တရုတ်နှင့်ဟောင်ကောင်..
တရုတ်နှင့်ဆက်ဆံရေး…
မေး။ ။ တရုတ်ပြည်နှင့် ဒေါ်စုတို့ ဆက်ဆံရေးကို သိချင်ပါတယ်။ ဒေါ်စုတို့ အမိုးသားဒီမိုကရေစီအဖွဲ့ချုပ်
တရုတ်အစိုးရနဲ့ကော ဆက်သွယ်မှုရှိရဲ့လား? ရှိတယ်ဆိုရင်
တရုတ်အစိုးရကို ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ ကျမတို့ တရုတ်အစိုးရနဲ့ အဆက်အသွယ်မရှိပါဘူး။ ကျမတို့ ကြိုးစား ဆက်သွယ်နေပါတယ်။ အမိုးသားဒီမိုကရေစီအဖွဲ့ဝင်များ တရုတ်သံတမန်တွေနဲ့
ဆက်သွယ်ဖို့ ဝန်ထမ်းတွေမှ တဆင့် ကြိုးစားခဲ့ပါတယ်။ သူတို့ ရှောင်နေတယ်ထင်တယ်။ ကျမတို့ တရုတ်သံတမန်တွေနဲ့ စကားပြော ခွင့်ရမယ် လို့ မျှော်လင့်ပါတယ်။ တရုတ်သံတမန်တွေ အမိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့
နီးစပ်လာမှာပါ။ ဟောင်းကောင် တက္ကသိုလ်အနေနဲ့လည်း
နီးစပ်လာဖို့ပြောပေးပါဦး။
တရုတ်ပြည်ကြီး ဖွင့်ဖြိုးတိုးတက်လာခြင်နှင့်
လှုံခြုံရေး
မေး။ ။ တရုတ်ပြည်လူထုအုံကြွမှု TIANANMEN
MASSACRE ရဲ့ (၂၂) - နှစ် နှစ်ပတ်လည် နီးကပ်လာပါပြီ။
ကျနော်တို့ ဟောင်ကောင်ကနေ မြင်နေရတာကတော့ အခြေအနေက
ပိုမိုဆိုးဆိုးလာတယ်လို့ မြင်နေရပါတယ်။ ကျနော်
မေခွန်း နှစ်ခု မေးချင်ပါတယ်။
(၁) တရုတ်အစိုးရက ဒီလို လူထုအုံကြွမှုမျိုးကို
ထိတ်လန့်နေတာလား? ဘာကြောင့် ဒီမိုကရေစီ လှုပ်ရှားသူတွေနဲ့
လူ့အခွင့်ရေးလှုပ်ရှားသူတွေကို ထောင် ၊ အကျဉ်းချထားရတာလဲ။
(၂) ဟောင်ကောင်က ဒီလှုပ်ရှားမှုတွေကို အားပေးနေတာကြာပါပြီ။
လူ့အခွင့်အရေးလှုပ်ရှား နေသူတွေမှာ အာဏာမဲ့တွေမို့
ရှေ့သို့ ဆက်မတိုးနိုင်တာ ဝမ်းနည်းဖွယ် တွေ့ရပါတယ်။ ဒီလုထူအုံကြွမှုတွေကို အားပေနေတဲ့ ဟောင်ကောင်ကို ဘာများပြောချင်ပါသလဲ?
ဖြေ။ ။ ဒီလူထုလှုပ်ရှားမှုတွေက.. ဝမ်းနည်းဖွယ်ရာတွေ… ဒါတွေက ကျမတို့ စိတ်ထဲမှာ တွေးကျန်ရစ်သင့်တဲ့ အရာတွေ
မဟုတ်ပါဘူး။ တရုတ်ပြည်ကြီးက စီးပွားရေးတိုးတက်နေတော့
နိုင်ငံရေးဖက်မှာ လူတွေက စိတ်ဝင်စားမှု့ နည်းသယောင်ပါပဲ။
ဒါတွေက ပြောင်းလဲသွားမယ့်လိမ့မယ်။ အဆုံးမှာတော့ ပြည်သူလူထုက လုံခြုံရေးကို အဓိကလိုးလား
လာကြမှာပါ။ လူတွေက ချမ်းသာလာတာနှင့်အမျှ သူတို့ရဲ့လှုံခြုံရေးကိုလည်း
အဓိက လိုအပ်လာပါတယ်။ လှုံခြုံမှုဆိုရာမှာ.. တရားဥပေဒအရ အာမခံမှုတွေရှိရပါမယ်။ လှုံခြုံရေး တရားဥပဒေမျှတရေးနှင့် ဒီမိုကရေစီ လူ့အခွင့်အရေးတွေဟာ
တသွေး တသားတည်းရှိနေတာပါ။ ဒါကြောင့် ဒီလှုပ်ရှားမှုတွေ
အတွက် ဝမ်းနည်း စိတ်ပျက်စရာမလိုပါဘူး။ ဒီအခြေအနေတွေကို
စိတ်ထဲမှာ မြဲမြဲထားပြီး ပြီးခဲ့တာတွေကို နောင်တ တဖန်ပူပန်စရာမလိုပါဘူး။ လက်ရှိအချိန်မှာ
တရုပ်တွေကဟာ စီးပွားရေးကို စိတ်ဝင်စားလို့ နိုင်ငံရေးမှာ အားနည်းနေပေမယ့် မကြားခင်မှာ
မင်းတို့မြင်ချင်တဲ့ ပုံရိပ်တွေ မြင်တွေ့လာရတော့မှာပါ။
တဟုတ်တိုးအရှိန်ဖြင့် တိုးတက်လာတဲ့ တရုတ်နိုင်ငံ
စီးပွားရေး
မေး။ ။ ဒေါ်စုဟာ .. ဒီမိုကရေစီရဲ့ အနှစ်သာရနှင့် တန်ဖိုးကို အလေးထား ပြောသွားခဲ့ပါတယ်။
မျက်မှောက် ခေတ်မှာတော့ ဒီမိုကနေစီ ကျင့်သုံးနေတဲ့
အမေရိကန်ပြည်ကြီးဟာ စီးပွားရေး နောက်ကျနေပါတယ်။ ဒီမိုကရေစီမဟုတ်တဲ့ တရုတ်ပြည်ကြီးဟာ
စီးပွားရေးတွေ တိုးတက် လာပါတယ်။ ကမ္ဘာကြီးရဲ့
အနာဂတ်မှာ ဒီမိုကရေစီ စနစ်ကို မေးခွန်းထုတ်စရာလို့
ဒေါ်စု မခံစားရဘူးလား? တချို့နိုင်ငံတွေ ခံစားနေရတာက
တရုတ်ပြည်ရဲ့စနစ်က အမေရိကန်ရဲ့ စနစ်ထက်တောင် ပိုပြီးကောင်း တယ်လို့ ပြောနေကြပါပြီ။
ဖြေ။ ။ ရှင်တို့ စီးပွားရေး တိုးတက်ပြောင်းလဲမှု့ကို ကြည့်ပြီး ပြောတယ်ထင်ပါတယ်။
တရုတ်ပြည်ရဲ့ စီးပွားရေး အထူးကောင်းမွန်တယ်ဆိုတာ ကျမတို့သိပါတယ်။ ကျမတို့အားလုံး ကိုယ့်နိုင်ငံကို
တရုတ်ပြည်ကြီးလို့ စီးပွားရေး တိုးတက်မှုနှုန်း မြန်ဆန်ဖို့အရေးအတွက် သဘောကျမိပါတယ်။
ဒါပေမယ့် တခြား လူမှု့ရေးဖက်မှာ ပြဿနာတွေက
ရှိနေသေးတယ်ဆိုတာ သိဖို့လိုပါတယ်။ ကျမတို့ မြန်မာတွေ ဒါတွေကို သိမြင်နေရပါတယ်။ ဥပမာတစ်ခုလောက်ပြောချင်ပါတယ်..
တရုတ်နဲ့ ဟောင်ကောင် မြန်မာပြည်က မိန်းကလေးတွေကို အရောင်းအဝယ်လုပ်နေတယ်ဆိုတာ ကျမတို့လေ့လာသိရှိရပါတယ်။
တရုတ်ပြည်ကြီးမှာ အမျိုးသာတွေ လပ်ထပ်မဲ့ အမျိုးသမီးတွေ
မရှိလို့၊ ဇနီးများလိုအပ်လို့ မြန်မာပြည်မှ မိန်းကလေးတွေ လပ်ထပ်နေကြရပါတယ်။ ဒါကတော့ ကျမတွေ့ကြုံခံစားရတဲ့ လူမှုရေး ပြဿာနာတစ်ခုပါ။
စီးပွားရေး ဖွင့်ဖြိုးမှု တခုတည်းနှင့်
ကမ္ဘာကြီးကိုငြိမ်းချမ်းဖို ဆက်လျှောက်လို့ မရပါဘူး။ ကျမ စောစောက ပြောခဲ့ပါပြီ .. တရုတ်ပြည်ကြီးရဲ့ ကြီးထွားလာမှုကို
အားကျမိပါတယ်။ တရုတ်လူမျိုးတွေရဲ့ ကြီးမားတဲ့ သမိုင်း နောက်ခံ ၊ တရုတ်လူမျိုတွေရဲ့ ဖွင့်ဖြိုးမှုနဲ့ ကြိုးစား အားထုတ်မှုကို အလေးထားပါတယ်။
စီးပွားရေး ရှုဒေါင့်မှ ကြည့်မယ်ဆိုရင်လည်း
ပွင့်ပွင်လင်းလုပ်ဖို့ လိုနေပါသေးတယ်။
အမေရိကန်ဖက်မှာလည်း ပြဿနာတွေ ရှိနေတယ်ဆိုတာ
ကျမသိပါတယ်။ ဒါပေမယ့် ဒီမိုကရေစီ နိုင်ငံဖြစ်တဲ့ အတွက် ပြဿနာတွေ အပေါ်မှာ နည်းပေါင်းစုံနဲ့
လူတွေအားလုံ ပါဝင်ပြီး ဖြေရှင်းနိုင်ပါတယ်။
ဘဝသင်ခန်းစာ
မေး။ ။ မျက်မှောက်ခေတ် အဖြစ်အပျက်တွေ သိရဖို့အတွက် ပညာရေးဟာ သိပ်အရေးကြီးပါတယ်။ ဒါပေမယ့် ဟောင်ကောင်သားတွေ တချို့ ကမ္ဘာကြီးလက်ရှိ
အခြေအနေနဲ့ နိုင်ငံရေးကို စိတ်မဝင်စားကြဘူး။ ဟောင်ကောင်မှာ အမျိုးသားရေးဆိုင်ရာ ပညာရပ်တွေ ပြဋ္ဌာန်းထားတယ်
ဒါကြောင့် ဒီမိုကရေစီနှင့်ဒီမိုကရေစီရဲ့ တန်ဖိုးကို နားမလည်းကြဘူး။ အထူးသဖြင့် အမျိုးသားရေးပညာရပ်တွေ
သင်ကြားလာတာနှင့် အမျှပေါ့။
ဖြေ။ ။ကျဉ်မြောင်းတဲ့ ပညာရေးဟာ ကောင်ပြီး ကျယ်ပြောတဲ့ ပညာရေးစနစ်လို့ မဆိုနိုင်ပါဘူး။
မင်းတို့ ဒါကို သေသေချာချာ သဘောပေါက်သင့်တယ်ထင်ပါတယ်။
ပညာရေး ဋ္ဌာနတွေကသာ လူတွေကို အသိပညာရဖို့ ကူညီနိုင်တာမဟုတ်ပါဘူး။ လူအဖွဲ့အစည်းတွေ ရှိနေပါသေးတယ်။
ဒါကြောင့် ကျမ ပြောပြောနေတာ လက်ရှိအခြေအနေကို လေ့လာနေသူတွေနဲ့.. မလေ့လာသူလို့။ ဒါကို
မင်းတို့ ဘဝသင်ခန်းစာ ယူသင့်ပါတယ်။ အခြားသူတွေကိုလည်း ဘဝသင်ခန်းစာယူဖို့ ကူညီရမယ်။ အမှန်တရားအတွက် အလုပ်လုပ်နေတာ ဘာမှ ကောင်းကျိုးမရှိဘူး
လူတွေလည်း စိတ်မဝင်စားကြဘူးရယ်လို့ စိတ်ပျက်စရာလိုပါဘူး။ မင်းတို့ကြိုးစာလုပ်ဆောင်မယ်ဆိုရင်
လူတွေစိတ်ဝင်စား လာပြီး စကြာဝဠာ တစ်ခုလုံးချဲ့ထွင်လာနိုင်ပါလိမ့်မယ်။
ရာစုနှစ်အထိမ်းအမှတ် ဒေါ်အောင်ဆန်းစုကြည်နှင့်
စကားပြောခြင်း (May 30, 2011) YouTube
video ကို ဘာသာပြန်ပါသည်။ ဟောင်ကောင်တက္ကသိုလ် ( ဆက်လက်ဖော်ပြပါမည်)
No comments:
Post a Comment