Mar 26, 2012

မရွေးမီ ( ရွေးကောက်ပွဲကြီး)


သိပ္ပံမောင်ဝ၏ ၁၂၉၄-ခုနှစ် ဝတ္ထုတို

တရံရောအခါ ဘိလပ် ရွှေမြို့တော်ကြီး၌ မြန်မာပြည် မျာက်နှာစုံညီ အစည်းအဝေးကြီးကို ကျင်းပလေ သည်။ တိုင်းပြည်ခေါင်းဆောင်ဟု အခေါ်ခံကြသော သူတို့ကိုဖိတ်၏။ သွာလိုက်ကြသည်မှာ တပျော်တပါး၊ အားကျ စရာကြီး ဖြစ်လေသည်။ အစိုးရငွေနှင့် အင်္ဂလန်ပြည်သို့ သွားရသည်ကို မည်သူ သဘောမကျဘဲ   နေအံ့နည်း။  

ထိုမျက်နှာစုံညီ အစည်းအဝေးပွဲ၌ တိုင်းရေး ပြည်ရေးအကြောင်းများကို   ဆွေနွေးကြလေ သည်။ မြန်မာ ပည်ကို အိန္ဒိယပြည်မှ ခွဲထွက်ရန်၊ အန္ဒိယနှင့်တွဲထားရန်ကိုလည်း တိုင်ပင်ကြလေသည် နောက်ဆုံး၌ အင်္ဂလိပ်နန်းရင်းဝန် အမတ်ကြီးက ခွဲရေး၊တွဲရေးဆိုသည်မှာ    ခေါင်းဆောင်တို့အရာမဟုတ် ၊ တိုင်းသူ    ပြည်သားတို့၏ အရာသာဖြစ်သည်ဟူ၍ ထုတ်ပြန်    ကျေညာ ချက်ကိုပြု၏။

ခေါင်းဆောင် အပေါင်းတိုလည်း မြန်မာပြည်သို့ ခပ်သုတ်သုတ် ပြန်၍  ကြွလာကြကုန်၏၊  သူတို့တတွေ   ပြန်မာပြည်သို့ ရောက်သည်နေ့မှ အစပြု၍ ခွဲရေး၊တွဲရေးအကြောင်းမပါလျှင် မပြီးတော့ပြီ။ ငြီးလောက်ေ အာင်ပင် ရေးသားကြလေသည်။ ခွဲရေး တရားဟောဆရာတွေလည်း မနည်းပြီ၊ တွဲရေး တရားဟော ဆရာတွေလည်း  အနန္တ ၊ ကြံကြ ၊စည်ကြ ၊ ပလီကြကုန်၏။

၂၁ဦးခေါင်းဆောင် ဦးဘဘေးနှင့် ဦးစောတို့က ခွဲရေးတရားကို ဟောလိုက်ကြသည်မှာ မြို့တကာ ရွာတကာနှံ့လေတော့သည်။ ဒေါက်တာဘမော်နှင့်ဦးကျော်မြင့်တို့က တစင်ထောင်ပြီးလျှင် တွဲရေး တရားကို ဟောကြပြန်၏။

 တိုတွဲရေးဖက်မှာပင် နှစ်သင်းကွဲပြညားပြီ်းလျှင် ဦးချစ်လှိုင်နှင့် ဦးပေါ်ထွန်းတို့ က တစင်ထောင်ကြပြန်လေ သည်။  ခွဲရေးဘက်မှလည်း ဆရာဂျေ-အေတို့က တသင်းထောင်ပြန်၏ ၊ သို့နှင့် တွဲရေးကနှစ်သင်း ၊ ခွဲရေးကနှစ်သင်း အသင်းကြီး လေးသင်းပေါ်၍လာလေသသည်။ 

 တောင်တွင်းကြီးမှာလိုများ ပေလေးပင် ရှင်လေးပါးပင်ပေါက်သလား မပြောတတ်၊   စုံစမ်းရန်သင့်၏။
ကံ၊ ဒွါရ ကွဲကြသည်နှင့်တူ၏၊ ငှက်တွင်း၊ သုဓမ္မာ ကွဲကြသည်နှင့် လည်းတူလေသည်။ ခွဲရေး၊တွဲရေး အကြောင်း ဟောလိုက်   ပြောလိုက်ကြ သည်မှာ တသောသောနှင့်နေတော့၏၊ ထိုခွဲရေး တွဲရေး တရားပွဲ စကားပွဲတို့မှာ ရှေးဦးစွာ မြို့များ ခေတ်စား၏။
  နောက်တော့ တောရွာသို့ရောက်လေသည်။ တလ နှစ်လအတွင်း တနိုင်ငံလုံး နှံ့၍သွားလေတော့သည်။ အခွဲသမားကလည်း အခွဲကောင်းကြောင်း အတွဲသမားကလည်း အတွဲကောင်းကြောင်း ဟောကြကုန်၏။ မည်သည်ကိုကို ယုံရမည်မသိ။

    တောသူ၊တောင်သားတို့၏ နားတွင် ဝါးတားတား နေလေသည်။  အခွဲသမားတို့၏ စကားကို ကြားလိုက်ရပြန်လျှင် အခွဲကပင် ကောင်းနိုးနိုး၊ အတွဲသမားတို့၏ စကားကို ကြားလိုက်ရပြန်လျှင် အတွဲကပင် ကောင်းနိုးနိုး၊ ထိုသိုသော တနိုးနိုးနှင့်ပင် ရက်တွေ ၊လတွေ အတော်ကြာညောင်းလာခဲ့၏။ 

ရပ်ထဲ၊ ရွာထဲတွင် ခွဲရေး၊ တွဲရေးအကြောင်း အငြင်းအခုံ ဖြစ်ကြသည်မှား ဆူညံနေတော့သည်။ ကံနှင့် ဒွါရ အငြင်းအခုံ ဖြစ်တုန်းက လိုလို၊ ကမ္ဘာစစ်ကြီးအတွင်းက အင်္ဂလိပ်နိုင်မည် ၊ ဂျာမဏီ နိုင်မည် စသည်ဖြင့် ငြင်းကြသလိုလို၊ ခွဲရေး၊ တွဲရေး အငြင်းပွဲများတွင် ရန်ပင်ဖြစ်ကြလေသည်။ အဖေက တွဲရေး၊ သားက ခွဲရေး၊ အမေက ခွဲရေး ၊ သမီးကတွဲရေး အိမ်တွင်းမှာ အငြင်းမစဲပြီ။ 

ကံ၊ဒွါရ အငြင်းအခုံသည် ရဟန်းတော်များမှ စလိုက်ရာ လူဝတ်ကြောင်များသို့ နှံ့၍သွားလေ ၏။ ခွဲရေး ၊ တွဲရေး လူဝတ်ကြောင်များမှ စလိုက်ရာ ရဟန်းတော်များသို့ ရောက်၍သွားလေသည်။
ဤခွဲရေး၊တွဲရေး စစ်ပွဲများတွင် ရဟန်းတော်များ ဝင်၍ နွှဲလိုက်သည်နှင့် တပြိုင်နက် ထိုအရေးမှာ   ရှေးကထက်ကြီးကျယ်၍လာလေသည်။ ရှေးကထက်ပင်ရှုပ်ထွေး၍လာလေသည်။ ကျောင်းဒကာနှင့် ဘုန်းကြီး၊ ဘုန်းကြီးနှင့်ကျောင်းဒကာ ပြင်းစွာ အငြင်းပွားကြလေသည်။ တောင်တလုပ်ရွာ ဘုန်းတော်ကြီး ဦးဂန္ဓမာက တွဲရေး ၊ ကျောင်းဒကာ ဦးလူလှက ခွဲရေး၊ အသီးသီးကြိုက်ကြကုန်၏။ ဦးလူလှက ဘုန်းတော်ကြီး ဦးဂန္ဓမာအား ကျောင်းပေါ်မှနင်းချ၏။ ဗလီကျောင်းမှာ ကျောင်းသွားထိုင် ချေဟုဆိုလေသည်။ ဘုန်းကြီး ဦးဂန္ဓမာက ဦးလူလှအား သပိတ်မှောက်လေတော့၏။ တောင်တလုပ်ရွာ သားများကား  အနေကျပ်လှ၏၊။ အချို့က ဘုန်းကြီးဖက်ဝင်၏။ အချို့မှာ ကျောင်းဒကာနှင်တွဲ၏။ 

ခွဲရေးဘုန်းကြီးများအား တွဲရေးသမားတို့ကဆွမ်းမလောင်း၊ တွဲရေး ဘုန်းကြီးများအား ခွဲရေးသမား တို့က မလှူ အလွန်စိတ်ပျက်စရာကောင်းသည့် အရေးကြီးဖြစ်လေသည်။ 

လက်သမားဆရာ ဦးလှအောင်က အိမ်ဆောက်ယင်း ခွဲရေးတရားကို ဟောလေသည်။ အိမ့်ရှင်   ဒေါ်ငြိမ်းမယ်က မကြိုက်သောကြောင့် တွဲရေးကောင်းပြောပြန်၏။ ဦလှအောင်က ကုလားနှင့်တွဲလျှင်   မြန်မာမိန်းမတွေအားလုံး ကုလား မယားတွေဖြစ်ကုန်မည်ဟု ဟော၏။ မြန်မာ မိန်းမတွေက ကုလားကို ယူမှ ကုလား မယာဖြစ်မည်ဟု ဒေါ်ငြိမ်းမယ်က ပြန်၍ ချေလေသည်။ 
မော်တော်ဘက် မောင်းသမား မောင်မင်းဟန်က မြန်မာပြည်ကို အန္ဒိယနှင့်တွဲထားလျှင် ကုလားတွေ အများ မြန်မာပြည်သို့လာသောကြောင့် မြန်မာများ အလုပ်လက်မဲ့ ဖြစ်ကြမည်ဟု   ပြော၏။   မော်တော်ဘတ်တွင် စီကာ လိုက်ပါလာသူ မောင်သာလူက မြန်မာပြည်ကို အန္ဒိယပြည်မှ ခွဲထုတ်လိုက် လှင် အင်္ဂလိပ်တွေ သင်္ဘောကြီးနှင့် လာကြသောကြောင့် မြန်မာတွေ ယခုထက်ဆိုးမည်ဟု   ပြောကြ လေသည်။

မောင်မင်းဟန်က ဟာ..ဟာ..ဟာ.. ဟုရယ်ကာ မောင်တော်ဘတ်ကို  ရပ်ပြီးလျှင်  မောင်သာလူကို နင်ချ၏။   မောင်သာလူက မဆင်း၊ လမ်းခုလတ်မှာ မဆင်းနိုင်ဟုဆိုကာ ထိုင် နေလေသည်။ ပိုက်ဆံလည်း ပေးပြီးပြီ။ အခြားသူများက တောင်းပန်ကြကုန်၏။ ဦးပဏ္ဍိတနှင့် ဦးဘိုမောင်တို့သည် ဧရာဝတီ သင်္ဘောပေါ်တွင်  ခွဲရေး၊ တွဲရေး ငြင်ကြကုန်ရာ ခိုက်ရန်ဖြစ်ပွားကြ ကုန်၏။ ထောင်းမည် ၊ ကြိတ်မည်လုပ်ကြကုန်၏။ ဦးပဏ္ဍိတက သင်းပိုင်ကိုမ၏ ၊ ကိုဘိုမောင်က ခါးတောင်းကြိုက်လေသည်။ ဦးပဏ္ဍိတ၏ လက်ထဲတွင် ဘိလပ်ရည် ပုလင်းများကို မြင်ရလေသည်။  တသင်္ဘေလုံးဆူးဆူညံညံ။
ယူနီဘာစတီ မြသန်းကြည်တို့၏ အငြိမ့်ပွဲတွင် ဓာတ်စံနှင့် ဦးဗေဒါတို့ကြီးတို့ ခွဲရေး၊တွဲရေးငြင်းကြ၏။  ခွဲရေး ၊ တွဲရေး အကြောင်း ပြက်လုံးထိုးကြ၏။ တရုံးရုံးနှင်နေလေသည်၊ တဟားဟားနှင့် နေလေသည်။ 
မောင်သာဟန်၏ ဇာတ်ပွဲတွင် တွဲရေးအကြောင်း ပျက်လုံးထိုးမိသောကြောင့် အုတ်ပိုင်း သုံးပိုင်းကျ၍ ပွဲပျက်သွားလေသည်။  ငါးစိမ်းသည် မသာအိသည် ဟင်းရွက်သည် မစာဥအား ပါးနားရိုက်သည်ကို မြင်ရ၍ တရွာလုံးက ဝိုင်ဖျဉ်ကြလေသည်။ အဘယ်ကြောင့် ပါးနားရိုက်ပါသနည်းဟု သူကြီးမင်းက မေးသောအခါ ခွဲရေး၊တွဲရေး ငြင်းကြရာက ဖြစ်ကြောင်း ပြောကြ၏။ မသာအိ ဒဏ်ငွေ သုံးကျပ် အတပ်ခံရ၏။

ကာကာလေးဆိုင်တွင် လူပျိုခေါင်း မောင်ပန်အောင်တို့ လူစုတွဲရေး စကားတွေ ပြောပြီလျှင် လက်ဖက်ရည် အကြွေး ဝယ်သောက်ကြလေသည်။  ခမျာ ကာကာလေးမှာ အကြွေးကျလွန်း၍ ဆိုင်ကို ပိတ်ထားရ မလောက်ဖြစ်၏။
 တနေ့ ရွှေမျက်မှန်နှင့် ကိုယ်တော်တစ်ပါးသည် ကာကာလေးဆိုင်တွင် ကော်ဖီသောက်ရင်း တွဲရေး တရားကို ဟောနေလေသည်။

ကျုံတနိရွာသို့ တွဲရေး တရားဟော ဆရာများ ရောက်လာကြ၏။ သူတို့၏ တရားပွဲသို့ သွာကြသူတွေမှာ မနည်းလှပေ။ ပြန်လာကြသောအခါ ရွာသားအချို့က ခွဲလိုက်လျှင် ချဉ်ပေါင်တပင်လျှင် အခွန်တပဲ   ကောက်မှာကို စိုးသည်ဟု ညဉ်းကြလေသည်။ ဆယ်အိမ်ခေါင်း မောင်သာလှက “းဒါဖြင့် ဘယ်သူ ချဉ်ပေါင် စိုက်မှာတုံး” ဟုဆို၏။  သူကြီးမင်းကာ အခွဲသမားလိုလို အတွဲသမားလိုလို အနေကျပ်လှ၏။ 
 
မကြာမီက အတွဲသမားတွေ သရက်ပင်ရွာသို့ တရားဟောရန် လာကြရာ ခဲနှင့် အပေါက်ခံကြရသည် ဟုကြားရ၏။ မောင်သာဇံတို့လူသိုက်ကို ငွေတစ်ဆယ်ပေးလိုက်မှ အေးသွားလေတော့၏။    မောင်သာဇံတို့လူစု တွဲရေးဖက် ပါတော့မည်ဟု ဆုံးဖြတ်ကြလေသည်။ 

လယ်သမား မောင်အောင်ဖြိုးတို့လူစု ချစ်တီတိုက်တွင် ငွေသွားချေးရာ တွဲရေးဖက် မဲထည့်မှ    ချေးမည်ဟု ပြောသောကြောင် ရန်ဖြစ်ကြပြီး ပြန်လာကြ၏။ မောင်နီတာ တယောက်သာ တွဲရေးဖက် မဲပေးမည်ဟု ဝန်ခံသောကြောင့် ငွေ ၁၀၀ိ ရခဲ့လေသည်။

တနေ့က လှဲကျိုးရွာတွင် ဘုန်းတော်ကြီး ဦးဝီဇယက မိမိ၏ တပည့်များအား တွဲရေးဖက် မဲထည့်ရန် သစ္စရေတိုက်၏။  ဘုန်းကြီးးကို ကြောက်သောကြောင့် သောက်ခဲ့လေပြီ၊ တရွာလုံးဆူနေပြီ။
ထိုခွဲရေး တွဲရေးပေါ်လိုက်သည်မှာ မြန်မာပြည်တွင် အတော်ပင် ရှုပ်ပွေ သွားလေသည်။ ရန်သူ မဖြစ်သင့်ဘဲ ဖြစ်ကြ၏။ စကားမများသင့်ပဲများကြ၏။ အငြင်းမပွားသင့်ပဲပွားကြ၏။ အမှု မရောက်သင့်ပဲ ရောက်ကြ၏။ အဘယ်ကြောင့် ဤသို့ပြုကြသည်မသိ။ အေးအေးဆေးဆေး ခွဲလိုက်လျှင် မည်မျှ ကောင်းမည်နည်း။ 

နယ်ပိုင် မောင်လူအေးကာ မိမိနယ်အတွင်း မည်သည့် အရပ်တွင် ခိုက်ရန် ဖြစ်ပွားမည်နည်း မည့်သည့် နေရာတွင် အကြီးအကျယ် အဓိကရုဏ် ဖြစ်မည်နည်း ဟူ၍သာလလျှင် နားစွင့်ကာ နားထောင်နေကြရလေသည်။ မိမိကား  အစိုးရအမှုထမ်းဖြစ်သောကြောင့် အာစေးမိလျက်နေတော့၏။

 ခွဲရေးဖက် မပါရ တွဲရေးဖက်လည်း မပါရ ခွဲရေးကိုလည်း အားမပေးနိုင်၊ တွဲရေးကိုလည်း အားမပေးနိုင်။ သို့သော် စိတ်ထဲ၌မူကား ခွဲရေးဖက်ကို စိတ်သန်သည် မှန်၏။ စိတ်ထဲ၌ ခွဲရေးတွဲရေးဖက်ပါသည်ကိုကား အစိုးရမင်းက ပိတ်ပင်ခြင်းမပြု။ အစိုးမင်၏ အပြစ်လွတ်ရုံ စိတ်ထဲတွင်သာ ခွဲရေးဖက် ပါ၍နေလေသည်။ သို့သော် နှုတ်ကမူကား မှား၍မျှ မထွက်မိ၊ တွဲရေးသမားတို့   ဟောသမျှကို နားထောင်၏။  ခွဲရေးသမားတို့ ဟောသမျှကိုလည်း နားထောင်လေသည်။

ထိုခွဲရေး၊တွဲရေးတွင် ဝင်စွက်ခြင်း မပြုကြသော်လည်း ယင်းအရေးတို့နှင့် ပတ်သတ်၍   ဆောင်ရွက်သည်မှာလည်း အားလှသည် မရှိပြီ။ ရွေးကောက်ပွဲကို မကျင်းပမီ   လေးငါးရက်ကပင်    ရွေးကောက်ပွဲ ကျင်းပရာ နေရာများကို စီမံရ၏။ ရွေးကောက်ပွဲတွင် ကြီးကြပ်မည့်သူများကို နေရာချရ၏။ 

အင်္ဂလိပ် သက္ကရာဇ် ၁၉၃၂ ခု၊ နိုဝင်္ဘာလ ၇ ရက်နေ့ ၁၂ နာရီ အချိန်တွင် ရွေးကောက်ပွဲတွင် ကြီးကြပ်မည့်သူများ မြို့ပိုင်ရုံးတွင် စုဝေးကြရသည်။ မြို့ပိုင်းမင်း ဦးဘိုးလှိုင်ကား မောင်လူအေးထက်ပင် အလုပ်များ သေး၏။ ရွေးကောက်ပွဲတွင် လိုက်နာရန် စည်းကမ်းများးကို ရှင်းလင်း၍ပြရရှာလေသည်။

ရာဘတ်ကြီး ဦးဘသော်လည်း  ဦးဘလှိုင် ရှင်းလင်း၍ ပြနေသည်ကို မကျေနပ် ၊ အထပ်ထပ် ရှင်းလင်ပါ ဟု ကျယ်လောင်စွာပြော၏။ ပိုက်ကပူရသည့်အထဲတွင် သူ့အသံကလည်း နားကွဲလုမတတ် ကျယ်လေသည်။ မည်သူသည် အူအား မကြောင်ဘဲ နေအံ့နည်း။ ဟိုမေး သည်မေးနှင့်သာ နေရလေသည်။
ယစ်မျိုးအရာရှိ ဦးဘမောင်ကား  ဦးဘလှိုင် ရှင်းလင်း၍ ပြနေသည်ကို နားမထောင်နိုင်၊ မိမိအတွက် ယူရန်ရှိသော မဲစက္ကူများကို သာလျှင် ကျကျနန ရေတွက်၍ နေ၏။ မဲပြား သုံးပြားလိုနေသး သည်ဟု   ဆိုလေသည်။ မြို့ပိုင် ဦးဘလှိုင် မှာလည်း ရှင်းလင်း၍ ကောင်းတုန်းပင်။

ပညာအုပ်  ဦးတင်းမောင်ကား မဲစက္ကူများကိုလည်း မရေတွက် မြို့ပိုင်မင်း ရှင်းလင်း၍   ပြသည်ကိုလည်း   နားမထောင် ၊ ကုလားထိုင်ပေါ်တွင် အပ်ငိုက်၍ နေလေသည်။ 
နယ်ပိုင် ရုံးစာရေး မောင်ဖျန်းစိန်နှင့် မောင်ဘကွန်းတို့ကား မောင်လူအေး၏  အနားတွင် မဲစက္ကူများကို ရေတွက်၍ နေကြလေသည်။ 

ဘီလစ် မောင်ဘဆန်းနှင့် မြေစာရင်း အင်စပိတ်တော် ဦးဘိုးရီတို့မှာ ဦးဘလှိုင် ဖတ်ပြ၊ ရှင်းပြနေသော စည်းကမ်းများကို နားမလည်နိုင်ကြသဖြင့် ခေါင်းကုပ်၍ နေကြကုန်၏။

ဒုတိယ မြို့ပိုင် ဦးလူခင်ကာ မိမိ၏ စာရေးများနှင့် အတူမဲစက္ကူများကို ရေတွက်နေလေသည်။
စည်းကမ်ချက်းများကို ရှင်းလင်း၍ ပြီးလျှင် မဲပုံးများကို ဦဘလှိုင်က ထုတ်၍ ပေးလေသည်။ တယောက်လျှင် ခြောက်လုံးကျ ဖြစ်၏။ ကရင်အတွက် သုံးလုံး၊ မြန်မာအတွက် သုံးလုံးဖြစ်လေသည်။

မဲပုံးများကို ရသောအခါ အရာရှိ တသိုက်မှာ တညည်းညည်း တညူညူနှင့် မြို့ပိုင်မင်း၏ ရုံးမှ ထွက်ခွါ သွားကြလေသတည်း။

No comments: