Mar 7, 2011

မုဒိတာ


ပြည့်စုံ ကြွယ်ဝ ချမ်းသာသူများကို မြင်ရကြားရသောအခါ ဝမ်းမြောက်ခြင်း သဘောတရားသည် မုဒိတာတည်း။ 
ချဲ့ဦးအံ့…. ဥစ္စာစည်းစိမ် ဂုဏ်သိန်ဘက်ဖြစ်စေ၊ အမျိုးအဆွေ ၊ အဆင်း၊ ကျန်းမာခြင်း၊ ပညာတတ်ခြင်း  စသည်တို့တွင် တစ်မျိုးမျိုးဘက်ကဖြစ်စေ သမ္ပတ္တိဆိုက်နေသူကို မြင်ရကြားရသောအခါ အဘိဇ္ဈာ ၊ဣဿာ အားကြီးသူတို့၌ မတရားလိုချင်မှု ၊ မစားရသည့်အမဲ သဲနှင့်ပက်လိုမှု စသောအယုတ်တမာတရားတွေ ဖြစ်တတ်သော်လည်း စိတ်ထား ဖြူလွင် သူတော်စဉ်တို့၌ကား “တော်ပါပေတယ် ၊ တော်ပါပေတယ် ၊ သာဓု သာဓု ရှေးကောင်းမှုကြောင့် ယခုလိုချမ်းသာတာပါပဲ” ဟု မုဒိတာအစစ်ဖြစ်နိုင်သည်။ 

မုဒိတာအတု
တစ်ရံတစ်ခါ၌ကား မိမိနှစ်စပ်သူတို့ သမ္ပတ္တိ ဆိုက်နေသည်ကို မြင်ရ၍ ဝမ်းသာအားရဖြစ်တတ်ကြသည်။ ထိုအဖြစ်ကာ မုဒိတာနှင့် ဆင်တူရိုးမှား တဏှာလောဘ မကင်းသော နှစ်သက်ခြင်း ပီတိသောမနဿများ သာတည်း။ နှစ်သက်ရုံတွင်မက အလွန်အမင်းအားရလှ၍ မျက်ရည်များပင် ကျလာတတ်ပါသေးသည်။ ဤကဲ့သို့ ဖြစ်ခြင်းကို “မုဒိတာအတု” မှတ်ပါ ။ သို့သော် ထိုသိုဖြစ်တိုင်းလည်း မုဒိတာအစစ်မဟုတ်ဟု မဆိုလိုပါ။ အခါများစွာပင် မုဒိတာအစစ်လည်း ဖြစ်ပါပေလိမ့်မည်။
အရှင်ဇနကာဘိဝံသ၊ ကိုယ်ကျင့်အဘိဓမ္မာမှ

No comments: