Feb 16, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် ရာစုနှင့်အထိမ်းအမှတ်စကားပြောခြင်း ( ၅)


ဗုဒ္ဓဘာသာ

                ဒေါ်စုနှင့်ဗုဒ္ဓဘာသာ..

မေ။     ။ ဒီမိုကရေဒီ လှုပ်ရှား စိတ်ဝင်စားသူတွေအတွက် .. သူတို့ရဲ့ ယုံကြည်ချက်ကို ဆက်လက် ထိမ်းသိမ်းထားရမယ်လို့ ထူးထူးခြားခြား အားပေးစကားပြောသွားခဲ့ပါတယ်။ ဒေါ်စုရဲ့ မြင့်မြတ်တဲ့ ယုံကြည်မှုအပေါ်မှာ ဗုဒ္ဓဘာသာရဲ့ လမ်းညွှန်မှုတွေ တစ်ချို့ရှိနေပါသလား။

ဖြေ။     ။ဟုတ်ပါတယ်။  ဗုဒ္ဓဘာသာသာက ကျမကို ကောင်းကောင်းကြီးကူညီခဲ့ပါတယ်။  ကျမ ဗုဒ္ဓဘာသာ တစ်ယောက်အဖြစ် မွေးဖွားခဲ့တာပါ။  ဗုဒ္ဓဘာသာတစ်ယောက်အဖြစ် မွေးဖွားလာခြင်းကို .. ကောင်းခြင်းလို့ မဆိုနိုင်ပဲ. ဗုဒ္ဓရဲ့သင်ကြားမှု့တွေကို ကျင့်ကြံလိုက်နာ ပွားများခြင်းကိုသာ  ကောင်းခြင်းလို့ ကျမယူဆပါတယ်။
ကျမ နေအိမ်အကျယ်ချုပ် နေရချိန်မှာ ဗုဒ္ဓရဲ့ လမ်းညွှန်ချက်တွေနဲ့ အတွေးအခေါ်တွေကို ပိုမို လေးလေးနက်နက် ရိုးသေလေးစားပြီး အချိန်ရတိုင်းမှားလည်း တရားထိုင်းရင်း ကိုယ့်ကိုယ်ကို လေ့လာခဲ့ပါတယ်။

ဗုဒ္ဓဘာသာဟာ.. တခြားသော ကောင်းတဲ့  အသိပညာဆိုင်ရာအတွေးအခေါ်တွေလိုပါပဲ.. လူးတစ်ယောက် ဖြစ်တဲ့ မိမိဟာ ဘာလဲ ၊ လူသားတစ်ယောက်ရဲ့ အစွမ်းအစတွေက ဘာလဲ ဆိုတာကို လေ့လာခြင်းပဲဖြစ်ပါတယ်။ ဒါတွေက ကျမကို သိပ်အထောက်အကူပြုခဲ့ပါတယ်။ 

ဗုဒ္ဓဘာသာ ရဟန်းတော်များရဲ့ အခန်းကဏ္ဍ

မေး။    ။မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှု့မှာ.. မြန်မာဗုဒ္ဓဘာသာ ရဟန်းတော်များရဲ့ အခန်းကဏ္ဍက ဘယ်လို ပါဝင်ခဲ့ပါသလဲ။

မြန်မာဗုဒ္ဓဘာသာ ရဟန်းတော်တွေဟာ ဒီမိုကရေစီလှုပ်ရှားမှု့မှာ.. အရေးကြီးတဲ့ အခန်းကဏ္ဍတွေက ပါဝင်ခဲ့ပါပြီ။  ကျမတို့ လွတ်လပ်ရေးရအောင် ကြိုးစားချိန်ကလည်း ထို့အတူပါပဲ။  မြန်မာရဟန်းတော်တွေက အရေးကြီးတဲ့ အခန်ကဏ္ဍက ပါဝင်ခဲ့ပါတယ်။  ယခု ဒီမိုကရေစီ တိုက်ပွဲဝင်ချိန်မှားလည်း ရဟန်းတော်တွေဟာ ပြည်သူလူထုဖက်က မားမားမတ်မတ် ရပ်တည်ခဲ့ပါတယ်။
ဗုဒ္ဓဘာသာဝင်များ အများစုနေထိုင်တဲ့  ဗုဒ္ဓဘာသာကို ရိုသေးလေးစား အားထားကြတဲ့  မြန်မာနိုင်ငံမှာ  ရဟန်းသံဃာတော်များရဲ့ ပါဝင်ပတ်သတ်မှုဟာ ဆက်လက်ရှိနေဦးမှာပါ။
နိုင်ငံတော်မှာ အသိပညာ ကိုယ်ကျင့်သိက္ခာ တည့်တည့်မတ်မတ် မရှိသေးတာကလွဲလို့ မြန်မာရဟန်းတော်များဟာ ကိုယ်ကျင့်သီလပြည့်စုံသူများအဖြစ် မြန်မာလူမျိုးတွေ ကြည်ညိုကြတယ်ဆိုတာ ရဟန်းတော်တွေကလည်း သဘောပေါက်ကြပါတယ်။

ရာစုနှစ်အထိမ်းအမှတ် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောခြင်း (May 30, 2011)  YouTube video ကို ဘာသာပြန်ပါသည်။ ဟောင်ကောင်တက္ကသိုလ် ( ဆက်လက်ဖော်ပြပါမည်)

No comments: