Showing posts with label Canada Centre Founder and coordinator. Show all posts
Showing posts with label Canada Centre Founder and coordinator. Show all posts

Jul 25, 2015

SCHOOL PROJECT IN MYANMAR


စားရေးသူ ခုတလော တွေး၍ တွေး၍ ပျော်နေမိပါတယ်။
စားရေးသူဘဝ စိတ်ကူးထဲမှာ တခါမှ စိတ်ကူးတောင် မယဉ်ဘူးတဲ့ ၊ တက္ကသိုလ် ဆေးကျောင်းသား တစ်ယောက်နှင့် စက်မှုတက္ကသိုလ်ကျောင်းသူ တစ်ယောက်ကို ပညာရေး ထောက်ပံ့ကူညီခွင့်ရလိုက်လို့ပါ။
ဒါဟာ ကနေဒါစင်တာဖောင်ဒေးရှင်းမိသားစု ဦးဆောင်မှုနှင့် စေတနာရှင် ဒေါ်ထွေးမိသားစုရဲ့ ပံ့ပိုးကြောင့် ပညာပါရမီ ကုသိုလ်ထူးကို ရယူလိုက်ရခြင်းကြောင့်ပါ။
တကယ်တော့ ကျောင်းသာ တစ်ယောက်ကို တာဝန်ယူတယ်ဆိုတာ လွယ်သော ကိစ္စမဟုတ် တစ်နှစ်တည်းနှင့်ပြီးသော ကိစ္စမဟုတ်ပါ
(၆) နှစ် တောင်တာဝန်ယူရမှာပါ..၊

ဒါဟာ ဘာကြောင့်လဲ..?
မြန်မာနိုင်ငံ ကျေးလက်ဒေသဖွင့်ဖြိုးရေး ကနေဒါစင်တာ ပေါ်ပေါက်လာခြင်းကြောင့်ပဲဖြစ်ပါတယ်။
မိမိနှင့်တပည့် ဒကာ/ဒကာမများ ကူညီပံ့ပိုးမှုဟာ အနာဂတ်လူငယ်များအတွက် အလင်းရောင်းများ ဖြစ်တယ် ဆိုတာ တွေး၍ တွေး၍လည်း ကြည်နှုးဝမ်းသာလို့ မဆုံးပါဘူး။
လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကနေဒါစင်တာအလုပ်မှုဆောင် ကိုအောင်ကြည်စိုးက ၊ ဝေးလံ ခေါင်းပါးတဲ့ ကျေးလက်ဒေသ သနပ်ပင်ရွာ မူလွန်ကျောင်းဆောင်သစ် ဆောက်နေတာ ငွေကြေး မပြည့်စုံလို့ ရပ်ဆိုင်းထားရ ကြောင်းပြောလာပါတယ်။
ဒါဆိုရင်..အကြောင်းအရာအပြည့်အစုံကို ပို့လိုက်ပါ။ လိုအပ်တာ အားလုံးကို ကနေဒါစင်တာဖောင်ေးဒရှင်းမှ ကူညီပါမယ်လို့ ကတိပေးလိုက်ပါတယ်။
နောက်နေ့ကြတော့ ပြည်တွင်းကနေဒါစင်တာ ဥက္ကဋ္ဌ ကျောင်းအုပ်ဆရာကြီး ဦးသိန်းဝင်းက အသေးစိတ် တင်ပြလာပြီး ငွေးကြေး မလုံးလောက်လို့ ခဏ ရပ်ဆိုင်းထားရကြောင်းနှင့် ၊ ဒီမူလွန်ကျောင်းကို ၂၀၁၆-အမှီ ဖွင့်မှာဖြစ်ကြောင်း တင်ပြလာပါတယ်။
စားရေးသူက…
ဒီရွာဇာတိမို့ ကလေးတွေ ပညာရေး ဘယ်လောက်ခက်ခဲတယ်ဆိုတာ အသိဆုံးပါ..၊ စာရေးသူတို့ ငယ်စဉ်က အလယ်တန်းကျောင်းမရှိလို့ ၂-မိုင်လောက်ဝေးတဲ့ ခါးပါတ်ရွာကို ညအိပ်/ညနေ ကျောင်းသွားတက်ရပါတယ်။
ခုလို မူလွန်းကျောင်း ပေါ်ပေါက်လာရင် ရွာက လူငယ်များ အချိန်ကုန်ခံ တခြား ရွာမှာ ကျောင်းသွားတက်စရာမလိုပဲ သနပ်ပင်ရွာမှာပဲ ၊ အလယ်တန်းကျောင်းကို တက်ရတော့မှာပါ။
ဒီကလေးတွေရဲ့ အနာဂတ်ပညာရေးကိုလည်း တွေး၍ တွေး၍ ပျော်နေမိပါတယ်။
၂၀၁၄-ခုနှစ်က စတင်တည်ထောင်းထားတဲ့ ကနေဒါစင်တာဖောင်ဒေးရှင်းဟာ
ကျေးလက်ဒေသ ပညာရေး ကျန်းမာရေး လှူဒါန်းပြီးနှင့် လက်ရှိ လက်ကျန်ငွေပါ ထည့်ပေါင်းရင် သိန်းသုံးရာကျော်ရှိသွားပါပြီ။
ကနေဒါစင်တာတည်ဆောက်မည့် နေရာကို အုတ်တံတိုင်းများ ခတ်ခြင်း မုဉ်ဦး ၊သံပန်း တံခါးများ ပြုလုပ်ခြင်း စသည် ကုန်စရိတ် သိန်း ၅၀-ကျော်ရှိသွားပါပြီ။
သြစတေလျက လှူထားတဲ့ မုဉ်ဦးနှင့် သံပန်းသံတခါးများလည်း နောက်တပတ်လောက်ဆို ရတော့မယ် လို့ တင်ပြလာပါတယ်။
လောလောဆယ်မပြီးပြတ်သေးသော သနပ်ပင်ရွာမူလွန်ကျောင်း အတွက်ကိုလည်း ကနေဒါစင်တာဖောင်ဒေးရှင်းမှ အကုန်ပြီးစီးအောင် ဦးဆောင် လှူဒါန်းသွားမှာဖြစ်ပါတယ်။
နိုဝင်္ဘာလ ကနေဒါစင်တာ ဖောင်ဒေးရှင်းချတဲ့ အခါ…၊ အဲဒီသနပ်ပင်ရွာက မူလွန်ကျောင်းကိုလည်း တစ်ခါ တည်းဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ကနေဒါစင်တာ အလှူရှင်များ ၊ အဖွဲ့ဝင်များ အား ပျော်ရွှင် စေရန် သတင်းကောင်းပါးအပ်ပါတယ်။
ဒါအပြင် ရန်ကုန်မြို့တော်ကြီးမှာ ထူးချွန်ကျောင်းသား (၂၂) ယောက်ကိုလည်း အခမ်းအနာဖြင့် ဂုဏ်ပြုချီးမြှင်းသွားမည်ဖြစ်ကြောင်း ထပ်လောင်းကာ သတင်းကောင်း ပါးအပ်ပါတယ်။
ဗုဒ္ဓရံသီဆရာတော်
ကနေဒါစင်တာဖောင်ဒေးရှင်း

Jun 26, 2015

ANOTHER DREAM FOR YOUTHS

မြန်မာနိုင်ငံ ၊ကျေးလက်ဒေသဖွင့်ဖြိုးရေး စီမံကိန်း ကနေဒါစင်ဖောင်ဒေးရှင်း သို့ အဖွဲ့ဝင်ကာ လှူဒါန်းကြသော အလှူရှင်များ ၊ နိုင်ငံတကာမှ လှူဒါန်းကြသော အလှူရှင်များ ၊ ပရဟိတအကျိုးကို အားကြိုးမာန်တက် ကူညီဆောင်ရွက်ကြသောပြည်တွင်း/ပြည်ပ ကနေဒါစင်တာ အလုပ်အမှုဆောင်များ အထူပင်ကျေးဇူးတင်ရှိပါသည်။
၂၀၁၅-ခုနှစ် ပညာရည်ချွန်ဆုပေးပွဲတွင် မြန်မာနိုင်ငံ တဝှမ်းရှိ ၊ ကနေဒါစင်တာ အဖွဲ့ဝင်များမှ  ပညာရည်ချွန် ကျောင်းသား (၂၀) အား  ပေးအပ်သွားမှာဖြစ်ပါသည်။

လောလောဆယ် ၊ ကျေးလက်ဒေသဖွင့်ဖြိုးရေး စတင်ဆောင်ရွက်နေသော သနပ်ပင်ရွာမှ တက္ကသိုလ်တန်းဝင် ကျောင်းသာများနှင့် မူ/လယ်/အထက်တန်း ကျောင်းသားကိုတော့ဖြင့် ထောက်ပံ့ကြေးပေါ်မူတည်၍
 ကူညီသွားမည်ဖြစ်ပါသည်။

၂၀၁၅-ခုနှစ် မြန်မာနိုင်ငံတဝှမ်းရှိ ပညာရည်ချွန်ကျောင်းသားများကို  ရန်ကုန်မြို့တော်ကြီး၌ အခမ်းအနားဖြင့်  စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြဟ်ပြီး ထူးချွန် ကျောင်းသား တစ်ဦးကို (၁၀၀၀၀၀) တစ်သိန်းကျပ် ဆုချီးမြှင်ရန် ခန့်မှန်းထားပါသည်။

ဒုတိယ ခြေလှမ်းသစ်အနေဖြင့် .. ၊ ကနေဒါစင်တာဖောင်ဒေးရှင်း အဖွဲ့ဝင်များမှ  ပညာထူုးချွန်သော လူငယ်များအား ၊ ရွေးချယ်၍ဖြစ်စေ ၊ သတ်မှတ်၍ ဖြစ်စေ  ပြည်ပနိုင်ငံများသို့
 စေလွှတ်ပညာသင်စေရန် အစီအစဉ်သစ်များ ဆောင်ရွက် လျှက်ရှိပါသည်။ ဤခြေလှမ်းသစ်ကို  ကနေဒါစင်တာဖောင်ဒေးရှင်းအဖွဲ့ဝင်များ အကြံကောင်း အဥာဏ်ကောင်းများ ပေးနိုင်ပါသည်။

ကနေဒါစင်တာဖောင်ဒေးရှင်း၏ လုပ်ငန်းစဉ်များကို စိတ်ဝင်များသော အဖွဲ့ဝင်
သစ်များကိုလည်း လက်ခံလျှက်ရှိပါသည်။

အသေးစိတ် အချက်အလက်များကို မဝင်းဝင်းချို ( ရန်ကုန်) ၀၉ ၅၀၃၀ ၂၄၅ ကနေဒါစင်တာ ဖောင်ဒေးရှင်း အလုပ်အမှုဆောင်များထံ ဆက်သွယ် နိုင်ပါသည်။

ဗုဒ္ဓရံသီဆရာတော် ( ကနေဒါ)
ကနေဒါစင်တာဖောင်ဒေးရှင်း

Jun 21, 2015

BUDDHARAMSI BURSARY AWARD -2015

C C F:Announcements Buddharamsi Bursary Award - 2015
၂၀၁၅-ကနေဒါစင်တာဖောင်ဒေးရှင်း၏ ပညာရည်ချွန် ဆုပေးပွဲကို ၊မြန်မာနိုင်ငံ အရပ်ရပ်ရှိ ကနေဒါစင်တာဖောင်ဒေးရှင်း အဖွဲ့ဝင်မိသားစုများမှ ကျောင်းသားများကို
ပေးအပ်ပါသည်။
ကျောက်ပန်းတောင်းမြို့နယ် သနပ္ပင်ရွာမှ -၃ -ဦး
မန္တလေးမှ - ၂-ဦး
ပဲခူးမှ - ၂- ဦး
ဒဂုံမြုသစ်အရှေးပိုင်း - ၂-ဦး
သာကေတမှ - ၂-ဦး
ရန်ကုန်မှ - ၉-ဦး
စုစုပေါင် ၂၀-ဦး ထူးချွန်ဆု ချီးမြှင်းမည်ဖြစ်ပါသည်။
ကနေဒါစင်တာဖောင်ဒေးရှင်း

May 21, 2015

အလုပ်အမှုဆောင်များမိတ်ဆက်(၅)

ကနေဒါစင်တာအလုပ်မှုဆောင်များမိတ်ဆက် (၅)
ဒေါက်တာဒေါ်သိင်္ဂီစိုးတိုင်းအာင် ( PhD)
ကနေဒါစင်တာပညာရေးဆိုင်ရာ အထူးအကြံပေး
ဒေါက်တာဒေါ်သိင်္ဂီစိုးတိုင်းအောင်သည်၊ ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း ၊
Sunday School ၌ ကနေဒါ၌ မွေးဖွားသော မြန်မာကလေးငယ်များအား မြန်မာစာနှင့်
မြန်မာယဉ်ကျေးမှုများကို စေတနာဝမ်ထမ်းအဖြစ်သင်ကြားပေးခဲ့သော ဆရာမဖြစ်သည်။
ကနေဒါရှိ တက္ကသိုလ်များတွင်လည်း ဆရာမလုပ်ဖူးသူဖြစ်ပြီး ၊လောလောဆယ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ ၊
( A.B.L.A Academy) တွင်ကျောင်း ဆရာမ တာဝန်ယူလျှက်ရှိပါသည်။

ဒေါက်တာဒေါ်သိင်္ဂီစိုးတိုင်းအောင်သည် ကနေဒါစင်တာအတွက် ဆရာ/ဆရာမများအား ပြည်တွင်း/ပြည်ပ NGO များနှင့်ချိပ်ဆက်၍၊
ကျောင်းဆရာ မွန်းမံ့သင်တန်း၊ ကနေဒါစင်တာ၏
ကျေးလက်လူငယ်များအတွက် ပညာရေးအစီစဉ်များကို နိုင်ငံတကာ
အဆင့်မှီရန် ၊ စီစဉ်ဆောင်ရွက်ရန်ရှိပါသည်..၊

She Theingi Soe Aung was born and raised in Yangon, Myanar.
She finished her matriculation from B.S.H (2) Sanchaung.
After matriculation she came to Canada to study and live with her father.
She graduated from University of Manitoba (Winnipeg, Manitoba, Canada) with B.Sc. (Honours) in Genetics and M.Sc. in Molecular Plant Pathology.
She continued her Ph.D. studies at the Simon Fraser University (Burnaby, BC, Canada) specializing in Molecular Plant Physiology.
She taught courses in Biology at University of Manitoba, SFU and UBC.
Currently, she is teaching Biology and Sciences at Asia Language Business Academy (ABLA) in Yangon, Myanmar.

Apr 20, 2015

အညာနွေ

ခုလို သင်္ကြန်ပြီးနွေဦးပေါက်မှာ ပြည်ပက ပြန်လာတဲ့ မိတ်ဆွေအညာသားက သူတို့အညာကို ဘုရားဖူးရင်း၊ သူလှူထားတဲ့ ကျေးရွာစာကြည့်တိုက် ဖွင့်ပွဲကို လိုက်ခဲ့ပါဆိုလို့ အညာမြေကိုတစ်ခါ အလည် ရောက်သွားခဲ့သည်
ကျောင်းသားဘဝက အညာသား စာရေးဆရာများ ရေးဖွဲ့လေ့ရှိတဲ့
"ထနောင်းပင်ထက်က ချိုးကူသံလေးများရဲ့ နားဝင်ချိုမြလှပုံ
"ထန်းပင်ထန်းတော လွမ်းမောစရာပဲ" ဆိုတဲ့ သီချင်းသံလေးများရဲ့ သာယာလှပပုံ
ကမ္ဘာမှာ မြန်မာဆိုတာကို သက်သေပြစရာဖြစ်တဲ့ "ပုဂံမြို့ဟောင်းကြီး" ရဲ့ ဆွဲဆောင်မှုကြောင့် အညာမြေကို တစ်ခေါက်တစ်ခါ အရောက်သွားချင်ခဲ့တာနဲ့ အကိုက်ဖြစ်သွားသည်။

ကျမ အိမ်မက်ထဲက အညာကိုရောက်တော့မည်ဆိုတော့ စိတ်ထဲမှာ အညာသီချင်းလေး တအေးအေးနဲ့ စိတ်တွေလှုပ်ရှားနေသည်။ အညာရောက်ရင်ဝတ်ဖို့ အဝတ်အစား၊ ပုဝါပါးပါးလေတွေကို အိပ်ထဲပြင်ဆင် ထည့်နေသည်။ အညာနွေက ပူတယ်ဆိုတာ သိပြီးသားမဟုတ်လား။
ထွက်ပါပြီ..
ရန်ကုန်- မန္တလေး အမြန်ရထားကြီးနဲ့ ရန်ကုန်မှ ထွက်စကတော့ “ရွှေမန်းဆီသို့ အလယ် တစ်ခေါက်တော့ ရောက်စေချင်သည်” ဆိုတဲ့ သီချင်းသံ၊ ဇော်ဝင်းထွဋ်ရဲ့ “ ဟောင်းနွမ်းသော နံရံ အုဋ္ဌ်ချပ်များ ၊ မြန်မာဟေ့လို့ ဟစ်ကြွေးဆဲ သက်သေများ၊ ရာစုနှစ် အဆက်ဆက် ပေးဆပ်ခဲ့တဲ့ အားလုံးရဲ့ အမွေ” ဆိုတဲ့ သီချင်းသံများကလည်း အတွေးထဲမှာ တစ်ခုပြီး တစ်ခု တိုးဝင်လာသည်။
ရန်ကုန်-ပဲခူး မီးရထားလမ်းတစ်လျှောက်လုံး ကျမ သွားရမည့် အညာကို တွေး၍တွေး၍ ပျော်နေဆဲ ၊ ဟော! ပျော်ဘွယ်၊ ရမည်းသင်းရောက်ပါပြီ။ စောစောက တွေး၍တွေး၍ ပျော်ခဲ့သော ကျမ အတွေးမျာ ချက်ချင် လွင့်စင်ပျောက်ကွယ်သွားခဲ့သည်။
ရန်ကုန်သူ ကျမအဖို့တော့ ရန်ကုန်နွေဟာ ပူတယ်ဆိုပေမယ့် ရန်ကုန်သူ အတွက်တော့ စာမဖွဲ့ လောက်ပေမယ့် ။ ဟော ! ရမည်းသင်းကိုရောက်တော့ အညာသူ မဟုတ်သော ကျမ ၊ ရန်ကုန် ပြန်သွားချင်စိတ်တွေ ဖြစ်လာသည်။ ပူလွန်းလို့ လေအေးအေးလေများ ရှုရှိုက်မလားဆိုပြီး မီးရထား ပြူတင်းပေါက်ကို ဖွင့်လိုက်ခါမှ လေအဟုန်နဲ့ ဝင်ရောက်လာသော အပူငွေ့ဟာ ကျမ တစ်ကိုယ်လုံးကို လောင်ကြွမ်းသွားသလား ထင်ရလောက်အောင် အပူရှိန်က ပြင်းလှသည်။ ကျမဘေးမှာ ထိုင်နေတဲ့ အညာသားကတော့ ငါးရံ ပြာလူးဖြစ်နေတဲ့ ကျမကို ပြုံးပြုံးကြီးကြည့်နေသည်။
အညာသား အပြုံးသည်။ “ ဘယ့်နယ်ရှိသေးလည်း ရန်ကုန်သူ” ဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်တဲ့ အပြုံးမျိုးဖြစ်မည်။
နေဝင်ဖြိုးဖျ အချိန်ရောက်သော်လည်း အပူရှိန်က မကျသေး၊ မန္တလေးမရောက်ခင် ၊ မိတ္ထီလာမှာ ကားဖြင့်ခရီးခက်ရဦးမည် ၊ ထို့ နောက် အညာသား ရွာကိုရောက်ဖို့ လှည်းဖြင့် ခရီးဆက်ရဦးမည်။
အမှန်ပြောရရင် ရောက်တဲ့ နေရာက ကားကြုံရှိလျှင် ရန်ကုန်ကို ပြန်ချင်နေသည်။ အညာမြေ ထနောင်းပင်ပေါ်က ချိုးကူသံကိုလည်း မကြားလိုတော့၊ ပုဂံပြည်က ဟောင်းနွမ်သော နံရံအုဋ္ဌ်ချပ်များကိုလည်း မြန်မာလို့ ဟစ်ကြွေးကာ မကြည့်လိုတော့။
ဟော ! ကားပြီးတော့ လှည့်တဆင့်စီးရပြန်ပြီ။ အညာသားက ဖုန်းဆက်ထားဟန်တူသည်။
ကာဂိတ်မှာ ရွာမှလှည်းများ ကျမတို့ ကြိုရန် အသင့်စောင့်နေသည်။ အညာလှည်းစီးရတာ နွားခြူသံ သာသာယာယာ ရှိသော်လည်း။
အောက်ကို ပိပိရီရီချမထိုင်ရဲ၊ အညာလှည်း လမ်းများရဲ့နွေးနွေးထွေးထွေးကြိုဆိုမှုကြောင့် ရင်တထိတ်ထိတ်ဖြင့် လှည်းနောက်မြီး မြဲမြဲကိုင်ကာ လိုက်ပါသွားရသည်။
ရွာအဝင် သိုးအုပ်၊ဆိတ်အုပ်၊ နွားအုပ်များနဲ့ ရင်ဆိုင်ရပြန်တော့  သန်းထွန်းလေးရဲ့ “ ဖုံလုံးကြီးတွေ တလိမ့်လိမ်တက်ခါ မြင်ယောင်သေးတော့သည်” ဆိုတဲ့ သီချင်းသံ ခေါင်ထဲဝင်လာပြန်သည်။
ကျမ ပါးစပ်၊နှာခေါင်း အားလုံးကို ပုဝါဖြင့် ပိတ်ထားလိုက်သည်။ လှည်သမားနဲ့ အညာသားကို လှည့်ကြည့်တော့ သူတို့မှာ မိန့်မိန့်ကြီး ဘာမှ မဖြစ်သလိုနဲ့ ကျမ မနေတတ်တော့ လှဲပေါ်က ခုန်ဆင်းကာ အညာသား အိမ်ကို အရောက်ပြေသွားချင်လှပြီ။
ကျမ သွားချင်တဲ့ ရွှေညာမြေကို ရောက်ပါပြီ။ အညာသားများ ၊ ဒီလောက် ပူလောင် ပူစပ်ဖြစ်တဲ့ဒေသ ကိုလည်း ရွှေတပ်၍ စာဖွဲ့လိုက်သေးသည်။ တတ်ပဲတတ်နိုင်းလွန်းတယ် ရွှေညာသားတို့ရယ်။
အညာသားအိမ်ရောက်တယ်ဆိုတာနဲ့ ရွာမှ အမျိုးသမီး/အမျိုးသား၊ အပျို၊အအို၊ ကြီး၊ငယ်၊ လတ် အရွယ်မျိုးစုံး ရောက်လာပြီး ကျမတို့ တစ်စုကို ဝိုင်းကြည့်ပါတော့သည်။ သူတို့ အကြည့်က ထူးထူးဆန်းဆန်း ကျမတို့ကို ကမ္ဘာအပြင်ဘက်က ဂြိုဟ်သားများ ပမာဝိုင်းကြည့်နေကြသည်။
အညာသူလေးတွေကကျမတို့နားကပ်လာပြီ “ဟယ်! ရန်ကုန်သူအသားက ဖြူဖွေးဥနေတာပဲ”တဲ့ ။
ဟုတ်ပါသည်။

အညာသူ/သားများ အရွယ် အငယ်၊အလတ်၊အကြီး ကွဲပြားမှု ရှိသော်လည်း ၊အသားရောင်ကတော့ ပြာမွဲမွဲ တရောင်ထဲသာဖြစ်သည်။ အညာနွေ ဘယ်လောက်ပူသလဲ ဆိုတာ အညာသားများရဲ့ အသားရောင်ကို အကဲခတ်ရုံဖြင့် သိနိုင်သည်။
စောစောက မေ့ပျောက်သလို ဖြစ်နေသော အညာအပူရှိန်က ခဏကြာတော့ ကျမတို့ ရင်ထဲအတိ တိုးဝှေ့လာပြန်သည်။ အညာနွေ ဘယ်လောက်ပင် ပြင်ထန်းသော်လည်း အညာသူ/သားများ ရွာရေး ရပ်ရေးတက်တက်ကြွကြွ စေတနာထားလုပ်ကြသည်။ အညာသားရဲ့ စာကြည့်တိုက် ဖွင့်ပွဲ အခမ်းနား အတွက်လည်း အားလုံးက တက်ညီ လက်ညီ ကူညီဆောင်ရွက်နေကြသည်။ ဒီလို အပူရှိန်ပြင်းပြီး မိုးခေါင် ရေခြားဖြစ်တာ ၂-နှစ်ကျော်ရှိပြီဟု ရွာသူ/သားများ ပြောပြ၍ သိရသည်။ ကျမကိုယ်ချင်းစာပါသည်။ ကျမအပူသည် ခဏတာ အာဂန္တုက အပူမျှသာဖြစ်သည်။ မိုးခေါင်ရေခြား ၊ အညာသူ/သားများ အပူကား ကျမအပူထက် ပိုမိုကြီးမားပါပေစွ။
ဤကဲ့သို့ ဖြစ်ရခြင်းမှာ ရွာသူ/သားများ ဗဟုသုတနည်းပါးခြင်း၊ သစ်ပင်၊ဝါးပင်များကို အလွယ်တကူ ခုတ်လှဲတတ်ခြင်း။ သိပ္ပံနည်းကျ မစိုက်ပျိုးတက်ခြင်းတို့ကြောင့်ဖြစ်သည်။
မိုးမရွာတော့ ချောင်းရေ၊ မြောရေးများလည်း ခန်းခြောက်ကုန်သည်။ ကျမက အညာမှာ မိုးခေါင်ရခြင်းနှင့် အပူရှိန်များ တိုးပွားလားရခြင်းကို အညာသားအား မေးကြည့်သည်။
အေး ! မင်းပြောသလိုပဲ.. မိုးခေါင်ရေခြားဖြစ်ရတာ လူတွေရဲ့လောဘကြောင့် အတိုချုံး ပြောရင်လည်း ရတာပေါ့။ စာပေတွေမှတော့ မိုးမရွာရခြင်း အကြောင်းငါးပါးရှိတယ်။
၁) အထက်ကောင်းကင်းမှာ တေဇောဓာတ် ပျက်ရင်လည်း မိုးမရွားဘူး။
၂) လေဓာတ် ပျက်ရင်လည်း မိုးမရွားဘူး။
၃) အသုရိန်နတ်မင်းကြီးကလည်း လက်ဝါးဖြင့် ခံ၍ သမုဒ္ဒရာသို့ သွန်ပစ် တတ်သောကြောင့်လည်း မိုးမရွားဘူး။
၎) မိုးနတ်သားတို့ မလှည့်ပတ် မမြူးတူးပဲ ဗိမာန်အတွင်းမှာ စည်းစိမ်ခံကာ မေ့လျှော့နေရင်လည်း မိုးမရွားဘူး။
၅) လူသားတို့ ကိုယ်ကျင့်တရား ပျက်ရင်လည်း မိုးမရွားဘူးတဲ့။ ဒီငါးပါးထဲက တစ်ပါးပါး ချို့တဲ့ ရင် မိုးခေါင်တတ်တယ်ပေါ့။
ကဲ.. ဒါဆို မိုးရွားရခြင်းရဲ့ အကြောင်းတရားတွေကော ရှိမှာပေါ့နော်။
ရှိတယ်လေ။ မိုးရွာခြင်းအကြောင်းတရားက ရှစ်ပါးရှိတယ်။
၁) နဂါးတို့ အာနုဘော်ကြောင့် မိုးရွာတယ်။
၂) ဂဠုန်တို့၏ အာနုဘော်ကြောင့် မိုးရွာတယ်။
၃) နတ်တို့၏ အာနုဘော်ကြောင့် မိုးရွာတယ်။
၎) သစ္စာတရားကြောင့် မိုးရွာတယ်။
၅) ဥတုအစွမ်းကြောင့် မိုးရွာတယ်။
၆) မာရ်နတ် လှည့်ပတ်သောကြောင့် မိုးရွတယ်။
၇) တန်ခိုးကြီးမားသူတို့ အာနုဘော်ကြောင့် မိုးရွာတယ်။
၈) ကမ္ဘာပျက်မည့် ရှိသောအခါ မိုးရွာတယ်။
ဩော်… မိုးရွားခြင်း အကြောင်းကလည်း ၈-ပါးတောင် ရှိပါလား စောစောပိုင်းက ကျမတို့ က ရာသီဥတု အ စွမ်းကြောင့်သာ မိုးရွာတယ်ဟု မှတ်ထားဖူးတာ။
နောက်တစ်နေ့ ရွာသူရွာသားများ တက်ညီလက်ညီ ကျေးရွာ စာကြည်တိုက်ဖွင့်ပွဲကို လာရောက်ကြ သည်။ ကျမလည်း တတ်စွမ်းသလောက် ရွာလုံးကျွတ်အတွက် အဟာရဒါနပြု လိုက်ပါသည်။
စိတ်ထဲမှာလည်း ရွာသူ ရွာသားတွေ ပူလောင်းခြင်းမှ အေးမြသွားအောင် မိုးရွာပါစေလို့ ဆုတောင်းနေမိသည်။
နေ့လည် ၁၂-နာရီအချိန်တွင် ရွာသားများ၊စုံစုံညီညီ စာကြည့်တိုက်ကို ဖွင့်လိုက်ပါပြီ ထို့နောက် မကြာမှီမှာပဲ ရွေးမိုးကြီးက ရွာချပါတော့သည်။
ရန်ကုန်သူ ကျမမှာတော့ ကိုရွှေမိုးကို ကျေးဇူးတင်လို့ မဆုံး၊ ရွှေးမိုးကြီးရယ် ရွာပါတော့ဟူ၍သာ ထပ်ခါခါ ဆုတောင်းနေမိပါတော့သည်။

ကနေဒါစင်တာအလုပ်မှုဆောင်များနှင့်မိတ်ဆက်(၆)


ကိုအောင်ကြည်စိုး  ကနေဒါစင်တာဘေဏ္ဍာရေးနှင့်ပြည်သူ့ဆက်ဆံရေး
ကိုအောင်ကြည်စိုးသည် ၊  ကျေးလက်ဒေသဖွင့်ဖြိုးရေး ကနေဒါစင်တာ၏ ဘဏ္ဍာရေးနှင့်ပြည်သူ့ဆက်ဆံရေးကို အဓိက ဦးဆောင် လုပ်ကိုင်နေသူဖြစ်သည်။

ကိုအောင်ကြည်စိုးသည် ကနေဒါစင်တာ တည်ရှိရာ ကျောက်ပန်းတောင်းမြို့ ၊ သနပ်ပင်ရွာတွင် မွေးဖွားသည်။ အခြေခံမူလတန်းပညာကို မွေးရပ်ဇာတိ သနပ်ပင်ရွာ တွင် သင်ကြားအောင်မြင်ခဲ့ပြီး အလယ်တန်း ပညာကို ကျောက်ပန်းတောင်းမြို့နယ် ကမ်းဖြူရွာတွင် သင်ကြားအောင်မြင်ခဲ့သည်။

အထက်တန်းပညာကို ကျောက်ပန်းတောင်း အမှတ်(၁) အထက်တန်းကျောင်းမှ အောင်မြင်ခဲ့ပြီး ၊ မိတ္ထီလာအဝေသင်တက္ကသိုလ်မှ သမိုင်းအဓိကဘာသာဖြင့် ဘီအေဘွဲ့ ရရှိခဲ့သည်။

ဘွဲ့ရပြီးနောက် လက်ရှိအချိန်အထိ ပုဂံညောင်ဦး/ ကျောင်းပန်းတောင်းမြို့နယ်မြေစာရင်း ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျှက်ရှိသည်။
အားလပ်သော အချိန်များတွင်   မွေးရပ်ဇာတိမြေဖြစ်သော သနပ်ပင်ရွာနှင့် ရွားနီစပ်ရှိ ရွာပေါင်း (၁၀) ရွာ၏  ကျေးလက်ကျန်းမာရေးကို  ဆောင်ရွက်နေသူဖြစ်သည်။

ကိုအောင်ကြည်စိုးသည် ၊ ကနေဒါစင်တာ၏ ရေးရှည်အောင်မြင်ရေး လုပ်ငန်းများကို အစဉ်တကျ ဆောင်ရွက်နေပြီး ၊  သနပ်ပင်ရွာ၏ ကျေးလက် ပညာရေးကို ကူညီသော အားဖြင့်  ကွယ်လွန်သူ ဖခင်ဖြစ်သူ မူလတန်းကျောင်းအုပ်ဆရာ ဦးခင်မောင်ဆွေ ရည်စူး၍  ကျေးရွာ မူလွန်ခေါ်သော   အလယ်တန်းပညာကို သင်ကြားနိုင်ရန် မူလွန်းတွဲဖက်အလယ်တန်းကျောင်းကို ဦးစီးလုပ်နေသူဖြစ်သည်။
ထို့အပြင် ကျေးလက် ကလေးငယ်များအတွက် မူလတန်းကြိုးကျောင်းကို ဖွင့်နိုင်ရန် ဦးဆောင်နေသူလည်း ဖြစ်သည်။

ကိုအောင်ကြည်စိုးသည် ကနေဒါစင်တာ၏ ပထမဆုံးဖွင့်လှစ်မည့် နွေရာသီကျေးလက်ဒေသပညာရေး အင်္ဂလိပ်စာသင်တန်း ဖြစ်မြောက်အောင် ဆောင်ရွက်နေ သော ပြည်သူ့ ဆက်ဆံရေး စည်းရုံးရေးမှူးလည်းဖြစ်သည်။
ဆက်သွယ်ရန် ဖုန်း
+95 9 334 61073

Apr 17, 2015

ကနေဒါစင်တာအလုပ်အမှုဆောင်များနှင့်မိတ်ဆက်(၅)

ကနေဒါစင်တာအလုပ်အမှုဆောင်များမိတ်ဆက်(5)

COORDINATORS:  School Principal  U Thein Win
ကျောင်းအုပ်ဆရာကြီးဦးသိန်းဝင်းသည် ကနေဒါစင်တာ တည်ရှိ သနပ္ပင်ရွာတွင် နေထိုင်၍ ကနေဒါစင်တာ အဓိက စီမံကိန်းများဖြစ်သော ကျေးလက်ပညာရေး၊ ကျန်းမာရေးနှင့် ကနေဒါစင်တာ တည်ဆောက်ရေး လုပ်ငန်းများကို အဓိကအားကြိုးမာန်တက် ဆောင်ရွက်နေသူဖြစ်သည်။

ဦးသိန်းဝင်းသည် ၁၉၈၄ ခုနှစ်တွင် ပုပ္ပါးတွဲဘက် အ ထ ကမှ တက္ကသိုလဝင်စာမေးပွဲအောင်မြင်ခဲ့သည်။
၁၉၉၁ ခုနှစ်တွင် မန္တလေးအဝေးသင်တက္ကသိုလ် သမိုင်းအဓိကဖြင့် ဘီအေဘွဲ့ကိုရရှိခဲ့သည်။
ဘွဲ့ရပြီးနောက် ကချင်ပြည်နယ်၌ လက်ထောက်ကျောင်းဆရာအဖြစ် (၄)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။

ထို့နောက် တောင်သာမြို့နယ် ကမ္မတဲကျေးရွာတွင်  (၆) နှစ်ကြာ မူလတန်းကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၉၅ -၁၉၉၆ -ခုနှစ်တွင်  အလယ်တန်း သင်ပြဆရာ သင်တန်းကိုအောင်မြင်သည်။

ထို့နောက် မွေးရပ်ဇာတိဖြစ်သော သနပ်ပင်ရွာသို့ မူလတန်းကျောင်းအုပ်ဆရာအဖြစ် ပြောင်းရွေ့တာဝန် ထမ်းဆောင်သည်။
  မွေးရပ်ဇာတိမြေတွင် တာဝန်ထမ်းဆောင်သည်မှာ (၁၈) နှစ်ရှိသွားပြီဖြစ်သည်။

ကျောင်းဆရာ ဦးသိန်းဝင်းသည် ဇနီးဖြစ်သူ ကျောင်းဆရာမ ဒေါ်လှမြင့်နှင့် ကနေဒါစင်တာ၏ စီမံကိန်း လုပ်ငန်းများဖြစ်သော ကျေးလက်ဒေသ ဖွင့်ဖြိုးရေးကို   လုပ်အားပေး ကူညီဆောင်ရွက်လျှက်ရှိသည်။

ယခုနှစ်နွေရာသီ ကျောင်းပိတ်ရက်တွင် ..  ကနေဒါစင်တာတည်ရှိရာ ရွာများမှ လူငယ်များအား အင်္ဂလိပ်စာ သင်တန်းပို့ချပေးရန် စီစဉ်ဆောင်ရွက်လျှက်ရှိသည်။

ကနေဒါစင်တာအလုပ်အမှုဆောင်များနှင့်မိတ်ဆက် (၃) ရန်ကုန်

COORDINATOR: KO HAN NYUNT (YANGON)
ကိုဟန်ညွန့်သည် မန္တလေးတိုင်း ၊ကျောက်ပန်းတောင်းမြို့နယ်၊ သနပ္ပင်ရွာတွင် ၊ မွေးဖွားသည်။
ကနေဒါစင်တာတည်ဆောက်ရန် မြေနေရာနှင့်အိမ်ကို လှူဒါန်းခဲ့သော ဦးငယ်မောင်+ဒေါ်ခင်မြတို့၏ အငယ်ဆုံးသားဖြစ်သည်။

ပရဟိတလုပ်ငန်း ၊အများအကျိုးပြုလုပ်များကို အထူးစိတ်ဝင်စားလေ့ရှိပြီး ၊  သူနေထိုင်ရာ ရန်ကုန် ၊ဒဂုံအရှေ့မြောက်ပိုင်း ဆင်ခြေပုံရပ်တွင် ၊ ရပ်ကွက်သူ/သားများ သုံးရေအဆင်ပြေစေရန်  ရေစက်ထောင်၍  ရပ်ကွက်သူ / ရပ်ကွက်သားများအား ရေအလှူကို နေ့တိုင်းလိုလို အမြဲပေးလှူလေ့ရှိသည်။
ကိုဟံညွန့်သည် ဒဂုံအရှေ့မြောက်ပိုင်းတွင် ဇနီးဖြစ်သူ မသူဇာအေးဖြင့် ကိုယ်ပိုင်စီးပွားရေးကို လုပ်ကိုင်သည်။

၂၀၁၅-ခု ဇန္နဝါရီလက ကနေဒါနိုင်ငံ၊ဗန်ကူးဘားမြို့မှ ကနေဒါစင်တာအလုပ်အမှုဆောင်များ ၊ ကနေဒါစင်တာ ရှိရာ သနပ်ပင်ရွာသွားရောက်ခိုက် ၊ ရန်ကုန်မှ ကိုယ်ပိုင်လုပ်ငန်းကို ဖြတ်တောက်ကာ ၊သနပ်ပင် ရွာသို့အရောက်သွား၍ ကနေဒါစင်တာဖြစ်မြောက်ရေးကို အားကြိုးမာန်တက်ဆောင်ရွက်ခဲ့သည်။

ကိုဟံညွန့်သည် .. ပြည်ပအလှူရှင်များ  သတင်းစကားနှင့် ၊ ပြည်တွင်းရှိကနေဒါစင်တာ လုပ်ငန်းတိုးတက်မှု အခြေအနေများကို နေစဉ်မပျက် တယ်လီဖုန်း ၊ facebook viber စသည်ဖြင့် သတင်းဆက်သွယ်ရေး လုပ်ငန်း ငွေအလွှဲအပြောင်းလုပ်ငန်းကို ၊ မဝင်းဝင်းချိုနှင့်အတူဆောင်ရွက်သည်။ သူကိုယ်တိုင်းလည်း ကနေဒါစင်တာ ပညာရေးနှင့် အဆောက်အဦးအတွက်  မြန်မာကျပ် ၅-သိန်း လှူဒါန်းပြီးဖြစ်သည်။

ကိုဟံညွန့်သည် ကနေဒါစင်တာအောင်မြင်ရေးအတွက် ကိုယ်ရောစိတ်ပါ  တက်တက်ကြွကြွ ဆောင်ရွက်သူဖြစ်သည်။

ကနေဒါစင်တာအလုပ်အမှုဆောင်များနှင့်မိတ်ဆက်(၄ ရန်ကုန်


COORDINATORS:  U NYI NYI AUNG AND DAW WIN WIN CHO
ဒေါ်ဝင်းဝင်းချိုသည်  ရန်ကုန်တိုင်း လှည်းကူးမြို့ နယ် ဒါးပိန်မြို့တွင်မွေးဖွားသည်။ အခြေခံ မူလတန်းပညာကို ဒါးပိန်မြို့  အ မ က မှာ ပညာသင်ကြားခဲ့ပြီး အလယ်တန်းပညာကို ကို အ လ က (၄ ) ရန်ကင်းမှာသင်ကြားခဲ့သည်။  အထက်တန်းပညာကို ရန်ကုန်  အ ထ က (၂)သင်္ဃန်းကျွန်းမှာဆက်လက်သင်ကြားအောင်မြင်ခဲ့သည်။

၁၉၉၂ တွင်  ရန်ကုန်တက္ကသိုလ်ပင်မမှ မြန်မာစာအဓိကနဲ့  B.A (Myanmar) ရရှိခဲ့ပြီး  ၁၉၈၈-၁၉၉၄ ခုနှစ်များအထိ  မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၀၂-ခုနှစ်တွင် မဟာသန္တိသုခသာသနာပြုကျောင်းတော်ကြီး၌ သားနှင့်သမီးအား ရှင်ပြုနားသအလှူမင်္ဂလာပွဲတွင် ၊ ကနေဒါနိုင်ငံ၊ ဗန်ကူးဘားမြို့ ဗုဒ္ဓရံသီဆရာတော်အား သိပ်ထပ်မဂ်လာပြုလုပ်ကပစ္စည်းလေးပါးရဟန်းဒကာအဖြစ်ခံယူခဲ့သည်။

ဆရာတော်နှင့်နှစ်အတော်ကြာ အဆက်အသွယ်ပျက်သွားပြီးနောက် ၂၀၁၂-ခုနှစ် ဆရာတော်မြန်မာပြန်ရောက်မှ အဆက်သွယ်ရကာ ..ဆရာတော်၏ ပြည်တွင်း သာသနာပြုလုပ်ငန်းများကို အာကြိုးမာန်တက်ဆောင်ရွက်နေသူဖြစ်သည်။

မဝင်းဝင်းချိုး၏ ကနေဒါစင်တာ အဓိကတာဝန်မှာ နိုင်ငံတကာမှ အလှူရှင်များ၊  နိုင်ငံတကာမှ မြန်မာပြည်သို့ရောက်ရှိလာ သော  ကနေဒါစင်တာ အဖွဲ့ဝင် အလှူရှင်များ လိုအပ်ချက်အားလုံးကို ဆောင်ရွက် ပေးလျှက်ရှိသည်။

ကနေဒါစင်တာအတွက်  သနပ်ပင်ရွာရှိ အလုပ်အမှုဆောင်များနှင့် ချိပ်ဆက်ကာ ၊ဘဏ္ဍာထိမ်း ငွေးစားရင်းစစ် လုပ်ငန်းများ ကိုလည်း လုပ်ဆောင်ပေးလျှက်ရှိသည်။
မဝင်းဝင်းချိုသည် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အထူးစိတ်ဝင်စားပြီး  ကနေဒါစင်တာအောင်မြင်ရေး လုပ်ငန်းကို ပြည်တွင်းမှာအာသွန်ခွန်စိုက်  ဆောင်ရွက်နေပြီဖြစ်သည်။

ဒေါ်ဝင်းဝင်းချိုသည် မိတ်ဆွေများအား ကနေဒါစင်တာအသင်းဝင်ဖြစ်ရေး ဦးဆောင်စည်းရုံး၍  ကနေဒါစင်တာလူမှုရေးအသင်းအတွက် ဘဏ္ဍာငွေများကို ရှာဖွေးပေးသူဖြစ်သည်။

မြန်မာနိုင်ငံ၏ အထူးနိမ့်ကျလျှက်ရှိသော ကျေးလက်ဒေသ ပညာရေး ၊ကျန်းမာရေး အထူးမြှင့်တင်လိုသူဖြစ်၍ ၊ ကနေဒါစင်တာ၏ အဓိကရည်ရွယ်ချက်လုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ရန် အားသွန်ခွန်စိုက် ဆောင်ရွက်နေသူဖြစ်သည်။

ဒေါ်ဝင်းဝင်းချိုသည် ခင်ပွန်း ဦးညီညီအောင်  သားသမီးနှစ်ဦးနှင့် ဦးဝိစာရအိမ်ယာ ဒဂုံမြို့နယ် နေထိုင်သည်။

Apr 15, 2015

ကနေဒါစင်တာအလုပ်အမှုဆောင်များမိတ်ဆက်(2)



CO-FOUNDER: KO SEIN TUN AND DAW KHIN LAY MU
ကိုစိန်းထွန်းသည် ၊ မကွေးတိုင်း ၊မကွေမြို့တွင်မွေးဖွားသည်။
မကွေးမြို့မကျောင်းတွင် အလယ်တန်းပညာအထိ သင်ကြားခဲ့ပြီး ၊မကွေးအထက (၁)မှ အထက်တန်းပညာကို အောင်မြင်ခဲ့သည်။

၁၉၈၇-နှစ်တွင် ရန်ကုန်တက္ကသိုလ်မှ   Chemistry ဘာသာရပ်ဖြင့် BSc ဘွဲ့ရရှိခဲ့သည်။
ဘွဲ့ရပြီး မိဘများလုပ်ငန်းဖြစ်သည့်  မကွေးသမာဓိဆီစက်လုပ်ငန်း၊ သမာဓီအောင်ဘာလေ ထီလုပ်ငန်းတို့ကို ဦးဆောင်လုပ်ကိုင်ခဲ့ပြီး ၁၉၈၉-ခုနှစ်တွင် ကနေဒါနိုင်င်ဗန်ကူးဘားသို့ ရောက်ရှိခဲ့သည်။

ကနေဒါနိုင်ငံတွင် ဇနီးဖြစ်သူ ဒေါ်ခင်လေးမှုနှင့်တူ ကိုယ်စီးပွားလုပ်ငန်း ဆူရှိဆိုင်ဖွင့်၍  စီးပွားရေး လုပ်ကိုင်ရင်း လူမှုရေး ဘာသာရေးတို့တို့ကို ရသောအားလပ်ချိန်များတွင်  ပါဝင်ဆောင်ကူညီဆောင်ရွက်လေ့ရှိသည်။

မြန်မာဗုဒ္ဓဘာသာအသင်း၏ ဒုတိသက်တမ်းမှစ၍ ယခုလက်ရှိအချိန်အထိ အသင်းကြီး၏ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ပြီး ၊ဗုဒ္ဓဘာသာပြန်ပွားရေးကို ဆောင်ရွက်လျှက်ရှိသည်။
ဦးစိန်းထွန်းနှင်ဒေါ်ခင်လေးမှုတွင် သားနှစ်ယောက်ထွန်းခဲ့ပြီး လောလောဆယ်တွင် သားနှစ်ယောက်လုံး ကနေဒါနိုင်ငံ တက္ကသိုလ်ကြီးများ၌ တက္ကသိုလ်ပညာရပ်များကို ဆီးပူးလေ့လာဆဲဖြစ်သည်။

ဦးစိန်းထွန်းသည် မြန်မာနိုင်ငံကျေးလက်ဒေသဖွင့်ဖြိုးရေး ကနေဒါစင်တာဖောင်ဒေးရှင်းတွင် အားကြိုးမာန်တက် ၊ ဆရာဒကာ လက်တွဲ့ကာ  မြန်မာနိုင်င်ငံ  ပြည်သူ့ပညာရေး ကျန်းမာရေးတိုးတက်စေရန် ပူးတွဲဆောင်ရွက်နေသူဖြစ်သည်။

ဦးစိန်းထွန်း၏ ဇနီး ဒေါ်ခင်လေးမှုသည်  ရန်ကုန်၊လသာလမ်းတွင်းမွေးဖွားပြီး လာသာ (၁) တွင် အထက်တန်းပညာကို အောင်မြင်သည်   ၁၉၈၇-ခုနှစ်တွင်  ဦးစိန်းထွန်းနှင့်တူ ရန်ကုန်တက္ကသိုလ်မှ (BSc Chemistry) ဘွဲ့ကိုရရှိသည်။

၁၉၉၁-ခုနှစ်တွင် ကနေဒါနိုင်ငံသို့ရောက်ရှိခဲ့ပြီး  ခင်ပွန်းဖြစ်သူနှင့် လက်တွဲကာ ကိုယ်ပိုင် ဆူရှိဆိုင်လုပ်ငန်းကို ဦးစီးလုပ်ကိုင်နေသူဖြစ်သည်။

၂၀၀၉-ခုနှစ် မြန်မာဗုဒ္ဓဘာသာအသင်း၊ဗန်ကူးဘား စတင်တည်ထောင်ကတည်းက ၊ အသင်းဘဏ္ဍာရေးကိစ္စများ အတူပူးပေါင်းဆောင်ရွက်လေ့ရှိပြီး ၊ အသင်း၏ လစဉ်ပွဲတော်များ၊ အခါရက်ကြီးများတွင် အတူပူးပေါင်းဆောင်ရွက်လေ့ရှိသည်။

ကနေဒါစင်တာဖောင်ဒေးရှင်းအောင်မြင်ရေးအတွက်လည်း အားကြိုးမာန်တက်ဆောင်ရွက်လေ့ရှိပြီး
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနှင့် နှိမ့်ကျသော ပြည်သူကျန်းမာရေး၊ ကျန်းမာရေး မြှင့်တင်ရေးလုပ်ငန်းများတွင် အထူးစိတ်ဝင်စားသူဖြစ်သည်။

ကနေဒါစင်တာအလုပ်အမှုဆောင်များနှင့်မိတ်ဆက်(၁)

FOUNDER: CANADA CENTRE FOUNDATION
အရှင်ဃောသက(သာသနဓဇဓမ္မာစရိယ)
ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်း ၊ ဗန်ကူးဘားကနေဒါ

မန္တလေးတိုင်း၊ကျောက်ပန်းတောင်းမြို့နယ်၊ သနပ်ပင်ရွာမွေးဖွားသည်။
သနပ်ပင်ရွာတွင် မူလတန်းပညာကို သင်ကြားပြီးနောက်၊ သနပ်ပင်ရွာတွင် အလယ်တန်းကျောင်းမရှိ၍ ၊ တွဲဖက်အလယ် တန်းကျောင်းရှိရာ ခါးပါတ်ရွာတွင် သတ္တမတန်းအထိ လောကီပညာကို ဆီးပူးလေ့လားခဲ့သည်။

ထို့နောက် သာသနာဘောင်သို့ဝင်ရောက်ခဲ့ပြီး
 မြင်းခြံမြို့ ဇေယျာလင်္ကာရပရိယတ္တိစာသင်တိုက်၌ ၊ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ဦးကိတ္တိထံတွင် အကြီးတန်းအောင်မြင်သည်အထိ လောကုတ္တရာပညာများကို ဆီးပူလေ့လာခဲ့သည်၊  ၁၈၈၉-ခုနှစ်တွင် ဆရာတော် ဦးကိတ္တိကို ဥပဇ္ဈယ်ပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ရောက်တော်မူသည်။

ထို့နောက် ဓမ္မာစရိယ ( စာချတန်း) ပညာကိုလေ့လာရန်း  ပဲခူး သာသနာ့မဏ္ဍိုင်ကျောင်းတိုက်၊ ရန်ကုန် ၊ ဗဟန်း ဝိသုဒ္ဓါရုံးကျောင်းတိုက်တို့၌  အထက်တန်းစာများကိုလေ့လာရင်း ၁၉၉၆-ခုနှစ် ဓမ္မာစရိယဘွဲ့ကို ရရှိတော်မူသည်။

ထို့နောက် အင်္ဂလိပ်စာကို ဆက်လက်လေ့လာလို၍
 နိုင်ငံတော်ပရိယတ္တိသာသနာတက္ကသိုလ်တွင် လောကီ/လောကုတ္တပညာများကို လေးနှစ်တိုင်တိုင် ဆက်လက်သင်ကြားလေ့လာခဲ့သည်။ထိုနောက် သာကေတ သီရိမင်္ဂလာကျောင်းတွင် စာချဘုန်းတော်ကြီးအဖြစ် ၂-နှစ်ခန့်တာဝန်ယူခဲ့သည်။

၁၉၉၉-နှစ်တွင် ပီနန်/စင်္ကာပဆရတော်ဦးပညာဝံသ ဦးဆောင်ဖွင့်လှစ်သော မဟာသန္တိသုခပြည်ပသာသနာပြု သင်တန်းကျောင်းဖွင့်လှစ်သောအခါ ပထမပတ်သင်တန်းသားအဖြစ် တက်ရောက်ခွင့်ရပြီး ၂-နှစ်တိုင်တိုင် အင်္ဂလိပ်စာ၊တရုတ်စာ ၊ကွန်ပျုတာတို့ကိုလေ့လာဆီးပူးလေလာခဲ့သည်။

၂၀၀၂-ခုနှစ်တွင် တရုတ်စာနှင့်မဟာယာနဗုဒ္ဓဘာသာကိုလေ့လာရန်၊ထိုင်ဝမ် ၊ ယန်ကွမ်းဗုဒ္ဓတက္ကသို့ရောက်ရှိခဲ့သည်။

၂၀၁၄-ခုနှစ်တွင် ထိုင်ဝမ်၊ကနေဒါဆရတော် ဦးနန္ဒဝံသ၏ ဦးဆောင်ခေါ်ယူမှု၊ တိုရန်တို မြန်မာဗုဒ္ဓဘာသာ အသင်းကြီး၏ ပင့်ဆောင်မှုကြောင့် တိုရန်တို မဟာဓမ္မိက ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိခဲ့သည်။

တိုရန်တို မဟာဓမ္မိကျောင်းတွင် ၅-နှစ်တိုင်တိုင် လက်ထောက်ဘုန်းတော်ကြီးအဖြစ်တာဝန်ယူခဲ့ပြီး၊ လူငယ်များအား ဗုဒ္ဓဘာသသာ ယဉ်ကျေးမှုသင်တန်းကို ပို့ချခဲ့သည်။

၂၀၀၉-ခုနှစ်တွင် ကနေဒါနိုင်ငံနေထိုင်ခွင့်လျှောက်ထားရန် ၊ ဗန်ကူးဘားသို့ရောက်ရှိခဲ့ပြီး  ဗန်ကူးဘား မြန်မာမိသားစု၏ ပင်ဆောင်မှု၊ ထိုင်ဝမ်၊ကနေဒါဆရားတော်များ၊ ပီနန်စင်္ကာပူဆရာတော်ဦးပညာဝံသတို့၏ အားပေးချီးမြောက်မှုကြောင့် ဗုဒ္ဓရံသီဘုန်းတော်ကြီးကျောင်းထိုင်ဆရာတော်ဖြစ်လာခဲ့သည်။

၂၀၁၄-ခုနှစ် အောက်တိုဘာလတွင် ၊ကျေးဇူးရှင်မိခင်ကြီးကွယ်လွန်သွားပြီးနောက် မိခင်ကြီးထားခဲ့သော အိမ်နှင့်မြေနေရာကို  ဖွင့်ဖြိုးတိုတက်မှုအားနည်နေသော ၊ ဝေးလံခေါင်းပါးသော ရွာအတွက် အသုံးပြုရန် လှူဒါန်းခဲ့သည်။

ထိုမြေနေရာတွင် ကနေဒါစင်တာတည်ဆောက်၍ ဤရွာနားနီးရှိ ရွာပေါင်း (၁၀)ကျော်အတွက် ပြည်သူ ပညာရေး၊ ကျန်းမာရေးကူညီထောက်ပံ့ရန်  စီမံကိန်းဆွဲ၍ ဆောင်ရွက်နေပြီဖြစ်သည်။
လောလောဆယ်  ထိုဒေသ၌ ကနေဒါစင်တာ လူမှုရေးအသင်၏  ထောက်ပံ့လှူဒါန်းငွေပေါင်း (၁၀၄) သိန်းရှိသွားပြီဖြစ်သည်။