သမ္မတဦးသိန်းစိန်ရဲ့ နောက်ထက်ခြေလှမ်းသစ်များ
မေ။ ။ သမ္မတရဲ့ ဦးဆောင်မှုမပါပဲ
မြန်မာပြည်သူလူထုကြီး သက်သက်ဖြင့် ဒီပြုပြင်ပြောင်းလဲမှုတွေကို မရရှိနိုင်ပါဘူး။ နိုင်ငံရေး
အကျဉ်းသားတွေကို လွှတ်ပေးခဲ့တာ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ. ..သမ္မတရဲ့
နောက်ထမ် ခြေလှမ်းသစ်တွေက ဘာတွေလဲ.. မြန်မာပြည်
ငြိမ်းချမ်းရေးအတွက် ပြုပြင်ပြောင်းလဲရေးတွေ
ဆက်လုပ်ဖို့ရှိလား?
ဖြေ။ ။ အနာဂတ်အလားအလာနဲ့ပတ်သက်လို့ ကျနော်တို့ ပြုပြင်ပြောင်းလဲမှုတို့ရဲ့
အကျိုးဆက် ပုံရိပ်ကိုကြည့်ရပါဦးမယ်။ ကျနော်တို့ ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ ရင်းရင်းနှီးနှီး
ဆက်ဆံရေး ထိမ်းသိမ်းထားနိုင်မယ်လို့ မျှော်လင့်ပါတယ်။
မေး။ ။ သမ္မတရဲ့ နောက်ထပ်
ပြုပြင်ပြောင်းလဲမှုတွေနဲ့ ရည်မှန်းချက်တွေက ဘာတွေလဲ။
ဖြေ။ ။ မြန်မာနိုင်ငံရဲ့
ရည်ရွယ်ချက်တွေက အေးချမ်းတည်ငြိမ်ပြီ စီးပွားရေး
ဖွင့်ဖြိုးတိုးတက်ဖို့ပါပဲ။ အနာဂတ်မှာ.. ကျနော်တို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ လိုအပ်တဲ့
ပြုပြင် ပြောင်းလဲမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ။
မေး။ ။ မြန်မာနိုင်ငံဟာ
အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေးပုံမှန်ပြန်ဖြစ်သွားပြီ၊ နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ပေးပြီးပြီ ၊ တိုင်းရင်းသာလက်နက်ကိုင်တချို့နဲ့ အပစ်အခတ်ရပ်စဲရေး
သဘောတူညီမှုတွေရပြီးပြိ.. နောက်ထပ် တိတိကျကျ ခြေလှမ်းသစ်တွေက ဘာတွေလဲ?
ဖြေ။ ။ ။ ကျနော်တို့ ရည်ရွယ်ချက်က… မြန်မာပြည် တည်ငြိမ်
အေးချမ်းရေး၊စီးပွားရေး ဖွင့်ဖြိုးတိုးတက်ဖို့နဲ့ အနာဂတ်မှာ ဒီရည်မှန်းချက်ပန်းတိုင်ရောက်ဖို့
လိုအပ်တဲ့ ပြုပြင်မှုတွေကို လုပ်သွားမှာပါ။
လွတ်တော်မှာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့လည်း လာမည့် ဧပြီလ ရွေးကောက်ပွဲမှာ
ဒေါ်အောင်ဆန်းစု ကြည်ပါဝင်ယှဉ်ပြိုင်နိုင်ဖို့
ဥပဒေတွေကိုပြင်ဆင်ပြီးပါပြီ။
အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်လည်း နိုင်ငံရေး ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ပြီးပါပြီ။ ဒေါ်အောင်ဆန်းစုကြည်
ကိုယ်တိုင်လည်း လာမည့်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရှိပါပြီ။ ပြည်သူလူထုက
သူကိုမဲပေတယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပါလီမန်မှာ အဖွဲ့ဝင်တစ်ယောက်ဖြစ်သွားပါပြီ။ မြန်မာပြည်ပါလီမန်ကတော့
ဒေါ်အောင်ဆန်းစုကြည်ကို နွေးနွေး ထွေးထွေး ကြိုဆိုမှာပါ။ ဒါကတော့ ကျနော်တို့ရဲ့ ရည်မှန်းချက်များပဲဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနဲ့ ပတ်သတ်လို့ ငြိမ်းချမ်းရေးအလင်းရောင် အနည်ငယ်ကို ကျနော်တို့နိုင်ငံမှာ မြင်လာရပါပြီ။ ကျနော်တို့
တူညီတဲ့အချက်တွေပေါ်မှာ အခြေခံပြီး ညှိနိုင်းမှုတွေ ရရှိပြီးပါပြီ။ ထို့နောက် တိုင်းပြည်တွင်း
လက်နက်များ မကိုင်ဆောင်ပဲ ပုံမှန် တရားဝင်သွားလာနိုင်ဖို့ နှစ်ဖက်သဘောတူညီမှု လက်မှတ်တွေ
ရေးထိုးဖို့ လိုပါသေးတယ်။
လက်နက်နဲ့ ငြိမ်းချမ်းရေး
မေး။ ။ ကရင်တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲထားတယ်မဟုတ်လား။
ဖြေ။ ။ မြန်မာနိုင်ငံမှာ
လက်နက်တိုင် တပ်ဖွဲ့ (၁၁) ဖွဲ့ရှိပါတယ်။ ဒီအဖွဲ့တွေအားလုံးနဲ့ စေ့စပ်ဆွေးနွေး ပြီးပါပြီ။ တချို့လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့လည်း သဘောတူညီမှုတွေ
ရထားပါပြီ၊ ဒါပေမယ့် ပြီးဆုံးပြီးလို့ မဆိုနိုင်သေးပါဘူး ၊ ညှိနှိုင်းတိုင်ပင်စရာတွေ
ရှိနေပါသေးတယ်။
မေ။ ။သမ္မတပြောတဲ့ ပုံမှန် တရားဝင် ပြန်ဖြစ်ဖို့ဆိုတာက ဘာကိုပြောတာလဲ.. အစိုးရနဲ့ သဘောတူညီမှုတွေရပြီး ပုံမှန် အခြေအနေကို
ပြန်ရောက်ဖို့ကို ဆိုလိုတာလား?
ဖြေ။ ။ ဒါကတော့ နှစ်ဖက်စလုံး
သဘောထားပေါ်မှာ အခြေခံပါတယ်။ မကြာခင်မှာ နိုင်ငံတွင်း
တည်ငြိမ် အေးချမ်းရေးကို ရရှိလာတော့မှာပါ။ အချိန်တော့ ပေးရဦးမှာပေါ့။
ပါလီမန်နှင့်
ဒေါ်အောင်ဆန်းစုကြည်
မေး။ ။ လာမည့် ရွေးကောက်ပွဲမှာ
ဒေါ်အောင်ဆန်းစုကြည် အနိုင်ရခဲ့ရင် .. ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ကြီး တစ်နေရာကို ပေးဖို့
စဉ်းစားထားလား?
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ကို
ပြည်သူတွေက မဲပေးတယ် --မပေးဘူးဆိုတဲ့ ရွေးကောက်ပွဲ ရလာဒ်ပေါ်မှာ မှုတည်ပါတယ်။ သူရွေးချယ် တင်မြှောက်ခံရတာနဲ့ ပါလီမန်မှာ အဖွဲ့ဝင်ဖြစ်သွားပါပြီ။ ဝန်ကြီးဋ္ဌာနအားလုံး ဝန်ကြီးတွေဟာ ပါလီမန်ရဲ့ သဘောထားတူညီမှုနဲ့
တင်မြှောက်ထားတာပါ။
မေ။ ။ သမ္မတကြီး ဒေါ်အောင်ဆန်းစုကြည်ကို ဝန်ကြီးဋ္ဌာနတစ်ခုမှာ ဝန်ကြီးတစ်ယောက် အနေနဲ့ မြင်လိုပါသလား?
ဖြေ။ ။ သူကို ပါလီမန်အဖွဲ့က
သဘောထားတူညီမှုနဲ့ ခန့်အပ်လိုက်မယ်ဆိုရင် ကျနော်တို့
အဖွဲ့ဝင်ဝန်ကြီး တစ်ယောက်အဖြစ် လက်ခံရမှာပါ။
အမေရိကန် - မြန်မာဆက်ဆံရေး
မေး။ ။အနာဂတ် အမေရိကန် - မြန်မာဆက်ဆံရေးကို သမ္မတကြီး ဘယ်လိုမြင်လဲ? သမ္မတရဲ့ အမေရိကန်- မြန်မာဆက်ဆံရေး မျှော်လင့်ချက်နဲ့
ဘယ်လိုတိုးတက် ပြောင်းလဲမှုတွေကို တွေ့ချင်မြင်ချင်ပါသလဲ။
ဖြေ။ ။ အမေရိကန်- မြန်မာဆက်ဆံရေးနှင်ပတ်သတ်လို့.. ကျနော် အချက် (၃) ချက်ကို ပြောချင်ပါတယ်။ ၁) အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန် လာရောက်လည်ပတ်စဉ်ကတည်က စေ့စပ်ညှိနိုင်းမှုတွေ
လုပ်ပြီးပါပြီ၊ ယနေ့လည်း ဝန်ကြီး Mitch McConnell လာရောက်လည်ပတ်ပြီး ဆွေးနွေးပြီး ပါပြီ။
၂) လောလောဆယ်မှတော့ သံအမတ်အဆင့် သံတမန် ဆက်သွယ်ရေး မထားရှိရသေးပါဘူး
.. ဒါကို ဆက်လက်တိုးမြှင့်မယ်လို့ မျှော်လင့်ပါတယ်။
၃) အမေရိကနဲ့ ဥရောပကမြန်မာပြည်ကို
စီးပွားရေးပိတ်ဆို့ထားတာ အနှစ် နှစ်ဆယ်နီးပါရှိနေပါပြီ .. ဒီစီးပွားရေး ပိတ်ဆို့မှုတွေကို
ရုပ်သိမ်းပေးတာကို တွေ့ချင် မြင်ချင်ပါတယ်။
မေး။ ။ အတွင်းရေးမှူး ကလင်တန်က.. အမေရိကန်- မြန်မာ ဆက်ဆံရေးဟာ ပုံမှန်ဖြစ်သွားပြီး..
နှစ်နိုင်ငံ သံတမန်အဆင့် ခန့်အပ်မယ်လို့ ပြီးခဲ့တဲ့အပတ်က ကြေညာခဲ့ပါတယ်။
ဖြေ။ ။ ကျနော်လည်း ဒီသတင်းကို ကြားရပါတယ်။ ယခုလောလောဆယ်တော့ သံအမတ်အဖြစ် ခန့်အပ်တာ မတွေ့ရသေးပါဘူး။
အနောက်နိုင်ငံတွေက မြန်မာနိုင်ငံ ပြုပြင်ပြောင်လဲရေးတွေ တွေချင်မြင်ချင်တာ
သုံးခုရှိပါတယ်။
၁) နိုင်ငံရေးအကျဉ်းသားတွေ
လွှတ်ပေးဖို့
၂) ပါလီမန်ဆိုင်ရာ
ကြားဖြတ်ရွေး ကောက်ပွဲ ကျင်းပဖို့
၃) ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အခြားနိုင်ငံရေးအဖွဲ့တွေနဲ့ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုမှာ ပါဝင်ဖို့ ဖြစ်ပါတယ်။
ကျနော်တို့ ဒီသုံချက်လုံးကို အားလုံးလုပ်ဆောင်ပြီးပါပြီ အနောက်နိုင်ငံတွေဘက်ကပဲ လုပ်ဆောင်ဖို့ပဲ လိုပါတော့တယ်။
ကျနော်တို့ ဒီသုံချက်လုံးကို အားလုံးလုပ်ဆောင်ပြီးပါပြီ အနောက်နိုင်ငံတွေဘက်ကပဲ လုပ်ဆောင်ဖို့ပဲ လိုပါတော့တယ်။
ဒီပြုပြင်ပြောင်လဲမှု သုံးခုဟာလည်း တခြားနိုင်ငံတွေရဲ့ ဖိအားပေးမှုကြောင့်မဟုတ်ပါဘူး
ကျနော်တို့နိုင်ငံမှာ လုပ်သင်တဲ့အရာတွေလို့ ခံစားရလို့ လုပ်ဆောင်ရတာပါ။
ပြုပြင်ပြောင်းလာခြင်းနှင့်
စီးပွားရေးပိတ်ဆို့မှု..
မေး။ ။ မြန်မာနိုင်ငံ
စီးပွားရေးပိတ်ဆို့မှုကြောင့် ဒီအပြောင်းအလဲတွေ လုပ်လာရတမဟုတ်ဘူးဆိုရင်… စီပွားရေပိတ်ဆို့မှုတွေက.. မြန်မာနိုင်ငံမှာ ထိရောက်မှု
မရှိဘူးလား…?
ဖြေ။ ။ စီးပွားရေး ပိတ်ဆို့မှု့
အဓိက ရည်ရွယ်ချက်တွေက အစိုးရကိုပါ. သို့သော်လည်း တိုက်ရိုက် နင့်နာတာကတော့ ပြည်သူလူထုပါပဲ
။ ဒါမဟုတ် မြန်မာနိုင်ငံ ဒီမိုကရေစီ နည်းစနစ်တွေ လက်လွှဲပေးခဲ့တဲ့ လမ်းပြမြေပုံ ချမှတ်ပေးခဲ့တဲ့ ရှေးက အစိုးရဖြစ်နိုင်ပါတယ်။
လမ်းပြမြေပုံ
( ၇) ချက်
မေး။ ။ ၂၀၀၄-ခုနှစ်က ချမှတ်ခဲ့တဲ့
လမ်းပြမြေပုံ (၇) ချက်ကိုပြောတာလား?
ဖြေ။ ။ ပြီးခဲ့တဲ့အစိုးရက
မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ်အတွက် လမ်းပြမြေပုံ (၇) ချက်ကို ချမှတ်ပေးခဲ့ပါတယ်။ ဒါတွေကို
တခုချင်း လိုအပ်သလို တိုင်းတာပြီး လုပ်ဆောင်သွားရမှာပါ။
မေး။ ။ သူတို့ချမှတ်ခဲ့တဲ့
လမ်းပြမြေပုံတွေဟာ ဒီမိုကရေစီရဲ့ အချက်အလက်တွေဟုတ်လား?
ဖြေ။ ။ဟုတ်ပါတယ်။
မေး။ ။ လူတွေက စဉ်းစားနေပါတယ်။ ခုမှ သမ္မတကြီး ဂငယ်ကွေ့ ကွေပြီး ရုတ်ချည်းပြောင်းလဲသွားတာလဲ
သမ္မတကြီး ပြောတဲ လမ်းပြ မြေပုံတွေက အရင်ကတည်က
ကျင့်သုံးနေတာ မဟုတ်လား။
ဖြေ။ ။ ပြုပြင်ပြောင်လဲမှုတွေလုပ်မယ်ဆိုရင်
.. နေ့ခြင်းညခြင်း ထလုပ်လို့မရပါဘူး။ တချို့နိုင်ငံတွေမှာ နေ့ခြင် ညခြင်း အပြောင်းအလဲတွေ ထလုပ်လို့ အခြေအေနေတွေ
ပိုဆိုးရွားတာ တွေ့ရပါတယ်။ ဒါကြောင့် လမ်းပြ
မြေပုံ (၇) ချက် ချမှတ်ပြီး တစ်ခုချင်း လုပ်ဆောင်လာလို့ ယခု ဒီမိုကရေစီ စနစ်နဲ့ ရွေးချယ်
တင်မြှောက်တဲ့ အစိုးရသစ် မြင်တွေ့ရတာပါ။
စစ်အစိုးရ ခေါင်းဆောင်များနဲ့ မြန်မာ့ဒီမိုကရေစီ
မေး။ ။ လက်ရှိအစိုးးရမှာ ၂၅ရာနှုန်းမဟာ စစ်သားတွေဖြစ်ပြီး သမ္မတကြီးအပါအဝင် အစိုးရအဖွဲ့ဝင် အားလုံးလိုလိုဟာ
ရှေးက စစ်သားတွေဖြစ်နေပါတယ်။ ကျမတို့ နားလည်ထားတာက
.. ဒီမိုကရေစီဆိုတာ စစ်တပ်ကို ထိမ်းချုပ်နိုင်တဲ့
အရပ်သားအစိုးရလို့ နားလည်ထားပါတယ်။
ဖြေ။ ။ ပါလီမာန်မှာ လေးပုံတစ်ပုံလောက်ဟာ
စစ်တပ်ကဖြစ်ပေမယ့် စစ်တပ်ဟာ အမိန့်အာဏာ ဥပဒေပြုအဖွဲ့ထဲမှာ မပါတော့ပါဘူး။ ကျနော်တို့
စစ်တပ်ကို နောက်ချန်ထားလို့မရပါဘူး။ ကျတော်တို့ နိုင်ငံ ဖွင့်ဖြိုးတိုးတက်ရေးအတွက် စစ်တပ်ရဲ့ အခန်းကဏ္ဍက လိုအပ်နေဆဲပါ။
မေး။ ။ အမေရိကန်တို့ရဲ့
အမြင်ရပြောရရင်….စစ်တပ်ဟာ အင်အားတောင့်တင်းရမယ်ဆိုတာ လက်ခံပါတယ် ၊ ဒါပေမယ့် တိုင်းသူပြည်သားတွေမှာ အချုပ်အခြာအာဏရှိရမယ် ။ ကျမတို့
သမ္မတဟာ လက်နက်ကိုင်တပ်ဖွဲတွေထက် ပိုပြီး အာဏာရှိပါတယ်။ ဒါက…ကျမတို့လက်ခံထားတဲ့ ဒီမိုကရေစီပဲ.. သမ္မတကြီး
ဒီပြုပြင်ပြောင်လဲမှုမျိုးတွေကို ဘယ်လိုဆက်လက် လုပ်ဆောင်မှာလဲ။
ဖြေ။ ။ ကျနော်တို့ရဲ့
အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေတွေကို လေ့လာဖို့လိုမယ်ထင်ပါတယ်။ ဒီထဲမှာ သမ္မတကနေ.. စပ်တပ်မှာ ရာထူးအသီးသီးကို ခန့်အပ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
မြန်မာ- မြောက်ကိုရီယားဆက်ဆံရေး..
မေး။ ။ အမေရိက ပူပန်းနေတာကလည်း
မြန်မာ- မြောက်ကိုရီးယာဆက်ဆံရေးဖြစ်ပါတယ်။
အမေရိကန် အမတ် Richahrd
Lugar ရဲ့ လောလောဆယ် ထုတ်ပြန်ကြေညာချက်ထဲမှာ.. မြန်မာက DPRK အကူအညီတွေနဲ့ နျူးကလီယား အစီအစဉ်တွေ လုပ်ဆောင်နိုင်ဖွယ်ရှိတယ်လို့
ထုတ်ပြန်ပါတယ်။ ဒါနဲ့ပတ်သတ်လို့ သမ္မတကြီး ဘာများပြောချင်လဲ။
မြောက်ကိုလီယားနဲ့ စစ်ရေး ပူးတွဲ လေးကျင့်ဖို့ ဆန္ဒများရှိရဲ့လား?
ဖြေ။ ။ ကျနော်တို့ DPRK နဲ့ သံတမန်အဆက်အသွယ်တွေရှိပါတယ်။ ဒါပေမယ့်
.. နျူးကလီးယားအစီအစဉ်နဲ့ စစ်ရေးပူးတွဲ လေးကျင့်ဖို့ အစီအစဉ်တွေမရှိပါဘူး။ ဒါတွေက စွပ်စွဲပြောဆိုမှုတွေပါ။
နိုင်ငံတကာရေးရာဖက်က ကြည်မယ်ဆိုရင် မြန်မာနိုင်ငံက နျူးကလီးယား လက်နက် ထိမ်းချုပ်ရေးဖက်မှာ ရပ်တည်နေပါတယ်။
ကျနော်တို့ ကုလသမဂ္ဂက ချမှတ်တဲ့ လမ်းစဉ်တွေပေါ်မှာ
အမြဲရပ်တည်နေပါတယ်။ ဒီပြောဆိုချက်တွေဟာ စွတ်စွဲမှု သက်သက်သာဖြစ်ပြီး DPRK နှင့် ပူးပေါင်းပြီး
နျူးကလီယား လက်နက်တွေ လုပ်ဖို့မရှိပါဘူး။
DPRK အနေနဲ့ မြန်မာနိုင်ငံကြီး နျူကလီးယားအစီအစဉ်တွေ ကူညီဖို့ အခြေအနေတွေ
မရှိသေးပါဘူး။ ကျနော်တို့မှာလည်း နျူးကရီယား
အစီအစဉ်တွေ့ အတွက် ပြည့်စုံနဲ့ အချက်အလက်တွေနဲ့ ဘဏ္ဍာငွေ မရှိသေးပါဘူး။
မေး။ ။သမ္မတအနေနဲ့ IAEA ( အပြည်အပြည်ဆိုင်ရာ နျူးကလီးယားအဖွဲ့) က မြန်မာနိုင်ငံ
နျူးကလီးယာရှိ / မရှိ ဝင်ရောက်စစ်ဆေးချင်တယ်ဆိုရင် ခွင့်ပြုမှာလား?
ဖြေ။ ။ ကျနော်တို့ နိုင်ငံတကာနဲ့
ချူပ်ဆိုထားတဲ့ IAEA ပဋိညာဉ်စာတမ်းကို လိုက်နာမှာပါ။ လာရောက်လေ့လာဖို့လိုတယ်ဆိုရင်
လွှတ်တော်ကို တင်ပြပြီး လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ကို ရယူရပါမယ်။
မြန်မာနိုင်ငံ စီးပွားရေးလမ်းစများ..
မေ။ ။ အမေရိကန် စာဖတ်ပရိတ်ကို
ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ ကျနော်ပြောချင်တာက..
မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်နေပါပြီ… ဒီလမ်းကြောင်းပေါ်ရောက်နေတဲ့အတွက် ကျနော်တို့ ရှေ့ဆက်ဖို့သာရှိပြီး နောက်ဆုတ်ဖို့
လမ်းမရှိတော့ပါဘူးလို့။ ကျနော်တို့ အစိုးရသစ်အနေနဲ့
ကိုးလလောက်သာ ရှိသေးတဲ့အတွက် ဒီမိုကရေစီ လက်တွေ့
အတွေ့အကြုံတွေဟာ နုနယ်သေးပါတယ်။ ဒါကြောင့် နှစ်ပေါင်း တရာကျော် ဒီမိုကရေစီ ကျင့်သုံးနေတဲ့ အမေရီကန်လို
နိုင်ငံမျိုးနဲ့တော့  နိုင်းယှဉ်လို့ ရမယ်မထင်သေးပါဘူး။
ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ဖို့အတွက် အဓိကအကြောင်း
(၂) ချက်လိုအပ်ပါတယ်။
၁) ပြည်တွင်း တည်ငြိမ်
အေးချမ်းရေး
၂) ပြည်တွင်းစီပွား ဖွင့်ဖြိုးတိုးတက်ရေးကို ဦးတည်ပြီး
ပြည်သူ ပြည်သားတွေဘဝ သာယာဖို့အတွက် လိုအပ်သလို မြှင့်တင်ဆောင်ရွက်နေပါတယ်။
မြန်မာပြည်သူပြည်သားတွေဟာ သုံးသန်းလောက် ပြည်ပနိုင်ငံမှာ အလုပ်
လုပ်နေကြပြီး ၂၆ % ဆင်းရဲ မွဲတေမှု ရှိနေပါသေးတယ်
၊ ဘာကြောင့်လည်းဆိုတော့ နိုင်ငံတာကာ စီးပွားရေး ပိတ်ဆိုမှုဒဏ်ကို နှစ် နှစ်ဆယ်ကျော်ကြာခံနေရလို့ပါပဲ။
ဒီစီးပွားရေ ပိတ်ဆိုမှု့တွေဟာ ပြည်သူတွေ တိုးတက်မှုကိုဟာ
ထိခိုက်စေပြီး ပြည်သူတွေကို အလုပ်လက်မဲ့ ဖြစ်စေပါတယ်။ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ဖြောင့်ဖြောင့်လျှောက်လမ်း
စေချင်တယ်ဆိုရင်.. မြန်မာနိုင်ငံ ထားရှိထားတဲ့
စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်ပေးစေချင်ပါတယ်။
မေး။ ။ သမ္မကြီးအနေနဲ့
မြန်မာနိုင်ငံ စီးပွားရေးမြှင့်တင်ချင်တယ်ဆိုရင် .. ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ နိုင်ငံတကာ
ရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံမှာလား?
ဖြေ။ ။ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေကို
ကြိုဆိုပါတယ် ဒီအတွက်လည်း နိုင်ငံတာကာ ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ ဥပဒေတွေကို ပြင်ဆင်ပြီးပါပြီ။
နိုင်ငံတကာ ရင်းနှီမြှုပ်နှံမှုတွေ ဝင်ရောက်လာဖို့အတွက် စီးပွားရေး ပိတ်ဆို့မှုကို ရုပ်သိမ်းပေးဖို့ပဲ
လိုပါတော့တယ်။
မေး။ ။ ရင်းနှီးမြှုပ်နှံသူတွေက ဥပဒေစိုးမိုးရေးနှင့် မျှတတဲ့ တရားစီရင်မှုတွေ ရှိ/
မရှိ မေးနေကြပါတယ်။
ဖြေ။ ။ ကျနော်အမြင်ကတော့
မြန်မာနိုင်ငံမှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေ အတွက် ဒီလောက် အခက်အခဲ ရှိမယ်မထင်ပါဘူး။
ခက်ခဲနေတာကတော့ စီးပွားရေး ပိတ်ဆို့မှုပါပဲ။
သတင်းမီဒိယာ
လွတ်လပ်ခွင့်…
မေး။ ။ သမ္မတကြီး .. မြန်မာနိုင်ငံမှာ
၁၉၆၂-ခုနှစ်က
သတင်းမီဒီယာ ဥပဒေကို စွန့်လွှတ်ပြီးသတင်းမီဒိယာ လွတ်လပ်မှု၊ နေ့စဉ်သတင်းစာထုတ်ဝေခွင့်၊
ပုဂ္ဂလိက သတင်းမီဒီယာတွေကို ခွင့်ပြုတော့မှာလား?
ဖြေ။ ။ သတင်းမီဒီယာလွှတ်လပ်ခွင့်နဲ့
ပတ်သတ်လို့ အရင်လို မဟုတ်တော့ဘူး ဆိုတာ မြင်နိုင်ပါတယ်။
မြန်မာနိုင်ငံမှာ နေ့စဉ် သတင်းဂျာနယ်တွေ ထုတ်ဝေနေပြီး လွတ်လွတ်လပ်လပ် ရေးသားခွင့်ရှိနေပါပြီ။
ဒါပေမယ့် ဒီမိုကရေစီ နည်းစနစ်ကျဖို့ လိုပါသေးတယ်။ မီဒီယာ သမားတွေဟာ တာဝန်ယူမှုတွေနဲ့အတူ သင့်တင့်တဲ့ လုပ်ဆောင်မှုတွေရှိရပါမယ်။
မီဒီယာလွတ်လပ်ဆိုတာ သူတိုရဲ့ တာဝန်ယူနိုင်မှု့အပေါ်မှာ အခြေခံပါတယ်။
The Washington Post
January 19, 2012 Interview ကိုဘာသာပြန်ပါသည်။

No comments:
Post a Comment