Feb 15, 2012

ဒေါ်အောင်းဆန်းစုကြည်နှင့် ရာစုနှင့် အထိမ်းအမှတ်စကားပြောခြင်း ( ၄)


လူမှု့ရေး
                အမျိုးသမီးများနှင့် နိုင်ငံရေးအခန်းကဏ္ဍ

မေး။      ကျမ မေးချင်တာက.. ယနေ့ ကမ္ဘာမှာ အမျိုးသမီးများ  နိုင်ငံရေးမှာ ပါဝင်လာတာတွေ့ရပါတယ်။  ဒေါ်စုရဲ့ အတွေ့အကြုံအရ.. အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်လာတာကို ဘယ်လိုမြင်ပါသလဲ?

ဖြေ။       အမျိုးသမီးများ နိုင်ငံရေတွင် ပါဝင်လာတာ သိပ်ကောင်းပါတယ်။  ကျမတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာလည်း အမျိုးသမီးတွေ အများကြီးပါ။  အမျိုးသမီတွေဟာ ကြိုးစားကြတယ်၊ ထိရောက်မှုရှတယ်၊ တခါတလေ အမျိုးသားမျာထက်တောင် အကူအညီရပါသေးတယ်။  အမျိုးသမီးများဟာ စောင့်စည်းမှုရှိတယ်၊ လိုက်လျောညီထွေရှိတယ်။  ကျမလိုက်ဖော်ကိုင်ဖက် အမျိုးသားများဟာ  အတိုင်းထက်အလွန်ကောင်းသလို  အမျိုးသမီးများဟာ လည်း တော်တော်များ များကောင်းပါတယ်။
လူသားမျိုးနွယ် ကောင်းစားရေးအတွက် အမျိုးသမီးများ နိုင်ငံရေးမှာ ပါဝင်သင့်ပါပြီ။

ဆင်းရဲးမွဲတေမှု

မြန်မာနိုင်ငံရဲ့ အနာဂတ်ကိုမျှော်ကြည့်မယ်ဆိုရင် အသင့်တော်ဆုံး ပြောင်းလဲမှု လိုအပ်တာဘာလဲ?
မြန်မာပြည်မှာ ဆင်းရဲတဲ့သူတွေများနေပါပြီး အဲဒီသူတွေကို ဒီဆင်းရဲခြင်းမှ လွှတ်မြောက်အောင် လုပ်ပေးနိုင်မလား?

ကျမ လွတ်မှုဋ္ဌာနမှာလုပ်နေတဲ့ ပါမောက္ခ Amartya Sen ကို အားကျမိပါတယ်။  လွတ်လပ်မှုက အဓိကကျတယ်လို့ထင်ပါတယ်။ လွတ်လပ်ခြင်းမှ တဆင့် ပြည်သူတွေကို ဆင်းရဲမွဲတေခြင်းမှု ကယ်ထုတ်နိုင်ပါပြီး။ ဒါကိုတော့ ဖွံ့ဖြိုးတိုင်းတာမှုအပိုင်းနဲ့ နှိုင်းယှဉ်လို့ရမယ်မထင်ပါဘူး။ ကျမ မြန်မာပြည်ဖွင့်ဖြိုး ရေးအတွက် ပါဝင်လိုတဲ့ ဂျာမန် ဘဏ်တွေနဲ့ စကားပြောရတာ ဝမ်းသာစရာပါ။  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဆင်းရဲသားတွေ ကူညီဖို့ အသေးစား ငွေကြေးထောက်ပံ့ရေး အစီအစဉ်တွေရှိပါတယ်။  ဒါကတော့ ရှေ့ဆက်လုပ်ရမယ် လုပ်စဉ်တစ်ခုပါ။ ကျမအမြင်အရ.. ဒီဖွင့်ဖြိုးမှုအစီအစဉ် တစ်ခုတည်းနဲ့ ရှေ့ဆက်သွားလို့ ရမယ်မထင်ပါဘူး။ အခြေခံကျကျ လွတ်လပ်မှုတွေ ထင်သာမြင်သာ ရှိလာမှ စီးပွားရေးအရ လွတ်လပ်မှုတွေရှိလာမှာပါ။

လူငယ်များ အလုပ်လက်မဲ့ ပြဿာနာ

မေး။    ။ယနေ့လူငယ်များ အလုပ်လက်မဲ့ ပြဿာနာဟာ နိုင်ငံတကာမှာဖြစ်နေပါတယ်။  ဒီလိုပြဿနာမျိုး မြန်မာနိုင်ငံမှာကော ရှိလား?  ဒီပြဿာနာကို ဖြေရှင်းဖို့ ဒေါ်စု တစ်ခုခုလုပ်နေသလား?
ဒေါ်စုရဲ့ဟောပြောချက်ထဲမှာ ..  စီးပွားရေးသမားတွေ ကူညီဖို့ ရံပုံငွေအဖွဲ့တည်ထောင်ထားတယ်ဆိုပါတယ်။  ဒီရံပုံငွေအဖွဲ့မှာ နိုင်ငံခြားသားတွေ ရင်းနှီးမြှုပ်နှံလို့ရမလား?

ဖြေ။  ။ကျမတို့ လူငယ်တွေ ရှေးရေးအတွက် တက်နိုင်သလောက် ကူညီဖို့ ကြိုးစာလုပ်ဆောင်နေပါတယ်။  ဦးစွာပထမ.. ဖြစ်ပေါ်နေတဲ့ အခြေအနေမှာ… လူငယ်များ အသိပညာ အတတ်ပညာရဖို့ တည်ဆောက်ရပါမယ်။ ပြီးတော့ လူငယ်များ ပါဝင်နိုင်မယ့် အသေးစား စီမံကိန်းတွေ ချမှတ်ရပါမယ်။  လောလောဆယ်တော့ ကျမတို့ လူငယ် ရန်ပုံငွေအဖွဲ့မျိုး မရှိသေးပါဘူး။ ကျမတို့ ကြိုးစားလုပ်ဆောင်ပါမယ်။
ဒီမှာပြဿာနာက.. NGO ဖွဲ့မယ်ဆိုရင် အစိုးရကို မှတ်ပုံတင်ရပါတယ်။ အစိုးရခွင့်မပြုတာနဲ့ လူမှုရေးအဖွဲ့အစည်းတွေ ၊လူသားချင်းစာနာထောက်ထားရေးအဖွဲ့အစည်းတွေ လုပ်လို့မရပါဘူး။   ဒါကတော့ လူငယ်တွေကို ကူညီမယ်ဆိုရင်  ကျော်လွှာရမယ် အခက်အခဲတွေပါ။

ပညာရေးနှင့် အစိုးရမူဝါဒ..

မေး။    ။ ဒေါ်စုဟာ  ပညာရေးဟာ အရေးကြီးကြောင်း ပြောပါတယ်။  ကျနော်မြင်တာက..  အဲဒီ ပညာရေးမူဝါးတွေကို အစိုးရက ကိုင်ထားတော့  ဒီမိုကရေစီတိုက်ပွဲအတွက် အန္တရာယ် လက်နက်တွေလို့မြင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျောင်းတွေ၊ တက္ကသိုလ်တွေ အစိုးလက်အောက်မှာ ရှိတော့ ဒါဟာ သူတို့ရဲ့ လက်နက်တွေပဲ မဟုတ်လား။

ဖြေ။     ။ ဟုတ်ပါတယ်.. ပညာရေးဟာ အစိုးရရဲ့ လက်နက်တွေပါပဲ။  ဒီခောတ်မှာတော့ .. ဆက်သွယ်ရေး ပြောင်လဲမှုကြီးကြောင့် ဒီအခက်အခဲတွေကို ကျော်လွှားနိုင်မယ် ထင်ပါတယ်။
ကျမတို့ အစိုးရ ကျောင်း ၊ ပညာရေးဋ္ဌာနတွေက မဟုတ်ပဲ တခြားနည်းလမ်းတွေနဲ့ ပြည်သူလူထုကို ဆင်သွယ်နိုင်ပါတယ်။
ကျမ နေအိမ်အကျယ်ချုပ်က လွှတ်မြောက်လာတော့ လူငယ် တော်တော်များများ ဆဲလ်ဖုန်းတွေနဲ့ တွေရတော့ သိပ်စိတ်အားတက်မိပါတယ်။ ကျမ နေအိမ်အကျယ်ချုပ်မကျခင်က ဒါမျိုးမတွေ့ရပါဘူး။

ရာစုနှစ်အထိမ်းအမှတ် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောခြင်း (May 30, 2011)  Youtube video ကို ဘာသာပြန်ပါသည်။ ဟောင်ကောင်တက္ကသိုလ် ( ဆက်လက်ဖော်ပြပါမည်)

No comments: