၁။
"အဖေကြီး..အဖေကြီး...
သမီးကို ရေကူးသင်တန်းသွားပို့တော့မလို့.. မောင်ကြီး၊မောင်ငယ်တို့နိုး အိပ်ရာကနိုးလာရင်.. ရေချိုးပေးလိုက်ဦး၊ စားသောက်ခန်းမှာလည်း ကလေးတွေအတွက် စားစရာပြင်ထားတယ် မိုက်ကရိုဝေ့ ( Microwave)
လုပ်ပြီးကျွေးလိုက်ဦးနော်.."
စနေနေ့နံက် ၆-နာရီကျော် ၇-နာရီလောက်.. သမီးကို ရေကူးသင်တန်းပို့ဖို့ပြင်ဆင်နေတဲ့ အိမ်ရှင်ဇနီးရဲ့ အသံကို.. အိပ်ရာထဲမှ အတိုင်းတိုင်းကြားနေရသည်။ ဇနီးက စေားစေားထ မိသားစုအတွက် ပြင်ဆင်သံတွေကြားနေရပေမယ့် မိမိက အိပ်ယာမှ မထဖြစ်သေး၊ မနေ့က သောကြာနေ့ဆိုတော့ အလုပ်မှာ ပင်ပန်းသမျှ ( Good Friday ) အေးအေး ဆေးဆေးအနားယူကာ အိပ်ယာထဲမှာ နှက်နေလိုက်သည်။
သမီးနဲ့ဇနီးတို့ ကားမောင်းထွက်သွားတာမှ မကြားသေး ဟော..! မောင်ကြီး၊မောင်ငယ် အမွှာနှစ်ကောင် အိပ်ယာမှ နိုးလာပြီ.. .။ သူတို့ အိပ်ယာက နိုးတာနဲ့ မျက်နှာသစ်၊ သွားတိုက်၊ စသည်ကိစ္စကို တစ်ယောက်ယောက်က လုပ်ပေးရမြဲ၊ အမွှာနှစ်ကောင်က..အသက် ငါးနှစ်လောက်ရှိသော်.. သူတို့ကိစ္စ အားလုံး မိဘတွေက ..လုပ်ပေးနေရတုန်ဖြစ်သည်။
“အမေ..အမေ..”
မောင်ကြီး..မောင်ငယ် အိပ်ယာက နိုးတာနဲ့ သူတို့အမေကို ခေါ်ပြီ….။
သူတို့လေးတွေ တိုင်းတပါးမှာ မွေးတယ်ဆိုပေမယ့် .မြန်မာ စကား တော့ ကောင်းကောင်းပြောတတ်သည်။
သူတို့အမေက မြန်မာစကားကို ကောင်း ကောင်း သင်ပေးထားသည်။ သားနှစ်ယောက်ရဲ့ အသံ ကိုကြားတော့.. အိပ်ယာထဲမှာ ကောင်းကောင်း နှက်နေလို့ မရတော့..သူတို့ရဲ့ ကိစ္စဝိစ္စတွေကို ဆောက်ရွက်ပေး ရမည် မဟုတ်လား..။
“လာ..လာ..သားကြီးနဲ့သားငယ်.. မေမေကြီးက မမကို ရေကူးသင်တန်း သွားပို့တယ်.. ဖေဖေလာပြီ..ဖေဖေလာပြီ”
သူတို့လေးတွေ အိပ်ယာကနိုးတာနဲ့ ကိစ္စဝိစ္စအားလုံး ဆောင်ရွက်ပေးရပါတော့သည်။ နိုင်ငံခြား တိုင်းပြည်မှာ ကလေးတစ်ယောက် တာဝန်က သိပ်ကြီးသား.။ကျောင်းသွား၊ကျောင်းပြန် ကြိုပို့ရသည်။ အသက်မပြည့်သေးတဲ့ ကလေးငယ်ကို အိမ်မှာ ထားခဲ့လို့မရ.. မြန်မာပြည်မှာဆို.. လေး၊ငါးနှစ်ယောက်ဆို အိမ်းနီးနားချင်း ကလေးတွေနဲ့အတူ ဆော့ကစားလို့ လွှတ်ထားလို့ရပြီ။
ဒီမှာကတော့ (၁၂) တိုင်းအောင် ကလေးတွေကို အိမ်မှာ ထားခဲ့လို့မရ.. ။ ကလေးကိစ္စက တာဝန်သိပ်ကြိးလှပါသည်။ တချို့ကနေဒီယန်တွေဆို ကလေးချစ်သော်လည်း ကလေးတာဝန်ကြီးလို့ ကလေး မယူလိုကြ..။ တခါတလေ… အိမ်ကဇနီးတောင် ငြီးငြူတတ်လာပြီ။ အချို့က.. အိမ်ရှင်ဇနီးကို..သူငယ်ချင်းတွေက “မင်းတို့ သိပ်ကံကောင်း တယ်နော်..သမီးတစ်ယောက် .. သားနှစ်ယောက်နဲ့ ပျော်ရွှင်စရာ မိသားစုလေးတဲ့” ဒီလိုပြောတော့..ဇနီးသည်က မထိ တထိနဲ့.. “ကလေးဆို တစ်ယောက်မှ မယူချင်တော့ပါဘူး.. သူတို့ကို ပြုစု စောင့်ရှောက် ကြည့်ရတာ မောလှပြီး”တဲ့။
ဇနီး ငြီးမယ်ဆိုလဲ ငြီးစရာပါ...။
အိမ်မှာ..မောင်ကြီး..မောင်ငယ် ညီအကိုနှစ်ယောက်က အဆိုးဆုံး… တစ်ယောက်ယောက်ကို ဆုံးမဖို့ အနည်ငယ် ရိုက်လိုက်ရင်.. နှစ်ယောက်လုံး အသံပြဲကြီးနဲ့ ငိုပြီ။ အိမ်မှာ.. ဇနီးလဲ မရှင်းနိုင်တော့။ သူတို့ နှစ်ယောက် ဆော့ထားတာ ပွစာကျဲလို့..။
အိမ်ရှင်ဇနီးက..တခါတလေ စိတ်ကုန်တော့ ..အမွှာနှစ်ကောင်ကို အော်လိုက် ၊ ငေါက်လိုက်..ရိုက်လိုက်နဲ့.. တခါခါကြတော့လဲ သူပဲ အမွှာနှစ်ကောင်ကို.. နမ်းရပြန်ပြီး..အချစ်တွေ ပိုရရန်ပြန်ပြီ။ ဒါကို တွေ့မြင်နေတဲ့ သမီးကြီးက.. “မေမေပဲ..မောင်လေးတွေကို ခုနရိုက်တယ်.. ခုတော့ နမ်းပြန်ပြီးတဲ့”
သားနှစ်ယောက်ကို နံက်အိပ်ယာထ ရေးချိုးပေးရင်း.. အတိတ်က..ကျနော်နဲ့ ကျနော့် ဇနီး အချစ်ဇာတ်လမ်းကိုပြန်ပြောင်း မြင်ယောက်လာသည်။
ကျနော်က.ကနေဒါနိုင်ငံကို အရင်ရောက်လာသည်..။ ရောက်စကတော့ ..ညီမ ပါမလာသေ.း.။ ညီမက ထိုင်းမှာ ကျန်ခဲ့ပါတယ်။ ရောက်စက အရွယ်ကောင်းတုန်းဆိုတော့ ကျောင်းတက်လိုက် ၊အလုပ် လုပ် လိုက်နဲ့.. ဘဝမှာ ပျော်သလိုလိုပါပဲ။ ညီမက ထိုင်းမှာ ကျန်ခဲ့တယ်ဆိုပေမယ့် ..အလုပ်ကအပြန် အိမ်ရောက်ရင်..နေ့တိုင်းလိုလို တယ်လီဖုန်းနဲ့ ညီမကို.. စကားပြောဖြစ်သည်..။ အဲဒီတုန်းကတော့ ..ညီးမရဲ့ စကားသံတွေဟာ မောင့်အတွက် အားဆေးတွေဖြစ်ခဲ့သလို..မောင်အတွက် အိမ်မက်တွေလဲ ဖြစ်ခဲ့သည်။ ညီမနဲ့ ချစ်သုတွေဘဝတုန်းက ..ကြည်းနူးစရာတွေကြီးပါပဲ.. ။ညီမဟာ. .မောင့်ရဲ့ အလင်းရောင် ဖြစ်ခဲ့သလို့..။ မောင်ဟာလည်း ညီမရဲ့ လမ်းပြကြယ်ကြီးပါပဲ။ ဒီလို့နဲ့ နှစ်ယောက်သဘောတူ အချစ်အိမ်လေး တည်ဆောက်ခဲ့ကြသည်။
လက်ထပ်ပြီး မကြာခင်မှာပဲ.. ညီမ..မောင်ရှိရာ နိုင်ငံခြားတိုင်းပြည်ကို လိုက်လာခဲ့ပါသည်။ ရောက်စ ကတော့ နှစ်ယောက်တည်း အေးအေးဆေးဆေး ဘာပြဿနာမှမရှိ အားလုံးအဆင်ပြေသည်။ ညီမကို အလုပ် မလုပ်စေပဲ.. ကျောင်းတက်ခိုင်းသည်။ မိသားစုမှာ နှစ်ယောက်ကနေ့ သုံးယောက် ၊လေးယောက်ဖြစ်လာတော့ အသုံးစရိတ်တွေကြတည်းလာသည်၊ အိမ်လခ၊ တယ်လီဖုန်း၊ ကားလုံး(ကားကြွေး) စသည်စသည်များ က..တစ်လနှင့်တစ်လ. လည်ပတ်နိုင်အောင် မနည်းကြိုး စားရပါတော့သည်။
နိုင်ငံခြားတိုင်ပြည်မှာ ကားဈေးသက်သာသော်လည်း Insurance နဲ့ ဓာတ်ဆီဈေးက မသက်သာ..။ မိသားစု စားသောက်စရိတ်ထက် ဈေးကြီးသည်။ ကားကလည်း မရှိလို့မဖြစ်.. ။ မိသားစုနဲ့ဆိုတော့ ကျောင်းပို့၊ ကျောင်းကြိုကလဲ ကားရှိမှ၊ အချို့အလုပ်ကလဲ ကားမရှိရင်မဖြစ်ဆိုတော့ နိုင်ငံခြားတိုင်းပြည်မှာ ကားဟာ မြန်မာနိုင်ငံမှာလို့ သူဋ္ဌေးများ ဇိမ်းခံပစ္စည်းမဟုတ်ပဲ ခရီးသွားသုံး ဖိနပ်လိုဖြစ်သည်။
သမီးကလဲ အရွယ်ရောက်လာ မောင်ကြီး၊မောင်ငယ်ကလဲ မျောက်ရှုံးအောင် ဆော့တတ်လာတော့ နှစ်ခန်းတွဲ အိမ်နှင့် မဖြစ်တော့.။. ၃-ခန်း ၄-ခန်းပါတဲ့ အိမ်ကိုရှာရပါတော့သည်၊ အိမ်ခန်းများတာနဲ့ အိမ်ငှားစရိတ်က တက်သွားပြီ။ အရင်က တစ်လ ရှစ်ရာဆို.. ၃၊၄-ခန်းအိမ်က.. တစ်ထောင့်ငါးရာ လောက်ရှိပါတယ်။ ဒီလို့နဲ့ မိသာစု အသုံးစရိတ်တွေကလည်း ကြပ်တည်းလာသည်။
မိသားစုကြပ်တည်းလာနဲ့.. ဇနီးက ..ပွစီပွစိဖြစ်လာသည်။ ဇနီးက.." ကျနောက်ကို အသုံးအဖြုန်းကြီးကြောင်း .. အလုပ် လုပ်တာသူများနဲ့ မတူကြောင်း၊ ဒီလိုဆိုရင်.. သူပါ. အလုပ် လုပ်မှရတော့ မည်ဖြစ်ကြောင်း.. ပြောလာသည်။
ဒီမှာ ကျနော့် အလုပ်ကို အနည်းငယ်ပြောချင်ပါသည်.။ ကျန်နော်က..ရောက်ရောက်ချင်း ကနေဒါမှာ ကျောင်းတက်ထားတော့ Renovation လို့ခေါ်တဲ့ အသေးစား ဆောက်လုပ်ရေး လုပ်ငန်း လုပ်သည်။ ငွေကတော့ အလုံးလိုက် အခဲလိုက် ရတတ်ပါသည်။ သို့သော်လည်း အလုပ်ရှင်နဲ့ အဆင် မပြေရင် သော်လည်းကောင်း၊ အလုပ်သမား ရှာမရရင်သော်လည်ကောင်း သတ်မှတ်တဲ့ကာလထက် ကျော်လွန်ပြီး အချိန်တွေကုန်ကာ.. အလုပ်တွေ အပြီးမသတ် ဖြစ်တတ်သည်။ ဒီလိုနဲ့ တစ်လနဲ့ တစ်လ ဝင်ငွေ ထွက်ငွေ ညှိဖို့က သိပ်ခက်လာသည်။
ဇနီးသည် ပြောမယ်ဆိုလည်း ပြောစရာပါ.. ။ကျနော်ကိုကြည့်လိုက်ရင်..တစ်ပတ်မှာ သူများတွေ ၅-ရက်အလုပ် လုပ်သော်လည်း ကျနော့်မှာတော့ ၇-ရက်လုံး အလုပ်လုပ်နေရသည်။ ငွေပိုရသလားဆိုတော့ ဒီလိုလဲ မဟုတ်။ အလုပ် လုပ်စကတည်းက ပုဒ်ပြတ်ယူထားတာဆိုတော့..။ တခါတလေ တစ်ပတ်မှန်းထား သော်လည်း၊ နှစ်ပတ်ဖြစ်သွားတတ်သည်။ ကိုယ်က အားနာတတ်တာပဲလား၊ အချိန်နဲငွေကို မခန့်မှန်း တတ်တာပဲလား ၊ မတိကျတာပဲလား မပြောတတ်ပါ၊ အတိုချုပ်ပြောရရင်တော့ ..ထင်သလောက် အဆင်မပြေဘူးပေါဗျာ။
ဒီလိုဖြစ်လာတော့ အိမ်မှာရှိတဲ့ စိမံခန့်ခွဲရေးဝန်ကြီးနဲ့ အဆင်မပြေတော့..၊ စိတ်ညစ်စရာလေး တွေကြုံတွေ့ ရတော့ ရည်းစားဘဝက ရင်ခုန်သံလေးများလည်း .. ဘယ်ဆီ..ဘယ်ဝယ်ရောက်သွားမှန်း မသိ.. အမွှာ နှစ်ကောင် ရေးချိုးပေးရင်း စဉ်းစားလိုက်တာ.. ။
၂..
မိသားစု အသုံးကြပ်တည်းရာက စလို့ ညီမလည်း အလုပ်စခန်း စရပါတော့သည်။ ကျနော်က နေ့ဖက်ဆို ..ညီမက ညဖက် အလုပ်ဆင်းသည်။ အမွှာနှစ်ယောက်ကိုတော့ ..နေ့ကလေးထိမ်းကျောင်း ပို့ထားလိုက်သည်။ ဒီလိုနဲ့ ဇနီးသည်နဲ့ အဝင်အထွက်လောက်သာ အိမ်မှာ ဆုံဖြစ်ကြသည်။
စနေ၊ တနင်္ဂနွေမှာတော့ မိသားစုနဲ့ .. ဘုန်းကြီးကျောင်းပွဲတော်သွား၊ သားတွေကို ပန်ခြံပို့စသည်လောက်ပါပဲ။ မိသားစုရပ်တည်ဖို့အရေး အဓိက ရုန်းကန်လုပ်ရှားသည်။ တစ်ခါတစ်လေကြတော့လည်း ဆရာကြီး ဦးသုခရဲ့ ဘဝသံသရားသီချင်းကို .. သတိရမိသည်။
“….ဘဝသံသရာ.. ရှည်လျား၊ ထွေးပြား…မနေမနား တသွားတည်းသွားကြတာ… ။
ခရီးပန်းတိုင်… မရောက်မချင်း ..တစ်ယောက်ဆင်း တစ်ယောက်တက်.. ဆက်လက် ထွက်ခွါလာ…။
လောဘရယ်..ဒေါသရယ်…မောဟရယ်..အဝိဇ္ဖာပစ္စယာ..သင်္ခါရတဲ့.. ပျော်လိုက်..ရွှင်လိုက်..ငိုကာ..ရယ်ကာ..။ ဘာဟာ မတည်မြဲ ..ဖောက်လွှဲ ဖောက်ပြန်.. အကြောင်းကံ.. ကမ္မသကာ.. ။
တွေ့ကြုံ..ဆုံ....ကွဲ..ခရီးလည်း..ဝမ်းနည်း ..ဝမ်းသာ.. ဝိပလ္လာ..ဖြစ်ချင်တာလဲ ..မဖြစ်ရတာ၊ မဖြစ်ချင်တာလဲ .. ဖြစ်ရတာ..သုံးဆယ့်တစ်ဘုံ ဝဋ်အတွင်းရောက်တော့ ..ကရစ်ကွင်းလျှောက်တဲ့..တေးဘုမ္မာ.. အဲဒါ..အဲဒါ..အဲဒါ…ဘဝသံသရာ “ တဲ့။
ကျနော်တို့ အိမ်ထောင်စုကလည်း ဘဝသံသရာ သီချင်းထဲကလိုပါပဲ..ပျော်စရာနည်းနည်း.. သား၊သမီး၊ ဘဝအတွက် ပေးဆပ်မှုတွေကအများသား..။
တစ်ခါတစ်ခါ ဇနီးကတောင် တိုင်းတပါး မိသားစုဘဝကို ငြီးစပြုလာပြီး “ ကလေးတွေကြီးလာရင်. .နိုင်ငံခြား တိုင်ပြည် မနေချင်တော့ဘူးတဲ့၊ ကိုယ့်တိုင်း ကိုယ့်ပြည်ပြန်ပြီး ကိုယ့်ဆွေတွေ၊မျိုးတွေကြား မှာပဲ ပြန်နေ တော့မယ်” တဲ့။
ဇနီးသည် ငြီးမယ်ဆိုလဲ ငြီးစရာပါ.. နိုင်ငံခြားတိုင်းပြည်မှာ ပျော်းစရာဆိုလို့.. ဘာကို ပျော်ရမှန်းမသိ.. ရုပ်ရှင်ကြည့်မယ်၊ တစ်နေရာရာ သွားမယ်ဆိုရင်..မိသားစုရဲ့ ကုန်ကျစရိတ်က မသေး။ ငွေကတော့ သုံးလို့မရ မဟုတ် Credit Card ကသုံးလို့ရသည်။ တလပြည့်တာနဲ့.. Bill တွေက ရောက်လာပြီ။ ကြာလာတော့ ငွေနဲ့ ပျော်ရတဲ့ အပျော်တွေကို ကြောက်သလိုဖြစ်လာသည်။ ဒီလိုနဲ့ မိသားစု အိမ်ထောင်စုလေးဟာ… ဘဝအတွက် ပေးဆပ်ခြင်းမှတပါ.. အခြားမရှိတော့သလိုလိုပါပဲ..။
၃။
မောင်ကြီး၊မောင်ငယ်.. အရွယ်ရောက်လာတော့ ရွားဦးကျောင်းဆရာတော်က ကျနော်ကို.. “ဟေ့! ဒကာတော် မင့်သားတွေ ..ရှင်ပြုဖို့ အရွယ် ရောက်ပြီ.. မပြုသေးဘူးလား၊ မြန်မာပြည်မှာ ဆို..၇-နှစ် ၈-နှစ်ဆို၊ ရှင်ပြုကြတာပဲ” ဟု မိန့်တော့ ကျန်တော်က အင်းမလုပ်..အဲမလုပ်။ ဒါကို ဆရာတော်က ရိပ်မိတယ်သည်။
"ဒကာရယ်..ရှင်ပြုတာ..မြန်မာပြည်မှာလို ဘာမှ ရေးကြီး ခွန်းကြယ် လုပ်စရာ မလိုပါဘူး၊ သင်္ကန်း၊ သပိတ် ရှိရင်ပြီးတာပဲ၊ ဒါတွေအားလုံး ငါစီစဉ်ပေးပါမယ်”တဲ့။
ဆရာတော် အမိန့်ရှိတာ မှန်ပါသည်...။
ဗုဒ္ဓဘာသာ ထုံးလမ်းစဉ်လာအရ.. သားကလေး မွေးလာရင်. .ရှင်ပြုပေးဖို့က မိဘရဲ့ တာဝန် မဟုတ်ပေးလား။ ကျနော်တို့ ကလေးဘဝကလဲ ကျနော်မိဘတွေ ရှင်ပြုပေးခဲ့လို့ ရွားဦးကျောင်းမှာ တစ်ဝါ ဆိုခဲ့ရပါသေးသည်။ ကိုယ့်သားသမီး အလှည့်ကျမှ ရှင်ပြု မပေးနိုင်ဘူးဆိုရင်.. သမိုင်းပေး တာဝန်..မေကြရာကျပါဦးမည်။
ဘဝပေးအခြေအနေအရ..တိုင်းတပါး ရောက်နေသော်လဲ .. ကိုယ့်ဘာသာ ၊ကိုယ့်လူမျိုး၊ ကိုယ့် ယဉ်ကျေးမှုကို မေ့ဖျောက်လို့မရ၊ မမေ့ပျောက်ကောင်း၊ လက်ဆင့်ကမ်း သမိုင်းပေးတာဝန်ရှိတယ် မဟုတ် လား။ တိုင်းတပါးရောက် ကျနော်တို့လဲ ကံကောင်းသည် ဆိုရမည်။ မိဝေး၊ဖဝေး တိုင်းတစ်ပါး ရောက်နေသော်လဲ သာသနာပြုဆရာတော်များ ရောက်လာ၍။ ဘုန်းကြီးကျောင်းရှိသည်၊ ဘုရားပွဲ၊ ဝါဆိုပွဲ၊ကထိန်ပွဲ၊ စုပေါင်းရှင်ပြုပွဲ များလည်း နှစ်တိုင်းလိုရှိသည်။
ဆရာတော်က ဒီလို အမိန့်ရှိတော့.. ။ ကျနော်က “မှန်ပါ့ဘုရား အိမ်က ဇနီးကို တိုင်ပင်ပါဦးမယ်ဘုရားလို့ လျှောက်ထားခဲ့ရသည်။
ဇနီးသည်နဲ့တိုင်ပင်တော့..သူက.. ဘာသာတရားကို ကိုင်းရှိုင်းသူပီပီ.. ဆရာတော်ရဲ့ မိန့်ကြားချက်ကို သဘော တူရုံမျှမက.. ကျနော်ကိုတောင်.. ကြုံတုန်း ဒုလ္လဘရဟန်းဝတ်ပါလားတဲ့။
ကျနော်တို့က..အသက်နှစ်ဆယ်နီးနီးက အခြေအနေအရ ထိုင်းနိုင်ငံကို ရောက်လာတော့ ဒုလ္လရဟန်း မခံဖြစ်သေး၊ ကိုရင်သာဝတ်ဖူးသေးပါသည်။ အိမ်မှာက လင်ကောမယားကော ရုန်းကန်နေတာတောင် ဘဝရပ်တည်ရုံမျှ ရှိနေလေတော့..ကျနော်ဒုလ္လရဟန်းဝတ်ရင်..ဖြစ်ပါ့မလားဆိုတဲ့ အတွေးကဝင်လာသည်။
“အဖေကြီး..သားတွေနဲ့အတူ ရဟန်းခံရင်… အိမ်မှာ သမီးနဲ့အမေကြီးနဲ့..ဖြစ်ပါ့မလား”လို့မေးတော့..၊ဇနီးက.. "အဖေကြီးရယ်..ဖြစ်မဖြစ်ကြည့်နေရင်တော့..ဒီဘဝဒီသံသရာက..ဘယ်တော့မှ ရုံးထွက်နိုင်မှာ မဟုတ်တော့ ဘူးတဲ့..။ အခွင့်သာတုန်း တခဏလောက်..ရုန်းထွက်ကြည့်ပေါ့..အဖေကြီးရယ်" တဲ့..။
ဇနီးက ပြောမယ်ဆိုလည်း..ပြောချင်စရာ… ဒီသံသရာစက်ကွင်းက..ရုံးထွက်ဖို့မလွယ်.. သူပြောသလို ခဏ လောက်တော့ ရုံးထွက် ကြည့်ချင်ပါသည်။ “အိမ်း..ဒါဆိုကလည်..တပတ်လောက်တော့.. သားတွေနဲ့အတူ ဒုလ္လဘရဟန်းခံမယ်”ဟုသဘောတူ ဆုံးဖြတ်လိုက်သည်။
၎။
စုပေါင်းရှင်ပြုပွဲလဲ အောင်အောင်မြင်မြင်ပြီးဆုံးသွားပါသည်။ ကျနော်လည်း စိပ်ပုတီးနဲ့ တပတ်လောက် ရိပ်ကြီးခိုရပြီ ဆိုပါတော့..။
ညနေ ၇-နာရီလောက်ကြတော့..ဆရာတော်က ရဟန်းတော်များရဲ့ တနေ့တာလုပ်ငန်း ပြောပါတယ်။ ဘုရားရှိခိုး၊ တရားထိုင်၊ ကျောင်းသန့်ရှင်းရေ၊ တရားနာစသည့်စသည့်အချိနှ်ဇယားပေးပါသည်။
တစ်ရက်..နှစ်ရက် တရားထိုင်လာတော့..စိတ်ကလေးလည်း တည်ငြိမ်လာသလို ခံစားလာရသည်။ ဆရာတော်က ..ညနေလေးနာရီတိုင်း..တရားဟော..တရားစစ်လုပ်ပါသည်.။
ဆရာတော်ရဲ့ တစ်နေ့ ညနေတရားပွဲမှာတော့..
အတိတ်ခန္ဓာ စွန့်ပယ်ပါ။ အနာဂတ်ခန္ဓာစွန့်ပယ်ပါ။ ပစ္စုပ္ပ္ပန်ခန္ဓာ စွန့်ပယ်ပါ
အစချီကာ ဓမ္မပဒလာ တဏှာဝဂ် ဥဂ္ဂသေန ဝတ္ထုကြောင်းကို ဟောပါသည်။
မြတ်စွာဘုရားလက်ထက်က ဥဂ္ဂသေနဟာ ရာဇဂြိုလ်ပြည်မှာ သူဋ္ဌေးသားပါ၊ ကချေသည် အတုလကာရီရဲ့ အလှအပ..အနုပညာကို စွဲးလမ်းမှုတဏှာကြောင့်..မိဘတွေကိုစွန့်ခွါ.. မိန်းမနောက်ကို.. ဇာတ်သမားများရဲ့ အထုပ်အပိုးထမ်း၊ ထင်းခွဲ ၊ရေးခပ်၊ လှည်းမောင်း ၊နွားကျောင်း အလုပ်ဖြင့် ပင်ပင်ပန်းပန်း ဇာတ်နောက်လိုက်ဘဝကို ရောက်သွားခဲ့သည်။ အတုလကာရီနဲ့ သားလေးရတော့လည်း.. မောင်ဥဂ္ဂသေန တစ်ယောက် မိန်းမကို ချစ်တာကလွဲလို့ ဇာတ်ထဲမှာ ဘာမှ မယ်မယ်ရရ မလုပ်တတ်တော့ ဇနီးသည်ရဲ့ ကဲ့ရဲ့ငြိုငြင်မှုကိုခံရသည်။ ယုတ်စွ.. သားချော့တေးမှာတောင်..သူကိုစောင်းမြောင်းသလိုနဲ့..
“ဖာ ထဘီထမ်း ၊ ပေါ့သွမ်သွမ်း။
လူစွမ်း၊ လူစ၊ မရှိသူရဲ့ သားလေးကရယ်..။
နေကုန် နွားကျောင်း၊ ကြိမ်းမောင်ခံရ။
လူအန္ဓရဲ့ သားကလေးရယ်..။
အနုပညာ၊ ဘာမှမသိ။
လူ့တုံးတိရဲ့ သားကလေးရယ်..” လို့
ဆိုလာတော့ မောင်ဥဂ္ဂသေန မခံနိုင်လို့.. ဇာတ်ဆရာထံမှာ ပညာသင်ကာ.. ရာဇဂြိုလ်မှာ အတောင်ခြောက်ဆယ်ရှိသော ဝါးလုံးထိပ်မှာ.. အစွမ်းပြပါတော့သည်။ .. မြတ်စွာဘုရားသည်.. မောင်ဥဂ္ဂသေနရဲ့ ဒီနေ့ ကျွတ်တမ်းရမည်ကို သိရလို့ ရာဇဂြိုလ်မြို့ကို ဆွမ်းခံ ဝင်တော်မူသည်။
မြတ်စွာဘုရားက ပရိတ်သတ်တွေ ဥဂ္ဂသေနကို မကြည့်ပဲ မိမိကိုယ်သာ ကြည်အောင် အဓိဋ္ဌာန်ပြုတော်မူသည်။ ထိုအခိုက်မှာ ပရိတ်သတ်တွေက သူကို မကြည့်ပဲ မြတ်စွားဘုရားထံရောက်သွားတာကို သိလိုက် ရတော့ ငါ့ပညာဟာ အလကားပဲလို့ စဉ်းစားနေတာကိုသိတဲ့ မြတ်စွာဘုရားက အရှင်မဟာမောဂ္ဂလာန် အား မောင်ဥဂ္ဂသေန အတတ်ပညာတွေကို ပြမြဲ ဆင်လက်ပြသဖို့ သွားရောက်တိုက်တွန်းစေသည်။
မောင်ဥဂ္ဂသေန တဆယ့်လေးကြိမ်တိုင်တိုင် ကျွမ်းတိုးပြီး ဝါးလုံးတိုင်ထိပ်ရပ်နေစဉ်မှာ..မြတ်စွာဘုရားက..
အထက်မှာ..ဆရာတော်ဘုရားဟောတဲ့ စွဲလမ်းမှု တဏှာတွေကို စွန့်ဖို့ တရားဟောလိုက်တော့..ပါရမိ အရင်းခံရှိ သူမို့.. မြတ်စွာဘုရား တရားဒေသနာကြားတာနဲ့ မောင်ဥဂ္ဂသေန တရားရပြီး ပဋိသမ္ဘိဒါနှင့် တကွ အရဟတ္တဖိုလ်ရောက်၍ မြတ်စွာဘုရားက ဧဟိဘိက္ခုခေါ်တော်မူကာ ပရိက္ခရာရှစ်ပါးနှင့်တကွ ဝါခြောက်ဆယ်ရ မထေရ်ကြီး ကဲ့သို့ ဖြစ်သွားပါသာတဲ့။
ဆရာတော်ဘုရားရဲ့ ဒီတရားတော်တွေကို ကြားရတော့.. မိသာစုဘဝသောကအဖြာဖြာမေ့ပျောက်ပြီး ရင်ခုန်သံလေးများ နှေးသွား သလိုပါပဲဗျာ.....။
သို့သော်..... တစ်ပတ်ပြည့်လို့.. ဒုလ္လဘရဟန်းထွက်…အိမ်ပြန်ရောက်ရင်တော့ဖြင့်…။

No comments:
Post a Comment