Feb 13, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် ရာစုနှစ်အထိမ်းအမှတ် စကားပြောခြင်း


ဒေါ်အောင်ဆန်းစုကြည်နှင့် ဟောင်ကောင်တက္ကသိုလ်မှ ဆရာ၊ ကျောင်းသားများ အမေး/ အဖြေကို ဘာသာပြန်ပါသည်။

မြန်မာနိုင်ငံနှင့်အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး

တရုတ်နိုင်ငံနှင့် အနောက်နိုင်ငံများ ဘယ်ဖက်ကို ရပ်တည်မလဲ?

မေး။    ။ အနောက်နိုင်ငံသားများဟာ ခုတလော မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး တိုးတက်လာတာတွေ့ရပါတယ်။ ကျနော်မေးချင်တာက အရှေ့နှင့် အနောက်  ဘယ်ဖက်ကို ရပ်တည်မလဲ?  နောက်ဆုံး ကျန်တော်တို့လည် တစ်ဖက်ဖက်တော့ ရပ်တည်ရမှာပါ။

ဖြေ။     ။ကျမကတော့ မထင်ပါဘူး။  ကျန်မတို့ တစ်ဖက်ဖက်ကို ရပ်တည်နေတယ်ဆိုရင် . ကျမကတော့ “လူ့အခွင့်အရေး”ဖက်ကို ရည်တည်ရမှာပါပဲ။  ဘာကြောင့်လဲဆိုတော့ “လူ့အခွင့်အရေးဟာ” တစ်ကမ္ဘာလုံးမှာရှိတဲ့ လူးသားအားလုံးနှင့် သက်ဆိုင်နေလို့ပါပဲ။ 

ကျမ တစ်ခု ထောက်ပြချင်ပါတယ်.. တရုတ်ပြည်ကြီးဟာ ကျမတို့ရဲ့ အိမ်နီးချင်းနိုင်ငံပါ။ ကမ္ဘာတည်သရွေ့ တရုတ်ပြည်ကြီးဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်နေမှာပါ။  ကျန်မတို့ရဲ့ ဆက်ဆံရေးဟာ တရုတ်ပြည်နဲ့ အဓိကကျတဲ့ အိမ်းနီးချင်းဖြစ်သလို ကျန်မတို့နဲ့ အနောက်နိုင်ငံဆက်ဆံရေးဟာရေးဟာလည်း ကျမတို့နိုင်ငံ ဒီမိုကရေစီထွန်းကားရေးအတွက် အားပေးကူညီနေတဲ့  ဒီမိုကရေစီရဲ့တန်ဖိုးကို မျှဝေခြင်းကို အခြေခံပြီး မတူကွဲ ပြားတဲ့ ဆက်ဆံရေးဖြစ်ပါတယ်။  ကျမတဖက်ဖက်ကို ရပ်တည်ရမယ်လို့ အယူဆပါဘူး။ တရုတ်နှင့်ဖြစ်စေ .. အနောက်နိုင်ငံနဲ့ဖြစ်စေ သီးခြားမတူတဲ့ ကိုယ်ပိုင်ထူးခြားတဲ့မူတွေနဲ့ ဆက်ဆံရရမှာဖြစ်ပါတယ်။

မြန်မာပြည်နှင့် အန္ဒိယဆက်ဆံရေး

မေ။     ။ တရုတ်ပြည်နဲ့ဆက်ဆံရေးကိုပြောဆိုကြရင်း ကျန်မတွေးမိတာက အကြီးမားဆုံးဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အန္ဒိယနဲ့ ဒေါ်စုဘယ်လို လက်တွဲလုပ်နေသလဲ ?  နောက်တစ်ခု အနာဂတ် အန္ဒိယနဲ့ ဆက်ဆံရေးကို သိချင်ပါတယ်။

ဖြေ။     ။ ကျမ ပွင့်ပွင့်လင်လင်းပြောရရင် အန္ဒိယပတ်သတ်လို့ တော်တော်လေးစိတ်ပျက်မိပါတယ်။  မိတ်ဆွေကောင်းတစ်ယောက်ဖြစ်ခဲ့တဲ့ မြန်မာလူမျိုးတစ်ယောက်အနေနဲ့  ကျမတို့ ဝမ်းနည်ရပါတယ်။  ကျန်မတို့နိုင်ငံ ကံကြမ္မာနဲ့ ပတ်သတ်လို့ သူတို့ဘာမှ ထူးထူးထွေထွေ တွေးမိမယ်မထင်ပါဘူး။  ကျမဒီလိုပြောရတာ အကြောင်းရှိပါတယ်  အတိတ်ကို ပြန်လည်စဉ်စားမယ်ဆိုရင် အန္ဒိယနဲ့မြန်မာ နှစ်ငံ အတူ ကြိုးစားအားထုတ်ရင်းနဲ့ လွတ်လပ်ရေးရခဲ့ကြပါတယ်။ ကျန်မတို့ရဲ့ နိုင်ငံခေါင်းဆောင်တွေ.. ရင်းရင်းနှီးနှီး တစ်ယောက်နဲ့ တစ်ယောက် ပုဂ္ဂိုလ်ရေးအရေးကော နိုင်ငံရေးအရပါ  ယုံယုံကြည်ကြည်နဲ့ လက်တွဲလုပ်ခဲ့ကြလို့ နှစ်နိုင်ငံလုံး အကျိုးဖြစ်ထွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံနှင့် အာဆီယံ ၊ ကုလသမဂ္ဂဆက်ဆံရေး

မေး။     မြန်မာနိုင်ငံနဲ့ အခြားနိုင်ငံတွေ ဆက်ဆံရေးကို ပြောကြရင်း  အာဆီယံနိုင်ငံအသင်းဝင်နိုင်ငံများနဲ့ ကုသမဂ္ဂနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာတွေ ရှိခဲ့ပါတယ်။  ဒီအဖွဲ့အစည်းတွေ ဆောင်ရွက်ချက်ဟာ တိုးတက်မှုရှိတယ်လို့ ဒေါ်စု မျှော်လင့်ပါသလား။ဒီဆောင်ရွက်ချက်တွေ မအောင်မြင်ဘူးဆိုရင်.. တစ်ခြားသော ချဉ်းကပ်နည်းများ ရှိပါသလား ဒေါ်စု။

ဟုတ်ကဲ့ .. ကျန်မ မျှော်လင်းတွေ ရှိပါတယ်။  အာဆီယံဟာ မြန်မာနိုင်ငံရေးကိစ္စကို သိပ်စိတ်ဝင်စားပြီး အပြည်ပြည်ဆိုင်ရာကိစ္စတစ်ခုအနေနဲ့ ဆောက်ရွက်နေပါတယ်။  ကျန်မတို့ ဒီမိုကရေစီခေါင်ဆောင်တွေနဲ့ အာဆီယံနိုင်ငံ ၊ အစိုးရေတွေနဲ့ ဆက်သွယ်မှုရှိပါတယ်။ ပြီးခဲ့ကုလသမဂ္ဂလုပ်ဆောင်ရွက်တွေကို ထောက်ဆလို့  ကုလသမဂ္ဂနဲ့ ပတ်သတ်လို့ မျှောက်လင့်ချက် အကြောင်းတွေ အများကြီးရှိပါတယ်။ နိုင်ငံတွေအားလုံး ဖွဲ့စည်းထာတဲ့  ကုလသမဂ္ဂအနေနဲ့  အာလုံး သဘောထား တူညီဖို့ ဆိုတာ သိပ်ခက်ပါတယ်။  ကျန်မကတော့ ..  မျှော်လင့်ချက်အမြဲရှိနေမယ်လို့ ထင်ပါတယ်။  ဥပမာပြောရရင် မကြာသေးခင်က  ကုလသမဂ္ဂ လူအခွင့်အရေး အဖွဲ့ကြီးက  ခိုင်ခိုင်မာမာဆုံးဖြတ်ချက်ချခဲ့ပါတယ်။  ဒီလို မျှော်လင့်မထားတဲ့ ပြတ်သားတဲ့ “မြန်မာနိုင်ငံ ထင်သာတဲ့ ပြောင်းလဲဖို့လိုပြီး”ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ကျန်မတို့ ဝမ်းသာခဲ့ရပါတယ်။
ကျန်မပြောလေ့ ပြောထရှိတဲ့ စကားတစ်ခွန်းကတော့ ..  “အားထုတ်မှုမရှိပဲ .. မျှော်လင့်ချက်တွေမထားပါနဲ့ မျှော်လင့်ချက်ထားရင် … ကြိုးစားအားထုတ်ရမယ်” ဒါမဟုတ်ရင်တော့ .. မျှော်လင့်မရှိရင်တော့.. ဘယ်တော့ အိမ်မက်တွေ အကောင်အထည်ပေါ်လာမှာ မဟုတ်ပါဘူး။


 ရာစုနှစ်အထိမ်းအမှတ် ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောခြင်း (May 30, 2011)  Youtube video ကို ဘာသာပြန်ပါသည်။ ဟောင်ကောင်တက္ကသိုလ်

No comments: