Feb 3, 2009

မယားတရှုး....



စာဖတ်မိတ်ဆွေများ ကိုယ်တွေ့မဟုတ်တောင် ကြားဖူးကြမယ်ထင်ပါတယ် “ လင်တရှုး၊ မယားရှုး” ဆိုတဲ့စကား(၂)ခွန်းကိုလေ...။

မယားတရှုးအကြောင်းပြောချင်လို့ပါ။
သူနဲ့ကျန်နော်.. စပြီးသိကျွမ်းရင်းနှိးခဲ့တာက (၂၀၀၄)နှစ်လောက်က ပြောပါတော့။ ညနေ အလုပ်ကအပြန် အိမ်မှာတစ်ယောက်တည်း ပျင်းတာနဲ့ အွန်လှိုင်းမှာ စကားပြေားရင်းက စတင်ရင်းနှီးခဲ့တာပါ။ အွန်လှိုင်းမှာ စကားပြောကြရင်းနဲ့ အဝေးရောက် ချစ်သူတွေဖြစ်သွား ခဲ့ကြတယ်ဆိုပါတော့။

သူနဲ့ကျန်နော်တို့အချစ်ဇာတ်လမ်းမပြောခင် ကျန်နော့်ကို စာဖတ်ပရိတ်သတ်များ မြင်ယောင်နိုင်အောင် မိတ်ဆက်ပေးပါဦးမယ်။ ကျန်နော်က ပျော်ပျော်ရွှင်ရွှင်နေတတ်သူပါ။ တနည်းအားဖြင့် ပြောရင်တော့ ချွတ်တီး ချွတ်နောက်နဲ့ ပြောင်လောင်တတ်သူဖြစ်ပါတယ်။ ကိုယ့်ရုပ်ရေ ကိုယ်သိလို့ ဒီဘ၀မှာ အိမ်ထောင်မပြုတော့ပဲ။ လူပျိုးကြီးပဲလုပ်တော့မယ်လို့ စိတ်ကူးထားပါ။ နိုင်ငံခြားရောက်တာ (၁၀) ကျော်ရှိပေမယ့် ဘာမှ မယ်မယ်ရရ ပိုင်ဆိုင်မှုရယ်လို့မရှိပါဘူး၊ မရှိးဘူးဆိုပေမယ့် အလုပ်သွားလို့ရအောင် ကားစုတ်လေး တစ်စီးတော့ ပိုင်ထားပါတယ်။ ကားပိုင်တယ်ဆိုလို့ အထင်းမကြီးလိုက်ပါနဲ့။

မြန်မာနိုင်ငံမှာလိုမျိုး ရောင်းစားလို့ အမြတ်ရမည့် ကားမျိုးမဟုတ်ပါဘူး။ တိတိကျကျပြောရရင်တော့၊ လုပ်လုပ်စား စားပေါ့ဗျာ။ နေတာကလည်း အိမ်ငှား သူများအိမ်အောက်ထပ်မှာပါ။ နိုင်ငံခြားတိုင်း ပြည်တွေမှာတော့ အိမ်တိုင်းလိုလို မြေအောက်ခန်းပါလေ့ရှိတယ်ဗျ။ ဒါဆို စာဖတ်ပရိတ်သတ်များ ကျန်နော့်ကို မြင်ယောင်လောက်ပါပြီနော်....။
ကျန်နော့်ဘ၀ ကံဆိုးဖို့လား၊ ကံကောင်းဖို့လား မပြောတတ်ပါ။ အွန်းလှိုင်း ရည်းစားအဆင့်မှ တကယ့်ချစ်သူတွေ အဆင့်ရောက်သွားခဲ့ပါတယ်။ သူကတော့ ကျန်နော်ကို နိုင်ငံခြားမှာနေတယ်ဆိုတော့ အထင်ကြီးတယ်ထင်ပါရဲ့။ နှစ်ကိုယ်တူ ဘ၀အတူ နေထိုင်ကြဖို့ ပြောလာပါတယ်။ ကျန်နော်ကလည်း တစ်ခါတုန်းကမှ မမျှော်မှန်းခဲ့သော အချစ်ခရီးကို လျှောက်လှမ်းခဲ့ရတော့မယ်ဆိုတော့ သိပ်ပျော်သွားပါတယ်။ သို့သော်ငြားလည်း နိုင်ငံခြားမှာ ကျန်နော်ဘ၀ဖြစ်စဉ်ကို အကုန်ပြောမပြခဲ့ပါဘူး။

နှစ်ယောက်အတူနေထိုင်တော့မှ ကိုယ့်အကြောင်းအကုန်ပြောပြမယ်ပေါ့လေ။ ကျန်နော်လည်း သူ့အကြောင်းကို လုံးစေ့ ပတ်စေ့ မသိပါဘူး။ မြန်မာမိန်းကေလေးတစ်ယောက် ထိုင်းမှာ ရောက်ပြီး အလုပ်လုပ်နေတယ်ဆိုတာ လောက်ပဲသိပါတယ်။
ချစ်သူက .. အွန်လှိုင်မှာ တွေ့ရတာ အားမရလို့ မျက်ဝါးထင်ထင်တွေ့ချင်တယ်ဆိုလို့ ... ကျန်နော် အလုပ်မှခွင့်ပန်၍ Credit Card မှ ငွေများအားကိုးဖြင့် ထိုင်းသို့ရောက်ခဲ့ပါတယ်။ လေဆိပ်မှာ သူမလာကြိုပါတယ်။ အတိုချုပ်ပြောကြစိုရဲ့ သူနဲ့ကျန်နော် တကယ့်ချစ်သူတွေဖြစ်သွားကြပြီးဆိုပါတော့။ သူကတော့ သိပ်လှပါတယ်။ ရည်မွန်တယ်၊ ပြောတတ်ဆိုတတ်ရှိတယ်။ ခြူံပြောရရင်တော့ လယ်လယ်ဝယ်ဝယ် မိန်းကလေး တစ်ယောက်ပါပဲ။
ထိုင်းမှာနေစဉ်ကာလအတွင်း မိုးမမြင် လေမမြင်ပျော်ခဲ့သည်ဆိုပါတော့။ ကျန်နော့်ရဲ့ နှစ်လုံးသားကိုလည်း သူမက ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်လိုက်ပြီလေ...။

ကျန်နော်တို့ နှစ်ယောက်လုံး ဘ၀မှာ အတူလက်တွဲဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ထိုင်မှာပဲ ကျန်တော်တို့ အတိုချုပ်လက်ထပ်လိုက်ပါတယ်။ ခွင့်ရက်များပြည့်လို ကျန်နော် နေရပ်ကိုပြန်လာခဲ့ပါတယ်။ ထိုင်းကပြန်ရောက်တော့ ကျန်နော့်သူငယ်ချင်းများကိုလည်း ကြွားထားပါတယ်။ ငါ့မိန်မးက သိပ်လှကြောင်း လိမ္မာကြောင်းစသည်ဖြင့်ပေါ။့ သူငယ်ချင်းတွေ ကတောင် မိန်းမအမွန်းတင်လွန်လွန်းလို့ မင်း..မိန်းမးရှုး ရှုးနေပြီလားလို့တောင် စ,နေပါတယ်။ အစ,ခံနိုင်ပါတယ်။ ကျန်နော်ကိုယ့်တိုင်ကလည်း နာရီးတိုင်း မီနစ်တိုင်း အတွေးထဲမှာ သူလေးက စိုးမိုးထားပြီကို...။
ထိုင်းကအပြန်ကျန်နော်မှာ ရည်မှန်းချက် အပြည့်ဖြင့် အလုပ်ကြိုးစားခဲ့ပါတယ်။ သူနဲ့ကျန်နော် အချစ်ကြိုးတွေကလည်း ပိုပြီးခိုင်မာလာတယ်။ သူကိုနိုင်ငံခြားမှာ အရောက်ခေါ်ဖို့ ကျန်နော် အပြင်အထန် လူအား, ငွေအား ရှေ့နေများတိုင်ပင်ပြီး ဆောင်ရွက်ပါတယ်။ ဒီလို ဆောင်ရွက် ချိန်မှာပဲ။ သူက.. အစ်ကိုကြီးတဲ...့ အစ်ကိုရဲ့ ရင်သွေးလေးရှိနေပြီတဲ့..။ ကျန်နော်ပိုပြီးအား တက်ရပါတယ်။ ရင်သွေးလေးရပြီဆိုတော့ ပိုပြီးဝမ်းသာလို့ လိုအပ်သော ငွေးကြေးလားလုံး လိုလေသေးမရှိအောင်ပို့ပေးခဲ့ပါတယ်။

ကျန်နော်ဖတ်မှ ဆောင်ရွက်သင့်တဲ့ကိစ္စများ ဆောင်ရွက်ပြီးလို့ ၂၀၀၆ မှာ သူ ကျန်နော်ရှိရာ နိုင်ငံခြားတိုင်ပြည်ကိုလာဖို့ ဗိဇာရပါပြီ။ ကျန်နော်ရှိရာကို သူ အရောက်လာခဲ့ပါပြီ။ အဲဒီနေ့မှာပဲ ကံဆိုးချင်တော့ မထင်မှတ်ဘဲ ကျန်နော့် ကားစုတ် လေးပျက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ကျန်နော်ဖြစ်တဲ့နည်းနဲ့ တက္ကစီငှားပြီး လေဆိပ်ကို သွားကြိုပါတယ်။ သူတွေ့ရပါပြီး။ ပြုံပြုံရွှင်ရွှင် ၀မ်းပန်းတသာပါပဲ။

ကျန်နော်က သူရဲ့အိပ်တွေ ဆွဲပြီး ကဲ့... ညီးမ သွားကြစို့လို့ပြောတော့ “ဘယ်မှာလဲ ကား”တဲ့။ ကျန်နော့်က ကားပျက်လို့မပါခဲ့ဘူး တက္ကစီနဲ့သွားကြရအောင်လို့ ပြောတော့ သူမ ..မျက်နှာ မလှတော့ပါ။ ဒါပေမယ့် ကျန်နော်တို့ တက္ကစီဖြင့် ကျန်နော်နေရာသို့ရောက်ခဲ့ပါတယ်။ ကျန်နော်နေတာက သူများအိမ်အောက် အငှား မြေအောက်ထက်လေ။ သူ..ဒုတိကအကြိမ် စိတ်ခုသွားပြန်ပါပြီး။ ဒီကစပြီး ကျန်နော်တို့ နှစ်ယောက် အပေးအယူ မတည့်တော့ပါဘူး။ သူကပြောလာပါတယ်။ “သူများအိမ်အောာက်မှာ မနေနိုင်ဘူး” တဲ့။ ကျန်နော်က ပင်ကိုယ်ကမှ ချွတ်နောက်နောက်နဲ့ ပြောမိပါတယ်။ နိုင်ငံခြားမှာ “သူများအိမ်အောက်ကို သူဌေးလည်းနေတယ်၊ အရာရှိလည်းနေတယ်”လို့ပြောမိပါတယ်။

သူ ...ဒီစကားကို ကြားတော့ လုံးဝစိတ်ကောက်သွားပါပြီ။ နောက်တစ်နေ့ အလုပ်ကပြန်လာတော့ သူမ.. အိမ်မှာမရှိတော့ပါ။ သူမ တစ်ယောက် ပျောက်သွားပါပြီ။ သူငယ်ချင်းပြောသော မယားတရူးဆိုတာ ကျန်နော်တကယ်ဖြစ်နေပါပြီ။ အလုပ်မှာလဲ သူ့...အတွေးများကြောင့် အယောင်ယောင် အမှားမှားတွေဖြစ်ပြီး Accident တွေတောင်ဖြစ်ရပါတယ်။ ညညတွေမှာဆို အိပ်မပျော်တော့ပါဘူး။

နောက်ဆုံး ဆရာဝန်သွားပြရပါတယ်။ ဆရာဝန်က “မင်း အလုပ်နားပြီး... ဆေးသောက်ရတော့မယ်တဲ့”

No comments: