လူသားတိုင်း ရရှိခြင်းကို နှစ်သက်ပါတယ် ရှိခြင်းကြောင့် ဝမ်းသာပျော်ရွှင်ရတယ်၊ နှစ်သက်ကြည်နူးရပါတယ်။
ပညာရှိတာ ကောင်းပါတယ် သို့သော် မာနမကြီးပါနဲ့၊
ဥစ္စာရှိတာ ကောင်းပါတယ် သို့သော် မကြွားဝါပါနဲ့၊
မိတ်ဆွေရှိတာ ကောင်းပါတယ် သို့သော် မထောင်လွှားပါနဲ့၊
ချစ်သူရှိတာ ကောင်းပါတယ် သို့သော် အချစ်မှာ မယစ်မူးပါနဲ့၊
ရာထူး၊ အာဏာရှိတာ ကောင်းပါတယ် သို့သော် ဘဝ မမေ့ပါနဲ့၊
ဒါပေမယ့် အနာရောဂါတော့ မရှိစေပါနဲ့နော် ..ရောဂါရှိရင် စိတ်ညစ်ရတတ်ပါတယ် ၊ ဘဝင်မြင့်ခြင်း ၊ ကြွားဝါ ခြင်းများလည်း စိတ်ရောဂါတစ်ခုပါပဲ။
ရွှေ ငွေ ဥစ္စာ ပညာ ရှိခြင်းက လူဘဝကို သာယာ ပျော်ရွှင်စေဖို့ ကူညီထောက်ပံ့ ကျေးဇူးပြုသကဲ့သို့ ထင်ရှားရှိဆဲ ရုပ် နာမ် တရားများက ထင်းရှားရှိနေတဲ့ ရုပ်နာမ်တရားတို့အား ကူညီထောက်ပံ့ ကျေးဇူးပြုနေခြင်းကို အတ္ထိပစ္စယောဟု ဟောတော်မူပါတယ်။
ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ်ဟူသော နာမ်ခန္ဓာလေးပါးတို့ အတူတကွ အကြောင်းအကျိုး အဖြစ် (သဟဇာတ) ပစ္စည်းဖြစ်ရာ၌ ဝေဒနာဟူသော အကြောင်းကြောင့် ထိုဝေဒနာအကြောင်းတရား ရှိနေသေးစဉ် ကင်းကွာချုပ်ပျောက်မသွားခင်မှာပင် သညာ သင်္ခါရ ဝိညာဉ် ဟူသော အကျိုးတရားတို့ ဖြစ်ပွားကြခြင်းကို အတ္ထိပစ္စယောဟု ဟောတော်မူပါတယ်။
အဆင်းရူပါရုံ နှင့် စိက္ခုဝိညာဉ် မြင်သိစိတ်တို့ ဖြစ်ရာ၌လည်း ထိုနည်းတူပင်။
လူငယ်စကားနှင့် ပြောရရင်တော့ မင်းကို ကိုယ့်အနားမှာ အမြဲ ထာဝရ ရှိနေစေချင်တာ၊ မင်း ရှိလျှင် ပျော် ၊ မင်း မလာလျှင် မျှော်ရပါဘိ၊ ထာဝရ ကိုယ့်အနားမှာ မင်းရှိနေဖို့ …
ချစ်ကြသူတိုင်း အတ္ထိပစ္စည်း အထောက်အပံဖြင့် ကံကောင်းကြပါစေ….။
No comments:
Post a Comment