FOUNDER: CANADA CENTRE FOUNDATION
အရှင်ဃောသက(သာသနဓဇဓမ္မာစရိယ)
ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း ၊ ဗန်ကူးဘားကနေဒါ
မန္တလေးတိုင်း၊ကျောက်ပန်းတောင်းမြို့နယ်၊ သနပ်ပင်ရွာမွေးဖွားသည်။
သနပ်ပင်ရွာတွင် မူလတန်းပညာကို သင်ကြားပြီးနောက်၊ သနပ်ပင်ရွာတွင် အလယ်တန်းကျောင်းမရှိ၍ ၊ တွဲဖက်အလယ် တန်းကျောင်းရှိရာ ခါးပါတ်ရွာတွင် သတ္တမတန်းအထိ လောကီပညာကို ဆီးပူးလေ့လားခဲ့သည်။
ထို့နောက် သာသနာဘောင်သို့ဝင်ရောက်ခဲ့ပြီး
မြင်းခြံမြို့ ဇေယျာလင်္ကာရပရိယတ္တိစာသင်တိုက်၌ ၊ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ဦးကိတ္တိထံတွင် အကြီးတန်းအောင်မြင်သည်အထိ လောကုတ္တရာပညာများကို ဆီးပူလေ့လာခဲ့သည်၊ ၁၈၈၉-ခုနှစ်တွင် ဆရာတော် ဦးကိတ္တိကို ဥပဇ္ဈယ်ပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ရောက်တော်မူသည်။
ထို့နောက် ဓမ္မာစရိယ ( စာချတန်း) ပညာကိုလေ့လာရန်း ပဲခူး သာသနာ့မဏ္ဍိုင်ကျောင်းတိုက်၊ ရန်ကုန် ၊ ဗဟန်း ဝိသုဒ္ဓါရုံးကျောင်းတိုက်တို့၌ အထက်တန်းစာများကိုလေ့လာရင်း ၁၉၉၆-ခုနှစ် ဓမ္မာစရိယဘွဲ့ကို ရရှိတော်မူသည်။
ထို့နောက် အင်္ဂလိပ်စာကို ဆက်လက်လေ့လာလို၍
နိုင်ငံတော်ပရိယတ္တိသာသနာတက္ကသိုလ်တွင် လောကီ/လောကုတ္တပညာများကို လေးနှစ်တိုင်တိုင် ဆက်လက်သင်ကြားလေ့လာခဲ့သည်။ထိုနောက် သာကေတ သီရိမင်္ဂလာကျောင်းတွင် စာချဘုန်းတော်ကြီးအဖြစ် ၂-နှစ်ခန့်တာဝန်ယူခဲ့သည်။
၁၉၉၉-နှစ်တွင် ပီနန်/စင်္ကာပဆရတော်ဦးပညာဝံသ ဦးဆောင်ဖွင့်လှစ်သော မဟာသန္တိသုခပြည်ပသာသနာပြု သင်တန်းကျောင်းဖွင့်လှစ်သောအခါ ပထမပတ်သင်တန်းသားအဖြစ် တက်ရောက်ခွင့်ရပြီး ၂-နှစ်တိုင်တိုင် အင်္ဂလိပ်စာ၊တရုတ်စာ ၊ကွန်ပျုတာတို့ကိုလေ့လာဆီးပူးလေလာခဲ့သည်။
၂၀၀၂-ခုနှစ်တွင် တရုတ်စာနှင့်မဟာယာနဗုဒ္ဓဘာသာကိုလေ့လာရန်၊ထိုင်ဝမ် ၊ ယန်ကွမ်းဗုဒ္ဓတက္ကသို့ရောက်ရှိခဲ့သည်။
၂၀၁၄-ခုနှစ်တွင် ထိုင်ဝမ်၊ကနေဒါဆရတော် ဦးနန္ဒဝံသ၏ ဦးဆောင်ခေါ်ယူမှု၊ တိုရန်တို မြန်မာဗုဒ္ဓဘာသာ အသင်းကြီး၏ ပင့်ဆောင်မှုကြောင့် တိုရန်တို မဟာဓမ္မိက ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိခဲ့သည်။
တိုရန်တို မဟာဓမ္မိကျောင်းတွင် ၅-နှစ်တိုင်တိုင် လက်ထောက်ဘုန်းတော်ကြီးအဖြစ်တာဝန်ယူခဲ့ပြီး၊ လူငယ်များအား ဗုဒ္ဓဘာသသာ ယဉ်ကျေးမှုသင်တန်းကို ပို့ချခဲ့သည်။
၂၀၀၉-ခုနှစ်တွင် ကနေဒါနိုင်ငံနေထိုင်ခွင့်လျှောက်ထားရန် ၊ ဗန်ကူးဘားသို့ရောက်ရှိခဲ့ပြီး ဗန်ကူးဘား မြန်မာမိသားစု၏ ပင်ဆောင်မှု၊ ထိုင်ဝမ်၊ကနေဒါဆရားတော်များ၊ ပီနန်စင်္ကာပူဆရာတော်ဦးပညာဝံသတို့၏ အားပေးချီးမြောက်မှုကြောင့် ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်းထိုင်ဆရာတော်ဖြစ်လာခဲ့သည်။
၂၀၁၄-ခုနှစ် အောက်တိုဘာလတွင် ၊ကျေးဇူးရှင်မိခင်ကြီးကွယ်လွန်သွားပြီးနောက် မိခင်ကြီးထားခဲ့သော အိမ်နှင့်မြေနေရာကို ဖွင့်ဖြိုးတိုတက်မှုအားနည်နေသော ၊ ဝေးလံခေါင်းပါးသော ရွာအတွက် အသုံးပြုရန် လှူဒါန်းခဲ့သည်။
ထိုမြေနေရာတွင် ကနေဒါစင်တာတည်ဆောက်၍ ဤရွာနားနီးရှိ ရွာပေါင်း (၁၀)ကျော်အတွက် ပြည်သူ ပညာရေး၊ ကျန်းမာရေးကူညီထောက်ပံ့ရန် စီမံကိန်းဆွဲ၍ ဆောင်ရွက်နေပြီဖြစ်သည်။
လောလောဆယ် ထိုဒေသ၌ ကနေဒါစင်တာ လူမှုရေးအသင်၏ ထောက်ပံ့လှူဒါန်းငွေပေါင်း (၁၀၄) သိန်းရှိသွားပြီဖြစ်သည်။

No comments:
Post a Comment