ယုံကြည်ချက် နှင့် တန်ဖိုး
တာဝန်နှင့်ကိုယ်ကျင့်သိက္ခာ
မေး။ ။ ဒေါ်စု ဟောပြောချက်ရဲ့
အဓိက မိန်းအချက်က ကိုယ်ကျင့်သိက္ခာနဲ့ ပညာလို့ မှတ်သားရပါတယ်။ ကျတော်တို့ ကိုယ်ကျင့်သိက္ခာရှိသူကို
လူကောင်းလို့သတ်မှတ်ကြပါတယ်။ လက်တွေဘဝမှာတော့.. ကိုယ်ကျင့်သိက္ခာဆိုတာဟာ ရင်းနှီးရတဲ့အတွက်
လူတွေဟာ ဒီအတွက် အနည်းငယ်ပဲ လုပ်နိုင်ပါတယ်။
ဒေါ်စု.. ဒေါ်စုဟာ ကိုယ်ကျင့်သိက္ခာနဲ့ပညာအတွက် ဘဝကိုပေးဆပ်ခဲ့ရတဲ့ အတွေ့အကြုံရှိသူ
တစ်ယောက်အနေနဲ့ .. ဘဝမှာ ကိုယ်ကျင့်သိက္ခာနဲ့ပညာဖြည့်ကျင့်ရာမှာ တုန့်ဆုတ်နေတဲ့ လူများအဖို့ တစ်တစ်ခုများ ပြောနိုင်မလား?
ဖြေ။ ။ ကျမ ကိုယ်ကျင့်သိက္ခာနှင့်ပညာပြည့်စုံသူလို့
ပြောခဲ့မိတယ်ဆိုရင် သိပ်ဘဝင်မြင့်ရာရောက်ပါလိမ့်မယ်။ ကျမ ရိုးရိုးပြောချင်တာက ကျမ အမြဲ ကြိုးစားပြီး ဖြစ်နိုင်လောက်တဲ့
ကိုယ်လည်း စွမ်းနိုင်လောက်တဲ့ တာဝန်တွေကို ဖြည့်ဆည်းပြီး ကိုယ့်ဝတ္တရားသဘေားတရားတွေကို
ပိုမိုတိုးတက်အောင်လုပ်လေ့ရှိပါတယ်။ လူတွေထင်ထားတဲ့ ကိုယ်ကျင့်သိက္ခာနဲ့ ကျမရဲ့အမြင်
ကိုယ်ကျင့်သိက္ခာ ကိုက်ညီမှု ရှိ/မရှိတာကတော့ မပြောတတ်ပါဘူး။
ကျမ အတိကျပြောနိုင်ကတော့ ကျမတာဝန်ဝတ္တရားပေါ်မှာ အထူးအာရုံစိုက်လေ့ရှိပြီး
တတ်နိုင်သလောက်လဲ ကျမတာဝန်တွေကို ကြိုစားပြီး
ဖြည့်ဆည်းပါတယ်။ ကျမတာဝန်အတွက် လိုအပ်ချက်များ
ဗဟုသုတများကိုလည်း တတ်နိုင်သလောက် ကြိုးစားပြီး ရယူပါတယ်။ ဤသဘောတရားဖြင့်.. ကျမ. ကမ္ဘာမှာ အကြီးမားဆုံး အကောင်းဆုံး လွတ်လပ်မှုလို့ခေါ်ရလောက်တဲ့
သန်းရှင်းတဲ့ ကိုယ်ကျင့်သိက္ခာနဲ့ အတက်နိုင်ဆုံး နေထိုင်ခဲ့ပါတယ်။
စည်ကမ်းတန်ဖိုး
မေး။ ။ကျမမေးချင်တာကတော့… ဒေါ်စု
နှစ်ပေါင်းများစွာ လူတွေနဲ့ သီးခြား တစ်ယောက်တည်း နေရတဲ့အချိန်မှာ ဘယ်လိုများ ဒေါ်စုရဲ့
ယုံကြည်ချက်နဲ့ စိတ်အားထက်သန်ဖို့ ပြုကျင့်ခဲ့ပါသလဲ? ဘဝမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်
တွေ့ကြုံနေရတဲ့ ခေတ်လူငယ်ငယ်များအတွက် ဘာအကြံပေးချင်ပါသလဲ။
ဖြေ ။ ။ ယခု ကျမပြောမယ့်
စကားလုံးဟာ ခေတ်မဆန်ပေမယ့် သိပ်အရေးကြီးပါတယ် “စည်းကမ်း”
ဆိုတဲ့ စကားလုံးပဲဖြစ်ပါတယ်။ ကျမ တစ်ယောက်တည်း
သီးခြားနေရချိန်မှာ ဒီစည်းကမ်းကပဲ ကျမကို ထိမ်းသိမ်းပေး ပါတယ်။ ကျမယုံကြည်ချက်ကို ထိမ်းသိမ်းဖို့ ကျမ စည်းကမ်တကျ
နေထိုင်ခဲ့ပါတယ်။
ယနေခေတ် လူငယ်များက စည်ကမ်းကို
သိပ်တန်ဖိုးမထားကြပါဘူး။ သူတို့ပြဿနာနှင့်
ရင်ဆိုင်ရတော့မှ စည်းကမ်းတန်ဖိုးကို နားလည်လာကြပါတယ်။ ကျမအထင်ကတော့ ယနေ့ခောတ်လူငယ်များ “စည်းကမ်း” ရဲ့တန်ဖိုးကို ယခုထက်ပိုပြီး လေ့လာဖို့လိုပြီးထင်ပါတယ်။
ယုံကြည်ချက်ကို ထိမ်းသိမ်းဖို့ အရေးကြီး
မေး။ ။ တရုတ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Liu Xiaobo ဟာ ယခု ထောင်ထဲမှာပဲရှိနေပါတယ်။ နိုဘယ်ငြိမ်းချမ်းရေး မိတ်ဆွေတစ်ယောက်အနေနဲ့ Liu Xiaobo နဲ့ တခြားအထိမ်းသိမ်းခံနေရတဲ့ အလားတူ နိုင်ငံသမားတွေကို ဘာပြောချင်ပါသလဲ? အကယ်၍များ ဒေါ်စု တရုတ်အစိုးရကို စကားပြောခွင်ရမယ်ဆိုရင် ဘာများပြောချင်ပါသလဲ?
ဖြေ။ ။ ကျမပထမပြောချင်တာက… ယုံကြည်ချက်ကြောင့် နည်းအမျိုးမျိုးနဲ့
ထောင်ကျနေတဲ့ သူတွေကို “ မိမိရဲ့ ယုံကြည်ချက်” ကို အမြဲစွဲကိုင်ထားဖို့ပြောချင်ပါတယ်။
ဒါဟာ သိပ်အရေးကြီးပါတယ်။ မိမိယုံကြည်ချက်ကို
အမြဲမဆုပ်ကိုင်ထားနိုင်ဘူးဆိုရင် စိတ်ထဲမှာကော
ဘဝမှာပါ ပြည့်ပြည့်စုံစုံ ပျော်ပျော်ရွှင်ရွှင် င်နေနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မိမိယုံကြည်ချက်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားပါ။
ကျမအနေနဲ့ တရုတ်ခေါင်ဆောင်တွေကို
ပြောချင်တာကတော့ရိုးရိုးလေးပါပဲ.. တရုတ်ပြည်ကြီးဟာ ကြီးမာတဲ့နိုင်ငံဖြစ်ပြီး တရုတ်လူမျိုးတွေဟားလည်း
ထူးခြားတဲ့ သမိုင်းနောက်ခဲ့ရှိတဲ့ လူမျိုးကြီးများဖြစ်ကြပါတယ်။ တရုတ်လူမျိုးများ..
နောက်ခြေလှမ်း သစ်များလှမ်းဖို့ အတွက် စွမ်းအားနဲ့ သတ္တိတွေရှိနေကြပါပြီ။
မတူကွဲကွဲပြားတဲ့ အမြင်များအားလုံးအတွက်လည် နေရာတွေရှိနေပါပြီလို့ ပြောချင်ပါတယ်။ တရုတ်လူမျိုးများဟာ.. ကြီးမားတဲ့လူးများးဖြစ်တဲ့အတွက် .. မိမိတိုရဲ့ကြီးကျယ်မှုးကို တခြားသူများအတွက် အခွင့်အလမ်းတွေ ဖွင့်ပေးပါဦးလို့ပြောချင်ပါတယ်။

နိုင်ငံရေး နောင်တ
မေး။ ။ကျမ မေးချင်တာက
ဒေါ်စု ၁၉၈၈ မှ ၂၀၁၀ အထိ ဒေါ်စု လုပ်ဆောင်ခဲ့တဲ့ နိုငံရေးအခင်းအကျင်းမှာ နောင်တရစရာ တချို့ရှိခဲ့ပါသလား?
ဖြေ။ ။ နိုင်ငံရေးအရ….. နိုင်ငံရေးအရ… ကျမ ဘာမှ ဆိုးဆိုးရွားရွား မလုပ်ခဲ့မိဘူးထင်တာပဲ။
ကျမပြောနိုင်တာတစ်ခုကတော့.. ဒီမိုကရေစီမြန်မြန်ရဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်နေတာပါပဲ။ ဒါကလွဲလို့ ကျမ
နိုင်ငံရေးအရ ဘာမှ ဆိုးဆိုးရွားရွား မလုပ်ခဲ့ဘူးထင်တာပဲ။
ပျော်ရွှင်
မေး။ ။ ကျမနှလုံးသားထဲက
လာတဲ့မေးခွန်းကတော့.. ဒေါ်စု ပျော်အောင် ဘယ်လိုနေသလဲ?
ဖြေ။ ။ ပျော်အောင် ဘယ်လိုနေသလဲ? မပြောပလောက်တဲ့ အကြောင်းအရာလေးတွေက ကျမကို ပျော်ရွင်စေပါတယ်။ စာမဖွဲ့လောက်တဲ့ အကြောင်းအရားတွေက ကျမကို ပျော်ရွှင်စေတာကို
လေ့လာတွေရှိရပါတယ်။
ဥပမာ .. အိမ်ယာ စောစောဝင်ပြီး အိပ်ပျော်ရင်… ပျော်တယ်။ ဒါကတော့ ကျမဘဝ ပျော်စရာတွေထဲက တစ်ခုပါပဲ။ မိတ်ဆွေတို့ကိုလည်း မိမိတို့ဘဝမှာ အသေးအဖွဲလေးက စလို့ ပျော်ရွှင်မှု ရယူပြီး ဒီပျော်ရွှင်မှုလေးတွေကို ဘဝအစိတ်အပိုင်းရဲ့ ရတနာဖြစ်သိမ်းဆည်းထားပါလို့ပြောချင်ပါတယ်။

ဆိုးရွားသော ဒုက္ခသည်များ
ကျမ အမေရိကမှာ NGO အဖွဲတွေနဲ့
မြန်မာဒုက္ခသည် ကူညီရေးလုပ်ငန်းတွေလုပ်နေပါတယ်။ ဒေါ်စုအနေနဲ့ ဘာများပြောချင်ပါသလဲ… ပြည်ပနိုင်ငံမှာ
နေ့စဉ် မတူညီတဲ့ အခြေအနေနဲ့ ဘဝဒုက္ခခံနေရတဲ့
ဒုက္ခသည်များ သူတို့ဘဝနဲ့ ကိုက်ညီတဲ့ ဒုက္ခသည် စခန်းကို ပြန်သွားချင်ကြတဲ့ သူများကို အတင်းအဓမ္မ မိမိတို့လိုအပ်ချက်များကို တောင်းတမနေကြပဲ
မျှော်လင့်ချက်များဖြင့် အေးအေးချမ်းချမ်း နေထိုင်ကြရန် သူတို့ကို အကြံများပေးပါဦး။
ကျမအထင်ကတော့ သူတို့အပေါ်ကျရောက်လာတဲ့ စိန်ခေါ်မှုတွေကို လေ့လာဖို့
လိုမယ်ထင်ပါတယ်။ ဒုက္ခသည် စခန်းမှာ ဘဝအခက်အခဲနဲ့ နိုင်ငံသစ်မှာ ဘဝအခက်အခဲတွေဟာ မတူဘူးဆိုတာသိရပါမယ်။
သူတို့ လိုက်လျောညီးထွေ နေတတ်ဖို့ လေ့လာရပါမယ်။ ဒါကတော့ ပြောသလောက်တော့ လွယ်မယ်မထင်ပါဘူး။ ကျမပြောနိုင်တာကတော့ သူတို့အတွက် အဖွဲ့အစည်းတွေနဲ့ သီခြားကူညီသူတွေဟာ အခြေအနေနဲ့ လိုက်လျောညီထွေ နေနိုင်ဖို့ ကူညီကြပါလိမ့်မယ်။
ကျမအမြင်ကတော့ စိန်ခေါ်မှုတွေဟာ စိတ်ဝင်စားစရာ ကောင်းပြီး သူတို့ကို ကူညီးစောင့်ရှောက်ရင်းနဲ့ ပြည့်ဝတဲ့ လူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။ ဒါပေမယ့် .. အသစ်အဆန်း အတွေ့အကြုံတွေက သူတို့ကိုများ ပိုမို တုန်လှုပ်ခြောက်ခြားစေသလား ။ ဒါကြောင့် ကျမတို့ သူတို့ကို ကြောက်ရွံ့ခြင်းမှ ကင်းဝေးဖို့သင်ကြားပေးရပါမယ်။ မိမိကိုယ်ကို ကြောက်ရွံ့ခြင်မှ ကင်းဝေခြင်းသည်သာ အဓိကအချက်ပါပဲ။
ငြိမ်းချမ်းရေ ဗိသုကာ

မေး။ ။ဒေါ်စုဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဗိသုကာလို့ဖြစ်နေပါတယ်။ ဒေါ်စုရဲ့ပုံရပ်ကို
ဆက်ခံဖို့ လမ်းစဉ်ချထားပြီးပြီးလား? အကယ်၍
လူထု လှုပ်ရှားမှုကြီပေါ်လာရင် အောင်မြင်ရန် ဆက်လက်ဆောင်ရွက်ဖို့ လူရှိပြီးလား?
ဖြေ။ ။ ပထမပြောချင်တာက… ဗိသုကာ ဆိုတဲ့စကားလုံးနဲ့ ကျမကို အသိအမှတ်ပြုတာ ကျန်မ ဘယ်တော့မပျော်ရွှင်ခဲ့ပါဘူး။
ကျမ ဒီနေရာအတွက် အရိပ်အရောင်လေးမျှသာဖြစ်ပြီး
ဘာမှ ထူးထူး ခြားခြား မလုပ်ရသေးပါဘူး။ ကျမ ကြိုးစားလုပ်ဆောင်နေပါတယ်။ ဒါကြောင့် ကြိုးစားလုပ်ဆောင်နေတဲ့
စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုနိုင်စွမ်းရှိတဲ့
လူငယ်တွေကို ပြုစုပျိုထောင်ပြီး ဘာတာဝန်ပဲပေးပေး အလွယ်အတူ လိုက်နိုင်တဲ့ လူငယ်တွေကို
ကျမ ပွဲထုတ်ချင်ပါတယ်။
ဒီမိုကရေစီတိုက်ပွဲဝင်ခြင်းကို နာလည်ခြင်း
မေး။ ။ ဟောင်ကောင် ၊ တရုတ်ပြည်နဲ့
ကမ္ဘာအခြားနိုင်ငံတွေမှာ ဒီမိုးကရေစီအတွက် တိုက်ပွဲဝင်နေကြတဲ့သူများအတွက် ဒေါ်စု ဘာအကြံများပေးခြင်းပါသလဲ?
ဖြေ။ ။ ပထမ ကျမပြောချင်တာက
.. သူတို့ကို သူတို့ ဘာကြောင့် ဒီမိုကရေစီ တိုက်ပွဲဝင်နေကြတာလဲ သူတို့ရဲ့ယုံကြည်ချက်က ဘာလဲ? မိမိ ယုံကြည်ချက်က ပြတ်ပြတ်သားသားရှိပြီဆိုရင်
ဆက်လက်တိုက်ပွဲ ဝင်လို့ရပါပြီး ဒီတိုက်ပွဲကို ဘယ်လိုဆက်လက်တိုက်ရမလဲဆိုတာ နည်းလမ်းသစ်တွေရှာတွေ့လာမှာပါ။
ဒါပေမယ့် မိမိဘာလုပ်နေတာလဲဆိုတာကိုတောင် မသိရင် ဘာမှ မထိရောက်နိုင်ပါဘူး။ ဒါကြောင့် ယုံးကြည်ချက် သက်သက်မဟုတ်ပဲ မိမိရဲ့အတွေးအခေါ်နဲ့ နည်းစနစ်တွေကို သတိရှိစွာအသုံချရမှာဖြစ်ပါတယ်။
ဒါပေမယ့် မိမိဘာလုပ်နေတာလဲဆိုတာကိုတောင် မသိရင် ဘာမှ မထိရောက်နိုင်ပါဘူး။ ဒါကြောင့် ယုံးကြည်ချက် သက်သက်မဟုတ်ပဲ မိမိရဲ့အတွေးအခေါ်နဲ့ နည်းစနစ်တွေကို သတိရှိစွာအသုံချရမှာဖြစ်ပါတယ်။
ရာစုနှစ်အထိမ်းအမှတ် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောခြင်း
(May 30, 2011) Youtube video ကို ဘာသာပြန်ပါသည်။
ဟောင်ကောင်တက္ကသိုလ်
No comments:
Post a Comment