Mar 29, 2012

ရင်ခုန်သံလေး ..နှေးသွားပြီ

၁။
အဖေကြီး..အဖေကြီး
သမီးကို ရေကူးသင်တန်းသွားပို့တော့မလို့.. မောင်ကြီး၊မောင်ငယ်တို့နိုးလာရင်.. ရေချိုးပေးလိုက်ဦး၊ စားသောက်ခန်းမှာလည်း သူတို့ စားတတ်တဲ့ ပေါက်ကွမ်း(Popcorn)တွေပြင်ထားတယ်၊ မိုက်ကရိုဝေ့  Microwave) လုပ်ပြီးကျွေးလိုက်ဦးနော်..။

စနေနေ့နံက် ၆-နာရီကျော် ၇-နာရီလောက်.. သမီးကို ရေကူးသင်တန်းပို့ဖို့ပြင်ဆင်နေတဲ့  အိမ်ရှင်ဇနီးရဲ့ အသံကို.. အိပ်ရာ ထဲမှ အတိုင်းအတိုင်းကြာနေရပါတယ်။ ဇနီးသည်က စေားစေားထ မိသားစုအတွက် ပြင်ဆင်သံတွေကြားနေရပေမယ့် အိပ်ယာမှ မထဖြစ်သေး၊  မနေ့က သောကြာနေ့ဆိုတော့ အလုပ်မှာ ပင်ပန်းသမျှ ( Good Friday ) အေးအေး ဆေးဆေးအနာယူကာ အိပ်ယာထဲမှာ    နှက်နေပါတယ်။

သမီးနဲ့ဇနီးတို့ ကားမောင်းထွက်သွားတာမှ မကြားသေး ဟော..! မောင်ကြီး၊မောင်ငယ် အမွှာနှစ်ကောင် အိပ်ယာမှ နိုးလာပြီ.. .။ သူတို့ အိပ်ယာက နိုးတာနဲ့ မျက်နှာသစ်၊ သွားတိုက်၊ စသည်ကိစ္စကို တစ်ယောက်ယောက်က လုပ်ပေးရမြဲ၊ အမွှာနှစ်ကောင်က..အသက် ငါးနှစ်လောက်ရှိသော်.. သူတို့ကိစ္စအားလုံး မိဘတွေက ..လုပ်ပေးနေရတုန်းပါပဲ။

“အမေ..အမေ..”

မောင်ကြီး..မောင်ငယ် အိပ်ယာက နိုးတာနဲ့ သူတို့အမေကို ခေါ်ပြီ….။ သူတို့လေးတွေ တိုင်းတပါးမှာ မွေးတယ်ဆို ပေမယ့် .မြန်မာစကား    တော့ ကောင်းကောင်းပြောတတ်ပါတယ်။ .. သူတို့အမေက .. မြန်မာစကားကို ကောင်းကောင်း သင်ပေးထားပါတယ်။ သားနှစ်ယောက်ရဲ့ အသံကိုကြားတော့.. အိပ်ယာထဲမှာ ကောင်းကောင်း နှက်နေလို့မရတော့..သူတို့ ကိကိစ္စဝိစ္စတွေကို ဆောက်ရွက်ပေးရမည်မဟုတ်လား..။

“လာ..လာ..သားကြီး၊သားငယ်.. မေးမေကြီး မမကို ရေကူးသင်တန်းသွားပို့တယ်.. ဖေဖေလာပြီ..ဖေဖေလာပြီ”  သူတို့လေးတွေ အိပ်ယာကနိုးတာနဲ့ အားလုံးဆောင်ရွက်ပေးရပါတော့တယ်။

နိုင်ငံခြားတိုင်းပြည်မှာ..ကလေးတစ်ယောက် တာဝန်က သိပ်ကြီးသား.. ကျောင်းသွား၊ကျောင်းပြန်ကြိုရပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးငယ်ကို အိမ်ကိုထားခဲ့လို့မရ..။ မြန်မာပြည်မှာဆို.. လေး၊ငါးနှစ်ယောက်ဆို အိမ်းနီးနားချင်း ကလေးတွေနဲ့အတူ ဆော့ကစားလို့ လွှတ်ထားလို့ရပြီ။ ဒီမှာကတော့ (၁၂) တိုင်းအောင် ကလေးတွေကို အိမ်မှာ ထားခဲ့လို့မရ.. ကလေးကိစ္စကတာဝန်သိပ်ကြိးလှပါတယ်။


 တချို့အဖြူတွေဆို ကလေးချစ်သော်လည်း ကလေးတာဝန်ကြီးလို့ ကလေးမယူလိုကြ..။ တခါတလေ… အိမ်ကဇနီးတောင် ငြီးငြူတတ်လာပြီ။ အချို့က.. အိမ်ရှင်ဇနီးကို.. “မင်းတို့ သိပ်ကံကောင်းတယ်နော်..သမီးတစ်ယောက် .. သားနှစ်ယောက်နဲ့ ပျော်ရွှင်စရာ မိသားစုလေးတဲ့” ဒီလိုပြောတော့..ဇနီးသည်က မထိ တထိနဲ့.. “ တစ်ယောက်မှ ကို မယူချင်တော့ပါဘူး.. သူတို့ကို မွေးမြူ စောင့်ရှောက် ကြည့်ရတာ မောလှပြီး”တဲ့။

ဟုတ်ပါတယ်…။

အိမ်မှာ..မောင်ကြီး..မောင်ငယ် ညီးအကိုနှစ်ယောက်က အဆိုးဆုံး… တစ်ယောက်ယောက်ကို ဆုံးမဖို့ အနည်ငယ် ရိုက်လိုက်ရင်.. နှစ်ယောက်လုံး အသံပြဲကြီးနဲ့ ငိုပြီ။  အိမ်မှာ.. ဇနီးသည်လည်း မရှင်းနိုင်တော့။ သူတို့   နှစ်ယောက် ဆော့ထားတာ ပွစာကျဲလို့..။  အိမ်ရှင်ဇနီးက..တခါတစ်လေ စိတ်ကုန်တော့ ..အမွှာနှစ်ကောင်ကို အော်လိုက် ၊ ငေါက်လိုက်..ရိုက်လိုက်နဲ့..  တခါခါကြတော့လည်း.ဇနီးသည်ပဲ အမွှာနှစ်ကောင်ကို.. နမ်းရပြန်ပြီး..အချစ်တွေ ပိုရရန်ပြန်ပြီ ။ ဒါကို တွေ့မြင်နေတဲ့ သမီးကြီးက.. “မေမေပဲ..မောင်လေးတွေကို ခုနရိုက်တယ်.. ခုတော့ နမ်းပြန်ပြီးတဲ့”

သားနှစ်ယောက်ကို နံက်အိပ်ယာထ ရေးချိုးပေးရင်း.. အတိက်က..မိမိတိှု့ဇာတ်ကြောင်းကိုပြန်ပြောင်း မြင်ယောက်လာမိပါတယ်။

မောင်က..ကနေဒါနိုင်ငံကို အရင်ရောက်လာပါတယ်..။ ရောက်စကတော့ ..ညီမ ပါမလာသေ.. ညီမက ထိုင်းမှာ ကျန်ခဲ့ပါတယ်။ ရောက်စက အရွယ်ကောင်းတုန်းဆိုတော့ ကျောင်းတက်လိုက် ၊အလုပ်လုပ်လိုက်နဲ့..ဘဝမှာ ပျော်သလိုလိုပါပဲ။ ညီမက ထိုင်းမှကျန်ခဲ့တယ်ဆိုပေမယ့် ..အလုပ်ကအပြန် အိမ်ရောက်ရင်..နေ့တိုင်းလိုလို တယ်လီဖုန်းနဲ့ ညီမကို.. စကားပြောဖြစ်ပါတယ်..။ အဲဒီတုန်းကတော့ ..ညီးမရဲ့စကာသံတွေဟာ  မောင့်အတွက် အားဆေးတွေဖြစ်ခဲ့သလို..မောင်အတွက် အိမ်မက်တွေလည်းဖြစ်ခဲ့ပါတယ်။

ညီမနဲ့ချစ်သုတွေဘဝတုန်းက ..ကြည်းနူစရာတွေကြီးပါပဲ.. ညီမဟာ..မောင့်ရဲ့အလင်းရောင်ဖြစ်ခဲ့သလို့.. မောင်ဟာလည်း ညီမရဲ့ လမ်းပြကြယ်ကြီးပါပဲ။ ဒီလို့နဲ့ နှစ်ယောက်သဘောတူ အချစ်အိမ်လေး တည်ဆောက်ခဲ့ကြပါတယ်။လက်ထပ်ပြီး   မကြာခင်မှာဘဲ. . ညီမ..မောင်ရှိရာ နိုင်ငံခြားတိုင်ပြည်ကို လိုက်လာခဲ့ပါတယ်။    ရောက်စကတော့ နှစ်ယောက်တည်း အေးအေးဆေးဆေး ဘာပြဿနာမှ မရှိ အဆင်အားလုံးပြေပါတယ်။ ညီမကိုလည်း အလုပ် မလုပ်စေပဲ.. ကျောင်းတတ်ခိုင်းပါတယ်။

မိသားစုမှာ နှစ်ယောက်ကနေ့ သုံးယောက်ဖြစ်လာတော့ အသုံးစရိတ်တွေကြပ်လာတယ်၊ အိမ်လခ၊ တယ်လီဖုန်း၊ ကားလုံး(ကားကြွေး)  စသည်စသည်များက..တစ်လနှင့်တစ်လ. လည်ပတ်နိုင်အောင် မနည်းကြိုးစားရပါတော့တယ်။ နိုင်ငံခြားတိုင်ပြည်မှာ ကားဈေးသက်သာသော်လည်း  Insurance နဲ့ ဓာတ်ဆီဈေးက မသက်သာ..။ မိသားစု စားသောက်စရိတ်ထက် ဈေးကြီးပါတယ်။ ကားကလည်း မရှိလို့မဖြစ်.. မိသားစုနဲ့ဆိုတော့ ကျောင်းပို့၊ ကျောင်းကြိုကလည်း ကားရှိမှ၊ အချို့အလုပ်ကလည်း ကားမရှိရင်မဖြစ်ဆိုတော့  နိုင်ငံခြားတိုင်းပြည်မှာ ကားဟာ မြန်မာနိုင်ငံမှာလို့ သူဋ္ဌေးများ ဇိမ်းခံပစ္စည်းမဟုတ်ပဲ .. ဖိနပ်လိုဖြစ်ပါတယ်။

သမီးကလည်းအရွယ်ရောက်လာ.. မောင်ကြီး၊မောင်ငယ်ကလည်း မြောက်ရှုံးအောင် ဆော့တတ်လာတော့ နှစ်ခန်းတွဲ အိမ်နှင့် မဖြစ်တော့.. ၃-ခန်း ၄-ခန်းပါတဲ့ အိမ်ကိုရှာရပါတော့တယ်၊ အိမ်ခန်းများတာနဲ့  အိမ်စရိတ်က တက်သွားပြီး အရင်က တစ်လ ရှစ်ရာဆို.. ၃၊၄-ခန်းအိမ်က..  တစ်ထောင့်ငါးရာလောက်ရှိပါတယ်။ ဒီလို့နဲ့ မိသာစု အသုံးစရိတ်တွေကလည်း ကြပ်တည်းလာပါတယ်။
မိသားစုကြပ်တည်းလာနဲ့.. ဇနိးသည်က့..ပွစီပွစိဖြစ်လာပါတယ်..။

ဇနီးသည်က.. အသုံးအဖြုန်းကြီးကြောင်း .. ။ အလုပ် လုပ်တာသူများနဲ့မတူကြောင်း၊ ဒီလိုဆိုရင်.. သူပါ. အလုပ် လုပ်မှ ရတော့မည်ဖြစ်ကြောင်း.. ပြောလာပါတယ်။  ဒီမှာ ကျနော်အလုပ်ကိုအနည်းငယ်ပြောချင်ပါတယ်..။ ကျန်နော်က..ရောက်ရောက်ချင်း ကနေဒါမှာ ကျောင်းတက်ထားတော့  Renovation လို့ခေါ်တဲ့ အသေးစား ဆောက်လုပ်ရေး လုပ်ငန်း လုပ်ပါတယ်။ ငွေကတော့ အလုံးလိုက်အခဲလိုက် ရတတ်ပါတယ်။ သို့သော်လည်း အလုပ်ရှင်နဲ့ အဆင် မပြေရင် သော်လည်းကောင်း၊ အလုပ်သမား ရှာမရရင်သော်လည်ကောင်း  သတ်မှတ်တဲ့ကာလထက် ကျော်လွန်ပြီး အချိန်တွေကုန်ကာ.. အလုပ်တွေ အပြီးမသတ် ဖြစ်တတ်ပါတယ်။ ဒီလိုနဲ့ တစ်လနဲ့ တစ်လ ဝင်ငွေ ထွက်ငွေ ညှိဖို့က သိပ်ခက်ပါတယ်။

ဇနီးသည် ပြောမယ်ဆိုလည်း ပြောစရာပါ.. ကျနော်ကိုကြည့်လိုက်ရင်..တပတ်မှာ သူများတွေ ၅-ရက်အလုပ် လုပ်သော်လည်း။ ကျနော့်မှာတော့ ၇-ရက်လုံး အလုပ်လုပ်နေရပါတယ်။ ငွေပိုရသလားဆိုတော့ ဒီလိုလည်း မဟုတ်။  အလုပ် လုပ်စကတည်းက ပုဒ်ပြတ်ယူထားတာဆိုတော့..။ တခါတလေး တစ်ပတ်မှန်းထား သော်လည်း၊  နှစ်ပတ်ဖြစ်သွားတတ်ပါတယ်။ ကိုယ်က အားနာတတ်တာပဲလား၊ အချိန်နဲငွေကို မခန့်မှန်းတတ်တာပဲလား ၊ မတိကျတာပဲလား မပြောတတ်ပါ၊ အတိုချုပ်ပြောရရင်တော့ ..ထင်သလောက် အဆင်မပြေဘူးပေါဗျာ။

ဒီလိုဖြစ်လာတော့ အိမ်မှာရှိတဲ့ စိမံခန့်ခွဲရေးဝန်ကြီးနဲ့အဆင် မပြေတော့..၊ စိတ်ညစ်စရာလေးတွေ တွေ့ကြုံလာရတော့ ရည်းစားဘဝက ရင်ခုန်သံလေးများလည်း .. ဘယ်ဆီ..ဘယ်ဝယ်ရောက်သွားမှန်းမသိ.. အမွှာနှစ်ကောင် ရေးချိုးပေးရင်း စဉ်းစားလိုက်တာ.. ။

  • ၂။
မိသားစု အသုံးကြပ်တည်းရာက စလို့ ညီမလည်း အလုပ်စခန်းရပါတော့တယ်၊ ကျနော်က နေ့ဖက်ဆို..ညီမက ညဖက် အလုပ်ဆင်းပါတယ်။ အမွှာနှစ်ယောက်ကိုတော့ ..နေ့ကလေးထိမ်းကျောင်းပို့ထားလိုက်ပါတယ်။ ဒီလိုနဲ့ ဇနီးသည်နဲ့ အဝင်အထွက်
 လောက်သာ အိမ်မှာဆုံဖြစ်ကြပါတယ်။ စနေ၊တနင်္ဂနွေတော့ မိသားစုနဲ့ .. ဘုန်းကြီးကျောင်းပွဲတော်သွား၊သားတွေကို ပန်ခြံပို့စသည်လောက်ပါပဲ။ မိသားစုရပ်တည်ဖို့အရေး ရုံးကန်လုပ်ရှား  နေရပါတော့တယ်။ တစ်ခါတစ်လေကြတော့လည်း ဆရာကြီးဦးသုခရဲ့ ဘဝသံသရားသီချင်းကို .. သတိရမိပါတယ်။

“….ဘဝသံသရာ.. ရှည်လျား၊ ထွေးပြား…မနေမနား တသွားတည်းသွားကြတာ… ။
ခရီးပန်းတိုင်… မရောက်မချင်း ..တစ်ယောက်ဆင်း တစ်ယောက်တက်.. ဆက်လက် ထွက်ခွါလာ…။
လောဘရယ်..ဒေါသရယ်…မောဟရယ်..အဝိဇ္ဖာပစ္စယာ..သင်္ခါရတဲ့..  ပျော်လိုက်..ရွှင်လိုက်..ငိုကာ..ရယ်ကာ..။ ဘာဟာ မတည်မြဲ ..ဖောက်လွှဲ ဖောက်ပြန်.. အကြောင်းကံ.. ကမ္မသကာ..  ။  တွေ့ကြုံ..ဆုံ....ကွဲ..ခရီးလည်း..ဝမ်းနည်း ..ဝမ်းသာ.. ဝိပလ္လာ..ဖြစ်ချင်တာလဲ ..မဖြစ်ရတာ၊ မဖြစ်ချင်တာလဲ .. ဖြစ်ရတာ..သုံးဆယ့်တစ်ဘုံ ဝဋ်အတွင်းရောက်တော့ ..ကရစ်ကွင်းလျှောက်တဲ့..တေးဘုမ္မာ.. အဲဒါ..အဲဒါ..အဲဒါ…ဘဝသံသရာ “ တဲ့။

ကျနော်တို့အိမ်ထောင်စုကလည်း ဘဝသံသရာ သီချင်းထဲကလိုပါပဲ..ပျော်စရာနည်းနည်း.. သား၊သမီး ဘဝအတွက်ပေးဆပ်မှုတွေက အများသား..။

တခါတခါ ဇနီးက တိုင်းတပါး မိသားစုဘဝကို ငြီးစပြုလာပြီး “ ကလေးတွေကြီးလာရင်. .နိုင်ငံခြားတိုင်ပြည်မနေချင် တော့ဘူးတဲ့၊ ကိုယ့်တိုင်းပြည်ပြန်ပြီး ကိုယ်ဆွေတွေ၊မျိုးတွေကြားမှာပဲ ပြန်နေ တော့မယ်” တဲ့။

ဇနီးသည် ငြီးမယ်ဆိုလည်း ငြီးစရာပါ.. နိုင်ငံခြားတိုင်းပြည်မှာ ပျော်စရာဆိုလို့.. ဘာကို ပျော်ရမှန်းမသိ.. ရုပ်ရှင်ကြည်မယ်၊ တနေရာရာသွားမယ်ဆိုရင်..မိသားစုရဲ့ ကုန်ကျစရိတ်က မသေး။ ငွေကတော့ သုံးလို့မရ မဟုတ် Credit Card ကသုံးလို့ရပါတယ်။  တလပြည့်တာနဲ့..Bill တွေက ရောက်လာပြီ။ ကြာလာတော့  ငွေနဲ့ ပျောက်ရတဲ့ အပျော်တွေကို ကြောက်သလိုဖြစ်လာပါတယ်။ ဒီလိုနဲ့ မိသားစု အိမ်ထောင်စုလေးဟာ… ဘဝအတွက် ပေးဆပ်ခြင်းမှတပါ.. အခြားမရှိတော့သလိုလိုပါပဲ..။

  • ၃။
မောင်ကြီး၊မောင်ငယ်.. အရွယ်ရောက်လာတော့ ရွားဦးကျောင်းဆရာတော့က  ကျနော်ကို.. “ဟေ့! ဒကာတော် မင်းသားတွေ ..ရှင်ပြုဖို့ အရွယ်ရောက်ပြီ..မပြုသေးဘူးလား၊ မြန်မာပြည်မှာဆို..၇-၈နှစ်ဆို၊ ရှင်ပြုကြတာပဲ” ဟု မိန့်ကြားလာတော့ ကျန်တော်က အင်း..အဲ..မလုပ်။  ဒါကို ဆရာတော်က ရိပ်မိတယ် ထင်ပါတယ်..။“ဒကာရယ်..ရှင်ပြုတာ..မြန်မာပြည်မှာလို ဘာမှ   ရေးကြီးခွန်းကြယ် လုပ်စရာမလိုပါဘူး၊ သင်္ကန်း၊ သပိတ် ရှိရင်ပြီးတာပဲ၊ ဒါတွေအားလုံး ငါစီစဉ်ပေးပါမယ်”တဲ့။

ဟုတ်တော့ ဟုတ်ပါတယ် ... ။

ဗုဒ္ဓဘာသာထုးံလမ်းစဉ်လာအရ.. သားကလေးမွေးလာရင်. .ရှင်ပြုပေးဖို့က မိဘရဲ့ တာဝန် မဟုတ်ပေးလား။ ကျနော်တို့ ကလေးဘဝကလည်း ကျနော်မိဘတွေ ရှင်ပြုပေးခဲ့လို့ ရွားဦးကျောင်းမှာ တစ်ဝါ ဆိုခဲ့ရပါသေးတယ်။ ကိုယ့်သားသမီးအလဲကျမှ ရှင်ပြု  မပေးနိုင်ဘူး  ဆိုရင်.. သမိုင်းပေးတာဝန်..ကျေရာမကျဖြစ် နေပါဦးမယ်။ ဘဝပေးအခြေအနေအရ..တိုင်းတပါးရောက်နေသော်လည်း .. ကိုယ့်ဘာသာ ၊ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှုကို မေ့ဖျောက်လို့မရ၊ မမေ့ပျောက်ကောင်း၊ လက်ဆင့်ကမ်း သမိုင်းပေးတာဝန်ရှိတယ် မဟုတ်လား။   တိုင်းတပါးရောက် ကျနော်တို့လည်း ကံကောင်းသည်ဆိုရပါမယ်။  မိဝေး၊ဖဝေးတိုင်းတပါးရောက်နေသော်လည်း သာသနာပြုဆရာတော်များ ရောက်လာ၍။ ဘုန်းကြီးကျောင်းရှိတယ်၊ ဘုရားပွဲ၊ ဝါဆိုပွဲ၊ကထိန်ပွဲ၊ စုပေါင်းရှင်ပြုပွဲ များလည်း    နှစ်တိုင်းလိုရှိပါတယ်။ ဆရာတော်က ဒီလိုအမိန်ရှိတော့.. ။ ကျနော်က “မှန်ပါ့ဘုရား အိမ်ကဇနီးကိုတိုင်ပင်ပါဦးမယ်ဘုရား လို့ လျှောက်ထားခဲ့ရပါတယ်။

 ဇနီးသည်နဲ့တိုင်ပင်တော့..သူကလည်း ဘာသာတရားကို ကိုင်းရှိုင်းသူပိပိ.. ဆရာတော်ရဲ့မိန့်ကြားချက်ကို သဘောတူရုံမျှမက.. ကျနော်ကိုတောင်.. ကြုံတုန်း ဒုလ္လဘရဟန်းဝတ်ပါလားတဲ့။

ဟုတ်ပါတယ်။    ။

ကျနော်တို့က..အသက်နှစ်ဆယ်နီးနီးက အခြေအနေအရ ထိုင်းကိုရောက်လာတော့ ဒုလ္လရဟန်း မခံဖြစ်သေး၊ ကိုရင်သာဝတ်ဘူးသေးပါ တယ်။ အိမ်မှာက လင်ကောမယားကော ရုန်းကန်နေတာတောင် ဘဝရပ်တည်ရုံမျှ ရှိနေလေတော့..ကျနော်ဒုလ္လရဟန်းဝတ်ရင်.  .ဖြစ်ပါ့မလားဆိုတဲ့ အတွေးကဝင်လာပါတယ်။ “အဖေကြီး..သားတွေနဲ့အတူ ရဟန်းခံရင်… အိမ်မှာ သမီးနဲ့ အမေကြီးနဲ့..ဖြစ်ပါ့မလား” လို့မေးတော့..၊ဇနီးက.. အဖေကြီးရယ်..ဖြစ်မဖြစ်ကြည့်နေရင်တော့..ဒီဘဝဒီသံသရာက..ဘယ်တော့မှ ရုံးထွက်နိုင်မှာ မဟုတ်တော့ ဘူးတဲ့..အခွင့်သာတုန်း တခဏလောက်..ရုန်းထွက်ကြည့်ပေါ့..အဖေကြီးရယ်တဲ့..။

ဇနီးပြောမယ်ဆိုလည်း..ပြောချင်စရာ… ဒီသံသရာစက်ကွင်းက..ရုံးထွက်ဖို့မလွယ်.. သူပြောသလို ခဏလောက်တော့ရုံထွက်ကြည့်ချင်ပါတယ်။ “အိမ်..ဒါဆိုကလည်..တပတ်လောက်တော့.. သားတွေနဲ့အတူ ဒုလ္လဘရဟန်းခံမယ်”ဟုသဘောတူ ဆုံးဖြတ်လိုက်ပါတယ်။


  • ၄။
စုပေါင်းရှင်ပြုပွဲလည်း အောင်းအောင်မြင်မြင်ပြီးဆုံးသွားပါတယ်။ ကျနော်လည်း စိပ်ပုတီးနဲ့ တပတ်လောက် ရိပ်ကြီးခိုရပြီဆိုပါတော့..။

ညနေ ၇-နာရီလောက်ကြတော့..ဆရာတော်က ရဟန်းတော်များရဲ့ တနေ့တာလုပ်ငန်း ပြောပါတယ်။ ဘုရားရှိခိုး၊ တရားထိုင်၊ ကျောင်းသန့်ရှင်းရေ၊  တရားနာစသည့်စသည့်အချိနှ်ဇယားပေးပါတယ်။

တစ်ရက်..နှစ်ရက် တရားထိုင်လာတော့..စိတ်ကလေးလည်းတည်ငြိမ်လာသလိုခံစားလာရပါတယ်။ ဆရာတော်က.  .ညနေလေးနာရီတိုင်း. .တရားဟော ..တရားစစ်လုပ်ပါတယ်..။

ဆရာတော်ကရဲ့တစ်နေ့ ညနေတရားပွဲမှာတော့..

ပြီးခဲ့တဲ့ ခန္ဓာပေါ် စွဲလမ်းမှု တဏှာကို စွန့်ပါ။

နောက်ထပ်ဖြစ်မယ့် ခန္ဓာပေါ်စွဲလမ်းမှု တဏှာကိုစွန့်ပါ။

ယခုစိတ်ထဲမှာ စွဲလမ်းမှု တဏှာကို စွန့်ပါ။…။

 အစချီကာ ဓမ္မပဒလာ တဏှာဝဂ် ဥဂ္ဂသေန ဝတ္ထုကြောင်းကို ဟောပါတယ်။

ဥဂ္ဂသေနဟာ ရာဇဂြိုလ်ပြည်မှာ သူဋ္ဌေးသားပါ၊ ကချေသည် အတုလကာရီရဲ့ အလှအပ..အနုပညာကို စွဲးလမ်းမှု တဏှာကြောင့်.. မိဘတွေကိုစွန့်ခွါ.. မိန်းမနောက်ကို.. ဇာတ်သမားများရဲ့ အထုပ်အပိုးထမ်း၊ ထင်းခွဲ ၊ရေးခပ်၊ လှည်းမောင်း ၊နွားကျောင်း အလုပ်ဖြင့် ပင်ပင်ပန်းပန်း ဇာတ်နောက်လိုက်ဘဝကို ရောက်သွားခဲ့ပါတယ်။

အတုလကာရီနဲ့ သားလေးရတော့လည်း.. မောင်ဥဂ္ဂသေန တစ်ယောက် မိန်းမကို ချစ်တာကလွဲလို့ ဇာတ်ထဲမှာ ဘာမှ မယ်မယ်ရရ မလုပ်တတ်တော့ ဇနီးသည်ရဲ့ ကဲ့ရဲ့ငြိုငြင်မှုကိုခံရပါတယ်။းယုတ်စွ..သားချော့တေးမှာ တောင်..သူကိုစောင်းမြောင်းသလိုနဲ့..

“ဖာ ထီထမ်း ၊ ပေါ့သွမ်သွမ်း။
လူစွမ်း၊ လူစ၊ မရှိသူရဲ့ သားလေးကရယ်..။
နေကုန် နွားကျောင်း၊ ကြိမ်းမောင်ခံရ။
လူအန္ဓရဲ့ သားကလေးရယ်..။
အနုပညာ၊ ဘာမှမသိ။
လူ့တုံတိရဲ့ သားကလေးရယ်..” လို့ဆိုလာတော့ မောင်ဥဂ္ဂသေန မခံနိုင်လို့.. ဇာတ်ဆရာထံမှာ ပညာသင်ကာ.. ရာဇဂြိုလ်မှာ အတောင်ခြောက်ဆယ်ရှိသော ဝါးလုံးထိပ်မှာ.. အစွမ်းပြစဉ်.. မြတ်စွာဘုရားက.. မောင်ဥဂ္ဂသေနရဲ့ ဒီနေ့ အကျွတ်တမ်းရမည်ကို သိရလို့ ..မြတ်စွာဘုရားလည်း ရာဇဂြိုလ်မြို့ကို ဆွမ်းခံဝင်တော်မူပါတယ်။

မြတ်စွာဘုရားက ပရိတ်သတ်တွေ ဥဂ္ဂသေနကို အကြည့်ပဲ မိမိကိုယ်သာ ကြည်အောင် အဓိဋ္ဌာန်ပြုတော်မူပါ တယ်။ ထိုအခိုက်မှာ ပရိတ်သတ်တွေက သူကိုမကြည့်ပဲ မြတ်စွားဘုရားထံရောက်သွားတာကို သိလိုက်ရတော့ ငါ့ပညာဟာ အလကားပဲလို့စဉ်းစားနေတာကို သိတဲ့ မြတ်စွာဘုရားက အရှင်မဟာမောဂ္ဂလာန်အား မောင်ဥဂ္ဂသေန အတတ်ပညာတွေကို ပြမြဲ ဆင်လက်ပြသဖို့ သွားရောက်တိုက်တွန်းစေ   ခဲ့ပါတယ်။  မောင်ဥဂ္ဂသေန  တဆယ့်လေးကြိမ်တိုင်တိုင် ကျွမ်းတိုးပြီး ဝါးလုံးတိုင်ထိပ်ရပ်နေစဉ်မှာ..မြတ်စွာဘုရားက..

အထက်မှာ.. ဆရာတော်ဘုရားဟောတဲ့ စွဲလမ်းမှု တဏှာတွေကို စွန့်ဖို့ တရားဟောလိုက်တော့..ပါရမိ အရင်းခံရှိ သူမို့.. မြတ်စွာဘုရား တရားဒေသာနာတွေကြားတာနဲ့ မောင်ဥဂ္ဂသေန တရားရပြီး ပဋိသမ္ဘိဒါနှင့်တကွ အရဟတ္တဖိုလ်ရောက်၍ မြတ်စွာဘုရားက ဧဟိဘိက္ခုခေါ်တော်မူကာ ပရိက္ခရာရှစ်ပါးနှင့်တကွ ဝါခြောက်ဆယ်ရ မထေရ်ကြီး ကဲ့သို့ ဖြစ်သွားပါတော့တယ်။

ဆရာတော်ဘုရားရဲ့ ဒီတရားတော်တွေကို ကြားရတော့.. ကျနော်..တခဏတာ ရင်ခုံသံလေးများ နှေးသွားသလို ခံစားရသလိုပါပဲဗျာ…။

သို့သော်လည်း တစ်ပတ်ပြည့်လို့.. ဒုလ္လရဟန်းထွက်ပြီး…အိမ်ပြန်ရောက်ရင်တော့ဖြင့်…။

No comments: