Feb 21, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် ရာစုနှစ်အထိမ်းအမှတ်စကားပြောခြင်း(၈)


                                                  ဒီမိုကရေစီနှင့် အကြမ်းမဖက်ဝါဒ

                ဒီမိုကရေစီနှင့် ပညာရေး

မေး။    ။ ဒေါ်စုရဲ့ မိန့်ခွန်းထဲမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွေးအမြင်အရ ပြုပြင် ပြောင်းလဲရေးတွက်  အဓိကမဏ္ဍိုင်ဖြစ်တဲ့ အကြောင်း (၂) ချက်ကို လေ့လာတွေ့ရှိရပါတယ်။
 (၁) ဒီမိုကရေစီထွန်းကားရေး (၂) ပညာအရင်အချင်းမြင့်တင်ရေး ဒီနှစ်ချက်ဟာ လူမှုပြဿနာ ဖြေရှင်းဖို့နှင့် အဓိကအပြောင်းအလဲတွေဖြစ်ဖို့ တွန်းအားတွေလို့ မှတ်သားရပါတယ်။ 

ဒီနှစ်ချက်နဲ့ပတ်သတ်လို့ ကျနော်မေးချင်တာက..  ဒီမိုကရေစီနှင့်ပညာရေး ဆက်စပ်မှုပါ… ပညာရေး တက္ကသိုလ်တွေမှာ ဒီမိုကရေစီပညာရေး အခန်းကဏ္ဍပါဝင်သင့်ပါသလား။  ပညာရေးဟာ ဒီမိုကရေစီ ထွန်းကာရေးမှာ အဓိကအခန်းကဏ္ဍက ပါဝင်တယ်ဆိုရင် ကျနော်တို့ ရှေ့ဘာဆက်လုပ်ဖို့ အကြံပေး ချင်ပါသလဲ။ 

ဖြေ။     ။ ဒီမိုကရေစီနှင့် ပညာရေး ဆက်စပ်နေတဲ့ အကြောင်းကို ကျမ လက်လှမ်းမီသလောက် ရှင်းပြပါမယ်။
 ဒီမိုကရေစီနှင့်ပညာရေးဟာ နီးနီကပ်ကပ် ဆက်စပ်နေပါတယ်။
 အကြောင်းကတော့ ဒီမိုကရေစီဆိုတာက  လူးတွေနဲ့ တိုက်ရိုက်ဆက်စပ်နေလို့ပါ။
ပညာရေးမြင့်မားတဲ့ လူတိုင်းဟာ .. ကျယ်ပြောတဲ့ အတွေး အခေါ်တွေရှိလာတာနှင့်
အမျှ ကောင်းမွန်တဲ့ ဒီမိုကရေစီစနစ်တွေ ဖြစ်လာနိုင်လို့ပါ။
ပါမောက္ခ Hollodayက ကျမကို ပညာရေးတက္ကသိုလ်ကျောင်းတွေမှာဒီမိုကရေစီသင်
သင့်သလားလို့မေး ဖူးပါတယ်။
ကျမအနေနဲ့ကတော့ သင်သင့်တယ်ထင်ပါတယ်။ တက္ကသိုလ်ရဲ့အလုပ်ဟာ
 ကျောင်းသာတွေရဲ့ ခေါင်းထဲကို အချက်အလက်တွေကိုသာထည့်ပေးရုံသက်သက်မဟုတ်ပဲ..
ကမ္ဘာမှာ သူတို့ကို နိုင်ငံသားကောင်း တစ်ယောက်ဖြစ်လာအောင် ကူညီသင့်ပါတယ်။ ဒီလုပ်လုပ်ခြင်းအားဖြင့် ဒီမိုကရေးစီ ထွန်းကားရေးတွေ ကို ဖြန်ဝေပြီးသားဖြစ်ပါပြီ။

ဒီမိုကရေစီနှင့် အာဏာရှင်အစိုးရ

မေး။    ။ ဒေါ်စုနဲ့ ယခုလို ဗီဒီယိုမှတဆင့် စကားပြောရတာ ဝမ်းသာ ဂုဏ်ယူပါတယ်။  ကျနော် ဒီမိုကရေစီ နှင့် ပတ်သက်တဲ့ အချက်တွေကိုပဲ ဆက်လက်ဆွေးနွေးချင်ပါတယ်။  ဒေါ်စု သိနေရသလိုလူတွေ တော်တော်များ များ ပြေကြတာက မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားရေးအတွက် ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံတွေနဲ့  သဘောထားတူညီမှု ရယူပြီး ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ် လို့ ပြောနေကြပါတယ်။ 

ထို့အတူပါပဲ   မြန်မာပြည်သမ္မတဦးသိန်စိန် တရုတ်ပြည် ပေကျင်းကိုသွားတော့ မြန်မာပြည်ပြုပြင်
 ပြောင်းလဲရေး အတွက် တရုတ်- မြန်မာ သံတမန်ဆက်ဆံရေးတွေ တိုးမြင့်ထား ရှိဖို့ ပြောကြားသွားတာ လေ့လာ တွေ့ရှိရ ပါတယ်။  
 ဒီမိုကရေစီနိုင်ငံ မဟုတ်တဲ့ မြန်မာ-တရုတ်- အီရန်- မြောက်ကိုးရီယားတို့ သူတို့ အာဏာတည်မြဲဖို့
သူတို့ရဲ့ ဆက်ဆံရေးတွေမြင့်တင်နေတယ်ဆိုတဲ့ လမ်းကြောင်းကိုများ ဒေါ်စု မမြင်မိဘူးလား။ 

ဖြေ။     ။ ဒီမိုကရေစီကို တန်ဖိုးမထားတဲ့ နိုင်ငံတွေ အနေနဲ့ သူတို့ အုပ်စုချင်း ပူပေါင်းပြီး အင်းအားချဲ့ထွင်ဖို့ လမ်းကြောင်းတွေဆိုတာ ဖြစ်နိုင်ပါတယ်။ 

ကျမမြင်တာက.. ရေရှည်မှာ ကျမတို့ ဒီမိုကရေစီလမ်းကြောင်းကိုပဲ သွားရမှာပါ။ ဒီစနစ်ဟာ ပြည်သူလူထု အပေါ်မှာ ကြီးမားတဲ့ တန်ဖိုးကို ထားရှိခြင်းကြောင့်ပါ။  ဒီမိုးကရေးစီဟာလည်း ပြီးပြည့်စုံပြီးလို့  ကျမ မပြောနိုင်ပါဘူး။  ဒီစနစ်ဟာ ပြည်သူလူထုကို အလေးထားတဲ့ စနစ်ဖြစ်လို့ ရေရှည်မှာ အောင်မြင်မယ်လို့ ထင်ပါတယ်။   လူတိုင်းဟာ သူတို့ကို အလေးထားမှုကို လိုချင်ကြပါတယ်။ တခါတလေမှာ  မိမိဆန္ဒကို အလေးထားမှု လိုချင်တာမျိုးဖြစ်ပေါ်လာနိုင်ပါတယ်။ 

တဖက်မှာ အကြောက်တရားနဲ့ မိမိကိုယ် အလေးထားမှုကို တားမြစ်နေတာမျိုးတွေဖြစ်တတ်ပါတယ်။  ရေးရှည်မှာ ဒီမိုကရေစီ စနစ်ဟာ အောင်မြင်မှာပါ။  အာဏာပိုင်အစိုးရတွေ  ပြည်သူလုထုကို  အလေးထားမှုမှာ သူတို့အာဏာတည်မြဲဖို့ အဓိက လက်နက်တွေဆိုတာ နားလည်လာမှာပါ။ 

တရားဥပဒေ စိုးမိုးရေး….

မေး။    ။ စီးပွားရေးဖွင့်ဖြိုး တိုးတက်ဖို့ဆိုရင် လူ့အခွင့်အရေးတွေ ထိမ်းသိမ်းစောင့်ရှောက်ဖို့မလိုဘူးလို့ ကျမတို့ ယုံကြည်ထားပါတယ်။

ကျမမေးချင်တာက..  ပညာရေးမှတပါး ဒေါ်စုရဲ့ အကြမ်းမဖက်တဲ့နည်းနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုတွေ  အတွက် စိန်ခေါ်နေတာဘာလဲ။

ဖြေ။     ။ မြန်မာပြည်မှာ အဓိက စိန်ခေါ်မှုတွေက.. မျှတတဲ့ တရားဥပဒေတွေ ပြဋ္ဌာန်းပြီး လွတ်လပ်တဲ့ တရားသူကြီးများထားရှိဖို့ပါ။  ကျမအမြင်အရ .. စီးပွားရေးကောင်းမွန်ဖို့အတွက်  တရားဥပဒေကောင်းတွေ လိုအပ်ပါတယ်။ ထိုမှတဆင့် စီးပွားရေးသမားတွေဟာ တရားဥပဒေတွေမှ အကျိုးအမြတ်တွေ ရလာနိုင်ပါတယ်။  မျှတတဲ့ တရားဥပဒေနဲ့ လွတ်လပ်တဲ့ တရားသူကြီးတွေ မရှိတာနဲ့  ကျမတို့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ထွန်းကားရေးတွေကို တိုးတက်အောင် အမှန်တကယ် ဆောင်ရွက်နိုင်မှာ မဟုတ်ပါးဘူး။ 

ထို့အတူပဲ.. စီးပွားရေး ပြုပြင်ပြောင်လဲမှုနဲ့တော့ တိတိကျကျ လူ့အခွင့်အရေးတွေ မြှင့်တင်နိုင်ပြီလို့ မဆိုနိုင်ပါဘူး။
တရုတ်ပြည်လွတ်လပ်ရေး…

မေး။    ။ တရုတ်ပြည်ကြီးဟာ လူ့အခွင့်အရေးတွေ လွတ်လွတ်လပ်လပ် ထုတ်ဖော်ဖို့အတွက် လူတွေကို လမ်းဖွင့်ပေးဖို့ လိုအပ်လာပြီလို့ ဒေါ်စုကအကြံပေးပါတယ်။ 

တရုတ်ပြည်ရဲ့ လက်ရှိအခြေအနေမှာ ကျမတို့ နားလည်ထာတာက လွတ်လပ်စွာ ပြောဆိုခွင့် ထုတ်ဝေရေးသားခွင့် ၊ လှုပ်ရှားခွင့်တွေ မရှိဘူးလို့ နာလည်ထားပါတယ်။  ဒီလိုအခြေအနေမျိုးမှာ  တရုတ်လူမျိုးတွေ အခွင့်အရေးအတွက် သူတို့ဘယ်လို တိုက်ပွဲဝင်ရမလဲဆိုတာ အကြံဥာဏ်တွေ အထောက်အကူတွေများ ပေးနိုင်မလား။ 

ဖြေ။     ။ သမီးပြောသလို လွတ်လပ်စွာ ပြောခွင့်မရှိဘူးဆိုပေမယ့်..  တရုတ်ပြည်သူတွေဟာ..သူတို့ရဲ့  နိုင်ငံရေးအတွေးအမြင်တွေ.. စီးပွားရေး. လူမှုရေးပြဿနာ အတွေးမြင်တွေကို ထုတ်ဖော်ပြောကြားနေတဲ့ အသံတွေကို  ကျမတို့ ကြားနေရပါတယ်။ ကျမအမြင်တာကတော့ တရုတ်ပြည်သူတွေရဲ့ လွတ်လပ်မှုကို သူတို့ ကိုယ်တိုင် ဖန်တီးနိုင်မယ်လို့ ယုံကြည်ပါတယ်။ 

          ကျမတို့အားလုံး ကိုယ်လွတ်လပ်းရေးအတွက် ကိုယ်တိုင်းဖန်တီးရတာပါပဲ။ ကျမပြောနိုင်တာတစ်ခု ကတော့ သမီးတို့ တရုတ်ပြည်ကြီး လွပ်လပ်ရေးအတွက် ကြိုးပမ်းနေတယ်ဆိုရင် သမီးတို့ပဲ မဟုတ်ပါဘူး။  တကမ္ဘာလုံးမှာရှိတဲ့ သူတွေဟာ သမီးတို့နဲ့တထပ်ထည်းပါပဲ။  ငါတို့လည်း အတူတူရှိနေမှာပါ။ တရုတ်ပြည်ကြီးဟာ လူဦးရေ များပြားတဲ့ နိုင်ငံကြီးဖြစ်တဲ့အတွက် လွတ်လွပ်ခြင်းတပ်ဦးဆီကိုတော့ ဦးတည်နေမှာပါ။

ဒီမိုကရေစီ တိုက်ပွဲ

မေး။    ။ ၁၉၈၉-ခုမှာ တရုတ်ပြည်က ကျောင်းသားတွေ ပေးကျင်း Tianamen Square မှာ  ဒီမိုကရေစီ တောင်းဆိုခဲ့ကြပါတယ်။  ဒါပေမယ့် ဇွန်လ (၄) ရက်နေ့မှာ  ဖြိုခွင်းခြင်းခံခဲ့ရပါတယ်။  ဒေါ်စုရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုမှာ .. တရုတ်ပြည်က ဇွန်လ (၄) ရက်ကဖြစ်စဉ်လိုမျိုး လူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်တာ  မြင်မထားဘူးလား။

ဖြေ။     ။ လှုထုလှုပ်ရှားမှုတွေမှာ.. ဒီဖြစ်ရပ်တွေက သိပ်မဆန်းတော့ပါဘူး။  အစိုးရ အာဏာပိုင် အဖွဲ့အစည်းတွေ သူတို့အာဏာမြဲဖို့ စစ်တပ်ကနေ ခုခံကာကွယ်နေတာ ဒီမိုကရေစီ တောင်းဆိုတဲ့  တကမ္ဘာလုံး မှာ ဖြစ်နေတာပါ။  ယခု အရှေ့အလယ်ပိုင်းမှာလည်း ဖြစ်နေပါတယ်။ 

ကျမဆိုလာတာက မြန်မာပြည်ဟာ တရုတ်ပြည်နှင့်မတူဘူးလိုပြောတာမဟုတ်ပါဘူး။ ကျမတို့ နိုင်ငံမှာလည်  ဒါမျိုးတွေဖြစ်ပြီးပါပြီ၊ ဒါတွေက ဝမ်းနည်းစရာဖြစ်ရပ်တွေပါ။  ဒါတွေကို တွေးတောပြီး အမှတ်တရ ပြန်ကြည့် နေရမယ့် အဖြစ်အပျက်တွေ မဟုတ်ပါဘူး။   ဒီအဖြစ်အပျက်တွေဟာ ကျမတို့ အခက်အခဲတွေ ကျော်လွှားဖို့  ကျမတို့ဖြစ်ချင်တာကို ရဖို့ ကွင်းဆက်တွေပါ။  ကျမတို့ အပြောင်းအလဲတွေကို ထိုင်ပြီး ဆုတောင်နေယုံနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး ။ ကျမတို့လိုချင်တာကို ကြိုးစား လုပ်ဆောင်ရမှာပါ။

အကြမ်းဖက်ဝါဒ အဆုံးသတ်ရေး….

မေး။    ။ ဒေါ်စုရဲ့ သတ္တိနဲ့ ဥာဏ်ပညာကို လေးစားမိပါတယ်။  ကျမမေးချင်တာက.. ဒေါ်စုဟာ အကြမ်း မဖက်ရေးဝါဒရဲ့ ဗိသုကာဖြစ်နေပါတယ်။  လတ်တလော လုပ်ကြံခံရတဲ့ ဘင်လာဒင် သေဆုံးမှုနဲ့ ပတ်သတ်လို့ ဒေါ်စုရဲ့ အမြင်ကို သိချင်ပါတယ်။
 
ဖြေ။     ။ ‘ ငြိမ်းချမ်းရေး  ဗိသုကာ’ ဆိုတဲ့စကားနဲ့ ကျမကိုတင်စားခံရတာ သိပ်ပြီး ဝမ်းပန်းတသာ မရှိဘူးဆိုတာ ကျမ ထပ်ပြောချင်ပါတယ်။  အိုစမာဘင်လာဒင် သေတာနဲ့ပတ်သတ်လို့ ကျမ ဝမ်းနည်မိပါတယ်။ ဒီအဖြစ်အပျက်က.. အကြမ်းဖက်မှုဟာ .. အကြမ်းဖက်မှုနဲ့ပဲ အဆုံးသတ်ရတယ်       ဆိုတာ သက်သေပြနေ တာပါ။ ကမ္ဘာမှာ အကြမ်းဖက်တွေ များနေပါပြီ ဒါကို ကျမတို့ တစ်ခုခုလုပ်သင့်နေပါပြီ ဒါကတော့ ကိုယ်ကျင့်တရား ဆိုင်ရာနဲ့ ပြောနေတာမဟုတ်ပါဘူး ရှေးက ပြောခဲ့သလို နိုင်ငံရေး ဝေါဟာရ အနေနဲ့ ပြောတာပါ။ 

ကျမတို့ လူသားမျိုးနွယ်တွေ အကြမ်းမဖက်တဲ့ နည်းနဲ့ လူ့ပြဿနာတွေကို ဖြေရှင်းဖို့ အသိပညာတွေ.. ဥာဏ်ပညာတွေ မပြည့်စုံကြသေးပါဘူး။  ဒါကို ကျမတို့လူသားအာလုံး  ပညာပေးလုပ်ငန်းတခု အနေနဲ့လုပ် ဆောင်သင့်ပါတယ်။ မိမိလိုအင်ဆန္ဒတွေ တောင်းဆိုတဲ့အခါမှာ အကြမ်းမဖက်တဲ့ နည်းတွေ ပြန်လည်ထွန်းကားဖို့ ကလေးငယ်တွေကို ပညာရေးစနစ်တွေမှာ သင်ကြားပေးသင့်ပါတယ်။ 

မြန်မာပြည် ဒီမိုကရေစီး ရရှိရေးအတွက် ဝိုင်းဝန်းကူညီ ပန့်ပိုးမှု

မေး။    ။ဒေါ်စုရဲ့လုပ်ဆောင်ချက်တွေကို အခိုင်အမာပြောလို့ရတာက.. ဒေါ်စုတစ်ယောက်တည်း လုပ်ဆောင် လို့မရပါဘူး။ဒေါ်စုလည်းလည်း လှိုင်လှိုက်လှဲလှဲ ကြိုဆိုတာက..  မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေး မှာ.. ပြည်သူပြည်သားတွေ အားလုံးပါဝင်ဖို့ ပြောဆိုနေတာ တွေ့ရပါတယ်။ 

ကျနော်စိတ်ဝင်စားတာတစ်ခုက..မြန်မာပြည်ရဲ့ အပြင်ဘက် ပြည်ပမှာနေတဲ့ မြန်မာတွေ အတွက်ပါ၊  မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် ပြည်ပမှာရှိတဲ့  မြန်မာတွေ ဘာအကူ အညီ တွေ ပေးနိုင်ပါသလဲ။

ဖြေ။     ။ ပထမဆုံး ပြည်ပမှာရှိတဲ့ မြန်မာတွေ .. မြန်မာပြည်တွင်းမှာ ဘာတွေဖြစ်ပျက်နေသလဲနဲ့ အမှန်တကယ် ဘာတွေဆက်လုပ်နေတယ်ဆိုတာ စိတ်ဝင်စားဖို့လိုပါတယ်။
 သူတို့ လက်တွေကျကျ လုပ်နိုင်တာက   ပြည်ပမှာရှိတဲ့ ဒီမိုကရေစီ အောင်နိုင်ရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ဆက်သွယ်ဖို့ပါ။  ဆက်သွယ်ရေးတွေ တိုးတက်လာတာနှင့်အမျှ နည်းမျိုးစုံ  ပါဝင်ဆောက်ရွက်နိုင်ပါတယ်။  ဒါကတော့ တစ်ခုပေါ့။ 

ယခုဟောင်ကောင်တက္ကသိုလ်ဟာလည်း ကျမတို့ ဒီမိုကရေစီ ဆောင်ရွက်မှုအပေါ်မှာ ကူညီနေတာပါပဲ။ မြန်မာနိုင်ရဲ့ ဒီမိုကရေစီ တောင်းဆိုမှုအသံတွေကို တရုတ်ပြည်နဲ့  ဟောင်ကောင်မှ  ပြည်သူ များ ကြားအောင် လုပ်ဆောင်နေတာပါ။

ရာစုနှစ်အထိမ်းအမှတ် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောခြင်း (May 30, 2011)  YouTube video ကို ဘာသာပြန်ပါသည်။ ဟောင်ကောင်တက္ကသိုလ် ( ဆက်လက်ဖော်ပြပါမည်

No comments: