ကမ္ဘာမြေနေ့အထိမ်းအမှတ်ရေးဖွဲ့သည်..
Dirty energy has created a world of Dirty Weather. Today, climate disruption affects us all. And it will take all of us together to solve it. Join us for 24 Hours of Reality: The Dirty Weather Report, when together we will stand up and demand real solutions to the climate crisis.
( Al Gore , Climate Reality Protect)
“နှစ်ပြောင်းလရှည် ကြာခဲ့ပြီမောင်ရေ….
ငယ်ကကျွမ်းလို့လည်း လွမ်းရပါတယ်လေ…၊
ဒါကြောင့်သာပဲ ..
မောင်နဲ့ နှစ်ယောက်သားတွေ့ရာ..
အညာက တမာတန်းလေးတွေ..
ပြေးကြည့်မိလေတော့
တမာတွေ ဆယ်ကြိမ်းဖူး..
နှစ်ဦးခွဲခွာ..ဆယ်လီနှစ်များ
ကြာခဲပြီ..မောင်ရေ....။
တမာတောမှာ ပျော်တယ်ဆိုတဲ့
မောင်ရေ..မောင်ရေ…
အညာမြေကို မေ့လို့လား..၊
အညာသူလေးကို မေ့လို့လား..၊
ခွဲခွဲခြားခြား ပြောပါမောင်ရေ…”
မွေးရပ်မြေအညာမြေကို ပြန်ခါနီးမို့ ချိုးပြုံရဲ့ တမာလမ်းက ပြန်ခဲ့ပါဆိုတဲ့ သီချင်းသံနဲ့အတူ အညာမြေက တမာရနံ့၊ ထနောင်းရနံ့တွေက အတွေးစိတ်ထဲမှာ ထုံသင်းမွေးကြိုင်လာသလိုခံစားရသည်..၊
ပြည်ပကိုရောက်တာ အတွေးထဲမှာ လက်ချိုးကာ ရေးတွက်ကြည့်တော့ ချိုပြုံးရဲ့ သီချင်းစာသားနဲ့အတူ အညာမြေက တမာတန်းနဲ့ ခွါခွာခဲ့တာ ဆယ်နှစ် တင်းတင်းပြည့်ခဲပြီ မဟုတ်ပါလား။
မြန်မာပြည်ကို နိုဝင်္ဘာလလောက်မှာ ပြန်လာမယ်ဆိုတော့ ဆွေမျိုးသားချင်းတွေ၊ ငယ်သူချင်းတွေ၊ မိတ်ဆွေပေါင်းသင်းတွေ၊ တပည့်တွေက လေဆိပ်ကို လာကြိုးကြမယ်လို့ ဖုန်းဆက်လာပါတယ်။ ရန်ကုန်မြို့ကြီးမှာလည်း စီးပွားရေး တံခါး ဖွင့်လာတာနှင့်အမျှ လမ်းမပေါ်မှာ ဆိုင်ကယ်တွေ၊ ကားကြီး၊
ကားငယ်တွေ ပြည့်နက်နေတာပဲလို့ မြန်မာပြည်မှ ပြန်လာသူ မိတ်ဆွေများရဲ့ ပြောပြချက် သိနေ၊ ကြားနေရပါတယ်။
ဒီတော့.. ရွာကမိတ်ဆွေတွေကို စာရေးသူက… ပြန်လာမှာက တစ်ယောက်တည်းပါ.. ကားတွေ အများကြီးလာစရာ မလိုပါဘူး။ တစ်စီလောက်ဆို ရပါပြီးလို့ အကြောင်းပြန်လိုက်ပါတယ်။
တချို့ နာမည်ကြီး ဆရာတော်တွေ၊လူတွေ နိုင်ငံခြားကို သွားကြ၊ ပြန်ကြအချိန်မှာ နိုင်ငံခြားသွားမှာက တစ်ယောက်တည်း လိုက်ပို့တဲ့ ကားတွေကဆယ်စီးကျော် ရှိတယ်လို့ ဆိုပါတယ်။ တချို့နာမည်ကြီး ပုဂ္ဂိုလ်းများကဆို ဒီလို ကားများများ ကြို/ပို့လုပ်တာကိုပဲ ဂုဏ်တစ်ခုလို့ ထင်မှတ်နေကြပါတယ်။ တကယ်တော့ လိုတာထက် ပိုနေရင်၊ အလကားပါ၊ မိမိကော ၊ ပတ်ဝန်းကျင်ပါ ထိခိုက်စေပါတယ်။
ဘာကြောင့်လဲဆိုတော့ လမ်းပေါ်မှာ အကြောင်းမဲ့ မလိုအပ်ပဲ သွားလာနေတဲ့ ယာဉ်ရထားတွေက များပြားလာလို့ သဘာဝအေးအန္တရယ်ကို ထိခိုက်လာတယ်လို့ သဘာဝပန်ဝန်ကျင် ထိမ်းသိမ်းရေး လေ့လာစောင့်ကြည်သူတွေကပြောလာပါတယ်။
တချိန်တည်းမှာပဲ.. အညာမြေမွေးရပ်မြေမှ ညီအကို မောင်နှမများနဲ့ ရွာကို နိုဝင်္ဘာလမှာ ပြန်လာမယ် ဆိုတဲ့ အကြောင်းပြောရင်းနဲ့ ရပ်ရွာအခြေအနေကို မေးမြန်းကြည့်မိပါတယ်။
ညီအကို မောင်နှမတွေကတော့ ရွာမှာ တိုးတက်နေပြီးဆိုတဲ့ အကြောင်း ၊ ရွာမှာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က မရှိတဲ့ ၊ ကားကြီး ၊ ကားငယ်တွေ ဝင်ထွက်နေပြီးဆိုတဲ့ အကြောင်း လူငယ်တော်တော်များများမှာလည်း ဆိုင်ကယ်၊ သို့မဟုတ် လက်ကိုင် တယ်လီဖုန်းများကိုင်နေပြီး ဖြစ်ကြောင်း ဝမ်းပမ်းတသာ ပြောလာပါတယ်။
ပြည့်ပမှာ အနေကြာတဲ့ စာရေးသူအဖို့တော့ ရွာသူ/ရွာသားတွေ ဆိုင်ကယ်တွေ စီးလာနိုင်တာ၊ လက်ကိုင်ဖုန်းတွေ ကိုင်လာနိုင်တာကို ဝမ်းသာရပေမယ့်၊ ထူးထူးခြားခြား ခံစားမှုမျိုးတော့ မဖြစ်မိပါဘူး။
စာရေးသူက.. ရွာသူ ရွာသားတွေ အကြောင်းမေးပြီး ရပ်ရွာ မိုးလေဝသအခြေအနေ ကိုလည်း မေးမိပါတယ်။ ကြားရတဲ့ သတင်းအရ.. မိုးလေဝသတော့ အရင်ကလို မကောင်းတော့ကြောင်း ၊ ရွာအဝင်လမ်းမှာရှိတဲ့ တမာတန်းကြီးလည်း ရွာသူရွားသားတွေ ၊ ထင်းမီး အသုံးပြု ခုတ်လဲကျလို့ အရင်ကလို့ ရွာအဝင် တမာလမ်းဟာ စိမ်းစိမ်းစိုစို မရှိတော့ကြောင်းသိရပါတယ်။
ရွာဦး ချောင်းနဘေးကို မကျည်းပင်ကြီးများ ရွာဦးကျောင်းနဘေးက မကျည်းပင်ကြီးများလည်း စီးပွားရေးသမားများ မီးသွေးဖုတ်ရန် ခုတ်လှဲကြလို့ မရှိတော့ဘူးလို့ သိရပြန်ပါတယ်။ ဒါပြင်.. ရွာအပြင်မှာ ရှိကြတဲ့ ထနောင်ပင်ကြီးများလည်း စီးပွားရေးသမားများရဲ့ နှိပ်စက်မှု ၊ နွားသရေရုံ ပိုင်ရှင်များ အသုံးပြုဖို့ ထနောင်း ခေါက်ခွာမှုကြောင့် ထနောင်းပင်များလည်း ရှားပါးသွားပြီးလို့ စာရေးသူရဲ့ မိတ်ဆွေများ ပြောပြချက် အရ သိရပါတယ်။
ဒီသတင်းတွေကို ဖုန်းထဲမှ တဆင့်ကြားရတော့ စိတ်ကူးယဉ် အတွေးနဲ့ ပျော်နေခဲ့တဲ့ အညာမြေက တမာရနံ့ ထနာင်း ရနံတွေအစား မြိုးကြီး ပြာကြီးက မိးခိုးရနံ့များက အစားထိုးဝင်ရောက်လာပါတယ်။
နောက်တစ်ပတ်လောက်ရှိတော့ ရန်ကုန်မှာရှိတဲ့ ညီက ဖုန်းဆက်လာပြန်ပါတယ်။ စာရေးသူ မြန်မာပြည်ရောက်ရင် ရွာသူရွာသားများက အိုးစည်အဖွဲ့၊ အကအဖွဲ့များနှင်ကြိုးဆိုကြမည်ဖြစ်ကြောင်း သတင်း စကား ပါးလာပါတယ်။
ဒီတော့ စာရေးသူက.. “ ရွာကိုပြန်လာတာဟာ ဒါတွေအရေးမကြီးကြောင်း မိခင်းကြီးကို တွေ့လိုလို့ဖြစ်ကြောင်းနဲ့ အကယ်၍ စာရေးသူကို ကြိုဆိုချင်တယ်ဆိုရင်… လွန်းခဲ့သော ဆယ်စုနှစ်များကလို့ မွေးရပ်မြေမှာ တမာပင်များ၊ ထနောင်းပင်များ၊ ထန်ပင်းများ ဝေဝေဆာဆာဖြစ်အောင် တစ်ယောက် တပင်စီ စိုက်ရင် စာရေးသူအတွက်ကော၊ ရွာသူရွားသားများအတွက်ပါ ဘဝမှာ မေ့မရတဲ့ အထိမ်းအမှတ်ဖြစ်ကြောင်း ဖုန်းဆက်ပြောလိုက်ပါတယ်။
တကယ့်တော့ သစ်ပင်များဟာ သဘာဝပတ်ဝန်းကျင်ကို စိမ်းလမ်းစိုပြေရုံသာမက တမာပင်များဆိုရင် တမာဖူးချိန်မှာ တမာဖူးများဟာ ငါးပိရည်နှင့်တို့်စား ဟင်းတစ်ခွက်ပါပဲ၊ နိုင်ငံခြားတိုင်းပြည်မှာဆို ဗိယနန်က လာတဲ့ တမာဖူးများကို ဈေးကြီးပေးဝယ်စားနေရပါတယ်။ တမာရဲ့ အသုံးဝင်ပုံကတော့ စာရေးသူ ပြောမလို မကုန် လောက်အောင်များပြားပါတယ်။
အညာဒေသမှာရှိတဲ့ ထနောင်ပင်ကြီးများ ဟာဆိုရင်လည်း ကျေးလတ်ဒေသမှာ မွေးမြူကြတဲ့ ဆိတ်၊သိုးများရဲ့ အဓိကအားထားရတဲ့ စားကျက်ပင်ပါပဲ။ ထန်းပင်ရဲ့ အသုံးဝင်ပုံကတော့ စာအုပ်တစ်အုပ် ရေးရလောက်ပါတယ်။ မိုးခေါင်ရေရှား အညာဒေသမှာ ထန်းပင်ရှိရင် ရွှေရှိတာနဲ့ အတူတူပါပဲ။ ထန်းပင်မှ ထွက်တဲ့ ထန်းလျက်၊ ထန်းခက်၊ ထန်းသီး ၊ အားလုံးဟာ ငွေတွေဖြစ်ပါတယ်။
ဒါကြောင့် စာရေးသူကို အိုးစည်ဘုံးဘောင်း ၊ အကအခုန်းများနဲ့ ကြိုဆိုမည့်အစား စာရေးသူ ရွာပြန်ရောက်ရင် ရွာသူရွာသားများနှင့်အတူ တမာပင်၊ ထန်ပင်းများ စိုက်ပျိုးခြင်းဖြင့် ကြိုဆိုကြရအောင်လားဟုသာ ပြောလိုက်မိပါတော့တယ်။
ကမ္ဘာမြေကြီး စိမ်းလန်းပါစေ….။

No comments:
Post a Comment