Jan 11, 2011

မင်း.. မရှိမှ ပိုလွမ်းရပါတယ် (နတ္ထိပစ္စယော)

တချို့မေးကြပါတယ် နတ္ထိ= မရှိခြင်းကလည်း ကျေးဇူးပြုတယ်လို့ပြောတော့ ဟ! ကိုယ့်မှာ မရှိဘဲနဲ့ ဘယ်လိုလုပ် ကျေးဇူးပြုမှာလဲတဲ့။

စဉ်စားကြည့်ရအောင် အထပ်ပါခေါင်းစဉ်လေးနဲ့… ချစ်ကြသူတို့ လမ်းခွဲရပြီးဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် အလွမ်းသယ်တတ်ကြပါတယ်။ “မင်းမရှိမှ ငါမှာ့ လွမ်းစိတ် ၊ သတိရစိတ်တွေ ဖြစ်ရပါတယ်”တဲ့
မင်း..မရှိခြင်းကြောင်း ချစ်စိတ်တွေပျောက်သွားပြီး လွမ်းစိတ်တွေဖြစ်ပေါ်လာခြင်းပါ။

နောက်ဥမာတစ်ခု
လူကြီးတွေပြောတတ်ကြပါတယ် ‘မင်းတို့ ငါမရှိရင် မဖြစ်ဘူး’ တဲ့။ နေရာလေးတစ်ခု လူကြီးဖြစ်သူက အမြဲပဲ ယူထားတာကို ဖယ်မှမပေးပဲ၊ တကယ်လို့ ဖယ်ပေးလိုက်ရင် နောက်လူအတွက် နေရလေး ရသွားတာပေါ့။ ရှေးကလူးကြီး မရှိခြင်းကြောင့် နောက်လူအတွက် နေရာရခြင်းကို နတ္ထိပစ္စည်ဖြင့် ကျေးဇူးပြုပါတယ်။
နတ္ထိပစ္စည်းဟာ တကယ်တော့ အနန္တရပစ္စယောနဲ့ သဘောသွားတူပါတယ်။ ဥာဏ်ပညာကြီးမာလို့ မြတ်ဗုဒ္ဓက ဒီအတိုင်းလည်း ဖြစ်နိုင်တယ်လို့ ချဲထွင်ဟောခြင်းပါ။

အနန္တတရပစ္စယော အခြားမဲ့မှာ ကျေးဇူးပြုတယ်၊
နတ္ထိပစ္စယော မရှိတော့တဲ့ နောက်ပိုင်းမှာ ကျေးဇူးပြုတယ်၊
ပထမစိတ်ရဲ့ ဥပါဒ် ၊ ဌီ ၊ ဘင်း စိတ္တခဏများ မရှိတော့မှ (နတ္ထိ) အခြားမဲ့ဖြစ်သွားမှ (အနန္တရ) ဒုတိယစိတ်လို့ခေါ်တဲ့ ဥပါဒ်၊ ဌီ၊ ဘင်တွေဖြစ်ရတဲ့ သဘောပါ။

အသေစိတ်လေ့လာကြည့်ရအောင်..။
မျက်စိဖြင့် အဆင်းကိုမြင်သည်ဆိုကြပါစို့ ဦးစွာပထမ မျက်စိအခံဓာတ် မျက်နက်ဝန်း၌ ရူပါရုံအဆင်းဓာတ်က တိုက်လာ၍ ဆင်ခြင်သော ( အာဝဇ္ဇန်း) စိတ်ကဖြစ်ပေါ်လာသည်၊ ထိုစူးစမ်းဆင်ခြင်စိတ် (အာဝဇ္ဇန်း) မရှိတော့မှ ဒုတိယ မြင်စိတ်ဖြစ်ပေါ်လာရတဲ့ သဘောကို နတ္ထိပစ္စယောဟု ဟောတော်မူပါတယ်။
လောကမှာ မရှိလို့တော့ ဘာမှစိတ်မညစ်ပါနဲ့။ စိတ်၊ စေတသိတ်တွေတောင် ရှေ့စိတ်၊စေတသိတ်တွေမရှိတော့မှ နောက်စိတ်၊ စေတသိတ်တွေရှိလာရတာပဲ၊ မွေးကတည်းက ဘာမှမရှိပဲ မွေးလာရပြီး ယခုတော့ အနည်းဆုံး လူတိုင်းမှာ အဝတ်တစ်ထည်စိတော့ရှိကြပါပြီ၊ ဘယ်တွေထပ်ရှိချင်းလဲ စိတ်ထဲမှာ ကြံလိုက်ပါ… ကားလား ? အိမ်းလား? ကြံပြီးရင် ပါစပ်က အကြိမ်ကြိမ်ရွတ်ဆိုလိုက်ပါ၊ ရွတ်ဆိုတဲ့ အကြိမ်တွေများလာရင် ရှိအောင်လုပ်တဲ့ နည်းစနစ်တွေ လမ်းစတွေ အကူအညီတွေ နတ္ထိပစ္စည်းရဲ့ အထောက်အပံ့တွေရလာမှာပါ၊
စမ်းကြည့်လိုက်လေ..မရှိလို့စိတ်ညစ်သူများ နတ္ထိပစ္စည်းအထောက်အပံ့ဖြင့် ရှိကြပါစေ..

No comments: