Feb 20, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် ရာစုနှစ်အထိမ်းအမှတ်စကားပြောခြင်း (၇)


စည်းရုံးရေးခရီးစဉ်များ

နယ်လှည့် စည်းရုံးရေး…

မေး။    ။ လောလောဆယ် ထုတ်ပြန်ကြေညာချက်ထဲမှာ ဒေါ်စုဟာ နယ်လှည့်စည်းရုံးရေး ခရီးစဉ်တွေ ရှိတယ်လို့ သိရပါတယ်။ ကျနော်မေးချင်တာက.. ဒေါ်စုအတွက် အန္တရာယ်ကင်းရှင်းရေနဲ့ လှုံခြုံရေး စိတ်ချရပြီလား။ နယ်လှည်မယ်ဆိုရင် ဘယ်အချိန်ကစပြီး ဘာအတွက် ဘယ်နယ်တွေကို အရင်သွားမှာလဲ။

ဖြေ။     ။ ကျမ လုပ်စရာ ကိစ္စဝိစ္စတွေပြီးတာနဲ့ နှစ်လပိုင်းလောက်မှာ ရန်ကုန်ကို စည်းရုံးရေး ခရီးစတင်မှာပါ။  ကျမအတွက် အာဏာပိုင်တွေရဲ့ တိတိကျကျ အာမခံပေးမှုတော့ မရှိသေးပါဘူး။ မြန်မာနိုင်ငံမှာ ရှိတဲ့ နိုင်ငံသားများ အားလုံးအတွက် အာဏာပိုင်အစိုးရကနေ လှုံခြုံရေးအာမခံပေးရမယ့် အခွင့်အရေးတွေ လူတိုင်းမှာ ရှိတယ်လို့ ကျမယုံကြည်ပါတယ်။
တိုင်းသူပြည်သားတွေရဲ့ လှုံခြုံစိတ်ချရေးဟာလည်း အာဏာပိုင် အစိုးရများရဲ့ တာဝန်ဖြစ်ပါတယ်။
နယ်လှည့်ခရီးစဉ်တွေ ပြင်ဆင်နေတုန်းမို့် ဘယ်ကစသွားမယ်ဆိုတာ ကျမ အတိအကျ မပြောနိုင်သေးပါဘူး။


ဖိတ်ခေါ်ခြင်း

မေး။။   ။ကျမတို့ ကျောင်းသူ ကျောင်းသားတွေနဲ့ မျက်နှာချင်းဆိုင်  မိန့်ခွန်း စကား ပြောဖို့အတွက် ဒေါ်စုကို  ဟောက်ကောင်နဲ့ ပေကျင်းတက္ကသိုလ်ကို တနေ့နေ့ ရောက်လာစေချင်ပါတယ်။

ဖြေ။   ။ကျမ ဟောင်ကောင်နဲ့ ပေကျင်း တက္ကသိုလ်တွေကို တစ်နေ့နေ့ ရောက်လာမယ်လို့ မျှော်လင့်ပါတယ်။
အဓိကတော့ ပေကျင်းတက္ကသိုလ်ကိုပေါ့။ ဟောင်ကောင်ကို မလာချင်ဘူးလို့ပြောတာမဟုတ်ဘူးနော်… အနာဂတ်မှာ ပေကျင်းတက္ကသိုလ်မှာ ယခုလို ဟောပြောခွင့်တွေ ရလာမယ်လို့ ကျမမျှော်လင့်ပါတယ်။

ရာစုနှစ်အထိမ်းအမှတ် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောခြင်း (May 30, 2011)  YouTube video ကို ဘာသာပြန်ပါသည်။ ဟောင်ကောင်တက္ကသိုလ် ( ဆက်လက်ဖော်ပြပါမည်)

No comments: