Apr 24, 2015

Mission to Nation


Mission to Nation!
I see, the rural people are horrible but they are very simple and humble.
I see , the rural people are poor but they are very rich in simple, kindness, helping.
I see, the rural people are uneducated but they are deserved to human standard.
I see, the rural people are poor in health but they are deserved to healthiness.
I hope, we can do something for them.
I hope, we can change the country with them.
I hope , we can change together a better a country.
This hope is an anchor for my country.

Apr 22, 2015

တမာလမ်းကပြန်ခဲ့မယ်( မြေကမ္ဘာနေ့)

ကမ္ဘာမြေနေ့အထိမ်းအမှတ်ရေးဖွဲ့သည်..
Dirty energy has created a world of Dirty Weather. Today, climate disruption affects us all. And it will take all of us together to solve it. Join us for 24 Hours of Reality: The Dirty Weather Report, when together we will stand up and demand real solutions to the climate crisis.  
 ( Al Gore , Climate   Reality Protect)

“နှစ်ပြောင်းလရှည် ကြာခဲ့ပြီမောင်ရေ….

ငယ်ကကျွမ်းလို့လည်း လွမ်းရပါတယ်လေ…၊
ဒါကြောင့်သာပဲ ..
မောင်နဲ့ နှစ်ယောက်သားတွေ့ရာ..
အညာက တမာတန်းလေးတွေ..
ပြေးကြည့်မိလေတော့
တမာတွေ ဆယ်ကြိမ်းဖူး..
နှစ်ဦးခွဲခွာ..ဆယ်လီနှစ်များ
ကြာခဲပြီ..မောင်ရေ....။

တမာတောမှာ ပျော်တယ်ဆိုတဲ့
 မောင်ရေ..မောင်ရေ…
အညာမြေကို မေ့လို့လား..၊
 အညာသူလေးကို မေ့လို့လား..၊
 ခွဲခွဲခြားခြား ပြောပါမောင်ရေ…”

မွေးရပ်မြေအညာမြေကို ပြန်ခါနီးမို့ ချိုးပြုံရဲ့ တမာလမ်းက ပြန်ခဲ့ပါဆိုတဲ့  သီချင်းသံနဲ့အတူ အညာမြေက တမာရနံ့၊ ထနောင်းရနံ့တွေက  အတွေးစိတ်ထဲမှာ ထုံသင်းမွေးကြိုင်လာသလိုခံစားရသည်..၊

ပြည်ပကိုရောက်တာ အတွေးထဲမှာ လက်ချိုးကာ ရေးတွက်ကြည့်တော့ ချိုပြုံးရဲ့  သီချင်းစာသားနဲ့အတူ အညာမြေက  တမာတန်းနဲ့ ခွါခွာခဲ့တာ  ဆယ်နှစ် တင်းတင်းပြည့်ခဲပြီ မဟုတ်ပါလား။

  မြန်မာပြည်ကို  နိုဝင်္ဘာလလောက်မှာ   ပြန်လာမယ်ဆိုတော့ ဆွေမျိုးသားချင်းတွေ၊ ငယ်သူချင်းတွေ၊ မိတ်ဆွေပေါင်းသင်းတွေ၊ တပည့်တွေက လေဆိပ်ကို  လာကြိုးကြမယ်လို့ ဖုန်းဆက်လာပါတယ်။ ရန်ကုန်မြို့ကြီးမှာလည်း စီးပွားရေး တံခါး ဖွင့်လာတာနှင့်အမျှ  လမ်းမပေါ်မှာ ဆိုင်ကယ်တွေ၊ ကားကြီး၊
ကားငယ်တွေ ပြည့်နက်နေတာပဲလို့ မြန်မာပြည်မှ  ပြန်လာသူ မိတ်ဆွေများရဲ့ ပြောပြချက်  သိနေ၊ ကြားနေရပါတယ်။

ဒီတော့.. ရွာကမိတ်ဆွေတွေကို စာရေးသူက… ပြန်လာမှာက တစ်ယောက်တည်းပါ.. ကားတွေ အများကြီးလာစရာ  မလိုပါဘူး။  တစ်စီလောက်ဆို ရပါပြီးလို့ အကြောင်းပြန်လိုက်ပါတယ်။

တချို့   နာမည်ကြီး  ဆရာတော်တွေ၊လူတွေ နိုင်ငံခြားကို သွားကြ၊ ပြန်ကြအချိန်မှာ    နိုင်ငံခြားသွားမှာက တစ်ယောက်တည်း လိုက်ပို့တဲ့ ကားတွေကဆယ်စီးကျော် ရှိတယ်လို့ ဆိုပါတယ်။ တချို့နာမည်ကြီး ပုဂ္ဂိုလ်းများကဆို ဒီလို ကားများများ ကြို/ပို့လုပ်တာကိုပဲ ဂုဏ်တစ်ခုလို့ ထင်မှတ်နေကြပါတယ်။ တကယ်တော့ လိုတာထက် ပိုနေရင်၊ အလကားပါ၊ မိမိကော ၊ ပတ်ဝန်းကျင်ပါ ထိခိုက်စေပါတယ်။
ဘာကြောင့်လဲဆိုတော့ လမ်းပေါ်မှာ အကြောင်းမဲ့ မလိုအပ်ပဲ သွားလာနေတဲ့ ယာဉ်ရထားတွေက များပြားလာလို့ သဘာဝအေးအန္တရယ်ကို ထိခိုက်လာတယ်လို့ သဘာဝပန်ဝန်ကျင် ထိမ်းသိမ်းရေး  လေ့လာစောင့်ကြည်သူတွေကပြောလာပါတယ်။

တချိန်တည်းမှာပဲ.. အညာမြေမွေးရပ်မြေမှ  ညီအကို မောင်နှမများနဲ့  ရွာကို နိုဝင်္ဘာလမှာ  ပြန်လာမယ် ဆိုတဲ့ အကြောင်းပြောရင်းနဲ့  ရပ်ရွာအခြေအနေကို မေးမြန်းကြည့်မိပါတယ်။

  ညီအကို မောင်နှမတွေကတော့ ရွာမှာ တိုးတက်နေပြီးဆိုတဲ့ အကြောင်း  ၊ ရွာမှာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က မရှိတဲ့ ၊ ကားကြီး ၊ ကားငယ်တွေ ဝင်ထွက်နေပြီးဆိုတဲ့ အကြောင်း လူငယ်တော်တော်များများမှာလည်း ဆိုင်ကယ်၊ သို့မဟုတ်  လက်ကိုင် တယ်လီဖုန်းများကိုင်နေပြီး ဖြစ်ကြောင်း ဝမ်းပမ်းတသာ ပြောလာပါတယ်။

ပြည့်ပမှာ အနေကြာတဲ့ စာရေးသူအဖို့တော့ ရွာသူ/ရွာသားတွေ ဆိုင်ကယ်တွေ စီးလာနိုင်တာ၊ လက်ကိုင်ဖုန်းတွေ ကိုင်လာနိုင်တာကို ဝမ်းသာရပေမယ့်၊ ထူးထူးခြားခြား ခံစားမှုမျိုးတော့ မဖြစ်မိပါဘူး။

စာရေးသူက.. ရွာသူ ရွာသားတွေ အကြောင်းမေးပြီး  ရပ်ရွာ မိုးလေဝသအခြေအနေ ကိုလည်း မေးမိပါတယ်။   ကြားရတဲ့ သတင်းအရ.. မိုးလေဝသတော့ အရင်ကလို မကောင်းတော့ကြောင်း ၊ ရွာအဝင်လမ်းမှာရှိတဲ့ တမာတန်းကြီးလည်း ရွာသူရွားသားတွေ ၊ ထင်းမီး အသုံးပြု ခုတ်လဲကျလို့ အရင်ကလို့ ရွာအဝင် တမာလမ်းဟာ စိမ်းစိမ်းစိုစို မရှိတော့ကြောင်းသိရပါတယ်။

ရွာဦး ချောင်းနဘေးကို မကျည်းပင်ကြီးများ ရွာဦးကျောင်းနဘေးက  မကျည်းပင်ကြီးများလည်း စီးပွားရေးသမားများ မီးသွေးဖုတ်ရန်  ခုတ်လှဲကြလို့ မရှိတော့ဘူးလို့ သိရပြန်ပါတယ်။ ဒါပြင်.. ရွာအပြင်မှာ ရှိကြတဲ့ ထနောင်ပင်ကြီးများလည်း စီးပွားရေးသမားများရဲ့ နှိပ်စက်မှု ၊ နွားသရေရုံ  ပိုင်ရှင်များ အသုံးပြုဖို့ ထနောင်း ခေါက်ခွာမှုကြောင့် ထနောင်းပင်များလည်း ရှားပါးသွားပြီးလို့ စာရေးသူရဲ့  မိတ်ဆွေများ ပြောပြချက် အရ သိရပါတယ်။

ဒီသတင်းတွေကို ဖုန်းထဲမှ တဆင့်ကြားရတော့ စိတ်ကူးယဉ် အတွေးနဲ့ ပျော်နေခဲ့တဲ့ အညာမြေက တမာရနံ့ ထနာင်း ရနံတွေအစား မြိုးကြီး ပြာကြီးက မိးခိုးရနံ့များက အစားထိုးဝင်ရောက်လာပါတယ်။
နောက်တစ်ပတ်လောက်ရှိတော့ ရန်ကုန်မှာရှိတဲ့ ညီက ဖုန်းဆက်လာပြန်ပါတယ်။   စာရေးသူ မြန်မာပြည်ရောက်ရင် ရွာသူရွာသားများက အိုးစည်အဖွဲ့၊ အကအဖွဲ့များနှင်ကြိုးဆိုကြမည်ဖြစ်ကြောင်း သတင်း စကား ပါးလာပါတယ်။

ဒီတော့ စာရေးသူက.. “ ရွာကိုပြန်လာတာဟာ ဒါတွေအရေးမကြီးကြောင်း မိခင်းကြီးကို တွေ့လိုလို့ဖြစ်ကြောင်းနဲ့ အကယ်၍ စာရေးသူကို   ကြိုဆိုချင်တယ်ဆိုရင်…  လွန်းခဲ့သော ဆယ်စုနှစ်များကလို့ မွေးရပ်မြေမှာ  တမာပင်များ၊ ထနောင်းပင်များ၊ ထန်ပင်းများ ဝေဝေဆာဆာဖြစ်အောင် တစ်ယောက် တပင်စီ စိုက်ရင် စာရေးသူအတွက်ကော၊ ရွာသူရွားသားများအတွက်ပါ ဘဝမှာ မေ့မရတဲ့ အထိမ်းအမှတ်ဖြစ်ကြောင်း ဖုန်းဆက်ပြောလိုက်ပါတယ်။

တကယ့်တော့ သစ်ပင်များဟာ သဘာဝပတ်ဝန်းကျင်ကို စိမ်းလမ်းစိုပြေရုံသာမက တမာပင်များဆိုရင် တမာဖူးချိန်မှာ တမာဖူးများဟာ ငါးပိရည်နှင့်တို့်စား ဟင်းတစ်ခွက်ပါပဲ၊ နိုင်ငံခြားတိုင်းပြည်မှာဆို ဗိယနန်က လာတဲ့ တမာဖူးများကို ဈေးကြီးပေးဝယ်စားနေရပါတယ်။ တမာရဲ့ အသုံးဝင်ပုံကတော့ စာရေးသူ ပြောမလို မကုန် လောက်အောင်များပြားပါတယ်။

အညာဒေသမှာရှိတဲ့ ထနောင်ပင်ကြီးများ ဟာဆိုရင်လည်း  ကျေးလတ်ဒေသမှာ   မွေးမြူကြတဲ့ ဆိတ်၊သိုးများရဲ့ အဓိကအားထားရတဲ့ စားကျက်ပင်ပါပဲ။  ထန်းပင်ရဲ့ အသုံးဝင်ပုံကတော့ စာအုပ်တစ်အုပ် ရေးရလောက်ပါတယ်။  မိုးခေါင်ရေရှား အညာဒေသမှာ ထန်းပင်ရှိရင် ရွှေရှိတာနဲ့ အတူတူပါပဲ။ ထန်းပင်မှ ထွက်တဲ့ ထန်းလျက်၊ ထန်းခက်၊ ထန်းသီး ၊ အားလုံးဟာ ငွေတွေဖြစ်ပါတယ်။

ဒါကြောင့် စာရေးသူကို   အိုးစည်ဘုံးဘောင်း ၊ အကအခုန်းများနဲ့ ကြိုဆိုမည့်အစား  စာရေးသူ ရွာပြန်ရောက်ရင်  ရွာသူရွာသားများနှင့်အတူ တမာပင်၊ ထန်ပင်းများ စိုက်ပျိုးခြင်းဖြင့် ကြိုဆိုကြရအောင်လားဟုသာ ပြောလိုက်မိပါတော့တယ်။

ကမ္ဘာမြေကြီး စိမ်းလန်းပါစေ….။

Apr 21, 2015

88-Generations



Today marks 14 days of the death of U Wyne Chit . As he said last year, he was a man of rare integrity and courage, a man who fight for human right and democratic transformation in Myanmar , particularly the principle of 88 generations, even under enormous hardship.” He was faithful to religious and stand together own tradition for the sake of 88- new generations, build together a stronger community. We remain inspired by his enduring commitment to work together for community and future generations. U Chit Wyine is missed but his legacy lives on.

Apr 20, 2015

အညာနွေ

ခုလို သင်္ကြန်ပြီးနွေဦးပေါက်မှာ ပြည်ပက ပြန်လာတဲ့ မိတ်ဆွေအညာသားက သူတို့အညာကို ဘုရားဖူးရင်း၊ သူလှူထားတဲ့ ကျေးရွာစာကြည့်တိုက် ဖွင့်ပွဲကို လိုက်ခဲ့ပါဆိုလို့ အညာမြေကိုတစ်ခါ အလည် ရောက်သွားခဲ့သည်
ကျောင်းသားဘဝက အညာသား စာရေးဆရာများ ရေးဖွဲ့လေ့ရှိတဲ့
"ထနောင်းပင်ထက်က ချိုးကူသံလေးများရဲ့ နားဝင်ချိုမြလှပုံ
"ထန်းပင်ထန်းတော လွမ်းမောစရာပဲ" ဆိုတဲ့ သီချင်းသံလေးများရဲ့ သာယာလှပပုံ
ကမ္ဘာမှာ မြန်မာဆိုတာကို သက်သေပြစရာဖြစ်တဲ့ "ပုဂံမြို့ဟောင်းကြီး" ရဲ့ ဆွဲဆောင်မှုကြောင့် အညာမြေကို တစ်ခေါက်တစ်ခါ အရောက်သွားချင်ခဲ့တာနဲ့ အကိုက်ဖြစ်သွားသည်။

ကျမ အိမ်မက်ထဲက အညာကိုရောက်တော့မည်ဆိုတော့ စိတ်ထဲမှာ အညာသီချင်းလေး တအေးအေးနဲ့ စိတ်တွေလှုပ်ရှားနေသည်။ အညာရောက်ရင်ဝတ်ဖို့ အဝတ်အစား၊ ပုဝါပါးပါးလေတွေကို အိပ်ထဲပြင်ဆင် ထည့်နေသည်။ အညာနွေက ပူတယ်ဆိုတာ သိပြီးသားမဟုတ်လား။
ထွက်ပါပြီ..
ရန်ကုန်- မန္တလေး အမြန်ရထားကြီးနဲ့ ရန်ကုန်မှ ထွက်စကတော့ “ရွှေမန်းဆီသို့ အလယ် တစ်ခေါက်တော့ ရောက်စေချင်သည်” ဆိုတဲ့ သီချင်းသံ၊ ဇော်ဝင်းထွဋ်ရဲ့ “ ဟောင်းနွမ်းသော နံရံ အုဋ္ဌ်ချပ်များ ၊ မြန်မာဟေ့လို့ ဟစ်ကြွေးဆဲ သက်သေများ၊ ရာစုနှစ် အဆက်ဆက် ပေးဆပ်ခဲ့တဲ့ အားလုံးရဲ့ အမွေ” ဆိုတဲ့ သီချင်းသံများကလည်း အတွေးထဲမှာ တစ်ခုပြီး တစ်ခု တိုးဝင်လာသည်။
ရန်ကုန်-ပဲခူး မီးရထားလမ်းတစ်လျှောက်လုံး ကျမ သွားရမည့် အညာကို တွေး၍တွေး၍ ပျော်နေဆဲ ၊ ဟော! ပျော်ဘွယ်၊ ရမည်းသင်းရောက်ပါပြီ။ စောစောက တွေး၍တွေး၍ ပျော်ခဲ့သော ကျမ အတွေးမျာ ချက်ချင် လွင့်စင်ပျောက်ကွယ်သွားခဲ့သည်။
ရန်ကုန်သူ ကျမအဖို့တော့ ရန်ကုန်နွေဟာ ပူတယ်ဆိုပေမယ့် ရန်ကုန်သူ အတွက်တော့ စာမဖွဲ့ လောက်ပေမယ့် ။ ဟော ! ရမည်းသင်းကိုရောက်တော့ အညာသူ မဟုတ်သော ကျမ ၊ ရန်ကုန် ပြန်သွားချင်စိတ်တွေ ဖြစ်လာသည်။ ပူလွန်းလို့ လေအေးအေးလေများ ရှုရှိုက်မလားဆိုပြီး မီးရထား ပြူတင်းပေါက်ကို ဖွင့်လိုက်ခါမှ လေအဟုန်နဲ့ ဝင်ရောက်လာသော အပူငွေ့ဟာ ကျမ တစ်ကိုယ်လုံးကို လောင်ကြွမ်းသွားသလား ထင်ရလောက်အောင် အပူရှိန်က ပြင်းလှသည်။ ကျမဘေးမှာ ထိုင်နေတဲ့ အညာသားကတော့ ငါးရံ ပြာလူးဖြစ်နေတဲ့ ကျမကို ပြုံးပြုံးကြီးကြည့်နေသည်။
အညာသား အပြုံးသည်။ “ ဘယ့်နယ်ရှိသေးလည်း ရန်ကုန်သူ” ဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်တဲ့ အပြုံးမျိုးဖြစ်မည်။
နေဝင်ဖြိုးဖျ အချိန်ရောက်သော်လည်း အပူရှိန်က မကျသေး၊ မန္တလေးမရောက်ခင် ၊ မိတ္ထီလာမှာ ကားဖြင့်ခရီးခက်ရဦးမည် ၊ ထို့ နောက် အညာသား ရွာကိုရောက်ဖို့ လှည်းဖြင့် ခရီးဆက်ရဦးမည်။
အမှန်ပြောရရင် ရောက်တဲ့ နေရာက ကားကြုံရှိလျှင် ရန်ကုန်ကို ပြန်ချင်နေသည်။ အညာမြေ ထနောင်းပင်ပေါ်က ချိုးကူသံကိုလည်း မကြားလိုတော့၊ ပုဂံပြည်က ဟောင်းနွမ်သော နံရံအုဋ္ဌ်ချပ်များကိုလည်း မြန်မာလို့ ဟစ်ကြွေးကာ မကြည့်လိုတော့။
ဟော ! ကားပြီးတော့ လှည့်တဆင့်စီးရပြန်ပြီ။ အညာသားက ဖုန်းဆက်ထားဟန်တူသည်။
ကာဂိတ်မှာ ရွာမှလှည်းများ ကျမတို့ ကြိုရန် အသင့်စောင့်နေသည်။ အညာလှည်းစီးရတာ နွားခြူသံ သာသာယာယာ ရှိသော်လည်း။
အောက်ကို ပိပိရီရီချမထိုင်ရဲ၊ အညာလှည်း လမ်းများရဲ့နွေးနွေးထွေးထွေးကြိုဆိုမှုကြောင့် ရင်တထိတ်ထိတ်ဖြင့် လှည်းနောက်မြီး မြဲမြဲကိုင်ကာ လိုက်ပါသွားရသည်။
ရွာအဝင် သိုးအုပ်၊ဆိတ်အုပ်၊ နွားအုပ်များနဲ့ ရင်ဆိုင်ရပြန်တော့  သန်းထွန်းလေးရဲ့ “ ဖုံလုံးကြီးတွေ တလိမ့်လိမ်တက်ခါ မြင်ယောင်သေးတော့သည်” ဆိုတဲ့ သီချင်းသံ ခေါင်ထဲဝင်လာပြန်သည်။
ကျမ ပါးစပ်၊နှာခေါင်း အားလုံးကို ပုဝါဖြင့် ပိတ်ထားလိုက်သည်။ လှည်သမားနဲ့ အညာသားကို လှည့်ကြည့်တော့ သူတို့မှာ မိန့်မိန့်ကြီး ဘာမှ မဖြစ်သလိုနဲ့ ကျမ မနေတတ်တော့ လှဲပေါ်က ခုန်ဆင်းကာ အညာသား အိမ်ကို အရောက်ပြေသွားချင်လှပြီ။
ကျမ သွားချင်တဲ့ ရွှေညာမြေကို ရောက်ပါပြီ။ အညာသားများ ၊ ဒီလောက် ပူလောင် ပူစပ်ဖြစ်တဲ့ဒေသ ကိုလည်း ရွှေတပ်၍ စာဖွဲ့လိုက်သေးသည်။ တတ်ပဲတတ်နိုင်းလွန်းတယ် ရွှေညာသားတို့ရယ်။
အညာသားအိမ်ရောက်တယ်ဆိုတာနဲ့ ရွာမှ အမျိုးသမီး/အမျိုးသား၊ အပျို၊အအို၊ ကြီး၊ငယ်၊ လတ် အရွယ်မျိုးစုံး ရောက်လာပြီး ကျမတို့ တစ်စုကို ဝိုင်းကြည့်ပါတော့သည်။ သူတို့ အကြည့်က ထူးထူးဆန်းဆန်း ကျမတို့ကို ကမ္ဘာအပြင်ဘက်က ဂြိုဟ်သားများ ပမာဝိုင်းကြည့်နေကြသည်။
အညာသူလေးတွေကကျမတို့နားကပ်လာပြီ “ဟယ်! ရန်ကုန်သူအသားက ဖြူဖွေးဥနေတာပဲ”တဲ့ ။
ဟုတ်ပါသည်။

အညာသူ/သားများ အရွယ် အငယ်၊အလတ်၊အကြီး ကွဲပြားမှု ရှိသော်လည်း ၊အသားရောင်ကတော့ ပြာမွဲမွဲ တရောင်ထဲသာဖြစ်သည်။ အညာနွေ ဘယ်လောက်ပူသလဲ ဆိုတာ အညာသားများရဲ့ အသားရောင်ကို အကဲခတ်ရုံဖြင့် သိနိုင်သည်။
စောစောက မေ့ပျောက်သလို ဖြစ်နေသော အညာအပူရှိန်က ခဏကြာတော့ ကျမတို့ ရင်ထဲအတိ တိုးဝှေ့လာပြန်သည်။ အညာနွေ ဘယ်လောက်ပင် ပြင်ထန်းသော်လည်း အညာသူ/သားများ ရွာရေး ရပ်ရေးတက်တက်ကြွကြွ စေတနာထားလုပ်ကြသည်။ အညာသားရဲ့ စာကြည့်တိုက် ဖွင့်ပွဲ အခမ်းနား အတွက်လည်း အားလုံးက တက်ညီ လက်ညီ ကူညီဆောင်ရွက်နေကြသည်။ ဒီလို အပူရှိန်ပြင်းပြီး မိုးခေါင် ရေခြားဖြစ်တာ ၂-နှစ်ကျော်ရှိပြီဟု ရွာသူ/သားများ ပြောပြ၍ သိရသည်။ ကျမကိုယ်ချင်းစာပါသည်။ ကျမအပူသည် ခဏတာ အာဂန္တုက အပူမျှသာဖြစ်သည်။ မိုးခေါင်ရေခြား ၊ အညာသူ/သားများ အပူကား ကျမအပူထက် ပိုမိုကြီးမားပါပေစွ။
ဤကဲ့သို့ ဖြစ်ရခြင်းမှာ ရွာသူ/သားများ ဗဟုသုတနည်းပါးခြင်း၊ သစ်ပင်၊ဝါးပင်များကို အလွယ်တကူ ခုတ်လှဲတတ်ခြင်း။ သိပ္ပံနည်းကျ မစိုက်ပျိုးတက်ခြင်းတို့ကြောင့်ဖြစ်သည်။
မိုးမရွာတော့ ချောင်းရေ၊ မြောရေးများလည်း ခန်းခြောက်ကုန်သည်။ ကျမက အညာမှာ မိုးခေါင်ရခြင်းနှင့် အပူရှိန်များ တိုးပွားလားရခြင်းကို အညာသားအား မေးကြည့်သည်။
အေး ! မင်းပြောသလိုပဲ.. မိုးခေါင်ရေခြားဖြစ်ရတာ လူတွေရဲ့လောဘကြောင့် အတိုချုံး ပြောရင်လည်း ရတာပေါ့။ စာပေတွေမှတော့ မိုးမရွာရခြင်း အကြောင်းငါးပါးရှိတယ်။
၁) အထက်ကောင်းကင်းမှာ တေဇောဓာတ် ပျက်ရင်လည်း မိုးမရွားဘူး။
၂) လေဓာတ် ပျက်ရင်လည်း မိုးမရွားဘူး။
၃) အသုရိန်နတ်မင်းကြီးကလည်း လက်ဝါးဖြင့် ခံ၍ သမုဒ္ဒရာသို့ သွန်ပစ် တတ်သောကြောင့်လည်း မိုးမရွားဘူး။
၎) မိုးနတ်သားတို့ မလှည့်ပတ် မမြူးတူးပဲ ဗိမာန်အတွင်းမှာ စည်းစိမ်ခံကာ မေ့လျှော့နေရင်လည်း မိုးမရွားဘူး။
၅) လူသားတို့ ကိုယ်ကျင့်တရား ပျက်ရင်လည်း မိုးမရွားဘူးတဲ့။ ဒီငါးပါးထဲက တစ်ပါးပါး ချို့တဲ့ ရင် မိုးခေါင်တတ်တယ်ပေါ့။
ကဲ.. ဒါဆို မိုးရွားရခြင်းရဲ့ အကြောင်းတရားတွေကော ရှိမှာပေါ့နော်။
ရှိတယ်လေ။ မိုးရွာခြင်းအကြောင်းတရားက ရှစ်ပါးရှိတယ်။
၁) နဂါးတို့ အာနုဘော်ကြောင့် မိုးရွာတယ်။
၂) ဂဠုန်တို့၏ အာနုဘော်ကြောင့် မိုးရွာတယ်။
၃) နတ်တို့၏ အာနုဘော်ကြောင့် မိုးရွာတယ်။
၎) သစ္စာတရားကြောင့် မိုးရွာတယ်။
၅) ဥတုအစွမ်းကြောင့် မိုးရွာတယ်။
၆) မာရ်နတ် လှည့်ပတ်သောကြောင့် မိုးရွတယ်။
၇) တန်ခိုးကြီးမားသူတို့ အာနုဘော်ကြောင့် မိုးရွာတယ်။
၈) ကမ္ဘာပျက်မည့် ရှိသောအခါ မိုးရွာတယ်။
ဩော်… မိုးရွားခြင်း အကြောင်းကလည်း ၈-ပါးတောင် ရှိပါလား စောစောပိုင်းက ကျမတို့ က ရာသီဥတု အ စွမ်းကြောင့်သာ မိုးရွာတယ်ဟု မှတ်ထားဖူးတာ။
နောက်တစ်နေ့ ရွာသူရွာသားများ တက်ညီလက်ညီ ကျေးရွာ စာကြည်တိုက်ဖွင့်ပွဲကို လာရောက်ကြ သည်။ ကျမလည်း တတ်စွမ်းသလောက် ရွာလုံးကျွတ်အတွက် အဟာရဒါနပြု လိုက်ပါသည်။
စိတ်ထဲမှာလည်း ရွာသူ ရွာသားတွေ ပူလောင်းခြင်းမှ အေးမြသွားအောင် မိုးရွာပါစေလို့ ဆုတောင်းနေမိသည်။
နေ့လည် ၁၂-နာရီအချိန်တွင် ရွာသားများ၊စုံစုံညီညီ စာကြည့်တိုက်ကို ဖွင့်လိုက်ပါပြီ ထို့နောက် မကြာမှီမှာပဲ ရွေးမိုးကြီးက ရွာချပါတော့သည်။
ရန်ကုန်သူ ကျမမှာတော့ ကိုရွှေမိုးကို ကျေးဇူးတင်လို့ မဆုံး၊ ရွှေးမိုးကြီးရယ် ရွာပါတော့ဟူ၍သာ ထပ်ခါခါ ဆုတောင်းနေမိပါတော့သည်။

ကနေဒါစင်တာအလုပ်မှုဆောင်များနှင့်မိတ်ဆက်(၆)


ကိုအောင်ကြည်စိုး  ကနေဒါစင်တာဘေဏ္ဍာရေးနှင့်ပြည်သူ့ဆက်ဆံရေး
ကိုအောင်ကြည်စိုးသည် ၊  ကျေးလက်ဒေသဖွင့်ဖြိုးရေး ကနေဒါစင်တာ၏ ဘဏ္ဍာရေးနှင့်ပြည်သူ့ဆက်ဆံရေးကို အဓိက ဦးဆောင် လုပ်ကိုင်နေသူဖြစ်သည်။

ကိုအောင်ကြည်စိုးသည် ကနေဒါစင်တာ တည်ရှိရာ ကျောက်ပန်းတောင်းမြို့ ၊ သနပ်ပင်ရွာတွင် မွေးဖွားသည်။ အခြေခံမူလတန်းပညာကို မွေးရပ်ဇာတိ သနပ်ပင်ရွာ တွင် သင်ကြားအောင်မြင်ခဲ့ပြီး အလယ်တန်း ပညာကို ကျောက်ပန်းတောင်းမြို့နယ် ကမ်းဖြူရွာတွင် သင်ကြားအောင်မြင်ခဲ့သည်။

အထက်တန်းပညာကို ကျောက်ပန်းတောင်း အမှတ်(၁) အထက်တန်းကျောင်းမှ အောင်မြင်ခဲ့ပြီး ၊ မိတ္ထီလာအဝေသင်တက္ကသိုလ်မှ သမိုင်းအဓိကဘာသာဖြင့် ဘီအေဘွဲ့ ရရှိခဲ့သည်။

ဘွဲ့ရပြီးနောက် လက်ရှိအချိန်အထိ ပုဂံညောင်ဦး/ ကျောင်းပန်းတောင်းမြို့နယ်မြေစာရင်း ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျှက်ရှိသည်။
အားလပ်သော အချိန်များတွင်   မွေးရပ်ဇာတိမြေဖြစ်သော သနပ်ပင်ရွာနှင့် ရွားနီစပ်ရှိ ရွာပေါင်း (၁၀) ရွာ၏  ကျေးလက်ကျန်းမာရေးကို  ဆောင်ရွက်နေသူဖြစ်သည်။

ကိုအောင်ကြည်စိုးသည် ၊ ကနေဒါစင်တာ၏ ရေးရှည်အောင်မြင်ရေး လုပ်ငန်းများကို အစဉ်တကျ ဆောင်ရွက်နေပြီး ၊  သနပ်ပင်ရွာ၏ ကျေးလက် ပညာရေးကို ကူညီသော အားဖြင့်  ကွယ်လွန်သူ ဖခင်ဖြစ်သူ မူလတန်းကျောင်းအုပ်ဆရာ ဦးခင်မောင်ဆွေ ရည်စူး၍  ကျေးရွာ မူလွန်ခေါ်သော   အလယ်တန်းပညာကို သင်ကြားနိုင်ရန် မူလွန်းတွဲဖက်အလယ်တန်းကျောင်းကို ဦးစီးလုပ်နေသူဖြစ်သည်။
ထို့အပြင် ကျေးလက် ကလေးငယ်များအတွက် မူလတန်းကြိုးကျောင်းကို ဖွင့်နိုင်ရန် ဦးဆောင်နေသူလည်း ဖြစ်သည်။

ကိုအောင်ကြည်စိုးသည် ကနေဒါစင်တာ၏ ပထမဆုံးဖွင့်လှစ်မည့် နွေရာသီကျေးလက်ဒေသပညာရေး အင်္ဂလိပ်စာသင်တန်း ဖြစ်မြောက်အောင် ဆောင်ရွက်နေ သော ပြည်သူ့ ဆက်ဆံရေး စည်းရုံးရေးမှူးလည်းဖြစ်သည်။
ဆက်သွယ်ရန် ဖုန်း
+95 9 334 61073

Apr 18, 2015

Why Open Canada Centre in Myanmar



1)      11.01.2015 Sunday at midnight:

  The Executive Committee of Canada centre, traveled to Myanmar to support  the  Rural  Myanmar Education and  Health.

Even though I haven't had a chance to be directly involved in this noble journey, I'm really happy and appreciated our entire donations going to the rural Myanmar Education and Health.

In Canada, I pay two dollars and more for a cup of Starbucks coffee. If I drink two cups per day, I have to pay five dollars per day.  Now, I decided to save daily five dollar rather than drinking coffee. These coffees will worth five dollars for the Rural Myanmar Education, Health.

2)
 The idea of the rural development has appeared last 2012, when I was visiting my hometown.  I have heard of my niece’s sad news that she couldn’t attend high school because of her parent couldn’t afford it.

When I started my Buddhist missionary aboard, she was one year old.
I returned to Burma in last 2012, she is already a 12-year-old in the grade seven.

 Even though she  haven’t seen  me  long 12-years, distant from hometown, she came to  see  me friendly at Yangon airport  as soon as I arrived from abroad.   I think, it is blood speaking, after we have talked in conversation, she told to me what she wanted to be. She said: she has to quit after grade seven in village, because of her parent can’t afford to attend high school in town.

Her father passed away, when she was one year of age. The family left three daughters and one son. I took a responsibility to ordain a son as a novice at that time.

When I felt this kind of sadness, I granted to support her continuing education at Yangon.  She was so happy and said: I’ll tell her mom she will be continuing her higher education.

After I returned to Canada, I asked her, 'do you have plan to continuing education at Yangon’, she said, she hasen’t changed to attend high school because no one would help her mother with household shores.

I feel really sad that my niece was back to darkness.  
   
3)
 On November of 2014, my beloved mother passed away, after her funeral service, all my brother and sister agreed to donate my mother’s house and land for Rural Development in Myanmar.

Now, I am really glad to see, the Canada Centre will be for those who can’t afford for their education and health like my nice in the rural Myanmar. The first group of Centers Promoters Association of Canada Centre will donate school aid the rural areas.

When our mission is accomplished, we will bring together all the hopeless children and light up together with knowledge, and capability and progress in this darkness area that the rural Myanmar.

Mission to Nation

Last Sunday, we received a phone call from the Canada Centre Coordinator Ko Han Nyunt from Yangon.

He had passed on the news that due to the support efforts coordinated and delivered through the Canada Centre  Foundation, Ma Nyunt Than from the village of Thanut Pin, who has been suffering from renal complications has greatly improved and has actually returned to her family at the village.

For those communities that have little education and access to health in the rural areas, our ability to provide support from afar and overseas through the Canada Centre has brought great joy and accomplishment to  us.

Even though our individual contributions are small on their own, as each individual vapor mist come together to create a beautiful rainbow, our collective efforts will create great improvements to these communities and we can all take joy in our small contributions.

Ma Nyunt Than, who is mentioned earlier, did not have access to the Hospital services to improve on her renal condition relating to a Liver disease. As a result, she had been resulting to the traditional medicines but her conditions had been deteriorating to critical phases. Her suffering had been great due to this declining condition.

Attempts to take her to the Hospitals in Yangon had been thought of but could not happen due to the lack of financial support.

Earlier in 2015, when delegations from the Canada Centre were visiting to the communities, their focused planning and commitment to improve the education and access to health have resulted in the direct contribution to the improvement of the healthcare for people like Ma Nyunt Than.

A sum of five thousand ( 500,000)  Kyat was administered to focus on helping Ma Nyunt Than at the time when she was needing the care the most and effective care was able to be provided in Yangon. Her return to the wellbeing and subsequent discharge and return to the community is one of the great success stories of the effectiveness of the Centre.

To all the patrons from within and abroad who have been and continuing to support the efforts of the Canada Centre, we would like to share this great news story with all of you and would like to Thank you for your great deeds.

May Buddha blessing upon all!

Apr 17, 2015

ကနေဒါစင်တာအလုပ်အမှုဆောင်များနှင့်မိတ်ဆက်(၅)

ကနေဒါစင်တာအလုပ်အမှုဆောင်များမိတ်ဆက်(5)

COORDINATORS:  School Principal  U Thein Win
ကျောင်းအုပ်ဆရာကြီးဦးသိန်းဝင်းသည် ကနေဒါစင်တာ တည်ရှိ သနပ္ပင်ရွာတွင် နေထိုင်၍ ကနေဒါစင်တာ အဓိက စီမံကိန်းများဖြစ်သော ကျေးလက်ပညာရေး၊ ကျန်းမာရေးနှင့် ကနေဒါစင်တာ တည်ဆောက်ရေး လုပ်ငန်းများကို အဓိကအားကြိုးမာန်တက် ဆောင်ရွက်နေသူဖြစ်သည်။

ဦးသိန်းဝင်းသည် ၁၉၈၄ ခုနှစ်တွင် ပုပ္ပါးတွဲဘက် အ ထ ကမှ တက္ကသိုလဝင်စာမေးပွဲအောင်မြင်ခဲ့သည်။
၁၉၉၁ ခုနှစ်တွင် မန္တလေးအဝေးသင်တက္ကသိုလ် သမိုင်းအဓိကဖြင့် ဘီအေဘွဲ့ကိုရရှိခဲ့သည်။
ဘွဲ့ရပြီးနောက် ကချင်ပြည်နယ်၌ လက်ထောက်ကျောင်းဆရာအဖြစ် (၄)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။

ထို့နောက် တောင်သာမြို့နယ် ကမ္မတဲကျေးရွာတွင်  (၆) နှစ်ကြာ မူလတန်းကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၉၅ -၁၉၉၆ -ခုနှစ်တွင်  အလယ်တန်း သင်ပြဆရာ သင်တန်းကိုအောင်မြင်သည်။

ထို့နောက် မွေးရပ်ဇာတိဖြစ်သော သနပ်ပင်ရွာသို့ မူလတန်းကျောင်းအုပ်ဆရာအဖြစ် ပြောင်းရွေ့တာဝန် ထမ်းဆောင်သည်။
  မွေးရပ်ဇာတိမြေတွင် တာဝန်ထမ်းဆောင်သည်မှာ (၁၈) နှစ်ရှိသွားပြီဖြစ်သည်။

ကျောင်းဆရာ ဦးသိန်းဝင်းသည် ဇနီးဖြစ်သူ ကျောင်းဆရာမ ဒေါ်လှမြင့်နှင့် ကနေဒါစင်တာ၏ စီမံကိန်း လုပ်ငန်းများဖြစ်သော ကျေးလက်ဒေသ ဖွင့်ဖြိုးရေးကို   လုပ်အားပေး ကူညီဆောင်ရွက်လျှက်ရှိသည်။

ယခုနှစ်နွေရာသီ ကျောင်းပိတ်ရက်တွင် ..  ကနေဒါစင်တာတည်ရှိရာ ရွာများမှ လူငယ်များအား အင်္ဂလိပ်စာ သင်တန်းပို့ချပေးရန် စီစဉ်ဆောင်ရွက်လျှက်ရှိသည်။

ကနေဒါစင်တာအလုပ်အမှုဆောင်များနှင့်မိတ်ဆက် (၃) ရန်ကုန်

COORDINATOR: KO HAN NYUNT (YANGON)
ကိုဟန်ညွန့်သည် မန္တလေးတိုင်း ၊ကျောက်ပန်းတောင်းမြို့နယ်၊ သနပ္ပင်ရွာတွင် ၊ မွေးဖွားသည်။
ကနေဒါစင်တာတည်ဆောက်ရန် မြေနေရာနှင့်အိမ်ကို လှူဒါန်းခဲ့သော ဦးငယ်မောင်+ဒေါ်ခင်မြတို့၏ အငယ်ဆုံးသားဖြစ်သည်။

ပရဟိတလုပ်ငန်း ၊အများအကျိုးပြုလုပ်များကို အထူးစိတ်ဝင်စားလေ့ရှိပြီး ၊  သူနေထိုင်ရာ ရန်ကုန် ၊ဒဂုံအရှေ့မြောက်ပိုင်း ဆင်ခြေပုံရပ်တွင် ၊ ရပ်ကွက်သူ/သားများ သုံးရေအဆင်ပြေစေရန်  ရေစက်ထောင်၍  ရပ်ကွက်သူ / ရပ်ကွက်သားများအား ရေအလှူကို နေ့တိုင်းလိုလို အမြဲပေးလှူလေ့ရှိသည်။
ကိုဟံညွန့်သည် ဒဂုံအရှေ့မြောက်ပိုင်းတွင် ဇနီးဖြစ်သူ မသူဇာအေးဖြင့် ကိုယ်ပိုင်စီးပွားရေးကို လုပ်ကိုင်သည်။

၂၀၁၅-ခု ဇန္နဝါရီလက ကနေဒါနိုင်ငံ၊ဗန်ကူးဘားမြို့မှ ကနေဒါစင်တာအလုပ်အမှုဆောင်များ ၊ ကနေဒါစင်တာ ရှိရာ သနပ်ပင်ရွာသွားရောက်ခိုက် ၊ ရန်ကုန်မှ ကိုယ်ပိုင်လုပ်ငန်းကို ဖြတ်တောက်ကာ ၊သနပ်ပင် ရွာသို့အရောက်သွား၍ ကနေဒါစင်တာဖြစ်မြောက်ရေးကို အားကြိုးမာန်တက်ဆောင်ရွက်ခဲ့သည်။

ကိုဟံညွန့်သည် .. ပြည်ပအလှူရှင်များ  သတင်းစကားနှင့် ၊ ပြည်တွင်းရှိကနေဒါစင်တာ လုပ်ငန်းတိုးတက်မှု အခြေအနေများကို နေစဉ်မပျက် တယ်လီဖုန်း ၊ facebook viber စသည်ဖြင့် သတင်းဆက်သွယ်ရေး လုပ်ငန်း ငွေအလွှဲအပြောင်းလုပ်ငန်းကို ၊ မဝင်းဝင်းချိုနှင့်အတူဆောင်ရွက်သည်။ သူကိုယ်တိုင်းလည်း ကနေဒါစင်တာ ပညာရေးနှင့် အဆောက်အဦးအတွက်  မြန်မာကျပ် ၅-သိန်း လှူဒါန်းပြီးဖြစ်သည်။

ကိုဟံညွန့်သည် ကနေဒါစင်တာအောင်မြင်ရေးအတွက် ကိုယ်ရောစိတ်ပါ  တက်တက်ကြွကြွ ဆောင်ရွက်သူဖြစ်သည်။

ကနေဒါစင်တာအလုပ်အမှုဆောင်များနှင့်မိတ်ဆက်(၄ ရန်ကုန်


COORDINATORS:  U NYI NYI AUNG AND DAW WIN WIN CHO
ဒေါ်ဝင်းဝင်းချိုသည်  ရန်ကုန်တိုင်း လှည်းကူးမြို့ နယ် ဒါးပိန်မြို့တွင်မွေးဖွားသည်။ အခြေခံ မူလတန်းပညာကို ဒါးပိန်မြို့  အ မ က မှာ ပညာသင်ကြားခဲ့ပြီး အလယ်တန်းပညာကို ကို အ လ က (၄ ) ရန်ကင်းမှာသင်ကြားခဲ့သည်။  အထက်တန်းပညာကို ရန်ကုန်  အ ထ က (၂)သင်္ဃန်းကျွန်းမှာဆက်လက်သင်ကြားအောင်မြင်ခဲ့သည်။

၁၉၉၂ တွင်  ရန်ကုန်တက္ကသိုလ်ပင်မမှ မြန်မာစာအဓိကနဲ့  B.A (Myanmar) ရရှိခဲ့ပြီး  ၁၉၈၈-၁၉၉၄ ခုနှစ်များအထိ  မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၀၂-ခုနှစ်တွင် မဟာသန္တိသုခသာသနာပြုကျောင်းတော်ကြီး၌ သားနှင့်သမီးအား ရှင်ပြုနားသအလှူမင်္ဂလာပွဲတွင် ၊ ကနေဒါနိုင်ငံ၊ ဗန်ကူးဘားမြို့ ဗုဒ္ဓရံသီဆရာတော်အား သိပ်ထပ်မဂ်လာပြုလုပ်ကပစ္စည်းလေးပါးရဟန်းဒကာအဖြစ်ခံယူခဲ့သည်။

ဆရာတော်နှင့်နှစ်အတော်ကြာ အဆက်အသွယ်ပျက်သွားပြီးနောက် ၂၀၁၂-ခုနှစ် ဆရာတော်မြန်မာပြန်ရောက်မှ အဆက်သွယ်ရကာ ..ဆရာတော်၏ ပြည်တွင်း သာသနာပြုလုပ်ငန်းများကို အာကြိုးမာန်တက်ဆောင်ရွက်နေသူဖြစ်သည်။

မဝင်းဝင်းချိုး၏ ကနေဒါစင်တာ အဓိကတာဝန်မှာ နိုင်ငံတကာမှ အလှူရှင်များ၊  နိုင်ငံတကာမှ မြန်မာပြည်သို့ရောက်ရှိလာ သော  ကနေဒါစင်တာ အဖွဲ့ဝင် အလှူရှင်များ လိုအပ်ချက်အားလုံးကို ဆောင်ရွက် ပေးလျှက်ရှိသည်။

ကနေဒါစင်တာအတွက်  သနပ်ပင်ရွာရှိ အလုပ်အမှုဆောင်များနှင့် ချိပ်ဆက်ကာ ၊ဘဏ္ဍာထိမ်း ငွေးစားရင်းစစ် လုပ်ငန်းများ ကိုလည်း လုပ်ဆောင်ပေးလျှက်ရှိသည်။
မဝင်းဝင်းချိုသည် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အထူးစိတ်ဝင်စားပြီး  ကနေဒါစင်တာအောင်မြင်ရေး လုပ်ငန်းကို ပြည်တွင်းမှာအာသွန်ခွန်စိုက်  ဆောင်ရွက်နေပြီဖြစ်သည်။

ဒေါ်ဝင်းဝင်းချိုသည် မိတ်ဆွေများအား ကနေဒါစင်တာအသင်းဝင်ဖြစ်ရေး ဦးဆောင်စည်းရုံး၍  ကနေဒါစင်တာလူမှုရေးအသင်းအတွက် ဘဏ္ဍာငွေများကို ရှာဖွေးပေးသူဖြစ်သည်။

မြန်မာနိုင်ငံ၏ အထူးနိမ့်ကျလျှက်ရှိသော ကျေးလက်ဒေသ ပညာရေး ၊ကျန်းမာရေး အထူးမြှင့်တင်လိုသူဖြစ်၍ ၊ ကနေဒါစင်တာ၏ အဓိကရည်ရွယ်ချက်လုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ရန် အားသွန်ခွန်စိုက် ဆောင်ရွက်နေသူဖြစ်သည်။

ဒေါ်ဝင်းဝင်းချိုသည် ခင်ပွန်း ဦးညီညီအောင်  သားသမီးနှစ်ဦးနှင့် ဦးဝိစာရအိမ်ယာ ဒဂုံမြို့နယ် နေထိုင်သည်။

Apr 15, 2015

ကနေဒါစင်တာအလုပ်အမှုဆောင်များမိတ်ဆက်(2)



CO-FOUNDER: KO SEIN TUN AND DAW KHIN LAY MU
ကိုစိန်းထွန်းသည် ၊ မကွေးတိုင်း ၊မကွေမြို့တွင်မွေးဖွားသည်။
မကွေးမြို့မကျောင်းတွင် အလယ်တန်းပညာအထိ သင်ကြားခဲ့ပြီး ၊မကွေးအထက (၁)မှ အထက်တန်းပညာကို အောင်မြင်ခဲ့သည်။

၁၉၈၇-နှစ်တွင် ရန်ကုန်တက္ကသိုလ်မှ   Chemistry ဘာသာရပ်ဖြင့် BSc ဘွဲ့ရရှိခဲ့သည်။
ဘွဲ့ရပြီး မိဘများလုပ်ငန်းဖြစ်သည့်  မကွေးသမာဓိဆီစက်လုပ်ငန်း၊ သမာဓီအောင်ဘာလေ ထီလုပ်ငန်းတို့ကို ဦးဆောင်လုပ်ကိုင်ခဲ့ပြီး ၁၉၈၉-ခုနှစ်တွင် ကနေဒါနိုင်င်ဗန်ကူးဘားသို့ ရောက်ရှိခဲ့သည်။

ကနေဒါနိုင်ငံတွင် ဇနီးဖြစ်သူ ဒေါ်ခင်လေးမှုနှင့်တူ ကိုယ်စီးပွားလုပ်ငန်း ဆူရှိဆိုင်ဖွင့်၍  စီးပွားရေး လုပ်ကိုင်ရင်း လူမှုရေး ဘာသာရေးတို့တို့ကို ရသောအားလပ်ချိန်များတွင်  ပါဝင်ဆောင်ကူညီဆောင်ရွက်လေ့ရှိသည်။

မြန်မာဗုဒ္ဓဘာသာအသင်း၏ ဒုတိသက်တမ်းမှစ၍ ယခုလက်ရှိအချိန်အထိ အသင်းကြီး၏ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ပြီး ၊ဗုဒ္ဓဘာသာပြန်ပွားရေးကို ဆောင်ရွက်လျှက်ရှိသည်။
ဦးစိန်းထွန်းနှင်ဒေါ်ခင်လေးမှုတွင် သားနှစ်ယောက်ထွန်းခဲ့ပြီး လောလောဆယ်တွင် သားနှစ်ယောက်လုံး ကနေဒါနိုင်ငံ တက္ကသိုလ်ကြီးများ၌ တက္ကသိုလ်ပညာရပ်များကို ဆီးပူးလေ့လာဆဲဖြစ်သည်။

ဦးစိန်းထွန်းသည် မြန်မာနိုင်ငံကျေးလက်ဒေသဖွင့်ဖြိုးရေး ကနေဒါစင်တာဖောင်ဒေးရှင်းတွင် အားကြိုးမာန်တက် ၊ ဆရာဒကာ လက်တွဲ့ကာ  မြန်မာနိုင်င်ငံ  ပြည်သူ့ပညာရေး ကျန်းမာရေးတိုးတက်စေရန် ပူးတွဲဆောင်ရွက်နေသူဖြစ်သည်။

ဦးစိန်းထွန်း၏ ဇနီး ဒေါ်ခင်လေးမှုသည်  ရန်ကုန်၊လသာလမ်းတွင်းမွေးဖွားပြီး လာသာ (၁) တွင် အထက်တန်းပညာကို အောင်မြင်သည်   ၁၉၈၇-ခုနှစ်တွင်  ဦးစိန်းထွန်းနှင့်တူ ရန်ကုန်တက္ကသိုလ်မှ (BSc Chemistry) ဘွဲ့ကိုရရှိသည်။

၁၉၉၁-ခုနှစ်တွင် ကနေဒါနိုင်ငံသို့ရောက်ရှိခဲ့ပြီး  ခင်ပွန်းဖြစ်သူနှင့် လက်တွဲကာ ကိုယ်ပိုင် ဆူရှိဆိုင်လုပ်ငန်းကို ဦးစီးလုပ်ကိုင်နေသူဖြစ်သည်။

၂၀၀၉-ခုနှစ် မြန်မာဗုဒ္ဓဘာသာအသင်း၊ဗန်ကူးဘား စတင်တည်ထောင်ကတည်းက ၊ အသင်းဘဏ္ဍာရေးကိစ္စများ အတူပူးပေါင်းဆောင်ရွက်လေ့ရှိပြီး ၊ အသင်း၏ လစဉ်ပွဲတော်များ၊ အခါရက်ကြီးများတွင် အတူပူးပေါင်းဆောင်ရွက်လေ့ရှိသည်။

ကနေဒါစင်တာဖောင်ဒေးရှင်းအောင်မြင်ရေးအတွက်လည်း အားကြိုးမာန်တက်ဆောင်ရွက်လေ့ရှိပြီး
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနှင့် နှိမ့်ကျသော ပြည်သူကျန်းမာရေး၊ ကျန်းမာရေး မြှင့်တင်ရေးလုပ်ငန်းများတွင် အထူးစိတ်ဝင်စားသူဖြစ်သည်။

ကနေဒါစင်အုတ်တံတိုင်းအလှူရှင်များ(၁)


၁)ကွန်လွန်သူဦးအောင်လှိုင် အားရည်စူး၍ သမီးမသီသီခိုင်နှင့်မောင်နှမများ
(10) ခန်း တိုရန်တို၊ ကနေဒါ
၂)ကိုသိန်းထွဋ်သန့်+မသီသီခိုင်မိသားစု တိုရန်တို၊ကနေဒါ (တစ်ခန်း)
၃) ကွယ်လွန်သူဦးအောင်မြင့်အားရည်စူး၍ကျန်ရစ်သူဒေါ်မြမြနှင့်သားသမီများ အမေရိကန် ( ၂-ခန်း)
၎) ကွယ်လွန်သူဦးကြူးစိန်အားရည်စူး၍ ဒေါ်ကြင်ခနှင့်သားသမီးများ ဗန်ကူးဘား ၊ကနေဒါ (၂-ခန်း)
၅) ကိုစိန်ထွန်း+မခင်လေးမူနှင့်သားများ ၊ဗန်ကူးဘား ၊ကနေဒါ (၁-ခန်း)
၆) ဒေါ်ဝါဝါကြည်မိသားစု၊ ရန်ကုန်တိုင်း ရန်ကင်းမြို့အမှတ် ၃၄ ရွှေယင်းမာလမ်းရန်ကုန် (တစ်ခန်း)
၇) ဦးစိန်ပို+ဒေါ်ရင်မိသားစု ၊ကန်တော်လေး၊ ရန်ကုန် ( တစ်ခန်း)
၈) ကိုဟန်စန်ချုး+မခင်ဖြူဝင်းမိသားစု တိုရန်တို၊ကနေဒါ (တစ်ခန်း)
၁၀) ဦးညွန့်အောင်+ မသန်းသန်းချို ၊ ကနေဒါ (၂)ခန်း
၁၁) ရဟန်းဒကာဦးညီညီအောင်+ ရဟန်းအမမဝင်းဝင်းချို ရန်ကုန် (၁)ခန်း
၁၂) ဦးသန်းလွင်+ဒေါ်ရင်ရင်အေး (သား) မင်းသန်းတင်မိသားစု ရွှေတိဂုံဘုရားလမ်း၊ရန်ကုန်( တစ်ခန်း)
၁၃) ကွယ်လွန်သူမိခင်ကြီးဒေါ်ခင်မြအားရည်စူး၍ကနေဒါဆရာတော်နှင့် ညီအစ်ကိုမောင်နှမများ (၁)ခန်း
၁၃) ကွယ်လွန်သူဖခင်ကြီးဦးငယ်မောင်အားရည်စူး၍ ကနေဒါဆရာတော်နှင့်ညီအစ်ကိုမောင်နှမများ -၁
၁၅) ဦးအောင်သန့် ဒေါ်အေးအေးအောင် သမီးခင်ယမုံအောင် သား စိုးစံအောင်
မိသားစု ၊ စက်စကာတွန်း ၊ကနေဒါ (၂)
၁၈) ရဟန်းဒကာဦးရွှေအောင်+ဒေါ်အေးအေးမာနှင့်ကနေဒါဆရာတော် (၁)ခန်း ရန်ကုန်
၁၉) ရဟန်းဒကာဒေါ်အုန်းကြည်၊ဒေါ်အုန်းရီနှင့်ကနေဒါဆရာတော် (၁)ခန်း မြင်းခြံ
၂၀) ကွန်လွန်သူ ဦးစိုးမြင့်+ဒေါ်ကျင်မေတို့ါအားရည်စူး၍ ကိုကျော်စိုး ၊ကနေဒါ
၂၁) ရဟန်းမယ်တော်ကွယ်လွန်သူ တောင်စွန်းဆရာဦးစံဖေနှင့်ဒေါ်စွမ်တီ ၊ပဲခူး (၁)ခန်း
၂၂) ကွယ်လွန်သူ အဘဦးထွန်းရှင်အားရည်စူး၍ ကိုဇော်မျိုးလွင်+မမိုးမိုးခိုင်
ဗန်ကူးဘား ကနေဒါ (၁)
၂၃) ကွယ်လွန်သူ ဦးသန်းမြင့်အားရည်စူး၍ ကိုဇော်မျိုးလွင်+မမိုးမိုးခိုင် ဗန်ကူးဘား ကနေဒါ (၁)
၂၄) ကွယ်လွန်သူကြီးတော်ဒေါ်ကြိုင်အားရည်စူး၍ ကိုဇော်မျိုးလွင်+မမိုးမိုးခိုင် ဗန်ကူးဘား ကနေဒါ (၁)
၂၅) ကွယ်လွန်သူဒေါ်မြင့်စိန်အားရည်စူး၍ ကိုဇော်မျိုးလွင်+မမိုးမိုးခိုင် ဗန်ကူးဘား ကနေဒါ (၁)
၁၆) မမိုးမိုးနှင့်သမီးများဖြစ်ကြသော Sophia moe ,Julia moe ဗန်ကူးဘား၊ကနေဒါ (၅-ခန်း)
၁ရ) ကြီးကြီး + မိငယ်  တစ်ခန် ဗန်ကူးဘား၊ကနေဒါ
၁၈) ဒေါ်လှနုရီ သမီး မသန်းမြတ်ခိုင်   ၄-ခန်း ဗန်ကူးဘား ၊ကနေဒါ
၁၉) ကိုဟံညွန့်+မသီတာမိသားစု  သံပန်းတံခါး  ၂သိန်းခွဲ
၂၀) ကနေဒါစင်တာ အလူမီနီယံမုဉ်ဦးအလျူရှင်
နစ်ဖက်သော မိဘများအား အမှုထား၍ ဦးအောင်နေလင်းထွန်း နင့် ဇနီး ဒေါ်တိုးတိုးခိုင် သား မောင်မိုးဝေ ( leo ) သမီး မသဲသဲငယ် ( katrina sun ) မိသားစု ကောင်းမှု့
 

Opening Canada Centre in Myanmar

When the announcement on Facebook of the plan for Canada Centre, in support of Rural Myanmar Education and Health, to be opened in Myanmar, all my near and dear friends from near and afar as well as the devotees expressed a lot of interest in support of this noble project.

Purpose
For those of us who have settled in Canada, we are always happy to donate together to support our old friends who are working for freedom and prosperity in Myanmar.

We always want to show solidarity and support various causes and services such as the Storm Nargis devastation in the Irrawaddy region, Mithila’s crisis, Latpatoung Mountain’s crisis, Rakhing uprising, to humanitarian free funeral services led by Kyaw Thu.

When such issues arise, our experiences have shown that, with the lack of local communication centre, it is difficult to communicate and donate to the regions and people that have been effected and also the donors become less interested in our contributions due to lack of a cohesive coordination.

Therefore, “The Canada Centre” will be opened for all Myanmar Canadians where my beloved mother donated her house and land in Myanmar

Canadian religious hall (Dhammaram)

The name of Canada Centre term is easy to reference for the Canadians and The Myanmar villagers also can be called Canadian religious hall.
When the Canada Centre is completed, initially, the center will be able support social and educational services for the ten villages in the surrounding area.

Short teams Dharma classes

In 2015 May, The Canada centre will open Dhamma class for adults and youths led by Dr. Nandavumsa from The United States, Texas.
Afterwards, the Center will be opened to provide both Dharma study programs as well as opened to the studies to improve Health and Education of Rural Myanmar.

Educating the people and youth of rural Myanmar with modern knowledge, know-how, and skills that are relevant to developing economic and social sustainability is the key focus of the Canadian Centre.

We are very excited about this noble and wonderful journey that we strongly believe will enable prosperity for many generations of Myanmar people in the rural regions for now and the future.
We would appreciate any support to this noble cause.

ကနေဒါစင်တာအလုပ်အမှုဆောင်များနှင့်မိတ်ဆက်(၁)

FOUNDER: CANADA CENTRE FOUNDATION
အရှင်ဃောသက(သာသနဓဇဓမ္မာစရိယ)
ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း ၊ ဗန်ကူးဘားကနေဒါ

မန္တလေးတိုင်း၊ကျောက်ပန်းတောင်းမြို့နယ်၊ သနပ်ပင်ရွာမွေးဖွားသည်။
သနပ်ပင်ရွာတွင် မူလတန်းပညာကို သင်ကြားပြီးနောက်၊ သနပ်ပင်ရွာတွင် အလယ်တန်းကျောင်းမရှိ၍ ၊ တွဲဖက်အလယ် တန်းကျောင်းရှိရာ ခါးပါတ်ရွာတွင် သတ္တမတန်းအထိ လောကီပညာကို ဆီးပူးလေ့လားခဲ့သည်။

ထို့နောက် သာသနာဘောင်သို့ဝင်ရောက်ခဲ့ပြီး
 မြင်းခြံမြို့ ဇေယျာလင်္ကာရပရိယတ္တိစာသင်တိုက်၌ ၊ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ဦးကိတ္တိထံတွင် အကြီးတန်းအောင်မြင်သည်အထိ လောကုတ္တရာပညာများကို ဆီးပူလေ့လာခဲ့သည်၊  ၁၈၈၉-ခုနှစ်တွင် ဆရာတော် ဦးကိတ္တိကို ဥပဇ္ဈယ်ပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ရောက်တော်မူသည်။

ထို့နောက် ဓမ္မာစရိယ ( စာချတန်း) ပညာကိုလေ့လာရန်း  ပဲခူး သာသနာ့မဏ္ဍိုင်ကျောင်းတိုက်၊ ရန်ကုန် ၊ ဗဟန်း ဝိသုဒ္ဓါရုံးကျောင်းတိုက်တို့၌  အထက်တန်းစာများကိုလေ့လာရင်း ၁၉၉၆-ခုနှစ် ဓမ္မာစရိယဘွဲ့ကို ရရှိတော်မူသည်။

ထို့နောက် အင်္ဂလိပ်စာကို ဆက်လက်လေ့လာလို၍
 နိုင်ငံတော်ပရိယတ္တိသာသနာတက္ကသိုလ်တွင် လောကီ/လောကုတ္တပညာများကို လေးနှစ်တိုင်တိုင် ဆက်လက်သင်ကြားလေ့လာခဲ့သည်။ထိုနောက် သာကေတ သီရိမင်္ဂလာကျောင်းတွင် စာချဘုန်းတော်ကြီးအဖြစ် ၂-နှစ်ခန့်တာဝန်ယူခဲ့သည်။

၁၉၉၉-နှစ်တွင် ပီနန်/စင်္ကာပဆရတော်ဦးပညာဝံသ ဦးဆောင်ဖွင့်လှစ်သော မဟာသန္တိသုခပြည်ပသာသနာပြု သင်တန်းကျောင်းဖွင့်လှစ်သောအခါ ပထမပတ်သင်တန်းသားအဖြစ် တက်ရောက်ခွင့်ရပြီး ၂-နှစ်တိုင်တိုင် အင်္ဂလိပ်စာ၊တရုတ်စာ ၊ကွန်ပျုတာတို့ကိုလေ့လာဆီးပူးလေလာခဲ့သည်။

၂၀၀၂-ခုနှစ်တွင် တရုတ်စာနှင့်မဟာယာနဗုဒ္ဓဘာသာကိုလေ့လာရန်၊ထိုင်ဝမ် ၊ ယန်ကွမ်းဗုဒ္ဓတက္ကသို့ရောက်ရှိခဲ့သည်။

၂၀၁၄-ခုနှစ်တွင် ထိုင်ဝမ်၊ကနေဒါဆရတော် ဦးနန္ဒဝံသ၏ ဦးဆောင်ခေါ်ယူမှု၊ တိုရန်တို မြန်မာဗုဒ္ဓဘာသာ အသင်းကြီး၏ ပင့်ဆောင်မှုကြောင့် တိုရန်တို မဟာဓမ္မိက ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိခဲ့သည်။

တိုရန်တို မဟာဓမ္မိကျောင်းတွင် ၅-နှစ်တိုင်တိုင် လက်ထောက်ဘုန်းတော်ကြီးအဖြစ်တာဝန်ယူခဲ့ပြီး၊ လူငယ်များအား ဗုဒ္ဓဘာသသာ ယဉ်ကျေးမှုသင်တန်းကို ပို့ချခဲ့သည်။

၂၀၀၉-ခုနှစ်တွင် ကနေဒါနိုင်ငံနေထိုင်ခွင့်လျှောက်ထားရန် ၊ ဗန်ကူးဘားသို့ရောက်ရှိခဲ့ပြီး  ဗန်ကူးဘား မြန်မာမိသားစု၏ ပင်ဆောင်မှု၊ ထိုင်ဝမ်၊ကနေဒါဆရားတော်များ၊ ပီနန်စင်္ကာပူဆရာတော်ဦးပညာဝံသတို့၏ အားပေးချီးမြောက်မှုကြောင့် ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်းထိုင်ဆရာတော်ဖြစ်လာခဲ့သည်။

၂၀၁၄-ခုနှစ် အောက်တိုဘာလတွင် ၊ကျေးဇူးရှင်မိခင်ကြီးကွယ်လွန်သွားပြီးနောက် မိခင်ကြီးထားခဲ့သော အိမ်နှင့်မြေနေရာကို  ဖွင့်ဖြိုးတိုတက်မှုအားနည်နေသော ၊ ဝေးလံခေါင်းပါးသော ရွာအတွက် အသုံးပြုရန် လှူဒါန်းခဲ့သည်။

ထိုမြေနေရာတွင် ကနေဒါစင်တာတည်ဆောက်၍ ဤရွာနားနီးရှိ ရွာပေါင်း (၁၀)ကျော်အတွက် ပြည်သူ ပညာရေး၊ ကျန်းမာရေးကူညီထောက်ပံ့ရန်  စီမံကိန်းဆွဲ၍ ဆောင်ရွက်နေပြီဖြစ်သည်။
လောလောဆယ်  ထိုဒေသ၌ ကနေဒါစင်တာ လူမှုရေးအသင်၏  ထောက်ပံ့လှူဒါန်းငွေပေါင်း (၁၀၄) သိန်းရှိသွားပြီဖြစ်သည်။

Apr 8, 2014

Burmese Buddhist Society,BC: မွန်မြတ်တဲ့ လျှပ်တပြက် ကုသိုလ်

Burmese Buddhist Society,BC: မွန်မြတ်တဲ့ လျှပ်တပြက် ကုသိုလ်: မြတ်စွာဘုရား သာဝတ္တိပြည်ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေစဉ်အခါက ဒကာဒကာမတွေဟာဥပုသ်နေ့ရောက်ပြီဆိုရင်မနက်ပိုင်းမှာ အဝတ်ဖြူလေးတွေဝတ်ပြီး ဘုရားကျောင...

Feb 18, 2014

Burmese Buddhist Society,BC: ချစ်လွန်းလို့ပါ

Burmese Buddhist Society,BC: ချစ်လွန်းလို့ပါ: ၁) ကလေးဘဝ ၊မသိတတ်ခင်က အမေနဲ့အဖေ စကားများပြီး ရန်ဖြစ်တော့ စိတ်ညစ်ခဲ့ဖူးတယ်။ အမေတကယ် အဖေ့ကို မချစ်တော့ဘူးလားလို့၊ နောက်တစ်ပတ်လောက်မှ...

Jul 14, 2013

Burmese Buddhist Society,BC: သတ္ထာဒေဝ မနုဿာနံဂုဏ်တော်

Burmese Buddhist Society,BC: သတ္ထာဒေဝ မနုဿာနံဂုဏ်တော်: လူတို့သည် မိမိဆရာက တော်သလို လျော်သလို ဖြစ်နေခဲ့လျှင် ငါ့ဆရာပဲဟု လူပုံအလယ်မှာ ညွန်ပြရန် အလွန်ဝန်းလေတတ်ကြပေမယ့်   ဆရာက အသင်အပြကောင်း အကျင်...

May 30, 2013

ရင်ခုံသံလေးနှေးသွားပြီ


၁။
"အဖေကြီး..အဖေကြီး...
သမီးကို ရေကူးသင်တန်းသွားပို့တော့မလို့.. မောင်ကြီး၊မောင်ငယ်တို့နိုး အိပ်ရာကနိုးလာရင်.. ရေချိုးပေးလိုက်ဦး၊ စားသောက်ခန်းမှာလည်း ကလေးတွေအတွက် စားစရာပြင်ထားတယ် မိုက်ကရိုဝေ့ ( Microwave)
လုပ်ပြီးကျွေးလိုက်ဦးနော်.."

စနေနေ့နံက် ၆-နာရီကျော် ၇-နာရီလောက်.. သမီးကို ရေကူးသင်တန်းပို့ဖို့ပြင်ဆင်နေတဲ့  အိမ်ရှင်ဇနီးရဲ့ အသံကို.. အိပ်ရာထဲမှ အတိုင်းတိုင်းကြားနေရသည်။ ဇနီးက စေားစေားထ မိသားစုအတွက်   ပြင်ဆင်သံတွေကြားနေရပေမယ့် မိမိက အိပ်ယာမှ မထဖြစ်သေး၊  မနေ့က သောကြာနေ့ဆိုတော့ အလုပ်မှာ ပင်ပန်းသမျှ ( Good Friday ) အေးအေး ဆေးဆေးအနားယူကာ အိပ်ယာထဲမှာ နှက်နေလိုက်သည်။

သမီးနဲ့ဇနီးတို့ ကားမောင်းထွက်သွားတာမှ မကြားသေး ဟော..! မောင်ကြီး၊မောင်ငယ် အမွှာနှစ်ကောင် အိပ်ယာမှ နိုးလာပြီ.. .။ သူတို့ အိပ်ယာက နိုးတာနဲ့ မျက်နှာသစ်၊ သွားတိုက်၊ စသည်ကိစ္စကို တစ်ယောက်ယောက်က လုပ်ပေးရမြဲ၊ အမွှာနှစ်ကောင်က..အသက် ငါးနှစ်လောက်ရှိသော်.. သူတို့ကိစ္စ အားလုံး မိဘတွေက ..လုပ်ပေးနေရတုန်ဖြစ်သည်။



“အမေ..အမေ..”

မောင်ကြီး..မောင်ငယ် အိပ်ယာက နိုးတာနဲ့ သူတို့အမေကို ခေါ်ပြီ….။

သူတို့လေးတွေ တိုင်းတပါးမှာ မွေးတယ်ဆိုပေမယ့် .မြန်မာ စကား   တော့   ကောင်းကောင်းပြောတတ်သည်။

 သူတို့အမေက မြန်မာစကားကို ကောင်း ကောင်း သင်ပေးထားသည်။ သားနှစ်ယောက်ရဲ့ အသံ ကိုကြားတော့.. အိပ်ယာထဲမှာ ကောင်းကောင်း နှက်နေလို့ မရတော့..သူတို့ရဲ့ ကိစ္စဝိစ္စတွေကို   ဆောက်ရွက်ပေး ရမည် မဟုတ်လား..။

“လာ..လာ..သားကြီးနဲ့သားငယ်.. မေမေကြီးက မမကို ရေကူးသင်တန်း သွားပို့တယ်..    ဖေဖေလာပြီ..ဖေဖေလာပြီ”

သူတို့လေးတွေ အိပ်ယာကနိုးတာနဲ့ ကိစ္စဝိစ္စအားလုံး ဆောင်ရွက်ပေးရပါတော့သည်။   နိုင်ငံခြား တိုင်းပြည်မှာ ကလေးတစ်ယောက် တာဝန်က သိပ်ကြီးသား.။ကျောင်းသွား၊ကျောင်းပြန် ကြိုပို့ရသည်။   အသက်မပြည့်သေးတဲ့ ကလေးငယ်ကို အိမ်မှာ ထားခဲ့လို့မရ..   မြန်မာပြည်မှာဆို..   လေး၊ငါးနှစ်ယောက်ဆို အိမ်းနီးနားချင်း ကလေးတွေနဲ့အတူ    ဆော့ကစားလို့ လွှတ်ထားလို့ရပြီ။

ဒီမှာကတော့ (၁၂) တိုင်းအောင် ကလေးတွေကို အိမ်မှာ ထားခဲ့လို့မရ.. ။ ကလေးကိစ္စက တာဝန်သိပ်ကြိးလှပါသည်။  တချို့ကနေဒီယန်တွေဆို ကလေးချစ်သော်လည်း ကလေးတာဝန်ကြီးလို့ ကလေး မယူလိုကြ..။ တခါတလေ… အိမ်ကဇနီးတောင် ငြီးငြူတတ်လာပြီ။ အချို့က.. အိမ်ရှင်ဇနီးကို..သူငယ်ချင်းတွေက  “မင်းတို့ သိပ်ကံကောင်း တယ်နော်..သမီးတစ်ယောက် .. သားနှစ်ယောက်နဲ့ ပျော်ရွှင်စရာ မိသားစုလေးတဲ့” ဒီလိုပြောတော့..ဇနီးသည်က မထိ တထိနဲ့.. “ကလေးဆို  တစ်ယောက်မှ မယူချင်တော့ပါဘူး.. သူတို့ကို   ပြုစု    စောင့်ရှောက်  ကြည့်ရတာ မောလှပြီး”တဲ့။

ဇနီး ငြီးမယ်ဆိုလဲ  ငြီးစရာပါ...။

အိမ်မှာ..မောင်ကြီး..မောင်ငယ် ညီအကိုနှစ်ယောက်က အဆိုးဆုံး… တစ်ယောက်ယောက်ကို ဆုံးမဖို့ အနည်ငယ် ရိုက်လိုက်ရင်.. နှစ်ယောက်လုံး အသံပြဲကြီးနဲ့ ငိုပြီ။  အိမ်မှာ.. ဇနီးလဲ မရှင်းနိုင်တော့။ သူတို့   နှစ်ယောက် ဆော့ထားတာ ပွစာကျဲလို့..။

အိမ်ရှင်ဇနီးက..တခါတလေ စိတ်ကုန်တော့ ..အမွှာနှစ်ကောင်ကို အော်လိုက် ၊ ငေါက်လိုက်..ရိုက်လိုက်နဲ့..  တခါခါကြတော့လဲ သူပဲ အမွှာနှစ်ကောင်ကို.. နမ်းရပြန်ပြီး..အချစ်တွေ ပိုရရန်ပြန်ပြီ။ ဒါကို   တွေ့မြင်နေတဲ့ သမီးကြီးက.. “မေမေပဲ..မောင်လေးတွေကို ခုနရိုက်တယ်.. ခုတော့ နမ်းပြန်ပြီးတဲ့”

သားနှစ်ယောက်ကို နံက်အိပ်ယာထ ရေးချိုးပေးရင်း.. အတိတ်က..ကျနော်နဲ့ ကျနော့် ဇနီး အချစ်ဇာတ်လမ်းကိုပြန်ပြောင်း   မြင်ယောက်လာသည်။

ကျနော်က.ကနေဒါနိုင်ငံကို အရင်ရောက်လာသည်..။ ရောက်စကတော့ ..ညီမ ပါမလာသေ.း.။  ညီမက ထိုင်းမှာ ကျန်ခဲ့ပါတယ်။ ရောက်စက အရွယ်ကောင်းတုန်းဆိုတော့ ကျောင်းတက်လိုက် ၊အလုပ် လုပ် လိုက်နဲ့.. ဘဝမှာ ပျော်သလိုလိုပါပဲ။ ညီမက ထိုင်းမှာ ကျန်ခဲ့တယ်ဆိုပေမယ့် ..အလုပ်ကအပြန် အိမ်ရောက်ရင်..နေ့တိုင်းလိုလို တယ်လီဖုန်းနဲ့ ညီမကို.. စကားပြောဖြစ်သည်..။ အဲဒီတုန်းကတော့ ..ညီးမရဲ့ စကားသံတွေဟာ မောင့်အတွက် အားဆေးတွေဖြစ်ခဲ့သလို..မောင်အတွက် အိမ်မက်တွေလဲ   ဖြစ်ခဲ့သည်။  ညီမနဲ့ ချစ်သုတွေဘဝတုန်းက ..ကြည်းနူးစရာတွေကြီးပါပဲ.. ။ညီမဟာ. .မောင့်ရဲ့ အလင်းရောင်   ဖြစ်ခဲ့သလို့..။  မောင်ဟာလည်း ညီမရဲ့ လမ်းပြကြယ်ကြီးပါပဲ။ ဒီလို့နဲ့ နှစ်ယောက်သဘောတူ အချစ်အိမ်လေး တည်ဆောက်ခဲ့ကြသည်။

လက်ထပ်ပြီး မကြာခင်မှာပဲ.. ညီမ..မောင်ရှိရာ နိုင်ငံခြားတိုင်းပြည်ကို လိုက်လာခဲ့ပါသည်။   ရောက်စ ကတော့ နှစ်ယောက်တည်း အေးအေးဆေးဆေး ဘာပြဿနာမှမရှိ အားလုံးအဆင်ပြေသည်။ ညီမကို အလုပ် မလုပ်စေပဲ.. ကျောင်းတက်ခိုင်းသည်။  မိသားစုမှာ နှစ်ယောက်ကနေ့ သုံးယောက် ၊လေးယောက်ဖြစ်လာတော့ အသုံးစရိတ်တွေကြတည်းလာသည်၊ အိမ်လခ၊ တယ်လီဖုန်း၊ ကားလုံး(ကားကြွေး)  စသည်စသည်များ က..တစ်လနှင့်တစ်လ. လည်ပတ်နိုင်အောင် မနည်းကြိုး စားရပါတော့သည်။

  နိုင်ငံခြားတိုင်ပြည်မှာ ကားဈေးသက်သာသော်လည်း  Insurance နဲ့ ဓာတ်ဆီဈေးက မသက်သာ..။ မိသားစု စားသောက်စရိတ်ထက် ဈေးကြီးသည်။ ကားကလည်း မရှိလို့မဖြစ်.. ။ မိသားစုနဲ့ဆိုတော့   ကျောင်းပို့၊   ကျောင်းကြိုကလဲ ကားရှိမှ၊ အချို့အလုပ်ကလဲ ကားမရှိရင်မဖြစ်ဆိုတော့    နိုင်ငံခြားတိုင်းပြည်မှာ ကားဟာ မြန်မာနိုင်ငံမှာလို့ သူဋ္ဌေးများ ဇိမ်းခံပစ္စည်းမဟုတ်ပဲ ခရီးသွားသုံး ဖိနပ်လိုဖြစ်သည်။

သမီးကလဲ အရွယ်ရောက်လာ မောင်ကြီး၊မောင်ငယ်ကလဲ  မျောက်ရှုံးအောင် ဆော့တတ်လာတော့   နှစ်ခန်းတွဲ အိမ်နှင့် မဖြစ်တော့.။. ၃-ခန်း ၄-ခန်းပါတဲ့ အိမ်ကိုရှာရပါတော့သည်၊ အိမ်ခန်းများတာနဲ့  အိမ်ငှားစရိတ်က တက်သွားပြီ။  အရင်က တစ်လ ရှစ်ရာဆို.. ၃၊၄-ခန်းအိမ်က..  တစ်ထောင့်ငါးရာ   လောက်ရှိပါတယ်။ ဒီလို့နဲ့ မိသာစု အသုံးစရိတ်တွေကလည်း ကြပ်တည်းလာသည်။

မိသားစုကြပ်တည်းလာနဲ့.. ဇနီးက ..ပွစီပွစိဖြစ်လာသည်။ ဇနီးက.." ကျနောက်ကို  အသုံးအဖြုန်းကြီးကြောင်း ..  အလုပ် လုပ်တာသူများနဲ့ မတူကြောင်း၊ ဒီလိုဆိုရင်.. သူပါ. အလုပ် လုပ်မှရတော့ မည်ဖြစ်ကြောင်း..   ပြောလာသည်။

ဒီမှာ ကျနော့် အလုပ်ကို အနည်းငယ်ပြောချင်ပါသည်.။ ကျန်နော်က..ရောက်ရောက်ချင်း ကနေဒါမှာ    ကျောင်းတက်ထားတော့  Renovation လို့ခေါ်တဲ့ အသေးစား ဆောက်လုပ်ရေး လုပ်ငန်း လုပ်သည်။    ငွေကတော့ အလုံးလိုက် အခဲလိုက် ရတတ်ပါသည်။ သို့သော်လည်း အလုပ်ရှင်နဲ့ အဆင် မပြေရင်   သော်လည်းကောင်း၊ အလုပ်သမား ရှာမရရင်သော်လည်ကောင်း  သတ်မှတ်တဲ့ကာလထက် ကျော်လွန်ပြီး အချိန်တွေကုန်ကာ.. အလုပ်တွေ အပြီးမသတ် ဖြစ်တတ်သည်။ ဒီလိုနဲ့ တစ်လနဲ့ တစ်လ ဝင်ငွေ ထွက်ငွေ ညှိဖို့က သိပ်ခက်လာသည်။

ဇနီးသည် ပြောမယ်ဆိုလည်း ပြောစရာပါ.. ။ကျနော်ကိုကြည့်လိုက်ရင်..တစ်ပတ်မှာ သူများတွေ ၅-ရက်အလုပ် လုပ်သော်လည်း ကျနော့်မှာတော့ ၇-ရက်လုံး အလုပ်လုပ်နေရသည်။ ငွေပိုရသလားဆိုတော့ ဒီလိုလဲ မဟုတ်။  အလုပ် လုပ်စကတည်းက ပုဒ်ပြတ်ယူထားတာဆိုတော့..။ တခါတလေ တစ်ပတ်မှန်းထား  သော်လည်း၊   နှစ်ပတ်ဖြစ်သွားတတ်သည်။ ကိုယ်က အားနာတတ်တာပဲလား၊ အချိန်နဲငွေကို မခန့်မှန်း တတ်တာပဲလား ၊ မတိကျတာပဲလား မပြောတတ်ပါ၊ အတိုချုပ်ပြောရရင်တော့ ..ထင်သလောက် အဆင်မပြေဘူးပေါဗျာ။

ဒီလိုဖြစ်လာတော့ အိမ်မှာရှိတဲ့ စိမံခန့်ခွဲရေးဝန်ကြီးနဲ့ အဆင်မပြေတော့..၊  စိတ်ညစ်စရာလေး   တွေကြုံတွေ့ ရတော့  ရည်းစားဘဝက ရင်ခုန်သံလေးများလည်း .. ဘယ်ဆီ..ဘယ်ဝယ်ရောက်သွားမှန်း မသိ.. အမွှာ နှစ်ကောင် ရေးချိုးပေးရင်း စဉ်းစားလိုက်တာ.. ။

၂..
မိသားစု အသုံးကြပ်တည်းရာက စလို့ ညီမလည်း အလုပ်စခန်း စရပါတော့သည်။ ကျနော်က   နေ့ဖက်ဆို ..ညီမက ညဖက် အလုပ်ဆင်းသည်။ အမွှာနှစ်ယောက်ကိုတော့ ..နေ့ကလေးထိမ်းကျောင်း  ပို့ထားလိုက်သည်။ ဒီလိုနဲ့ ဇနီးသည်နဲ့ အဝင်အထွက်လောက်သာ အိမ်မှာ ဆုံဖြစ်ကြသည်။

 စနေ၊ တနင်္ဂနွေမှာတော့ မိသားစုနဲ့ .. ဘုန်းကြီးကျောင်းပွဲတော်သွား၊ သားတွေကို ပန်ခြံပို့စသည်လောက်ပါပဲ။ မိသားစုရပ်တည်ဖို့အရေး အဓိက ရုန်းကန်လုပ်ရှားသည်။ တစ်ခါတစ်လေကြတော့လည်း ဆရာကြီး ဦးသုခရဲ့ ဘဝသံသရားသီချင်းကို .. သတိရမိသည်။

“….ဘဝသံသရာ.. ရှည်လျား၊ ထွေးပြား…မနေမနား တသွားတည်းသွားကြတာ… ။
ခရီးပန်းတိုင်… မရောက်မချင်း ..တစ်ယောက်ဆင်း တစ်ယောက်တက်.. ဆက်လက် ထွက်ခွါလာ…။

လောဘရယ်..ဒေါသရယ်…မောဟရယ်..အဝိဇ္ဖာပစ္စယာ..သင်္ခါရတဲ့..  ပျော်လိုက်..ရွှင်လိုက်..ငိုကာ..ရယ်ကာ..။ ဘာဟာ မတည်မြဲ ..ဖောက်လွှဲ ဖောက်ပြန်.. အကြောင်းကံ.. ကမ္မသကာ..  ။

  တွေ့ကြုံ..ဆုံ....ကွဲ..ခရီးလည်း..ဝမ်းနည်း ..ဝမ်းသာ.. ဝိပလ္လာ..ဖြစ်ချင်တာလဲ ..မဖြစ်ရတာ၊ မဖြစ်ချင်တာလဲ .. ဖြစ်ရတာ..သုံးဆယ့်တစ်ဘုံ ဝဋ်အတွင်းရောက်တော့ ..ကရစ်ကွင်းလျှောက်တဲ့..တေးဘုမ္မာ.. အဲဒါ..အဲဒါ..အဲဒါ…ဘဝသံသရာ “ တဲ့။

ကျနော်တို့ အိမ်ထောင်စုကလည်း ဘဝသံသရာ သီချင်းထဲကလိုပါပဲ..ပျော်စရာနည်းနည်း.. သား၊သမီး၊ ဘဝအတွက် ပေးဆပ်မှုတွေကအများသား..။

တစ်ခါတစ်ခါ ဇနီးကတောင် တိုင်းတပါး မိသားစုဘဝကို ငြီးစပြုလာပြီး “ ကလေးတွေကြီးလာရင်. .နိုင်ငံခြား တိုင်ပြည် မနေချင်တော့ဘူးတဲ့၊ ကိုယ့်တိုင်း ကိုယ့်ပြည်ပြန်ပြီး ကိုယ့်ဆွေတွေ၊မျိုးတွေကြား မှာပဲ ပြန်နေ   တော့မယ်” တဲ့။

ဇနီးသည် ငြီးမယ်ဆိုလဲ ငြီးစရာပါ.. နိုင်ငံခြားတိုင်းပြည်မှာ ပျော်းစရာဆိုလို့.. ဘာကို ပျော်ရမှန်းမသိ.. ရုပ်ရှင်ကြည့်မယ်၊ တစ်နေရာရာ သွားမယ်ဆိုရင်..မိသားစုရဲ့ ကုန်ကျစရိတ်က မသေး။ ငွေကတော့ သုံးလို့မရ မဟုတ် Credit Card ကသုံးလို့ရသည်။  တလပြည့်တာနဲ့.. Bill တွေက ရောက်လာပြီ။ ကြာလာတော့  ငွေနဲ့ ပျော်ရတဲ့ အပျော်တွေကို ကြောက်သလိုဖြစ်လာသည်။ ဒီလိုနဲ့ မိသားစု အိမ်ထောင်စုလေးဟာ… ဘဝအတွက် ပေးဆပ်ခြင်းမှတပါ.. အခြားမရှိတော့သလိုလိုပါပဲ..။


၃။
မောင်ကြီး၊မောင်ငယ်.. အရွယ်ရောက်လာတော့ ရွားဦးကျောင်းဆရာတော်က  ကျနော်ကို.. “ဟေ့! ဒကာတော် မင့်သားတွေ ..ရှင်ပြုဖို့ အရွယ်        ရောက်ပြီ.. မပြုသေးဘူးလား၊   မြန်မာပြည်မှာ ဆို..၇-နှစ် ၈-နှစ်ဆို၊ ရှင်ပြုကြတာပဲ” ဟု မိန့်တော့ ကျန်တော်က အင်းမလုပ်..အဲမလုပ်။ ဒါကို ဆရာတော်က ရိပ်မိတယ်သည်။

 "ဒကာရယ်..ရှင်ပြုတာ..မြန်မာပြည်မှာလို ဘာမှ ရေးကြီး ခွန်းကြယ် လုပ်စရာ မလိုပါဘူး၊ သင်္ကန်း၊  သပိတ် ရှိရင်ပြီးတာပဲ၊ ဒါတွေအားလုံး ငါစီစဉ်ပေးပါမယ်”တဲ့

ဆရာတော် အမိန့်ရှိတာ မှန်ပါသည်...။

ဗုဒ္ဓဘာသာ ထုံးလမ်းစဉ်လာအရ.. သားကလေး မွေးလာရင်. .ရှင်ပြုပေးဖို့က မိဘရဲ့ တာဝန် မဟုတ်ပေးလား။ ကျနော်တို့ ကလေးဘဝကလဲ ကျနော်မိဘတွေ ရှင်ပြုပေးခဲ့လို့ ရွားဦးကျောင်းမှာ တစ်ဝါ ဆိုခဲ့ရပါသေးသည်။ ကိုယ့်သားသမီး အလှည့်ကျမှ ရှင်ပြု မပေးနိုင်ဘူးဆိုရင်.. သမိုင်းပေး တာဝန်..မေကြရာကျပါဦးမည်။

ဘဝပေးအခြေအနေအရ..တိုင်းတပါး ရောက်နေသော်လဲ .. ကိုယ့်ဘာသာ ၊ကိုယ့်လူမျိုး၊ ကိုယ့် ယဉ်ကျေးမှုကို မေ့ဖျောက်လို့မရ၊ မမေ့ပျောက်ကောင်း၊ လက်ဆင့်ကမ်း သမိုင်းပေးတာဝန်ရှိတယ် မဟုတ် လား။  တိုင်းတပါးရောက် ကျနော်တို့လဲ  ကံကောင်းသည် ဆိုရမည်။  မိဝေး၊ဖဝေး တိုင်းတစ်ပါး   ရောက်နေသော်လဲ  သာသနာပြုဆရာတော်များ ရောက်လာ၍။ ဘုန်းကြီးကျောင်းရှိသည်၊ ဘုရားပွဲ၊ ဝါဆိုပွဲ၊ကထိန်ပွဲ၊ စုပေါင်းရှင်ပြုပွဲ များလည်း နှစ်တိုင်းလိုရှိသည်။

ဆရာတော်က ဒီလို အမိန့်ရှိတော့.. ။ ကျနော်က “မှန်ပါ့ဘုရား အိမ်က ဇနီးကို တိုင်ပင်ပါဦးမယ်ဘုရားလို့   လျှောက်ထားခဲ့ရသည်။

 ဇနီးသည်နဲ့တိုင်ပင်တော့..သူက.. ဘာသာတရားကို ကိုင်းရှိုင်းသူပီပီ.. ဆရာတော်ရဲ့ မိန့်ကြားချက်ကို သဘော တူရုံမျှမက.. ကျနော်ကိုတောင်.. ကြုံတုန်း ဒုလ္လဘရဟန်းဝတ်ပါလားတဲ့။


ကျနော်တို့က..အသက်နှစ်ဆယ်နီးနီးက အခြေအနေအရ ထိုင်းနိုင်ငံကို ရောက်လာတော့ ဒုလ္လရဟန်း မခံဖြစ်သေး၊ ကိုရင်သာဝတ်ဖူးသေးပါသည်။ အိမ်မှာက လင်ကောမယားကော ရုန်းကန်နေတာတောင် ဘဝရပ်တည်ရုံမျှ ရှိနေလေတော့..ကျနော်ဒုလ္လရဟန်းဝတ်ရင်..ဖြစ်ပါ့မလားဆိုတဲ့ အတွေးကဝင်လာသည်။

“အဖေကြီး..သားတွေနဲ့အတူ ရဟန်းခံရင်… အိမ်မှာ သမီးနဲ့အမေကြီးနဲ့..ဖြစ်ပါ့မလား”လို့မေးတော့..၊ဇနီးက.. "အဖေကြီးရယ်..ဖြစ်မဖြစ်ကြည့်နေရင်တော့..ဒီဘဝဒီသံသရာက..ဘယ်တော့မှ ရုံးထွက်နိုင်မှာ မဟုတ်တော့ ဘူးတဲ့..။ အခွင့်သာတုန်း တခဏလောက်..ရုန်းထွက်ကြည့်ပေါ့..အဖေကြီးရယ်" တဲ့..။

ဇနီးက ပြောမယ်ဆိုလည်း..ပြောချင်စရာ… ဒီသံသရာစက်ကွင်းက..ရုံးထွက်ဖို့မလွယ်.. သူပြောသလို ခဏ        လောက်တော့ ရုံးထွက် ကြည့်ချင်ပါသည်။ “အိမ်း..ဒါဆိုကလည်..တပတ်လောက်တော့.. သားတွေနဲ့အတူ ဒုလ္လဘရဟန်းခံမယ်”ဟုသဘောတူ ဆုံးဖြတ်လိုက်သည်။

၎။
စုပေါင်းရှင်ပြုပွဲလဲ အောင်အောင်မြင်မြင်ပြီးဆုံးသွားပါသည်။ ကျနော်လည်း စိပ်ပုတီးနဲ့ တပတ်လောက် ရိပ်ကြီးခိုရပြီ ဆိုပါတော့..။

ညနေ ၇-နာရီလောက်ကြတော့..ဆရာတော်က ရဟန်းတော်များရဲ့ တနေ့တာလုပ်ငန်း ပြောပါတယ်။ ဘုရားရှိခိုး၊ တရားထိုင်၊ ကျောင်းသန့်ရှင်းရေ၊ တရားနာစသည့်စသည့်အချိနှ်ဇယားပေးပါသည်။
တစ်ရက်..နှစ်ရက် တရားထိုင်လာတော့..စိတ်ကလေးလည်း တည်ငြိမ်လာသလို ခံစားလာရသည်။ ဆရာတော်က ..ညနေလေးနာရီတိုင်း..တရားဟော..တရားစစ်လုပ်ပါသည်.။

ဆရာတော်ရဲ့ တစ်နေ့ ညနေတရားပွဲမှာတော့..
အတိတ်ခန္ဓာ စွန့်ပယ်ပါ။ အနာဂတ်ခန္ဓာစွန့်ပယ်ပါ။ ပစ္စုပ္ပ္ပန်ခန္ဓာ စွန့်ပယ်ပါ
 အစချီကာ ဓမ္မပဒလာ တဏှာဝဂ် ဥဂ္ဂသေန ဝတ္ထုကြောင်းကို ဟောပါသည်။

မြတ်စွာဘုရားလက်ထက်က ဥဂ္ဂသေနဟာ ရာဇဂြိုလ်ပြည်မှာ သူဋ္ဌေးသားပါ၊ ကချေသည် အတုလကာရီရဲ့ အလှအပ..အနုပညာကို စွဲးလမ်းမှုတဏှာကြောင့်..မိဘတွေကိုစွန့်ခွါ.. မိန်းမနောက်ကို.. ဇာတ်သမားများရဲ့ အထုပ်အပိုးထမ်း၊ ထင်းခွဲ  ၊ရေးခပ်၊ လှည်းမောင်း ၊နွားကျောင်း အလုပ်ဖြင့် ပင်ပင်ပန်းပန်း ဇာတ်နောက်လိုက်ဘဝကို   ရောက်သွားခဲ့သည်။  အတုလကာရီနဲ့ သားလေးရတော့လည်း.. မောင်ဥဂ္ဂသေန တစ်ယောက် မိန်းမကို ချစ်တာကလွဲလို့ ဇာတ်ထဲမှာ ဘာမှ မယ်မယ်ရရ မလုပ်တတ်တော့ ဇနီးသည်ရဲ့ ကဲ့ရဲ့ငြိုငြင်မှုကိုခံရသည်။  ယုတ်စွ..  သားချော့တေးမှာတောင်..သူကိုစောင်းမြောင်းသလိုနဲ့..

“ဖာ ထဘီထမ်း ၊ ပေါ့သွမ်သွမ်း။
လူစွမ်း၊ လူစ၊ မရှိသူရဲ့ သားလေးကရယ်..။
နေကုန် နွားကျောင်း၊ ကြိမ်းမောင်ခံရ။
လူအန္ဓရဲ့ သားကလေးရယ်..။
အနုပညာ၊ ဘာမှမသိ။
လူ့တုံးတိရဲ့ သားကလေးရယ်..” လို့

ဆိုလာတော့ မောင်ဥဂ္ဂသေန မခံနိုင်လို့.. ဇာတ်ဆရာထံမှာ ပညာသင်ကာ.. ရာဇဂြိုလ်မှာ အတောင်ခြောက်ဆယ်ရှိသော ဝါးလုံးထိပ်မှာ.. အစွမ်းပြပါတော့သည်။  .. မြတ်စွာဘုရားသည်.. မောင်ဥဂ္ဂသေနရဲ့ ဒီနေ့ ကျွတ်တမ်းရမည်ကို သိရလို့  ရာဇဂြိုလ်မြို့ကို ဆွမ်းခံ ဝင်တော်မူသည်။

မြတ်စွာဘုရားက ပရိတ်သတ်တွေ ဥဂ္ဂသေနကို မကြည့်ပဲ မိမိကိုယ်သာ ကြည်အောင် အဓိဋ္ဌာန်ပြုတော်မူသည်။ ထိုအခိုက်မှာ ပရိတ်သတ်တွေက သူကို မကြည့်ပဲ မြတ်စွားဘုရားထံရောက်သွားတာကို သိလိုက် ရတော့ ငါ့ပညာဟာ အလကားပဲလို့ စဉ်းစားနေတာကိုသိတဲ့ မြတ်စွာဘုရားက အရှင်မဟာမောဂ္ဂလာန် အား မောင်ဥဂ္ဂသေန အတတ်ပညာတွေကို ပြမြဲ ဆင်လက်ပြသဖို့ သွားရောက်တိုက်တွန်းစေသည်။

 မောင်ဥဂ္ဂသေန  တဆယ့်လေးကြိမ်တိုင်တိုင် ကျွမ်းတိုးပြီး ဝါးလုံးတိုင်ထိပ်ရပ်နေစဉ်မှာ..မြတ်စွာဘုရားက..
အထက်မှာ..ဆရာတော်ဘုရားဟောတဲ့ စွဲလမ်းမှု တဏှာတွေကို စွန့်ဖို့ တရားဟောလိုက်တော့..ပါရမိ အရင်းခံရှိ သူမို့.. မြတ်စွာဘုရား တရားဒေသနာကြားတာနဲ့ မောင်ဥဂ္ဂသေန တရားရပြီး ပဋိသမ္ဘိဒါနှင့် တကွ အရဟတ္တဖိုလ်ရောက်၍ မြတ်စွာဘုရားက ဧဟိဘိက္ခုခေါ်တော်မူကာ ပရိက္ခရာရှစ်ပါးနှင့်တကွ ဝါခြောက်ဆယ်ရ မထေရ်ကြီး ကဲ့သို့ ဖြစ်သွားပါသာတဲ့။

ဆရာတော်ဘုရားရဲ့ ဒီတရားတော်တွေကို ကြားရတော့.. မိသာစုဘဝသောကအဖြာဖြာမေ့ပျောက်ပြီး ရင်ခုန်သံလေးများ   နှေးသွား သလိုပါပဲဗျာ.....။

သို့သော်..... တစ်ပတ်ပြည့်လို့.. ဒုလ္လဘရဟန်းထွက်…အိမ်ပြန်ရောက်ရင်တော့ဖြင့်…။

May 10, 2013

Burmese Buddhist Society,BC: ဖေဖေ့ သမီးလေး

Burmese Buddhist Society,BC: ဖေဖေ့ သမီးလေး: ၁) တစ်နေ့သောအခါ ကောသလမင်းကြီးဟာ  မြတ်စွာဘုရားထံသို့  ရှိခိုးကန်တော့ရန်ရောက်နေပါတယ်။ ထိုအခါ တစ်ယောက်သော မင်းခ ယောက်ျားက  မင်းကြီးထံချဉ်းကပ...