ် ၊ ကျောင်းသားက ကျောင်းဆရာကိုမှီခိုရတယ်၊ လူသားတွေကတော့ ကမ္ဘာလောကကြီးကို မှီိခိုနေကြရပါတယ်။
ထို့အတူ စိတ်ရဲ့မှီရာတည်ရာရုပ်ဝတ္ထုများကတော့..  မျက်စိ၊ နား၊ နှာ ၊ လျှာ ၊ ဟဒယဝတ္ထုရုပ်များဖြစ်ကြပါတယ်။
မှီိတတ်တဲ့ တရားတွေကတော့… မြင်မှု၊ ကြားမှု ၊ နံမှု၊ စားမှု ၊ ထိတွေ့မှု ဟူသော အာရုံသိမှုများဖြစ်ပါတယ်။
မျက်စိ နား နှာ လျှာ ကိုယ် ဟဒယဝတ္ထုရုပ်များကိုမှီ၍  မြင်မှု ကြားမှု နံမှု စားမှု တွေးမှု ဟူသော အာရုံများဖြစ်ပွားခြင်းကို  “နိဿပစ္စယော”  လို့ဟောတော်မူပါတယ်။
မျက်စိရှိ၍ မြင်ကြရသည်၊ မျက်စိကြည်လင်မှ အမြင်အာရုံကြည်လင် ပြတ်သားသည်။ မျက်စိသည် ရှေးကံကြောင့်ဖြစ်သော ကမ္မဇရုပ်ဖြစ်သော်လည်း လက်ရှိ စိတ်ကြည်လင်မှု ၊ မကြည်လင်မှုကြောင့်ဖြစ်သော စိတ္တဇရုပ်များနဲ့လည်း ဆက်နွယ် ပေါင်းစပ် ပတ်သတ်နေပါတယ်။
ဥပမာ… ဒေါသထွက် စိတ်ဆိုးနေလျှင်.. အကြည့်အမြင် မကြည်လင်နိုင်တော့၊  မေတ္တာစိတ်ထားလျှင် အေးချမ်းသော စိတ်များဖြစ်ပွား၍  အမြင်အားရုံများပါ ကြည်လင်လာတတ်ပါသည်။
ဟဒယဝတ္ထု ဆိုတာ ဗုဒ္ဓစာပေအရ.. နှလုံးသားအတွင်းမှသွေး
သိပ္ပံပညာရှင်များအရ  ဦးနှောက်ဟု ယူဆကြသည်။  မည်သို့ပင်ဖြစ်စေ စိတ်ပူလာလျှင် နှလုံးသွေးရော ဦးနှောက်မှာပါ ပူလောင်းသောခံစားမှုမျိုး ခံစားရပါတယ်။ နှလုံးသွေးကြည် ဦးနှောက်ကြည်လျှင် စိတ်ဓာတ်များ အေးမြကြည်လင်ရပါတယ်။
နှလုံးသွေးပျက်လျှင် ရှုးသွပ်ပြီး၊ ဦးနှောက်ပျက်လျှင်တော့ သေသည်နှင့်ဘာမှမထူးတော့ပါ။
ဒါကြောင့် တန်ဖိုးကြီးသော မျက်စိနားနှာလျှာကိုယ် ဟဒယဝတ္ထုဟူသော နိဿပစ္စည်းများ ဒဏ်ရာ အနာတရ မဖြစ်ရလေအောင် အထူးစောင့်ရှောက်ကြပါလေ…။

No comments: