မြန်မာနိုင်ငံလက်ရှိအခြေအနေ..
မေ။ ။ မြန်မာနိုင်ငံ စီးပွားရေပိတ်ဆို့မှုနှင့် ရင်းနှီးမြှုပ်နှံမှုအပေါ် ဒေါ်စုရဲ့ သဘေားထာကို သိချင်ပါတယ်။
ဖြေ။ ။ မြန်မာပြည် စိးပွားရေး ပိတ်ဆို့မှုနှင့် ပတ်သတ်လို့ ကျမတို့လေ့လာတွေ့ရှိရသလောက် ကြေညာချက်တွေလည်း ထုတ်ပြန်ပြီးပါပြီး။ စီးပွားရေးပိတ်ဆို့မှုဟာ မြန်မာပြည်သူလူထုကို တိုက်ရိုက် မထိခိုက်ပါဘူး။ ဒါပေမယ့် စစ်အစိုးရကိုတော့ တိုက်ရိုက်ထိခိုက်မယ်ထင်ပါတယ်။ ဒါကြောင့်.. သူတို့ မြန်မာနိုင်ငံ စီးပွားပိတ်ဆိုမှုကို ရုပ်သိမ်းပေးဖို့တောင်းဆိုနေတာဖြစ်ပါတယ်။
ကျမကတော့ စီးပွားရေပိတ်ဆိုမှုဟာ အဓိက နိုင်ငံရေးလက်နက်တစ်ခု အနေနဲ့ အသုံးချ တယ်လို့လက်ခံပါတယ်။ သူတို့မှာ စီးပွားရေးအကျိုးဆက်တွေ ရှိနေပါတယ်။ ကျမတို့ နိုင်ငံရေးအရ အောင်မြင်အောင်ကြိုးစားရမှာမို့ မြန်မာပြည်အပေါ် စီးပွားရေးပိတ်ဆို့မှု ပြဋ္ဌာန်းထားတဲ့ နိုင်ငံများကတော့ ရုပ်သိမ်းဖို့ မလိုသေးပါဘူး။
မြန်မာနိုင်ငံစီးပွားရေး…
မေး။ ။ ဒေါ်စု.. မြန်မာပြည်မှာ နိုင်ငံခြားရင်းနှီမြှုပ်နှံမှုတွေ လုက်ဖို့ တိုးမြှင့်လုပ်ဆောင်နေပါတယ်။ ကျနော် မေးချင်တာက နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေဟာ မြန်မာပြည်မှာ တားမြစ်ပိတ်ပင်ထားတဲ့သူ တစ်ချို့နဲ့ တွဲလုပ်ရင်ကော ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ကောင်းပါပြီ… မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် .. အစိုးရနဲ့ ဆိုင်တဲ့သူတွေနဲ့ ရှောင်လွဲလို့ မရးဘူးဆိုတာ ကျမသိပါတယ်။ ဘာကြောင့်လည်း ဆိုတော့ အစိုးရနဲ့ ဆက်သွယ်သူများဟာ အကောင်းဆုံးအခွင့်အလမ်းတွေရတတ်လို့ပါ။
ကျမပြောချင်တာက.. မြန်မာပြည်မှာ အခြား စီးပွားရေးသမားများနဲ့လည်း တတ်နိုင်သလောက် စုံစမ်းပြီး အစိုးရနဲ့ကင်းတဲ့သူ ၊ ပိတ်ဆို့မှုမှာ စာရင်းမပါတဲသူများလည်း လက်တွဲလုပ်ဖို့ပါ။ အဲဒီလိုကြိုးစားပြီ လုပ်ဆောင်မယ်ဆိုရင် တစ်ချိန်တည်းမှာပဲ ကျမတို့ နိုင်ငံရေးလွပ်လပ်မှုနဲ့ စီးပွားရေးလွတ်လပ်မှုတွေကိုပါ ဖန်တီးနိုင်ပါလိမ့်မယ်။ ဒါမဟုတ်ရင် ကျမတို့ စစ်မှန်တဲ့ ဒီမိုကရေစီ ရဖို့မလွယ်ပါဘူး။
အနာဂတ် စစ်တပ်ရဲ့ အခန်းကဏ္ဍ
မေး။ ။ ဒေါ်စု လွန်ခဲ့တဲ့ ၂၃ -နှစ်လောက်က ဒေါ်စုရဲ့ အချိန်တွေ ၊ အင်အားတွေနဲ့ ဘဝကို ဒီမိုကရေစီအတွက် ရင်းနှီးမြုပ်နှံခဲ့ရပါတယ်။ ၂၃ - နှစ်လုံးလုံး ကုန်ဆုံးသွားပါပြီ။ စစ်အစိုးရဟာ အာဏာကို စွန့်ပြီလား ဒါမှမဟုတ် စစ်အစိုးရဟာ အာဏာကို ပြည်သူတွေနဲ့ မျှဝေလိုစိတ်ရှိပြီလား။ ဒီအပေါ် ဒေါ်စုက ဘယ်လိုမြင်ပါသလဲ.. ဒါမဟုတ်ရင် ဒေါ်စုရဲ့ နောက်ထပ်လှုပ်ရှားမှုတွေကဘာလဲ။
ဖြေ။ ။ စစ်အစိုးရကတော့ အာဏာကို စွန့်လွတ်လိုစိတ်ရှိမယ် မထင်ပါဘူး။ ကျမတို့ တာဝန်က .. ဒါကို သူတို့ စိတ်ဝင်စားလုပ်ဆောင်ရွက်ရမှာပါပဲ။ ဒါကို နိုင်ငံသားတွေရင်မဟုတ်ပဲ သူတို့ကိုယ်တိုင်းလည်း အာဏာကို မျှဝေလိုစိတ်ရှိဖို့ ဆောင်ရွက်ရမှာပါ။
အာဏာကို ဆုပ်ကိုင်ထားခြင်းသည် အရိုသေတန်ပြီး ။ အာဏာကိုမျှဝေခြင်းသည်ဟာ ရိုသေထိုက်သော တပ်မတော်မယ်တယ်ဆိုတာ ကျမတို့ သိစေချင်ပါတယ်။ တပ်မတော်ဟာ ပြည်သူများ ရိုသေလေးစားထိုက်တဲ့ တပ်မတော်ဖြစ်ပြီး ၊ ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်တဲ့ တပ်မတော်မဖြစ်စေချင်ပါဘူး။
ဒါကို ကျမတို့ ဆက်လက်ကြိုးစားနေပါတယ် ဟောင်ကောင်တက္ကသိုလ်နဲ့ ကျမတို့ လူတွေကို ဒီမိုကရေစီရဲ့ တန်ဖိုးနဲ့အသိပညာကို အလေထားတတ်ဖို့ အသိပေးဖို့လိုပါတယ်။
အာရပ်ကမ္ဘာ နိုးကြားလာခြင်း နှင့် မြန်မာ
မေး။ ။ ဒေါ်စု.. ဒေါ်စုရဲ့ အကြမ်းမဖက်တဲ့နည်းနဲ့ ဒီမိုကရေစီ နိုင်ငံပြောင်းဖို့ ကြိုးစားနေတယာဟာ စစ်အစိုးရကို နည်းနည်းလောက်ပဲ ထိရောက်တယ်ဆိုတာ ဝမ်းနည်ဖွယ်တွေ့ရပါတယ်။ ခုတလော တူရကီနဲ့အီဂျစ် ပြည်သူလူထုတို့ရဲ့ လူထုလှုပ်ရှားမှုဟာ ကြီးမာတဲ့ ပြောင်းလဲမှု ၊ အောင်မြင်မှုတွေကို တွေ့နေရပါပြီ။ ပြောချင်တာက သူတို့ရဲ့အတွေ့ အကြုံတွေနဲ့ ဒေါ်စု နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ယူသုံးလို့ ရမလား။
ဖြေ။ ။ ကျမတို့လည်း အရှေ့အလယ်ပိုင်း နိုင်ငံရေးအပြောင်းအလဲတွေကို ဂရုစိုက်လေ့လာနေဆဲပါ။ အီဂျစ်နဲ တူရကီ နိုင်ငံရေးအပြောင်းအလဲဟာ ဆုံးခန်းမတိုင်သေးပါဘူး။ သူတို့ဘယ်ဦးဆောင် နေသလဲဆိုတာ လေ့လာနေဆဲပါ။
အကြမ်းမဖက်တဲ့နည်းစနစ်ကို လူတွေက .. ကိုယ်ကျင့်သိက္ခာနဲ့သာဆိုင်တယ်ပြောကြပါတယ် ။ မဟုတ်ပါဘူး ဒါက နိုင်ငံရေးအရ ကျင့်သုံးတာပါ။ ကျမတို့ အစိုးရ အပြောင်းအလဲတွေမှာ အချိန်တော်တော်ကြာကြီး အကြမ်းဖက်တဲ့နည်းတွေ ရင်ဆိုင်ခဲ့ရပါပြီး။ ကျမတို့ ယုတ်ညံ့တဲ့ အပြန်အလှန် လက်စားချေတဲ့ နည်းစနစ် တွေကို ထားခဲ့ချင်ပါပြီ။ ဒါကြောင့် အကြမ်းမဖက်တဲ့နည်းကို ရွေးခဲ့တာပါ။ ကျမဖြစ်ချင်တာက.. အကြမ်းမဖက်တဲ့နည်းနဲ့ မြန်မာပြည် အပြောင်းအလဲကို ဖြစ်ချင်တာပါ။
လွတ်လပ်စွာကုန်သွယ်ခွင့်
မေ။ ။ ကျနော်ပြီခဲ့လ မြန်မာပြည်ကို ရောက်ခဲ့ပါတယ်။ ကျနော် စစ်အစိုးရ ဗိုလ်မှူးကြီးတွေနဲ့ စကားပြောခဲ့ရပါတယ်။ ဒါက ဘာမှ မှားမယ်မထင်ပါဘူး .. ဟော်တယ်မှာနေတုန်း ကျနော် အီမေးလ်နဲ့ ဖေစ်ဘုတ်ကို မစစ်ဖြစ်တာကလွှဲလို့ပေါ့။
ကျနော်မေးချင်တာက.. ဒေါ်စုရဲ့ နိုင်ငံရေး.. စီးပွားရေး ပြောင်းလဲမှု ပုံစံကဘယ်လိုလည်း .ဒါတွေက မြန်မာပြည်သူလုထုအတွက်ကော အကျိုးရှိမှာလား။
ဖြေ။ ။ ကျမ ပထမပြောချင်တာက.. မြန်မာဗိုလ်မှူးကြီးများနဲ့ စကားပြောခဲ့ရတယ်သိရလို့ ရှင့်ကို ကျမ အားကျမိပါတယ်။ ဒါမျိုးအခွင်းအရေးရဖို့ ကျမတို့ အချိန်တွေ အများကြီးစောင့်ခဲ့ရပါတယ်။
ဘယ်နိုင်ငံရေးစနစ်က မြန်မာပြည်မှာ အကောင်းဆုံးလည်ဆိုတော့ လွတ်လပ်စွာ ကုန်သွယ်ခွင့်လို့ ယုံကြည်ပါတယ်။ သိသာထင်ရှားတဲ့ လွတ်လပ်တဲ့ စီးပွားရေး ၊ နိုင်ငံရေးဖွင့်ဖြိုးစနစ်ကိုပါ။
ဒါကတော့ နေချင်ညချင်း လုပ်နိုင်မှာမဟုတ်ပါဘူး။ ကျမတို့်မှာ စီးပွားရေး အကြံပြုချက်တွေ အများကြီးပါ။ တချို့အကြံပြုချက်တွေက လက်တွေ့မကျဘူး။ တချို့ အကောင်းဆုံးအကြံပြုချက်တွေကလည်း မြန်မာပြည် လက်ရှိအခြေအနေနဲ့ မကိုက်ညီသေးဘူး။ ကျမတို့ တဆင့်ပြီး တဆင့်သွားရမှာပါ။
အခြေခံကျကျ ပြောရရင်တော့.. စီးပွားရေး လွပ်ရပ်မှုဟာ အကောင်းဆုံးပါ။
အခြား စစ်ဖက်ဆိုင်ရာ ဝင်ရောက်စွဲဖက်မှု..
မေး။ ။ ကျမမေးချင်တာက.. လတ်တလော အာရပ်အရေးအခင်းမှာ အနောက်နိုင်ငံများရဲ့ စစ်ရေး ထောက်ပံ့မှုတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံမှာကော အခြားစစ်ရေး ကူညီမှုတွေ ဖြစ်လာနိုင်မယ်လို့ ဒေါ်စု ခံစားရပါသလား။ အဲဒီလို ဝင်ရောက်စွဲဖက်မှုမျိုးတွေကို မြန်မာပြည် လက်ရှိအခြေအနေမှာ တွေ့မြင်လိုပါသလား။
ဖြေ။ ။ ကျမ ပွင့်ပွင်လင်းလင်း ပြောချင်ပါတယ်။ မြန်မာနိုင်ငံ လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ အခြားစစ်ရေးအရ ဝင်ရောက်စွဲဖက်မှုမျိုးတွေ မဖြစ်လိုပါဘူး။ ဒါမျိုးကိုလည်း ကျမတို့ မလိုလားပါဘူး။ ကျမတို့ ဖြစ်ချင်တာက တိုင်းရင်းသားတွေအားလုံး ဆွေးနွေးတိုင်ပင်ပြီး အစိုးရသစ်နဲ့ ၊ ရွေးကောက်ပွဲမှာ မေးခွန်းထုတ်စရာတွေ ရှိနေပမယ့်လည်း ရွေးကောက်ပွဲမှာ တင်မြောက်ထားတဲ့ စစ်တပ်နောက်ခံ အစိုးရနဲ့ ညှီနိုင်းရပါမယ်။ ဒါကအခွင့်အရေးကြီးပါ။ လက်ရှိအစိုးရအနေနဲ့ ဒီအခွင့်အရေးကြီးကို အကြမ်းမဖက်တဲ့နည်းနဲ့ ပြောင်လဲနိုင်ပါတယ်။
စစ်ခေါင်းဆာင်များကို .. ခေါင်းဆောင်အဖြစ်မြင်းခြင်း
ဒေါ်စုရဲ့ ဟောပြောချက်တွေက မှတ်သားလောက်အောင် စိတ်ဝင်စားစရာပါ။
ဒေါ်စုပြောတာက.. လူတွေဟာ လူကောင်း ၊ လူဆိုး ၊ ပညာရှိ၊ လူမိုက်စသည် မသတ်မှတ်ပဲ ။ လေ့လာနေသူလား ၊ မလေ့လာသူလားတဲ့။ ကျနော်စဉ်းစားမိတာက.. ဒေါ်စုကို နှစ် ၂၀ ကျော်တိုင်အောင် နေအိမ်အကျယ်ချုပ်ချထားပြီး ၊ နိုင်ငံရေလှုပ်ရှားမှုမှာ ပါတဲ့ ကျောင်းသားတွေကို ထောင်ချထားတဲ့ စစ်အစိုးရ ခေါင်းဆောင်တွေကို ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ကျမ သူတို့ကို သိကျွမ်း တတ်သိလွယ်သူလို့ မဆိုလိုပါဘူး။ ကျမတို့ သည်းခံပြီး သူတို့လေ့လာ ဆောက်ရွက်တာကို စောင့်ကြည့်ရပါမယ်။ ကျမထင်တာက.. အရာအားလုံး.. မည်သူမဆို ကျမတို့အာလုံး မြန်မာနိုင်ငံ ဖွင့်ဖြိုးတိုးတက်ဖို့အတွက်.. အကောင်းဆုံး သူတို့ကို အမြန်ဆုံး သိမြင်သူဖြစ်အောင် ကူညီနိုင်ပါလိမ့်မယ်။
ရာစုနှစ်အထိမ်းအမှတ် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောခြင်း (May 30, 2011) YouTube video ကို ဘာသာပြန်ပါသည်။ ဟောင်ကောင်တက္ကသိုလ်
မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆိုမှု..

No comments:
Post a Comment