Dec 27, 2010

အကြိမ်ကြိမ် အထပ်ထပ်ပြုလုပ်ခြင်းဖြင့် ထောက်ပံ့ကူညီခြင်း ( အာသေဝနပစ္စယော)

လူသားတိုင်း ဘဝအောင်မြင်ရေးအတွက် အကြိမ်ကြိမ်အထပ်ထပ် အခါခါ ဆယ်ကြိမ်ထက်မနည်း အကြိမ်းပေါင်းထောင်သောင်းမကကြိုးစားပိုင်ခွင့်ရှိသည်။  ဤအခွင့်အရေးကြီးကို ကောင်းကောင်းအသုံးချသွား သူကား ကမ္ဘာတည်ထွင်ပညာရှင် အက်ဒီဆင် ပင်ဖြစ်၏။

အကြိမ်ကြိမ် အထပ်ထပ် သင်ယူလေ့လာအပ်သော ကျမ်းဂန်သည် နောက်နောက်သင်အပ်သော ကျမ်းဂန်အား လွယ်ကူအောင် ထောက်ပံ့ကူညီသကဲ့သို့ ရှေးရှေးးဖြစ်သော ကုသိုလ်၊ အကုသိုလ် ဇောစိတ်များက နောက်နောက်ဖြစ်သော တူညီသော ကုသိုလ်၊အကုသိုလ် ဇောစိတ်များကို  အားဖြင့်အောင် ကူညီထောက်ပံ့ခြင်းကို “အာသေဝနပစ္စယော” ဟုဟောတော်မူပါသည်။

အက်ဒီဆင်သည် ယနေ့လူသားများ အးသုံပြုနေသည့် လျပ်စစ်ကို  အကြိမ်းပေါင်း ထောင်သောင်းမက အာသေဝနပစ္စည်းတပ်ခဲ့ရ၏။
တနေ့ သူ၏ သုတေသနလုပ်ဖော် တပည့်တစ်ယောက်က သူတို့ သုတေသနလုပ်သည့် အရာတခု ကြိမ်ဖန်များစွာ စမ်းသပ်၍ မအောင်မြင်ဘဲ ရှိနေသဖြင့် လက်လျှော့ချင်သည့် သဘောပြရာ အက်ဒီဆင်က .. “ဟ.. ဘယ်ဟုတ်မလဲ မအောင်မြင်တော့ဘူးလို့ ဘယ်ပြောလို့ရမလဲ အခုအကြိမ် တစ်ထောင် စမ်းသပ်ပြီးပြီ ဆိုပါတော့  အလုပ်မဖြစ်တဲ့ နည်းပေါင်း တစ်ထောင် တို့တွေပြီးပြီဆိုတဲ့ သဘောပဲ၊ အဲဒီတော့ ဆက်လုပ်ရင် အလုပ်ဖြစ်မယ့်နည်းတွေ တွေ့ဖို့ မဝေးတော့ဘူး “ ဟု ဆိုရမှာပဲ ပြန်ပြောခဲသည် ဟုဆို၏။
ဒါကြောင့် အရာတခုအောင်မြင်ဖို့ အကြိမ်ပေါင်းမျာစွာ ထပ်ခါထပ်ခါ အကြိမ်ကြိမ်ကြိုးစားရသည်၊ ချွေးသီး ချွေးပေါက်တွေကျလောက်အောင် အာသေဝနပစ္စည်းတပ်ရသည်။
အရက်စွဲ ဘိန်းစွဲ သူများ အရက် ဘိန်းကို စမ်းမြည်းကြည့်ရာမှ ထပ်ခါထပ်ခါ အကြိမ်ကြိမ် မှိဝဲခြင်းကြောင့် အရက်သမား၊ ဘိန်းသမားဖြစ်ရသည်။
စားလည်း ဒီစိတ်၊ အိပ်လည်းဒီစိတ်ဆိုသော အချစ်နတ်ဖမ်းစာခံရသော သူများလည်း အဆိုးအာသေဝနပစ္စည်း ကူညီထောက်ပံခြင်းကြောင့်ပင်။
မြတ်စွာဘုရားရှင်မှာ ပစ္စုပ္ပန်ဘဝမှာပင် ခြောက်နှစ်နီးပါး အာသေဝနပစ္စည်းတပ်မှ ဘုရားအဖြစ် သို့ရောက်တော်မူသည်။ ပေါဋ္ဌိလ ရဟန်းကြီးမှာလည်း နှစ်ပေါင်းသုံးဆယ်ကျော် အာသေနပစ္စည်းတပ်မှ ရဟန္တာအဖြစ်သို့ရောက်တော်မူသည်။
များသောအာဖြင့် လူတို့၏စိတ်သည် မကောင်းသည့်ဘက်မှာ ပျော်တတ်သည်၊ ပျော်ရာမှ အကြိမ်ကြိမ်ပြုလုပ် ခြင်းဖြင့် ဝါသနာဖြစ်၍ အပျော်မဖြတ်နိုင်ပဲ အပျက်ဘဝနှင့် နိဂုံးချုပ်ရတတ်သည်။

လူငယ်များ ဘဝအောင်မြင်ရေးအတွက် အကြိမ်ကြိမ်အထပ်ထပ် ကြိုးစား အားထုတ်ခြင်းဖြင့် လိုရာပန်းတိုင် ရောက်နိုင်ကြပါစေ…။


No comments: