Dec 2, 2008

ကတညုတာ

သူပြုခဲ့ဘူးသော ကျေးဇူးကို သိခြင်းသည် ကတညုတာမည်၏၊ ကျေးဇူးမှာ ဥစ္စာပေးခြင်း၊ အတတ်သင်ပေးခြင်း၊ ဆုံးမခြင်း၊ ဘေးရန်ကာကွယ်ပေးခြင်း စသည်ဖြင့် မိမိအပေါ်ပြုအပ်သော သူတစ်ပါး၏ ကောင်းမှုပင်၊ ထိုကျေးဇူးကို နာလည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အောက်မေ့သည်၏ အစွမ်းဖြင့် သိခြင်းကို ကတညုတာ ဆို၏။သိခြင်းဆိုသောကြောင့်သိရုံ သိသူကို ကတညုတ မမှတ်အပ်၊ သိ၍ ကျေးဇူးတုံ့ပြန်တတ်သူကိုသာ (ကတညူတ= ကျေးဇူးသိတတ်သူ) ဟုဆိုပါသည်။
တချို့ မိမိအပေါ် ကျေးဇူးပြုထားသူတစ်ဦး အကူအညီ လိုနေသောအခါ စွမ်းနိုင်ပါလျက် ပါစပ်ကောင်း၍ လက်မပါဘဲရှိတတ်၏၊ ဤသူကား (အကတညူတ= ကျေးဇူးမသိတတ်သူ) များတည်း၊
တချို့ကား ဤသို့မသိယုံသာမက ကျေးဇူးရှင်ကိုပင် ကျေးစွပ်လိုသော လူမိုက်များတည်း။
မဟာကပိဇာတ်၌ ပုဏ္ဏားမိုက်သည် မိမိအသက်ကို ကယ်တင်ခဲ့သော အလောင်းတော် မျောက်မင်း၏ ခေါင်းကို ကျောက်တုံးနှင့် ထုခွဲလေသည်။

No comments: