တောင်မြို့ မဟာဂန္ဓာရုံဆရာတော်က တနေ့ တပည့်သံဃာတော်များ နံက်ခင်း ဩဝါဒပေတော့ “ ငါရှင်တို့..
ပလ္လင်ပေါ် တက်ပြီး ဘာသာရေး၊ သာသနာရေး တွေ ဟောနေ့တာထက် မေရှင်တို့၊
စိန်ပါတီတို့၊ လေပါတီတို့မမြရင်တို့၊ ရွှေမန်တင်မောင်တို့ရဲ့
ဗုဒ္ဓဝင်သီချင်းတွေက ပိုပြီး ထိရောက်တယ်” ဟု နံက်ခင်းဩဝါဒတွေမှာ မှတ်သားဖူးပါတယ်။
ယခုလည်း မြန်မာပြည်မှ အနုပညာရှင်းများ ထွန်းအိန္ဒာဗိုလ်တို့၊ ကှိုဇာဂနာတို့၊ သျှီတို့ မီးမီခဲစတဲ့ စတဲ့ အနုပညာရှင်များ မြန်မာပြည် ပြုပြင်ပြောင်လဲရေးမှာ ပါဝင်လာတာတွေ့ရတော့ ရွှေပြည်ကြီးတော့ နီးလာပြီးလို့ ခံစားရတယ်ဗျ။
အင်္ဂလိပ်တို့ မြန်မာပြည်သိမ်းပိုက်စဉ်ကလည်း စိန်ပါတီက “ ရွှေပြည်ကြီး” ဆိုတဲ့ နာမည်နဲ့ တိုင်းတပါးမှ လွှတ် မြောက်ဖို့ .. သီချင်းသံနဲ့ ပဲ ပြည်သူတွေကို နိုးထစေခဲ့ပါတယ်။ သူက..လွမ်းသံလေနှေားပြီး. “ ရွှေဗဟိုလ် စည်သံများ မကြားရတာကြာပါပြီ” တဲ့။
ယခု မြန်မာတွေ ရွှေဗဟိုရ်စည်သံလည်း ကြားဖို့ နားဆင်တုန်း.. စည်ကြီးကို ထိုးခွဲဖို့ လူတွေလာ ဒီတစ်ခေါက် ပါလီမန်မှာ တက်ရောက်လာတာတွေ့ရတယ်ဗျ၊ facebook သတင်းတွေအရ.. ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် အရေးအခင်းက ဆန္ဒပြတဲ့ သံဃာတော်တွေကို ဖြိုခွင်းခဲ့တဲ့ ဗိုလ်မှူးကြီးတွေ ပါလီမန်ရောက်နေ့ပြီလို သိရတယ်ဗျ။
ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ အထွေထွေအတွင်းရေးမှူး ဦဌေးဦးကိုကလည်း ရွှေဝါရောင် တော်လှန်ရေး ဖြိုခွင်းခဲ့တဲ့ ရာထူးကြီး စစ်ဗိုလ်တွေပါလာတာကို သဘေားထားအမြင်မေးတော့ “ ရာထူးကြီးတဲ့ သူတွေ လွှတ်တော်ထဲ ပါဝင်လာတာ ကောင်းတာပေါ့ဗျာ။ ပိုပြီး အလုပ်လုပ်နိုင်တာပေါ” ဟု မထိတတိဖြေ ဆိုသွားတာကိုလည်း ကြားရတယ်ဗျ။
ပြောလည်း ပြောရက်ပါပေတယ်ဗျာ.. ဘယ်ပြည်သူတွေကမှ ရွှေးချယ်ထားတာမဟုတ်ပဲ မျက်နှာပြောင်တိုက် လွှတ်တော်ဝင်လာတာကို အလုပ် ပိုလုပ်နိုင်တာပေါ့လို့ပြောတော့.. ရဟန်းပြည်သူတွေကို ဆက်လက်နှိပ်စက် ဦးမှာလားလို့ တွေးတောပူပန်မိပါသေးတယ်ဗျာ။
တဖက်လည်း သမ္မတီဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ပူးပေါင်းပြီး ပြုပြင်ပြောင်းလဲရေးတွေလုပ်လာတော့ ရွှေပြည်ကြီးတော့ နီပြီးလို့ တွေးတွေးပြီးပျော်နေရတယ်ဗျ။ ဟော ! အမိမြန်မာနိုင်ငံကြီး စီးပွားရေး၊ လူမူရေးတွေ ဖွင့်ပြီးဆိုတော့လည်း စာရေးသူတို့လည် တတတ်တအား ပါဝင်ဖို့ ဆုံးဖြတ်ထားတယ်ဗျ။
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲလာတာကို အသိအမှတ်ပြုတဲ့အနေနဲ့ အမေရီက၊ ကနေဒါ၊ အီယူ တို့ကလည်း စီးပွားရေး ပိတ်ဆို့မှုတွေကို တနှစ်ဆိုင်းငံထားတာ ၊ ဂျပန်နိုင်ငံက ကြွေးမည်းတွေ လျော့ချပြီး ချေးငွေ တွေပြန်ပေးတာ ကူညီမှုတွေက ပြန်ပေးတောကြားရတော့ ရွှေပြည်သား တစ်ယောက် အနေနဲ့ ဒို့ မြန်မာတွေ တိုးတက် ပြောင်လဲလာပြီလို့ ကြိတ်ပြီး ဝမ်းသာမီတာ အမှန်ပါ။
သို့သော်လည်း တစ်ဖက်မှာ.. မြန်မာပြည် ပြုပြင် ပြောင်လဲရေးမှာ အချိန်မရွေးနောက် နောက်ဆုတ်နိုင်တယ်လို့ နိုင်ငံရေး ကျွမ်းကျင်သူတွေက ဆိုနေသေးတယ်ဗျ။
၁။ အထက်လွှတ်တော် အောင်လွှတ်တော် နှစ်ရက်လုံးမှာ စစ်တပ်က ကြီးစိုးထားတာ
၂။ ဝန်ထမ်းဌာန အားလုံး လိုလိုမှာ စစ်ထွက်တွေဖြစ်နေတာ
၃၊ ကြီးမားတဲ့ စီးပွားရေး လုပ်ငန်းမှန်သမျှကို စစ်တပ်နဲ့ နီးစပ်သူနဲ့ ၊ စစ်ဗိုလ်ဆွေမျိုးတွေ ကြီးစိုးထားတာတွေဟာ အာဏာရှင်စနစ်ကိုပဲ ဦးတည်နေသလိုပါပဲဗျ။
NLD အမတ်တွေ ကျမ်းသစ္စာကျိန်ဆိုရေးနဲ့ ပတ်သတ်လို့် အခြေအတင်ဖြစ်နေချိန်မှာ ကြံ့ဖွံ့အမတ်တွေ ခေါင်းခဲသွားတယ်ဗျ။ သူတို့ မထင်မှတ်တာတွေက တစ်ခုပြီး တစ်ခုဖြစ်နေတာကို .. ဒါနဲ့ ပတ်သတ်လို့ ကြံ့ဖွံ့ အမှတ်တဦးက “နာမည်ကြီးအောင် ၊ လူတွေအသိအမှတ်ပြုခံရအောင် မပျော့နိုင်ပါဘူးဗျာ” လို့ မီဒီယာ တစ်ခုမှာ ကြာလိုက်ရသေးတယ်ဗျ။
မည်သူဖြစ်စေ.. မြတ်ဗုဒ္ဓဒေသနာအတိုင်း “ကိုယ့် ကြမ္မာ ကိုယ်ဖန်တီး”ဖို့က ပြည်သူတွေရဲ့ တာဝန်မဟုတ်ပါလား။ ပြည်ရွှေကြီး နီးစေဖို့ ပြည်သူတွေ သတ္တိရှိရှိ ရှေ့ဆက်လျှောက်ဖို့နဲ့ အနုပညာရှင်းများလည်း အနုပညာနဲ့ တတတ်တအား ပါဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ဗျာ။

No comments:
Post a Comment