Jan 5, 2011

ပေါင်းစပ်မှ မွှေး ယှဉ်တွဲမှ နွေး ( သမ္ပယုတ္တပစ္စယော)

ပြေတီဦးနဲ့ အူဝဲတို့ရဲ့ တောင်းရမ်မင်္ဂလာပွဲမှာ ဆရာ ဒဂုန်တာရာက “ပေါင်းစပ်မှ မွှေး” ပေါင်းစပ်လိုက်တဲ့ အခါမှာ အသစ်တစ်ခု ဖြစ်လာပါတယ်တဲ့..။ အပိုတစ်ခု ထည့်လိုက်ပါစေ.. တူနှစ်ကိုယ်ယှဉ်တွဲ (သမ္ပယုတ္တ) လိုက်ရင်တော့ ဘဝမှာ နွေးထွေးသွားမှာပါလို့။

အလုပ်တခြုဖစ်စေ… အာရုံတခုဖြစ်စေ.. အာရုံပြုကြ လုပ်ကြရာဝယ် ခံစားမှု ( ဝေဒနာ) မှတ်သားမှု ( သညာ) ပြုပြင်စီရင်မှု ( သင်္ခါရ) သိမှု ( ဝိညာဉ်) ဟူသော နာမ်ခန္ဓာလေးပါးတို့ တစ်ခုစီ ခွဲခြားလို့ မရအောင်း အတူတကွ ညီညီညွတ်ညွတ် ပေါင်းစပ် ယှဉ်တွဲ ဖြစ်နေခြင်းကို သမ္ပယုတ္တပစ္စယော ဟုဟောတော်မူပါတယ်။

ဆရာမြတ်ခိုင်က အကြင်လင်မယား ဇနီးမောင်နှံ သမ္ပယုတ္တဖြစ်ဖို့ - ရွှေ နှစ်ပြားကို ဂဟေသားသော်လည်း အကြား မထင်သကဲ့သို့ နေနှင့်လ ရွှေနှင့်မြ ပမာ တင့်တယ်လှပစေဖို့ မြတ်ဗုဒ္ဓရဲ့ နကုလမာတာနဲ့ နကုလပိတာ ဇနီးမောင်နှံဇာတ်လမ်းကိုဖတ်ပြခဲ့ပါတယ်။ သမ္ပယုတ္တဖြစ်ဖို့အတွက် တူညီတဲ့ ဝါသနာ၊ တူညီတဲ့ စရိုက်၊ တူညီတဲ့ သဒ္ဓါ၊ တူညီတဲ့ ပညာ၊ တူညီတဲ့ စေတနာတို့ ရှိရပါမယ်တဲ့၊ သူတို့နှစ်ဦးက အနုပညာသည်များဆိုတော့ ဒါတွေအားလုံး တူညီပြီးသားဖြစ်မှာပါ… ဒါကြောင့် ဘဝမှာ ယှဉ်တွဲဖို့ ဆုးံဖြတ်လိုက်ကြတာပေါ့။
အတုယူစရာကောင်းတာက နှစ်ယောက်လုံးဟာ “မြန်မာနိုင်ငံရဲ့ ပညာရေး” အတွက် ထောက်ပံ့သွားမယ်ဆိုတဲ့ ရည်မှန်းချက်ပါပဲ။ သာဓုခေါ်လိုက်ရပါစေ။

သိမ်မွေ့နက်နဲ သိရန်ခက်ခဲသော နာမ်ခန္ဓာလေးပါတို့ သမ္ပယုတ္တပစ္စယော ဖြစ်နေပုံကို ကြည့်ခြင်းအားဖြင့် လူလောကမှာ မကြာခဏကြားရတတ်တဲ့ တူနှစ်ကိုယ် ချစ်ကြလို့ ပေါင်းစပ်ပြီးခါမှ ယှဉ်တွဲလို့ မရတော့ဘူးဆိုတာကတော့ တစ်ခုခုတော့ မှားနေပြီးထင်ပါတယ်။

မောင်တထမ်း၊ မယ်တရွက် ၊ နှစ်လွှာပေါင်းမှ တစ်ရွက် စွယ်တော်ရွက်လို နိုင်ရာတာဝန်ကို ကိုယ်စီ ထမ်းလို့ ချစ်တာတွေ ဆထက် တပိုးတိုးကာ နာလည်းခွင်လွှတ် သမ္ပယုတ္တဖြစ်ကြမယ်ဆိုရင်ဖြင့်….။

No comments: